Switch Mode

အပိုင်း (၈၈၇)

ရှားရှင်းယွန်

ရှန့်ထုရှားက နှစ်ဖက်လုံး သဘောတူညီချက် ရသည်ကို မြင်လျှင် ကျေနပ် နှစ်သိမ့်ဟန်ဖြင့် ခေါင်းညိတ်သည်… “ကျုပ်ရဲ့ နဂို ရည်ရွယ်ချက်က စစ်ပွဲကို အဆုံးသတ်ဖို့ပဲ … ဒါပေမဲ့ နှစ်ဖက်လုံးက မလိုလားမှတော့ အခု သဘော တူညီချက်ကိုပဲ အတည်ပြုကြတာပေါ့…”

သူက ရှားရှင်းယွန်ကို ကြည့်ကာ ပြောသည်… “တမန်တော်မှာ ပြောစရာများ ရှိမလား…”

ရှားရှင်းယွန်ကား တစ်ချိန်လုံး တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ ယခု ရှန့်ထိုရှားက သူမ၏အမြင်ကို မေးသောအခါလည်း သူမက ပြောသည်… “နှစ်ဖက်လုံးက သဘောတူမှတော့ တော်ဝင် စစ်ပွဲစည်းမျဉ်းကို ပြင်ဆင်ပေးလို့ ရတယ်… ဒါပေမဲ့ ဒါကို အနာဂတ်မှာ ပြောင်းလဲလို့ မရတော့ဘူး… တစ်ဖက်က စည်းမျဉ်းကို ချိုးဖောက်ရင် တမန်တော်တွေကို သူတို့ကို ဖမ်းဆီးရလိမ့်မယ်…” သူမက ပြောသည်။ သူမ၏အသံက ကြည်လင် ပြတ်သားကာ မိန်းမဆန်သည်။ သူမက ယောက်ျားလို ဝတ်စား ထားသော်လည်း သူမက မိန်းမတစ်ယောက် ဖြစ်သည်ကို ဖုံးကွယ်၍ မရပေ။

သူမက အင်ပါယာရှားကို ပြန်လည် တင်ပြမည်ဟု မပြောဘဲ သူမကိုယ်တိုင် ဆုံးဖြတ်မည်ဟု ပြောသည်။

အားလုံးက သူမအား ကြည့်ကြသည်။ သူမ၏ မျက်နှာကား ချောမွေ့လွန်းကာ လူအများအား ချဉ်းကပ်မရနိုင် လက်လှမ်းမမီသော ဝေးကွာမှုကို ခံစားရစေသည်။ ထို့အပြင် သူမကား အလွန်ငယ်ရွယ်ပြီး ရှန့်ထိုများရှေ့တွင် ထိုင်နေသည့်တိုင် အနည်းငယ်မျှသော မျက်နှာ အပြောင်းအလဲကို မမြင်ရပေ။ သူမကား ကြောက်မက်ဖွယ် ကောင်းအောင် တည်ငြိမ်သည်။

ကြည့်ရသည်မှာ သူမကား ဤသို့သော အခြေအနေမျိုးကို ရိုးအီနေပြီ ဖြစ်ဟန်ရသည်။

ကျောက်ပြည်ထောင် ဘုရင်က ခေါင်းညိတ်သည်။ သူက အလွန် မာနကြီးသော်လည်း အင်ပါယာရှား၏ အမိန့်ကိုတော့ သူလည်း မလွန်ဆန်ရဲပေ။

ရီဖူရှင်းက လက်ဝှေ့ယမ်း သည်တွင် ဖီးနစ်ဓားက ကျောက်ပြည်ထောင် ဘုရင်ထံသို့ ပျံသန်းသွားသည်။ တစ်ချိန်တည်းမှာပင် ကျေးရွာ ခေါင်းဆောင်ကလည်း နတ်ဘုရားဓားကို ကျောက်ပြည်ထောင် ဘုရင်ထံသို့ ပစ်လွှတ်လိုက်သည်။

ကျောက်ပြည်ထောင် ဘုရင်က ဓားများအား သိမ်းဆည်း လိုက်သည်။

“သွား…” ကျေးရွာခေါင်းဆောင်က အေးစက်စွာ ပြောသည်။ ကျောက်ဟောင်နှင့် တခြား နှစ်ယောက်မှာ မျက်နှာများ နီမြန်းလျက် ကျောက်ပြည်ထောင် အုပ်စုထံသို့ ရွေ့လျား သွားကြ၏။

ထောင်ကျန်းမူကား မူလကတည်းက တော်ဝင်ကျဲနန်းတော် အုပ်စုတွင် ရှိသည်။ ရှန့်ထိုလီ၏ အာမခံမှုဖြင့် သူ ထွက်ပြေးမည်ကို မစိုးရိမ်ရရာ ကျောက်ပြည်ထောင် ဘုရင်က ထိုကိစ္စအား အလေးမထားပေ။

ဤတွင် ရှန့်ထိုရှားက ပြောသည်… “ဒါဆိုလည်း ကျောက်ပြည်ထောင်နဲ့ တော်ဝင်ကျဲ နန်းတော်ကိစ္စကို အဆုံး သတ်ရအောင်… ကျုပ်က ပြည်နယ်ကိုးခုက တော်ဝင်မြေတွေကို ဖိတ်ခေါ်တာက နောက်တစ်ခု ပြောစရာရှိတယ်…”

“ခင်ဗျားက လူငယ် မျိုးဆက်တွေကို ခေါ်ဖို့ ပြောတာလား…” ရှန့်ထိုတစ်ပါးက မေးသည်။

“အင်း…” ရှန့်ထိုရှားက ခေါင်းညိတ်သည်။

“အင်း … သူတို့ကို ပြောလိုက်ပါ … ပုံမှန်ဆို သူတို့လည်း မမေ့လောက်ပါဘူး…” ရှန့်ထိုများက တစ်ယောက်ပြီး တစ်ယောက် ခေါင်းညိတ် ကြသည်။ သည်တစ်ခေါက်တွင် သူတို့က လူငယ်မျိုးဆက်များ အားလည်း ခေါ်ဆောင် လာခဲ့ကြသည်။ မွေးနေ့တွင်ကား တော်ဝင်မြေများမှ ရှန့်ထိုများသာ မဟုတ်ဘဲ လူငယ်မျိုးဆက်မှ ထိပ်သီး ပါရမီရှင်များ အားလုံးလည်း ပါလာကြပေသည်။

သို့သော်လည်း တော်ဝင်မြေများမှာ ရှန့်ထိုရှား၏ ရည်ရွယ်ချက်ကို မသိကြသေးပေ။ သူက အမှန်ပင် သူ၏ မွေးနေ့ပွဲတွင် ပြိုင်ပွဲတစ်ခု ကျင်းပ လိုနေသည်များလား။

မဖြစ်နိုင်ပေ။ တခြားသော အကြောင်းပြချက် ရှိရပေမည်။

အားလုံးက ရှန့်ထိုရှားကို ကြည့်ကြသည်။ သူတို့ မကြာခင် အဖြေ သိရတော့မည် ဖြစ်သည်။

“တမန်တော် ဘယ်က လာတယ်ဆိုတာ အကုန်လုံး သိချင်မယ်လို့ ကျုပ်ယူဆတယ်…” ရှန့်ထိုရှားက ပြောသည်။ ရှန့်ထိုများ အားလုံး ခေါင်းညိတ်ကြသည်။ ရှန့်ထိုများ ဖြစ်သည့်အလျောက် အင်ပါယာရှား မည်သည့်နေရာတွင် နေသည်ကို သူတို့အားလုံး သိကြပေသည်။ ထိုအရာက လျှို့ဝှက်ချက် တစ်ခု မဟုတ်သော်လည်း သူတို့က လေးစားမှုဖြင့် ထုတ်ပြောလေ့ မရှိကြပေ။

ရီဖူရှင်းကား သူ၏နေရာတွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ သူကလည်း အင်ပါယာ ရှားနေထိုင်သည့် နေရာနှင့် ပတ်သက်၍ အနည်းငယ် သိနားလည်ထားပြီ ဖြစ်သည်။

လောကကြီးကား သူ ထင်ထားသည်ထက် အကြင်နာတရား ကင်းမဲ့ကာ ကျယ်ပြောပေသည်။

“တမန်တော်က ကျုပ်တို့ကို ပြောပါ…” ရှန့်ထိုရှားက ပြောသည်။ ဤတွင် အားလုံးက လှပချောမွေ့ကာ အပြစ်အနာအဆာ ကင်းမဲ့သော မိန်းကလေးအား ကြည့်ကြသည်။ သူမအား မိန်းမ အဝတ်အစားများ ဝတ်ဆင်စေလျှင် မည်မျှ ချောမောလှပမည်ကို အားလုံးက တွေးတော နေကြသည်။

ရှားရှင်းယွန်က ထရပ်ကာ လှေကားထစ်ရှေ့သို့ လျှောက်လာသည်။ ထို့နောက် သူမက အောက်မှ လူများ အားလုံးကို မျက်နှာချင်း ဆိုင်၏။

သူမ၏ အကြည့်က အားလုံးထံကို ရောက်လာသောအခါ အားလုံးကလည်း သူမကို ကြည့်ကြသည်။ သူမ၏ မျက်လုံးများက အေးစက်နေကာ မည်သည့် အရာကိုမှ အရေးမစိုက်သော ဟန်ပင်ကို မြင်ရသည်။ တစ်လောကလုံးတွင် သူမသည်သာ အမြင့်ဆုံးသော အဆင့်အတန်း ရှိသည်ဟူသော ယုံကြည်ချက်မျိုး သူမထံတွင် တွေ့ရ၏။

သူမကား ထိုသို့သော ဟန်ပင်ဖြင့် မွေးဖွား လာဟန်ရ၏။

ရှားရှင်းယွန် လက်ဝှေ့ယမ်း လိုက်လျှင် ရောင်စဉ်ရောင်ဝါများ ထွန်းလင်း လာသည်။ ထို့နောက် သူမ၏လက်မှ စေတီတစ်ဆူ ဖြစ်ပေါ်လာကာ လေထဲကို လွင့်လာ၏။

မွေးနေ့ပွဲတွင် ရှန့်ထိုများမှာ စက်ဝန်းပုံစံ ထိုင်နေကြရာ အလယ်တွင် ကွက်လပ် ဖြစ်နေသည်။ စေတီက ပိုမို ကြီးမားလာကာ မီတာ၃၀ခန့်အထိ မြင့်တက် လာသည်။ မဟာလမ်းစဉ် စွမ်းအားက စေတီမှ ထွက်ပေါ်လာကာ အားလုံးကို ခြုံလွှမ်း သွားသည်။

“တော်ဝင်ရတနာ…” အားလုံး၏ မျက်လုံးများက အရောင်လက် သွားကြသည်။ စေတီကား တော်ဝင်ရတနာ ဖြစ်သည်။

“ဒါက လစ်ပီလစ်စူလီ စေတီလို့ ခေါ်တယ် … ရှင်တို့က စေတီအောက်မှာ ရပ်လိုက်တာနဲ့ ရှင်တို့ အသက်ရှူနှုန်းကို သိပြီး ဖိအား ထုတ်လွှတ်လိမ့်မယ်… ရှန့်ထိုဖြစ်စေ… ရှီတန်ခိုးရှင်ဖြစ်စေ… စေတီကို အလင်း ထွန်းညှိနိုင်တဲ့ ဘယ်သူမဆို အထူးစမ်းသပ်မှုကို ခံယူရမယ်… စမ်းသပ် စစ်ဆေးမှုကို ကျော်ဖြတ် နိုင်သူတိုင်းက အထက်ဘုံသို့ တက်ရောက် လေ့ကျင့်နိုင်တယ်…”

ရှားရှင်းယွန်က တည်ငြိမ်စွာ ပြောသောလည်း ရှန့်ထိုများ၏ ရင်ဘတ်များ ပြင်းထန်စွာ တုန်ယင် သွားကြသည်။ ရှန့်ထိုများ ဖြစ်သည့်အလျောက် ရှားရှင်းယွန်၏ စကားကို သူတို့ ကောင်းကောင်း နားလည် ကြပေသည်။ သူတို့သာ မဟုတ်ပေ… တခြား ထိပ်သီး အင်အားစုများမှ တန်ခိုးရှင် အများအပြားမှာလည်း သူမ ဆိုလိုသည်ကို နားလည် ကြပေသည်။

သည်အရာကား ရှန့်ထိုများသာ ပိုင်ဆိုင်သော အခွင့်အရေးလည်း ဖြစ်သည်။

ပြည်နယ်ကိုးခုတွင် အင်ပါယာရှား၏အုပ်ချုပ်ရေး ယန္တရားအောက်၌ တော်ဝင် လမ်းတိုက်ပွဲမှာ ဘာကို ဆိုလိုသနည်း။ ပြည်နယ်ကိုးခုမှ သာမန်လူများ နားလည်ကြမည် မဟုတ်သော်လည်း တော်ဝင်မြေများ အားလုံး သိနားလည် ကြပေသည်။

တန်ခိုးရှင် လောကကား သာမန်လူများ သိသည်ထက် အဆမတန် ရက်စက် ကြမ်းတမ်း ပေသည်။

ပုံမှန်အားဖြင့် နှစ်ပေါင်းများစွာ အသက်ရှင် လာခဲ့ကြသော ရှန့်ထိုများ ထိုအချက်ကို ကောင်းကောင်း သိကြပေသည်။ သူတို့က ခေတ်ကာလ တစ်ခုလုံးကို ကြုံဆုံခဲ့ကြပြီး ဖြစ်သည်။

လွန်ခဲ့သော ရာစုနှစ်တစ်ခုက အရှင်ဒွန်ဟောင်နှင့် ဧကရာဇ်ရီချင်တို့က တစ်စုံတစ်ခုကို ပြောင်းလဲလိုခဲ့ကာ တော်ဝင်စစ်ပွဲကို စတင်ခဲ့သည်။ ကောင်းကင်ဒေသ တစ်ခုလုံး အကြီးမားဆုံးသော အပြောင်းအလဲများ ဖြစ်ခဲ့သည်။ ထို့နောက်တွင် တစ်လောကလုံး စုစည်းခဲ့၏။ သို့သော်လည်း အချို့သော အရာများမှာ ပြောင်းလဲခြင်း မရှိခဲ့ပေ။

ရီဖူရှင်း၏ စိတ်မှာလည်း ပြင်းထန်စွာ လှုပ်ရှားသည်။ ချင်းကျူမြို့မှ ထွက်လာသော လူငယ်လေးကား မိမိကိုယ်တိုင် လေ့ကျင့်ကာ အဆင့်များ တဖြည်းဖြည်း မြင့်လာပြီး တန်ခိုးရှင် လောကနှင့် ပတ်သက်၍ ပိုမို သိနားလည် လာခဲ့သည်။

ပြည်နယ်ကိုးခုမှာ အင်ပါယာရှား၏ လက်အောက်တွင် ဖြစ်သော်လည်း အင်ပါယာရှားကား ပြည်နယ်ကိုးခုတွင် မနေထိုင်ပေ။ ရီဖူရှင်းက သူ့အား တွေ့ဆုံ လိုသော်လည်း လက်ရှိတွင် ထိုအခွင့်အရေး မရှိပေ။ သို့သော်လည်း နောင်ကာလ တစ်ခုတွင် ဖြစ်နိုင်ပေသည်။

တန်ခိုးရှင်များ၏ မျက်လုံးများက အရောင်လက် သွားကြသည်။ သည်အရာက သူတို့၏ ကံကြမ္မာကို ပြောင်းလဲ စေမည်ကို သိနားလည် ကြသည်။

ရှားရှင်းယွန်ကား သူတို့အား သူတို့၏ ကံကြမ္မာအား ပြောင်းလဲနိုင်သည့် အခွင့်အရေးကို ပေးနေခြင်း ဖြစ်သည်။

သည်အရာက အင်ပါယာရှား၏ ညွှန်ကြားချက်လား။

ရှားရှင်းယွန်မှာ မည်သူနည်း။

သူမတွင် ကြောက်စရာ နောက်ခံ ရှိရပေမည်။

ထိုအခိုက်တွင် ဘေးတစ်ဖက် တစ်ချက်မှ လူအများအပြား စီတန်း ထွက်လာကြသည်။ သူတို့အားလုံး ရွှေရောင် အဝတ်အစားများ ဝတ်ဆင် ထားကြသည်။ သူတို့က လစ်ပီလစ်ဇူလီ စေတီအနီးသို့ ရောက်လာကြကာ ပတ်ပတ်လည်မှ လူများကို ကြည့်လျက် မေးသည်… “ဘယ်သူ အရင်ဆုံး စမလဲ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset