“ဘာလို့ ငါ့ရဲ့နယ်နိမိတ်မဲ့မင်းဆက်နဲ့ပေါင်းစည်းပြီး ငါ့နောက်ကိုမလိုက်ရတာလဲ”
မုဖူရှန်းဤစကားလုံးများက ပြောသောအခါ သူ့မျက်လုံးများက စနောက်နေခြင်းမဟုတ်ဝာာကို ပြသနေသည်။
မုဖူရှန်း၏စကားလုံးများက သူ့နှလုံးသားထဲမှ လာသည်က သိသာထင်ရှားနေသည်။
မုဖူရှန်း ယဲ့ချိုးပိုင်တို့ကဲ့သို့ အထင်ကြီးဖွယ်ကောင်းသူများအနက် တမူထူးခြားသုယူများကို မည်သို့မစွဲလန်းဘဲနေမည်နည်း။
သူယဲ့ချိုးပိုင်အားကြည့်နေစဉ် ယဲ့ချိုးပိုင်က အဖြေမပေးပါ။
ရှီရှန်းနှင့်ရှောင်ဟိုင်တို့ကလည်း အဖြေပေးရန် အလျင်မလိုကြပေ။
မုဖူရှန်းညင်သာစွာပြုံးရင်း ခေါင်းခါယမ်းသည်။
“မေ့လိုက်တော့၊ ငါဘာမှမပြောခဲ့ဘူးလို့ဘဲ သဘောထားလိုက်တော့”
အကယ်၍ယဲ့ချိုးပိုင်တွင်သာ နယ်နိမိတ်မဲ့မင်းဆက်၌ ပါ၀င်ဖို့ တကယ်ရည်ရွယ်ချက်သာရှိပါက သူ့ရည်ရွယ်ချက်ကို အရင်ကတည်းကပင် ဖွင့်လှစ်ခဲ့ပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ယခုရှီရှန်းက ခွန်းလွန်ကောင်းကင်ဘုံရေကန်အောက်က ပစ္စည်းကိုရသွားခဲ့သည်။
ရှောင်ဟိုင်နှင့်ယဲ့ချိုးပိုင်တို့၏အရည်အချင်းကလည်း အတော်လေးအစွမ်းထက်လာခဲ့သည်။
သူတို့နယ်နိမိတ်မဲ့နယ်မြေသို့ လာခဲ့သည်မှာ အရမ်းပင်မကြာသေး။
နယ်ပယ်ချိုးဖျက်ခြင်းက အတော်လေးမြန်ဆန်သည်သာမက ကုန်းတွင်းပိုင်းက ပထမတန်းစားအင်အားစုများကိုပင် ရန်စခဲ့လေသည်။
ဤတခုတည်းတင်မဟုတ်ဘဲ သူတို့၏ ပြဿာနာရှာနိုင်စွမ်းကလည်း အတော်လေးအားကောင်းသည်။
ဤသည်ကိုမဆိုထားနဲ့၊ ယဲ့ချိုးပိုင်တို့တွင် အရင်ကတည်းက ဆရာရှိထားပြီးသားပင်။
ထို့ကြောင့်မုဖူရှန်း ဤအကြံကို လက်လျှော့ရုံသာတတ်နိုင်တော့သည်။
“အနာဂတ်အတ္က် မင်းအစီအစဉ်ကဘာများလဲ”
မုဖူရှန်းဝိုင်တငုံသောက်ကာ လက်ထဲတွင် ဝိုင်ခွက်ကိုကိုင်ရင်း စနောက်လိုက်သည်။
“ဒီလောက်များပြားတဲ့ဂိုဏ်းတွေကိုရန်စပြီး နယ်နိမိတ်မဲ့နယ်မြေမှာ ထောက်ခံသူမရှိတဲ့ မင်းတို့က တကယ်၀မ်းနည်းစရာပဲ”
“ပြိုင်ဘက်ရဲ့လိုက်ဖမ်းမှုကို အမြဲသတိထားနေဖို့လိုအပ်သလို တည်နေရာကိုလည်း ဖုံးကွယ်ထားရမယ်”
ဤသည်ကိုကြားသောအခါ ယဲ့ချိုးပိုင် ခပ်ပေါ့ပေါ့ရယ်မောသည်။
“ဘာလဲ၊ ငါပြောတာကိုမင်းသဘောမတူဘူးလား”
ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။
“လိုက်ဖမ်းတာကို သတိထားရမယ်ဆိုတဲ့ အချက်ကတော့ မင်းမှန်ပါတယ်၊ ဒါပေမယ့်…”
နောက်ထပ်ခေါင်းစဉ်ကိုပြောမည့်အခိုက် ယဲ့ချိုးပိုင်၏မျက်လုံးအစုံက အေးစက်သွား၏။
“ငါတို့ခြေရာတွေကို ဖုံးကွယ်ထားဖို့ လိုတယ်လို့ ဘယ်သူပြောတာလဲ”
“ငါတို့အခုအားနည်းနေတာက အဆင့်မြင့်စွမ်းအားရှင်တွေကို တိုက်ခိုက်တဲ့ အတွေ့အကြုံတွေပဲ”
မုဖူရှန်း ယဲ့ချိုးပိုင်၏မောက်မာသည့်မျက်နှာကိုကြည့်ကာ ထူးဆန်းစွာမေးသည်။
“ဒါပေမယ့် တကယ်လို့ပြိုင်ဘက်က အလယ်အလတ်အဆင့်၊ နောက်ဆုံးအဆင့်၊ ဒါမှမဟုတ် သိုင်းဧကရာဇ်နယ်ပယ်အထက်ကလူတွေကို စေလွှတ်ရင်ရော”
“အဲဒီအချိန်ကျရင် မင်းဘယ်လိုကိုင်တွယ်မလဲ”
သိုင်းဧကရာဇ်နယ်ပယ်သို့ရောက်သောအခါ နယ်ပယ်သေးသေးလေးတခုကပင် ဧရာမအလျားလိုက်ကွာဟချက်ကို ပေးဆောင်သည်။
သိုင်းဧကရာဇ်နယ်ပယ်အလယ်အလတ်အဆင့်က လက်ခံ၍ရသည်။
သို့သော် နောက်ဆုံးအဆင့်ကမူ တနည်းအားဖြင့်ဆိုရပါက အာရုံထွေပြားခြင်းအခြေအနေက အားကောင်းသူများကိုမူ ယဲ့ချိုးပိုင်တို့ ကိုင်တွယ်ရန် ခဲယဉ်းပေလိမ့်မည်။
ယဲ့ချိုးပိုင်ပြုံးလိုက်သော်လည်း အဖြေမပေးပေ။
သူ့အမူအရာကိုမြင်လိုက်ရသဖြင့် မုဖူရှန်းနားလည်သွားသည်။
မေးခွန်းအရမ်းကြီးမေးစရာမလိုပေ။ သူတို့တွင် ဝှက်ဖဲရှိသည်။
“ကောင်းပြီ၊ အခုငါ့ကိုပြောပြ၊ ကြယ်တွေနဲ့ ဥက္ကာခဲတွေက ဘယ်နေရာက ရောက်လာတာလဲ”
ယဲ့ချိုးပိုင် ရှီရှန်းကိုကြည့်လိုက်သည်။
ရှီရှန်းခေါင်းညိတ်သည်။
မည်သို့ပင်ဆိုစေကာမူ ဤသည်က မုဖူရှန်းကို ကတိပေးထားသည့်အရာဖြစ်သည်။
အကယ်၍သူသာမပြောပါက သူတို့က ကတိဖျက်သည့်ပမာဖြစ်သွားပေလိမ့်မည်။
“ဘယ်နေရာကလာသလဲဆိုတာကိုတော့ ကျွန်တော်လည်းမသိဘူး”
“ဒါပေမယ့် ဒီကြယ်နဲ့ဥက္ကာခဲက ကျွန်တော့်လေ့ကျင့်မှုနဲ့ ဆက်စပ်နေတယ်”
ဤစကားလုံးများကိုကြားသောအခါ မုဖူရှန်းတုန်လှုပ်သွားသည်။
ဤကြယ်ဥက္ကာခဲက ငေချာပေါက် အဆင့်နိမ့်လတ္တီကျူနယ်မြေကမဟုတ်ပေ။
ရှီရှန်း၏ လေ့ကျင့်မှုနှင့် ဆက်စပ်နေသည်ဆိုပါက ရှီရှန်း၏စွမ်းရည်များက သူ့ဆရာထံမှ ဆင်းသက်လာခြင်းဖြစ်သည်။
ဖြစ်နိုင်တာက သူတို့ရဲ့ဆရာက…..
မုဖူရှန်းဤသည်ကိုတွေးမိပြီးနောက် သူ့အမူအရာကအနည်းငယ်လေးနက်သွား၏။
“ကောင်းပြီ၊ ငါနားလည်ပြီ၊ ဒါနဲ့ပတ်သက်ပြီးတော့ ငါဘာမှပြောစရာမရှိပါဘူး”
ထို့နောက်ယဲ့ချိုးပိုင်ကိုကြည့်ရင်း သူက စနောက်သည့်အသွင်ပြောသည်။
“မင်းရဲ့ဂျူနီယာညီလေးကို ဒီလိုပြဿာနာဖြစ်စေမယ့်အရာတခုကို ပြောဖို့ခွင့်ပြုရဲရတာလဲ”
ယဲ့ချိုးပိုင်ထူးမခြားနားစွာပြုံးသည်။
“အရှင်မင်းသားက ဒီလိုလူမျိုးလား”
မုဖူရှန်းတခဏမျှအံ့ဩသင့်နေပြီးနောက် စိတ်ထဲကနေ ပြုံးလိုက်သည်။
ချက်ချင်းဆိုသလို သူကလက်ဦးမှုရယူကာ ခေါင်းစဉ်အား ပြောင်းပစ်သည်။
“ကောင်းပြီ၊ နောက်ထပ်ခြေလှမ်းက ရှင်းယွန်ဓားဂိုဏ်းကိုသွားမှာမလား”
“အရှင်မင်းသားကတော့ လွှတ်ချင်မှာမဟုတ်ပါဘူး၊ ဒါပေမယ့်ငါတို့က ဥက္ကာခဲကိုရခဲ့တာဆိုတော့ အဲဒါက ရှင်းယွန်ဓားဂိုဏ်းနဲ့လည်းဆက်စပ်နေတာလေ၊ ဒီတော့ ငါသွားပြီးတွေ့သင့်တာပေါ့”
“ဒီလိုဆိုရင် ငါမင်းကိုသတိပေးချင်တယ်”
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
“အသေးစိတ်ကြားချင်ပါတယ်”
“ရှင်းယွန်ဓားဂိုဏ်းက မတော်တဆဖြစ်ပြီးနောက်မှာ သူတို့ရဲ့သဘာ၀ကိုက သံသယဖြစ်ဖွယ်ကောင်းလာတယ်၊ ဒါပေမယ့် သူတို့ရဲ့သဘောသဘာ၀ကတော့ မဆိုးပါဘူး၊ ပြီးတော့ မဖြောင့်မတ်တဲ့လူတွေကို သူတို့လက်ခံမှာမဟုတ်ဘူး”
“ဒီတော့ မင်းတခုခုကို ကြုံကြိုက်လာရတဲ့အခါကျရင် သည်းခံဖို့မမေ့နဲ့၊ ကြားလား”
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
“နားလည်ပါပြီ”
ငါဒီလိုပြောခဲ့တယ်ဆိုပေမယ့် တကယ်တမ်းလုပ်တဲ့အခါကျရင်တော့ အာမမခံနိုင်ဘူး!
ထို့နောက်သုံးယောက်လုံးထွက်သွားကြသည်။
ငွေရောင်ချပ်၀တ်သံချပ်ကာတပ်မှူးက မုဖူရှန်းဘေးတွင်ပေါ်လာပြီး ဦးညွတ်သည်။
“အရှင်မင်းသား၊ တကယ်ပဲ ကြယ်ဥက္ကာခဲကို ပြန်မယူတော့ဘူးလား၊ သူတို့ထဲမှာ ကြယ်စွမ်းအားကို ကျင့်ကြံတဲ့ ခေါင်းဆောင်ရှင်းလည်း ရှိသေးတယ်”
ထိုစကားလုံးများကိုပြောလိုက်သောအခါ ငွေရောင်ချပ်၀တ်သံချပ်ကာတပ်မှူး၏ မျက်နှာ၌ ဝေခွဲမရဖြစ်နေသည့် အမူအရာတစ်ခုရှိနေသည်။
မုဖူရှန်းခေါင်းခါယမ်းသည်။
“ကျုပ်အရင်ကပြောခဲ့တယ်၊ သူတို့စိတ်ကို မရိုက်မိစေနဲ့”
“ဒါကိုမဆိုထားနဲ့….”
မုဖူရှန်းရုတ်တရက်လှည့်လိုက်ကာ သူ့မျက်နှာကို ငွေရောင်ချပ်၀တ်သံချပ်ကာတပ်မှူးရှေ့၌ ထားလိုက်သည်။
ရှေးလူများကပြောကြသည်မှု မျက်နှာနှစ်ခု အတော်လေးနီးစပ်နေပါက သူတို့နမ်းတာ သို့မဟုတ် တိုက်ခိုက်တာဖြစ်ရပေမည်။
သို့သော် မုဖူရှန်း၏မျက်လုံးအစုံမှ အေးစက်သည့်အလင်းကိုကြည့်ပြီးနောက် ဤလူက အသက်အတွက်အတော်လေး ဆာလောင်နေသည်ဟု တပ်မှူးမစဉ်းစားမိပေ။ တခြားအချက်အတွက်မူ သူ့ကိုနမ်းမည့်မင်းသမီးက မြို့ထဲတွင် ရှိသည်။
“သူတို့ကကျုပ်သူငယ်ချင်းတွေပဲ၊… နားလည်လား”
ငွေရောင်ချပ်၀တ်သံချပ်ကာတပ်မှူးက ချက်ချင်းပင် ဒူးတဖက်ထောက်ကာ ထိတ်လန့်စွာပြောသည်။
“ဒီအစေခံနားလည်ပါပြီ”
သို့စေကာမူ ဤကြောက်ရွှံ့မှုက မုဖူရှန်းကြောင့်မဟုတ်ဘဲ မုဖူရှန်းပြောလိုက်သည့်အလား ကြောက်သွားခြင်းပင်။
အရှင်မင်းသားကို မိတ်ဆွေဟူသည့်စကားလုံးများကို ပြောဆိုရန်အတွက် မည်သူမှမလုပ်ဆောင်နိုင်ပေ။
သူက သူ့အသက်ကိုကယ်တင်ခဲ့သည်။
ထို့ကြောင့် သူသတိထားလိုက်မိသည်။
နယ်နိမိတ်မဲ့မင်းဆက်က နယ်နိမိတ်မဲ့နယ်မြေ၏ အရှင်ဖြစ်သည်။
နယ်နိမိတ်မဲ့နယ်မြေက အဆင့်နိမ့်လတ္တီကျူပိုင်နက်တခုလုံးအတွင်း အားအကောင်းဆုံးနယ်မြေတခုပင်။
မုဖူရှန်းက နယ်နိမိတ်မဲ့မင်းဆက်၏ အရှင်မင်းသားဖြစ်ပြီး ဧကရာဇ်၏ အနာဂတ် အမွေခံ အိမ်ရှေ့မင်းသားဖြစ်သည်။
ထို့ကြောင့် အထူးသတိထားကြည့်မည်ဆိုပါက မုဖူရှန်းတခြားသူများအကြောင်း ပြောပင်မပြောဖူး။ သူငယ်ချင်းဟုပြောရန်ကား ဝေးလေစွ။
…
ခွန်းလွန်မြို့!
ဤနာမည်က ခွန်းလွန်နှင်းတောင်တန်းအောက်တွင် တည်ရှိသည့်အတွက်ကြောင့် ရလာခြင်းပင်။
ခွန်းလွန်လျို့ဝှက်ခန်းမက ခွန်းလွန်မြို့သခင်စံအိမ်အောက်ရှိ တိုက်ရိုက်ပိုင်ဆိုင်မှုတခုပင်။
ထိုအချိန်တွင် ယဲ့ချိုးပိုင်တို့က ဤနေရာသို့ရောက်လာကြပြီး ဂျီဂျီတို့နှင့်တွေ့ဆုံကာ ခွန်းလွန်မြို့ကထွက်ခွာရင်း ရှင်းယွန်ဓားဂိုဏ်းသို့ ဦးတည်လိုက်ကြသည်။
လမ်းတစ်လျှောက် ဂျီဂျီက ယဲ့ချိုးပိုင်တို့ကို အများအပြားမိတ်ဆက်ပေးခဲ့သည်။
ကြယ်ကြွေဓားဂိုဏ်းက နယ်နိမိတ်မဲ့နယ်မြေအရှေ့ဘက်ရှိ ကြယ်ကြွေတောင်တန်းများ၌ တည်ရှိသည်။
ဤဂိုဏ်းကို ကြယ်ကြွေဓားဧကရာဇ်ဖန်တီးခဲ့ခြင်းပင်။
ထိုအချိန်က ကြယ်ကြွေဓားဧကရာဇ်က ဤနယ်မြေဤ ထိပ်တန်းစွမ်းအားရှင်ဖြစ်သည်။
ထိုအချိန်က မင်းဆက်၏ဧကရာဇ်ပင်လျှင် သတိထားဆက်ဆံရသည်။
ထို့ကြောင့် ထိုအခါက ကြယ်ကြွေဓားဂိုဏ်းက အတော်လေးနာမည်ကြီးထင်ရှားပြီး ဧရာမလူများရှိခဲ့သည်။
၎င်းက ဧကရာဇ်နန်းတော်နှင့် ယှဉ်ပြိုင်နိုင်သည့် အင်အားစုတခုပင်။ သို့သော်လည်း အင်အားစုနှစ်ခုက လျှို့ဝှက်ကြံစည်မှုများကို မဖန်တီးခဲ့ကြပါ။
ဆန့်ကျင်ဘက်ပင် ထိုအချိန်က ရှင်းယွန်ဓားဂိုဏ်းနှင့်ဧကရာဇ်တွင် ကံကြမ္မာဆန်လှသည့် ခင်မင်မှုရှိနေခဲ့သည်။
သို့သော် ထိုအချိန်က နယ်မြေအပြင်ပက အင်အားကြီးမိစ္ဆာမျိုးနွယ်စုကို ခုခံရန်အတွက် ရှင်းယွန်ဓားဧကရာဇ်က မိစ္ဆာလူမျိုးစုကို ဖိနှိပ်ရာ၌ကျရှုံးခဲ့ရသည်။
ရှင်းယွန်ဓားဂိုဏ်းတွင် ဆက်ခံသူမရှိသဖြင့် မလွှဲရှောင်သာဘဲ ကျဆင်းသွားရသည်။
နယ်နိမိတ်မဲ့မင်းဆက်၏ လျှို့ဝှက်ကာကွယ်မှုကြောင့်သာမဟုတ်ပါက ဂိုဏ်းကို ဤယုတ်မာကောက်ကျစ်သည့် ဝံပုလွေများ မျိုချပစ်သည်မှာ ကြာမြင့်နေလေပြီ။
ယဲ့ချိုးပိုင် မုဖူရှန်း၏အကြံပေးချက်ကို သတိရသွားသည်။
“ရှင်းယွန်ဓားဂိုဏ်းက သံသယဖြစ်ဖွယ်ကောင်းတာ အံ့ဩသင့်စရာမရှိတော့ပါဘူး”
ဂျီဂျီကလည်းခေါင်းညိတ်သည်။
“အစ်ကိုယဲ့က နောက်နေတာပဲ”
ယဲ့ချိုးပိုင်ခေါင်းခါယမ်းကာ အပြုံးဖြင့်ပြောသည်။
“ဒါကောင်းပါတယ်၊ အဓိက ဒီအတွက်ကြောင့်ပဲ ရှင်းယွန်ဓားဂိုဏ်းက စုဆောင်းတဲ့ တပည့်သားတွေက ရွေးချယ်မှုတွေပိုလုပ်ပြီး သူတို့ရဲ့သဘောထားတွေကိုလည်း ပြင်ဆင်နိုင်တာပေါ့”
ဘေးကမုစီချန်းကမူ အနှောက်အယှက်မပေးခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ သူကအနည်းငယ်ရှက်နေသည်။
သို့သော်လမ်းတစ်လျှောက် သူကယဲ့ချိုးပိုင်အား ဝေခွဲမရဖြစ်နေသည့်အကြည့်ဖြင့် ကြည့်နေသည်။
ထိုအချိန်မှုပင် သူတို့ကြယ်ကြွေတောင်တန်းသို့ ရောက်လာကြလေပြီ။
နောက်ပိုင်းအခန်းတွေက ၃၄၄ ကျန်နေလို့ စာရေးဆရာဆီက တောင်းထားတုန်းမို့ ရမှ ဆက်တင်ပေးမယ်နော်