Switch Mode

အပိုင်း (၉၂၆)

လီဟန်ဓားနန်းတော်၏ဆက်ခံသူ

ကျူထန်းနန်းတော်ကား အင်ပါယာ ရှားနယ်မြေ အတွင်း၌ ရှည်လျား ခိုင်မာသော သမိုင်းကြောင်းအား ပိုင်ဆိုင်ပေသည်။ အထက်ဘုံမှ မရေမတွက်နိုင်သော သူရဲကောင်းများမှာ သည်နေရာ၌ ကမ္မည်းမော်ကွန်း တင်ခဲ့ဖူးကြပေသည်။ သူတို့၏ နာမည်က နတ်ဘုရားအဆင့်တွင် ထည်ဝါခန့်ညားစွာ နေရာယူထားကြ၏။

ကိုးလွှာကား ရှစ်လွှာနှင့် လုံးဝ ကွဲပြား ခြားနားပေသည်။ နေရာ အနေအထားကလည်း အလွန် ကျယ်ဝန်း၏။ သည်နေရာကား ယှဉ်ပြိုင် တိုက်ခိုက်ပွဲများ သာမက တန်ခိုးရှင်များ လေ့ကျင့်ရာ နေရာလည်း ဖြစ်သည်။ တိုက်ခိုက်ရေး စင်မြင့် နောက်ဘက်တွင်ကား အဆန်းတကျယ် ဆောက်လုပ် ထားသော နန်းဆောင်များကို မြင်နိုင်ပေသည်။ သို့သော်လည်း စင်မြင့်များ၏ အစီအစဉ်နှင့် နေရာ ချထားမှုများမှာ အောက်အလွှာများနှင့် လုံးဝ ကွဲပြား ခြားနားပေသည်။

သင်က ရှစ်လွှာ၏ လှေကားထစ်အတိုင်း တက်သွားပါက ကိုးလွှာသို့ ခြေချနိုင်ပေသည်။ ဘေးတစ်ဖက် တစ်ချက်တွင် ရှစ်လွှာထက် နည်းပါးသော ထိုင်ခုံ နေရာများအား တွေ့နိုင်ပေသည်။

ကိုးလွှာမှ တိုက်ပွဲများ အားလုံးမှာ ကျူးထန်အဆင့် တိုက်ပွဲများ ဖြစ်ကြသည်။ ထို့အတူ တိုက်ပွဲများမှာလည်း ရှားပါးပေသည်။ တိုက်ပွဲ ဖြစ်ပွားတိုင်းလည်း အထက်တန်းလွှာ ပုဂ္ဂိုလ်များနှင့် ထိပ်သီးတန်ခိုးရှင်များ လာရောက် ကြည့်ရှုလေ့ ရှိကြသည်။ သာမန်လူများမူကား အနားပင် မသီနိုင်ပေ။

လှေကားထစ်မှ တက်တက်ချင်း မြင်ရသည်ကား တိုက်ပွဲစင်မြင့် ဖြစ်သည်။ စင်မြင့်ကို ကျော်၍ ကြည့်ပါက တခြားတစ်ဖက်တွင် ဂုဏ်သရေရှိ စင်မြင့်တစ်ခုကို မြင်တွေ့ရပေသည်။ စင်မြင့်ရှေ့၌လည်း ကြီးမားသော ကျောက်တိုင်ကြီး တစ်ခုရှိကာ နာမည်များ ရေးထွင်းထားသည်။ ထိုအရာကပင် ကျူးထန်အဆင့် ဖြစ်ပေ၏။

ယခုတွင် ကျောက်တိုင်၌ ရီဖူရှင်းတို့ အတွက် နေရာသုံးခု ဖယ်ထားပေးဟန် ရသည်။ သူတို့က ကိုးလွှာသို့ တက်ရောက်နိုင်ပြီ ဖြစ်ကာ ကျူးထန်အဆင့်၌ ကမ္မည်းတင်ခွင့် ရရှိပြီးဖြစ်သည်။

သူတို့က တခြားသော အင်ပါယာ ရှားနယ်မြေမှ နာမည်ကျော်များ နှင့်အတူ နာမည်များကို အတူတူ ရေးထွင်းခြင်း ခံရပေမည်။

ထိုအခိုက်တွင် ပေ့ချိန်ရန်က အဆင့်မြင့်တန်း၌ ထိုင်နေသည်။ ကျူးထန်အဆင့်မှ တန်ခိုးရှင်များကလည်း ထိုနေရာတွင် ထိုင်နေကြ၏။ ထိုအရာကပင် သူတို့အား ထားရှိသော လေးစားမှု ဖြစ်သည်။ ပေ့ချိန်ရန် တစ်ယောက်တည်းသာ ထိုနေရာ၌ ထိုင်နေခြင်း မဟုတ်ဘဲ တခြားလူ အများအပြားလည်း ထိုင်နေ ကြသည်။

ယနေ့ တိုက်ပွဲက အင်ပါယာ ရှားနယ်မြေအတွင်းမှ လူများအားလုံးကို အံ့အား သင့်စေပေသည်။ ကျူးထန်အဆင့်မှ ပါရမီရှင် အချို့မှာ အမှန်တကယ်ပင် လာရောက် ကြည့်ရှုခဲ့ကြပေသည်။ စင်မြင့်ဘေး တစ်ဖက်တစ်ချက် ထိုင်ခုံများမှာ သိပ်မများသော်လည်း ယခုအားလုံး ပြည့်နှက်နေပြီ ဖြစ်သည်။ အချို့မှာ မတ်တတ်ပင် ရပ်နေကြရသည်။ သူတို့ အားလုံးက လှေကားဆီသို့ ကြည့်နေကြ၏။ သူတို့အားလုံးက အောက်လွှာမှ ပျံ့လွင့်လာသော အော်ဟစ် အားပေးသံများကို ကြားကြရပေသည်။

ပြည်နယ်ကိုးခုမှ လာရောက်သူများကား မကြာခင် ကျူးထန်အဆင့်သို့ ဝင်ကြတော့မည် ဖြစ်သည်။

ပေ့ချိန်ရန်၏ နောက်မှ အပြာရောင် ဝတ်စုံဝတ် လူငယ် တစ်ယောက်က ထလာကာ ပေ့ချိန်ရန်အား ကြည့်ကာ ပြောသည်။

“သူတို့ သုံးယောက်က ကျူးထန်အဆင့်သို့ တက်လာပြီ အခု သူတို့က ကောင်းကင်ကိုးလွှာ လှေကားသို့ တက်လာကြပြီ …”

ကျူးထန် နန်းတော် သခင်လေး ကုမူကား အလွန် အားကောင်းသည်။ သူက ကွန်းရှီအဆင့်သို့ ရောက်နေပြီ ဖြစ်ကာ ပေ့ချိန်ရန်နှင့် အလွန် ရင်းနှီးပေသည်။ မည်သို့ဆိုစေ ပေ့ချိန်ရန်၏ ပါရမီကား အလွန် ကောင်းပေသည်။ သူကား ကျူးထန်အဆင့်၌ ရှိသူသာ မဟုတ်ပေ။ သူက စွေ့ရန်ဓား နန်းတော်သခင်၏ သားအရင်းလည်း ဖြစ်သည်။

ပေ့ချိန်ရန်ကား လီဟန်ဓားနန်းတော်၏ တပည့် တစ်ယောက်လည်း ဖြစ်၏။ လီဟန် ဓားနန်းတော်ကား အင်ပါယာ ရှားနယ်မြေ၌ ဓားပညာနှင့် ပတ်သက်၍ အမြင့်ဆုံးသော အဆင့်အတန်းကို ပိုင်ဆိုင်ပေသည်။ လီဟန်ဓားနန်းတော်ကား ကျူးထန်နန်းတော်နှင့် အဆင့်အတန်း တူသော အင်အားစုလည်း ဖြစ်၏။

ယနေ့ လီဟန်ဓားနန်းတော်မှ လူအချို့မှာလည်း တိုက်ပွဲကို လာရောက် ကြည့်ရှုကြကာ ပေ့ချိန်ရန်ကို အားပေးကြသည်။ ထိုအထဲတွင် မိုလီနှင့် ဖုန်းယွီတို့ စုံတွဲလည်း ပါဝင်၏။ သူတို့ နှစ်ယောက်လုံးမှာလည်း ကျူးထန်အဆင့်မှ ဖြစ်ကြကာ သူတို့က ပေ့ချိန်ရန်၏ စီနီယာ အစ်ကိုနှင့် အစ်မများဖြစ်ကြ၏။

“သူတို့က ကောင်းကင်လှေကားသို့ တက်နိုင်တယ် ဆိုမှတော့ သူတို့က ပြည်နယ် ကိုးခုမှာ ပြိုင်ဘက်ကင်းလို့ ပြောရဲတာ မထူးဆန်းပါဘူး” ပေ့ချိန်ရန်က တည်ငြိမ်စွာ ပြောသည်။

“ပြည်နယ်ကိုးခုမှာ ပြိုင်ဘက်ကင်းတယ် ဆိုပေမဲ့ သူတို့က အင်ပါယာ ရှားနယ်မြေမှာ ပြိုင်ဘက် ကင်းတယ်လို့ ပြောချင်ရင်တော့ ဒါက ရူးမိုက်တာပဲ”

“နောက်လာမည့် တိုက်ပွဲမှာ သူတို့ နားလည်လိမ့်မယ် ရီဖူရှင်းက ကျူးထန်နန်းတော်သို့ ရောက်လာတဲ့အခါ သူက သူ့ပါရမီကို ထုတ်ဖော်ပြီးတော့ မင်းသမီးနဲ့ နှိုင်းယှဉ်ဖို့ ကြိုးစားခဲ့တယ်” ကုမူက ပြုံးလျက် ပြောသည်။ သူကား ကျူးထန်နန်းတော်၏ သခင်လေး ဖြစ်ရာ အချို့ ကိစ္စရပ်များအား သိပေသည်။

ကုမူက ဆက်ပြောသည်။ “ကျူးထန်နန်းတော်မှာ အရည်အသွေးမြင့် ပါရမီရှင်တွေ အများကြီးပဲ ဒါတောင်မှ ဒီအကောင်က အောက်ဘုံက လာပြီး မောက်မာ ဝင့်ကြွားနိုင်တယ် သူက အထက်ဘုံက ပါရမီရှင်တွေကို ပြိုင်ဘက် ကောင်းတွေလို့ မထင်ဘဲ မလေးမစား ပြုမူခဲ့တယ်”

“ဒီနေ့ ပြီးသွားရင် သူက လေးစားမှု ဆိုတာ ဘာလဲ နားလည်လိမ့်မယ်”

ပေ့ချိန်ရန်၏ မျက်လုံးများက အလွန် ထက်ရှသွားသည်။

“ညီလေးသူက ပြည်နယ်ကိုးခုရဲ့ ကောင်းကင် လှေကားကနေ ကိုးလွှာသို့ အထိ တက်လာခဲ့တယ် မင်းက သူ့ကို လျှော့တွက်လို့ မရဘူး” ဘေးတွင် လီဟန် ဓားနန်းတော်မှ မိုလီက ပြောသည်။

“ကျွန်တော် နားလည်ပါတယ်” ပေ့ချိန်ရန်က ခေါင်းညိတ်သည်။

သူက ပြိုင်ဘက်အား အခွင့်အရေး ပေးမည် မဟုတ်ပေ။

“ကျုပ်ကလည်း ပြည်နယ် ကိုးခုက လာပြီး သူ့ကိုယ်သူ ပြိုင်ဘက် ကင်းတယ်လို့ ပြောတဲ့သူကို တွေ့ဖူးချင်တယ်”

ဘေးမှ လူငယ် တစ်ယောက်ကလည်း ပြောသည်။ သူသည်လည်း ကျူးထန် နန်းတော်မှ ဖြစ်ကာ အင်ပါယာ ရှားနယ်မြေ၏ တော်ဝင်မြေ တစ်ခုဖြစ်သော ချင်နန်းတော်မှ ချင်ချီဖြစ်သည်။

အမှန်တကယ် အားဖြင့် ကျူးထန်အဆင့်၌ လူတိုင်းမှာ ထူးခြား ဆန်းကျယ်သော နောက်ခံ အသိုင်းအဝိုင်း များအား ပိုင်ဆိုင် ကြပေသည်။ သူတို့က သာမန်အနေဖြင့် မွေးဖွားလာသည့်တိုင် ထိပ်သီး အင်အားစုများသို့ ဝင်နိုင်ပေသည်။

မကြာမှီ ခြေသံအချို့ နှင့်အတူ လူငယ်တစ်ယောက် ကိုးလွှာသို့ တက်လာသည်။ သူကား အလွန်တရာ ချောမော ခန့်ငြားကာ ကြည့်ကောင်း လွန်းပေသည်။ သူ၏ မျက်လုံးများက ကြယ်တစ်စင်း အလား နက်ရှိုင်း တောက်ပသည်။ သူ့ထံမှ ကြီးမြတ်ကာ အေးစက်သော အရောင်အဝါများ ထွက်ပေါ် လာနေ၏။ သူက မိုရှီအဆင့်မျှသာ ရှိသေးသော်လည်း သူ့ထံမှ ထွက်ပေါ်လာသော အရောင်အဝါမှ အလွန်တရာ ကြီးမြတ်မှုအား ပေးသည်။

သူက အောက်ဘုံတွင် တော်ဝင်မြေတစ်ခု၏ ခေါင်းဆောင်ဟု ပြောကြသည်။ သူက နန်းတော်သခင် ဖြစ်မှတော့ အဆင့်လွန် ကိုယ်ရောင်ကိုယ်ဝါ ရှိနေသည်မှာ မထူးဆန်းတော့ပေ။

ရီဖူရှင်း၏ ဘေးတွင် ယူချင်းနှင့် ဂူတုံးလျိုတို့ကလည်း ထူးခြား ကောင်းမွန်သော အရောင်အဝါများအား ပိုင်ဆိုင်ကြသည်။ တစ်ယောက်ကား တည်ငြိမ်ကာ နောက်တစ်ယောက်မှာ အေးစက်၏။

တန်ခိုးရှင် သုံးယောက်က ကိုးလွှာသို့ တက်လာကြသည်။

ထိုအခိုက်တွင် ကျူးထန်အဆင့်မှ တန်ခိုးရှင် အချို့က သူတို့အား တားဆီးကာ ကုမူထံသို့ လှမ်းကြည့် ကြသည်။

“သူတို့ တက်လာပါစေ…”

ကုမူက ထူးမခြားနားစွာ ပြောသည်။ တခြားလူများက ဘေးဖယ်ပေးကြည့်သည်တွင် ဟွာဂျီယူနှင့် တခြားလူများကလည်း အပေါ်ကို တက်လာကြသည်။ သူတို့က ရီဝူချင်းအား သယ်ဆောင် လာခဲ့ကြ၏။

လူအများအပြားကလည်း သူတို့နှင့်အတူ ကိုးလွှာသို့ တက်လာကြသည်။ မှန်သည်။ သူတို့ အားလုံးမှာလည်း ကြွယ်ဝ ချမ်းသာကာ နောက်ခံ အင်အား ကောင်းသူများ ဖြစ်ကြသည်။ ထိုအထဲတွင် လီချိန်ယွန်တို့ အဖွဲ့လည်း ပါ၏။

ရီဖူရှင်းနှင့် တခြားလူများကလည်း တစ်လှမ်းပြီး တစ်လှမ်း ရှေ့သို့ တက်လာကြသည်။ သူတို့ရှေ့တွင်ကား တိုက်ခိုက်ရေး စင်မြင့်ဖြစ်သည်။ တစ်ဖက်တွင်ကား အဆင့်မြင့် ပုဂ္ဂိုလ်များ ထိုင်နေကြသည်။

ထိုအထဲတွင် တစ်ယောက်ကား အလွန် ထက်ရှသော မျက်လုံးများအား ပိုင်ဆိုင်သည်။ သူ့တွင် ဓားအသိများ ပြည့်နှက်နေဟန် ရကာ သူ၏စူရှသော အကြည့်အား ရီဖူရှင်းထံသို့ ပို့လွှတ်သည်။ သူကား သေချာပေါက် ပေ့ချိန်ရန် ဖြစ်၏။

ဂူတုံးလျို၊ ကျူးကော့မင်းယွီနှင့် တခြားလူများအားလုံးက ပေ့ချိန်ယွန်ကို အေးစက်စွာ ကြည့်ကြသည်။ သူတို့က အပျက်အစီး နယ်မြေများသို့ သွားရာ၌ အတူဆုံတွေ့ ဖူးကြပေသည်။

ကုမူက ထရပ်ကာ ပြောသည်…

” ဂုဏ်ပြုပါတယ် မင်းတို့ သုံးယောက်က ကိုးလွှာကို တက်နိုင်ပြီ ဖြစ်လို့ ကျူးထန် ကျောက်တိုင်မှာ ကိုယ်တိုင် နာမည် ရေးထွင်းနိုင်ပြီ”

“ဒါက မလိုအပ်ဘူး” ရီဖူရှင်းက ကုမူကို ကြည့်ကာ ပြောသည်။

ကုမူကား ပေ့ချိန်ရန်ဘေးတွင် ရပ်နေသည်။ ကျူးထန်နန်းတော် သခင်လေးက ပေ့ချိန်ရန်နှင့် ရင်းနှီးကြောင်း သူကြားဖူးပေသည်။ ယခု ထိုသတင်းမှာ မှန်ကန်ဟန်ရ၏။

ကုမူက ခနိုးခနဲ့ ပြုံးလိုက်သည်။ ရီဖူရှင်းကား အမှန်ပင် စိတ်ဝင်စားဖွယ် ကောင်းပေသည်။ ရီဖူရှင်းတို့က ကိုးလွှာသို့ အထိ တိုက်ခိုက် တက်ရောက်လာခြင်းက ကျူးထန်အဆင့်သို့ တက်ရန် မဟုတ်ကြောင်း သူလည်း သိပေသည်။

“ကျူးထန်ကျောက်တိုင်မှာ မင်းရဲ့ နာမည်ကို ရေးထွင်းခွင့် ရတာက သမိုင်းရဲ့ ဂုဏ်ရည်တစ်ခုပဲ မင်းက ဒါကို စော်ကားနေတာလား” ချင်ချီက ပြုံးလျက် ပြောသည်။

ရီဖူရှင်းက ချင်ချီအား ကြည့်သည်။ ပေ့ချိန်ရန်နှင့် ရှားရှင်းယွန်တို့က ထိုစည်းကမ်းအား မချခဲ့လျှင် သူက သည်နေရာသို့ပင် ရောက်လာမည် မဟုတ်ပေ။

“ကျုပ်က သူ့ကို လာရှာတာ” ရီဖူရှင်းက ပေ့ချိန်ရန်ကို ကြည့်ကာ ပြောသည်။

”သက်စောင့် ဝိညာဉ် ဘယ်မှာလဲ.. ”

“မရဏဓား နတ်မယ်က မင်းနဲ့ ဘာသက်ဆိုင်လဲ”

ထိုစဉ် ထက်ရှသော ဓားအသိတစ်ခု လေထဲ ပျံ့လွင့်လာသည်။ ရီဖူရှင်းက ပေ့ချိန်ရန် ဘေးမှ လူအား ကြည့်သည်။ သူကား ရှန့်ထို အဆင့်၌ ရှိကာ ပေ့ချိန်ရန်နှင့် ရုပ်ဆင်သည်။

သူကား သေချာပေါက် စွေ့ရန်ရှန့်ထိုဓား ဖြစ်သည်။ စွေ့ရန်ရှန့်ထိုဓားက ကျေးရွာ ခေါင်းဆောင်အား ကြည့်သည်။

“မရဏဓား နတ်မယ်” မိုလီနှင့် ဖန်းရှောင်တို့၏ မျက်လုံးများ အရောင် လက်သွားကြသည်။ သူတို့က လီဟန်ဓား နန်းတော်မှ ဖြစ်ရာ ပုံမှန်အားဖြင့် မရဏဓား နတ်မယ်ကို သိပေသည်။ မရဏဓား နတ်မယ်ကား သူတို့၏ ဆရာလီဟန် ဓားသခင်နှင့် ပြိုင်ဘက်များ ဖြစ်ကြသည်။ မရဏဓား နတ်မယ် ဆုံးသွားသောအခါ လီဟန်ဓား သခင်ကား အင်ပါယာ ရှားနယ်မြေ၌ ပထမဓား ဖြစ်လာခဲ့သည်။

ရီဖူရှင်းက တစ်ဖက်လူအား ကြည့်သည်။ စွေ့ရန်ရှန့်ထိုဓားထံမှ အေးစက်သော အငွေ့အသက်များ ထွက်နေသည်။

“စီနီယာ” မိုလီနှင့် ဖန်းရှောင်တို့က စွေ့ရန်ရှန့်ထိုဓားအား ကြည့်ကြသည်။

“သူ့နောက်က လူက မရဏဓား နတ်မယ်ရဲ့ အစေခံပဲ” စွေ့ရန်ရှန့်ထိုဓားက ပြောသည်။

သူတို့နှစ်ယောက်က ကျေးရွာ ခေါင်းဆောင်အား ကြည့်ကာ ရီဖူရှင်းအား ကြည့်ကြသည်။ အောက်ဘုံမှ လူက အလွန် ထူးခြား ထက်မြက်နေသည်မှာ မထူးဆန်းတော့ပေ။ သူကား မရဏဓား နတ်မယ်နှင့်ပတ်သက် နေပေသည်။

“ရှင်က မရဏဓားနတ်မယ်နဲ့ ပတ်သက်နေမှတော့ ဒီက ကိုယ့်ဘာသာ ထွက်သွား”

ဖန်းရှောင်က အေးစက်စွာ ပြောသည်။ သူမက မရဏဓား နတ်မယ်အား အလွန်လေးစားသူ ဖြစ်၏။ အကယ်၍ ရီဖူရှင်းကသာ သည်နေရာတွင် တိုက်ခိုက်ပါက သူကား အရှုံး၏ ဒဏ်ကို ခံနိုင်မည် မဟုတ်ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset