အပိုင်း (၈၆၂)

စစ်ကြောင်းကို ဖြတ်တောက်ခြင်း

ကောင်းကင်ပြက္ခဒိန်၏ ၁၀၀၁၃ခုနစ်တွင် နွေဦးပြည်နယ်မှ တန်ခိုးရှင်များစွာက ပြည်နယ်ကိုးခု မြို့တော်သို့ ဦးတည် လာနေကြသည်။

နှစ်ဦးပိုင်းတွင် ပြည်နယ်ကိုးခု ကျောင်းတော်ကား လွန်စွာ လှုပ်ရှား သက်ဝင်နေခဲ့ကာ ကျောင်းတော်ကလည်း ကျောင်းသားသစ်များကို လက်ခံသည့် အချိန်အခါ ဖြစ်သည်။

နှစ်တိုင်းကား ဤသို့ ဖြစ်ခြင်းမှာ ပုံမှန်ပင်။ နွေဦးပြည်နယ် သာမက တခြား ပြည်နယ်မှ လူများပင် အကဲဖြတ် စစ်ဆေးခြင်းကို လာရောက် ခံယူကြသည်။

ထို့အပြင် သည်နှစ်တွင်လည်း ပြည်နယ်ကိုးခု မြို့တော်သို့ ရောက်လာနေကြသော တန်ခိုးရှင်များမှာ သိသိသာသာ များပြားပေသည်။ နွေဦးပြည်နယ်မှ တခြား တော်ဝင်မြေများ ဖြစ်ကြသော ရီကလန်၊ ယွီကလန်နှင့် ရှားကလန်တို့ပင် ထွက်လာ ခဲ့ကြသည်။

သူတို့က ပြည်နယ်ကိုးခု ကျောင်းတော်၏ ကျောင်းသားသစ် ရွေးပွဲအတွက် ရောက်လာခြင်းတော့ မဟုတ်ပေ။ ပုံမှန်အားဖြင့် တောင်ဝင်မြေများကား ပြည်နယ်ကိုးခု ကျောင်းတော်၏ ကျောင်းသားသစ် ရွေးချယ်ပွဲကို စိတ်မဝင်စားကြပေ။ သို့သော်လည်း ယခု ကျောက်ပြည်ထောင်နှင့် တော်ဝင်ကျဲ နန်းတော်တို့က ပြည်နယ်ကိုးခု မြို့တော်တွင် တိုက်ပွဲဖြစ်တော့မည့် သတင်းကို အားလုံးက ကြားသိကြရရာ စိတ်ဝင်တစား စောင့်ကြည့် နေကြသည်။

တစ်ချိန်တည်းမှာပင် ထောင်ကျန်း ကလည်း ပြည်နယ်ကိုးခု မြို့တော်တွင် နတ်ဘုရား ပြစ်ဒဏ်ကို ခံယူမည် ဖြစ်သည်။ မကြာမီ ရှန့်ထိုအသစ်တစ်ပါး ထွက်ပေါ် လာတော့မည် ဖြစ်ကာ ကျောက်ပြည်ထောင် ဘုရင်ကလည်း သူ့အား သတ်ဖြတ်ရန် ကြိုးစားမည့်ပုံ ရှိနေသည်။

ကျောက်ပြည်ထောင်၌လည်း နှစ်သစ်၏ ပျော်ရွှင်ဖွယ် အငွေ့အသက်များ ဆိတ်သုဉ်းနေသည်။ တော်ဝင်စစ်ပွဲ မတိုင်မီက တော်ဝင်စစ်ပွဲမှာ အလွန် လွယ်ကူမည်ဟု သူတို့ ထင်မှတ် ထားခဲ့ကြသည်။ ကျောက်ပြည်ထောင်က တော်ဝင်ကျဲ နန်းတော်ကို ပြာပုံဖြစ်အောင် ခဏချင်း ပြောင်းလဲနိုင်မည်ဟု ထင်မှတ်ခဲ့ကြ၏။ သို့သော်လည်း တော်ဝင်ကျဲ နန်းတော်ကသာ ရှီတန်ခိုးရှင် ဝူလျန်နှင့် ကလန်အချို့ကို ချေမှုန်းသွားခဲ့၏။

ထို့အပြင် တော်ဝင် ကျဲနန်းတော်ကား ကျောက်ပြည်ထောင် မြို့တော်ကိုပင် အတင့်ရဲစွာ လာရောက် တိုက်ခိုက်ပေသည်။

တစ်ချိန်တည်းမှာပင် ကျောက်ပြည်ထောင် နန်းတော်ထဲ၌​​ ကျောက်ရန်ဝမ်ကား ခန်းမကြီးထဲတွင် ခန့်ညားစွာ ထိုင်နေသည်။ သူက အိုမင်းနေဟန် ရသော်လည်း သူကား ကြီးမြတ်သောဟန်ပင် ရှိပေသည်။

“အရှင်… ကျုပ်တို့က သူတို့ကို လိုက်ရှာပေမဲ့ သဲလွန်စ မတွေ့ပါဘူး… ပြီးတော့ မြေရိုင်းပြည်နယ်က သတင်းတွေ ရောက်လာပါတယ် … တော်ဝင်ကျဲ နန်းတော်က သူတို့ရဲ့ စစ်အင်အားကို ပြည်နယ်ကိုးခု မြို့တော်သို့ စေလွှတ် နေပါတယ်… ကျုပ်တို့ ဘာလုပ်ရမလဲ…” တန်ခိုးရှင် တစ်ယောက်က တင်ပြနေသည်။

“သူတို့က မြို့တော် အနားမှာ လှုပ်ရှား သွားလာနေတာ မထူးဆန်းတော့ဘူး … သူတို့က ဒီကို လာပြီးတော့ တိုက်ခိုက်တာ မဟုတ်ဘူး … ငါတို့ကို လာစောင့် ကြည့်တာ..” တော်ဝင်ကျဲ နန်းတော်မှ​လူများ၏ရည်ရွယ်ချက်ကို သူ သဘောပေါက် လိုက်သည်။

ထို့အပြင် သူတို့က ပြည်နယ်ကိုးခု မြို့တော်သို့ အချိန်မရွေး ပြန်ဆုတ် သွားနိုင်ပေသည်။

“အမိန့်နာခံစမ်း… ဝင်္ကပါနဲ့ နန်းတော်ကို ခုခံမည့်လူတွေကို ချန်ထားပြီး စစ်အင်အားကို ပြည်နယ်ကိုးခု မြို့တော်သို့ စေလွှတ်မယ်…”

ကျောက်ပြည်ထောင်က ကျန်ကျောင်းနှင့် အနည်းငယ်သော တန်ခိုးရှင်များအား ကြောက်ရွံ့မည် မဟုတ်ပေ။ သူတို့က တော်ဝင်ကျဲ နန်းတော်၏ စောင့်ကြည့်မှုကို လွန်မြောက်ကာ ကွက်ကျော်စီမံရန် ပြင်ဆင်သည်။

တစ်ယောက်တည်းက ရည်ရွယ်ချက်မှာ သေချာပေါက် သေးငယ် ရပေမည်။

သူ၏ ခန္ဓာကိုယ်က လေထဲကို မြောက်တက် သွားပြီး နောက်ဆုံး တိမ်များအပေါ် အထိ ရောက်လာပြီး ရှေ့ကို ပျံသန်း သွားသည်။

သို့သော်လည်း သူက တဖြည်းဖြည်း မသက်မသာ ခံစားလာရသည်။ အားကောင်းသော ရှန့်ထိုအသိက ကောင်းကင်တစ်ခွင်ကို ဖြန့်ကြက် ထားသော်လည်း ရန်သူ၏ အငွေ့အသက်များကို မရပေ။

သူက အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။ ရုတ်တရက် ကျောက်ရန်ဝမ်၏ အမူအရာက ပြောင်းလဲသွား၏။ အဆုံးအစမဲ့သော စွမ်းအားတစ်ခု ကောင်းကင်ထက်တွင် ပေါက်ကွဲ ထွက်လာသည်။ ကောင်းကင်နှင့် မြေပြင် အကြားမှ လေဟာနယ်က နီရဲသွားကာ ကောင်းကင် တစ်ခွင်က လောင်ကျွမ်းနေဟန် ရသည်။

ရုတ်တရက် ကြောက်မက်ဖွယ် ကောင်းသော ဓားစွမ်းအင်တစ်ခု ကောင်းကင်ထက်တွင် ပေါ်လာသည်။ ထိုအရာက အာကာသ ဓားစွမ်းအင် ဖြစ်ဟန်ရ၏။

ဓားက မဟာလမ်းစဉ် စွမ်းအားအဖြစ် ပြောင်းလဲ သွားသည်။ ထိုအရာက ကောင်းကင်နှင့် မြေပြင်အကြားမှ လေထုကို လျစ်လျူရှုကာ သူ့ထံသို့ တိုးဝင် လာနေသည်။

“တစ္ဆေလိုကောင်တွေ…” ကျောက်ရန်ဝမ်က ဒေါသတကြီး အော်ဟစ်သည်။ ရှန့်ထိုစွမ်းအား ပေါက်ကွဲ ထွက်လာသည်တွင် ကောင်းကင်၌ ဧရာမဖီးနစ် တစ်ကောင် ပေါ်လာသည်။ သူက လက်ကို မြှောက်လိုက်ကာ ကောင်းကင်မှ ကျဆင်းလာသော ဓားစွမ်းအားကို ခုခံသည်။

နတ်ဘုရားဓားကား အစကနေ အဆုံးအထိ ကျောက်ပြည်ထောင်ကို ဦးတည်ထားဟန် ရသည်။

လူအများအပြားက ကောင်းကင်ကို မော့ကြည့် ကြသည်။ ကောင်းကင်နှင့် မြေပြင်တို့အပြင် ဖီးနစ်ကိုပါ ဝါးမျိုနိုင်သော ဓားဝင်္ကပါတစ်ခု ရှိနေဟန်ရပြီး အလွန် ပြင်းထန်သော တိုက်ပွဲတစ်ခု စတင် ဖြစ်ပွားသည်။

“သူတို့ ဘယ်တုန်းကမှ မထွက်သွား ခဲ့ကြဘူး…” ကျောက်ရန်ဝမ်၏ အမူအရာက အလွန် အေးစက်နေသည်။ တော်ဝင်ကျဲနန်းတော်၏ တော်ဝင်က အကြီးအကဲကား သူရှာမတွေ့အောင် ပုန်းအောင်း နေခဲ့သည်။

တစ်ဖက်လူကား ပုန်းအောင်းရာတွင် ထူးချွန်ဟန် ရ၏။

မြို့တော်မှ မရေမတွက်နိုင်သော လူများ ကောင်းကင်ကို ကြည့်သည်။ ဓားစွမ်းအင်က ထောင်ပေါင်း များစွာသော မိုင်များကို ကျော်ဖြတ် လာသလို မီးလျှံများကလည်း ကောင်းကင်ကို လောင်ကျွမ်းသည်။ ရှန့်ထိုများ၏ တိုက်ပွဲက အလွန် ပြင်းထန်ပေသည်။

ကြောက်မက်ဖွယ် ကောင်းသော ဓားစွမ်းအင် တစ်ခုက ကျောက်ပြည်ထောင် နန်းတော်ပေါ်သို့ ကျဆင်းလာသည်။ များစွာသော ပေါက်ကွဲသံများနှင့်အတူ အလင်းတန်းက အရာအားလုံးကို ဖြတ်သန်းသွားကာ နန်းတော်၏ အဆောင်တစ်ခုအား လုံးဝပျက်စီး သွားစေခဲ့သည်။ တစ်ချိန်တည်းမှာပင် ဝင်္ကပါအလင်းတစ်ခု ဖြန့်ကြက် ဖြစ်ပေါ်လာ၏။

ကျေးရွာ ခေါင်းဆောင်က လေထဲတွင်ပင် နတ်ဘုရားဓားအား ဆုပ်ကိုင်ကာ တည်ငြိမ်စွာ ရပ်နေသည်။ သူက မြေပြင်ကို တစ်ချက်ကြည့်ကာ နောက်လှည့် ထွက်ခွာ သွားသည်။

ကျောက်ရန်ဝမ်၏ မျက်နှာက အလွန်အမင်း နက်မှောင် နေသည်။

သည်တစ်ကြိမ်ကား သူ၏ ခန္ဓာကိုယ်တွင်ပင် အမှတ်အသား တစ်ခု ကျန်နေရစ်သည်။ တစ်ဖက်လူကား သူ့ကို မည်သည့် နေရာကိုမှ သွားခွင့်ပေးမည့်ပုံ မရှိပေ။

“ရန်ဝမ်…” တန်ခိုးရှင် တစ်ယောက် ရောက်လာသည်။ သူက ကျောက်ရန်ဝမ်၏ ခန္ဓာကိုယ်ပေါ်မှ ဓားအမှတ်အသားကို မြင်သည်။ အကယ်၍ သူ့ခန္ဓာကိုယ်ပေါ်မှ ရတနာချပ်ဝတ် ကြောင့်သာ မဟုတ်လျှင် ကျောက်ရန်ဝမ်ကား ပြင်းထန်စွာ ဒဏ်ရာ ရနေပေလိမ့်မည်။

ကျောက်ရန်ဝမ်ကား တော်ဝင်ကျဲနန်းတော် တော်ဝင် အကြီးအကဲ၏ ဖိနှိပ်မှုကို ခံရသည်။

“ကျုပ်ကို စိတ်မပူနဲ့ … ရှီစစ်တပ်က ထွက်ခွာဖို့ ပြင်တော့… ကျန်ကျောင်းတို့ အဖွဲ့က ခင်ဗျားတို့ကို ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ရဲရင် သူတို့သေတွင်း သူတို့ တူးတာပဲ…” ကျောက်ရန်ဝမ်က အေးစက်စွာ ပြောသည်။

“ရန်ဝမ်… ကျုပ်တို့က တစ်ဖက်ရန်သူရဲ့ တစ်ယောက်ချင်း စွမ်းရည်နဲ့ဆို ဝင်္ကပါနဲ့ပဲ ရင်ဆိုင်နိုင်မယ်… ဒါကြောင့် လမ်းတစ်လျှောက်လုံး မှာလည်း ဝင်္ကပါကိုပဲ တည်ပြီး ခရီးနှင်နိုင်လိမ့်မယ်… မဟုတ်ရင် ကျန်ကျောင်းတို့က ကျုပ်တို့ကို အလစ် တိုက်လိမ့်မယ်…” တစ်ယောက်က ပြောသည်။

ကျန်ကျောင်းနှင့် သူ့လူများက ကျောက်ပြည်ထောင် စစ်တပ်ကို ထိပ်တိုက် ရင်ဆိုင်မည် မဟုတ်ဘဲ တစ်ယောက်ချင်းသာ အမဲလိုက်ပေမည်။ ထို့ကြောင့် ဝင်္ကပါမတည်ဘဲ ခရီးထွက်ပါက တစ်ဖက်လူ၏ အစာ ဖြစ်သွား ပေလိမ့်မည်။

“ဒါဆိုလည်း လမ်းတစ်လျှောက် ဝင်္ကပါ ခင်းပြီးသွား… အားနည်းချက် မဖြစ်စေနဲ့…” ကျောက်ရန်ဝမ်က အေးစက်စွာ ပြောသည်။ သူက ရှီစစ်တပ်ဖြင့် ခရီးထွက်ရန် မဖြစ်နိုင်ပေ။ သင်္ချိုင်းကုန်း ကျေးရွာမှ ထိုလူကား သူ့ကို သေချာပေါက် နန်းတော်မှ ထွက်ခွင့်ပေးမည် မဟုတ်ပေ။

“သေချာတာပေါ့…” တန်ခိုးရှင် တစ်ယောက်က ခေါင်းညိတ်သည်။ သည်နည်းလမ်းသာ ကျန်တော့၏။ တော်ဝင်ကျဲ နန်းတော်ကလည်း သူတို့၏ စစ်တပ်ကို ပြည်နယ်ကိုးခု မြို့တော်သို့ စေလွှတ်သည်ဟု ကြားရသည်။ အကယ်၍ သူတို့က ကျောက်ပြည်ထောင် ဘုရင်တို့အား သွားရောက် မထောက်ပံ့လျှင် တော်ဝင်ကျဲ နန်းတော်အား ရင်ဆိုင်ရန် လွယ်ကူမည် မဟုတ်ပေ။

မကြာမီ စစ်တပ်က စုစည်းကာ ဝင်္ကပါကြီးတစ်ခု အဖြစ် စုဖွဲ့လျက် ပြည်နယ်ကိုးခု မြို့တော်သို့ ဦးတည် သွားကြသည်။

နန်းတော် အပြင်ဘက်တွင် မရေမတွက်နိုင်သော လူများက လေထုထဲမှ စစ်တပ်ကြီးကို ကြည့်ကြသည်။ သည်တစ်ခေါက်ကော သူတို့က ရီဖူရှင်းတို့အား အပြတ် ဖြတ်နိုင်ပါ့မလား။

စစ်တပ်က ကောင်းကင်ကို ကျော်ဖြတ်ကာ ခရီးနှင်ကြသည်။ လမ်းတစ်လျှောက် တွင်လည်း သားရဲများစွာကို သူတို့ တွေ့ကြ၏။

“သွားပြီး သတ်လိုက်…” ရှီတန်ခိုးရှင် တစ်ယောက်က အဝေးမှ ပျံသန်းနေသော သားရဲတစ်ကောင်ကို ညွန်ပြပြီး ပြောသည်။ မကြာမီ ထိုသားရဲမှာ သတ်ဖြတ်ခြင်း ခံလိုက်ရသည်။

သည်ရက်ပိုင်းအတွင်း သူတို့က သားရဲများ၏ မူမမှန်သော လှုပ်ရှားမှုများကို သတိထားမိပြီး ဖြစ်ကာ တစ်ဖက် ရန်သူများက သားရဲများကို အသုံးပြုလျက် စနည်းနာ နေသည်ဟု သံသယ ဝင်ကြသည်။

သူတို့နောက်တွင် ကျန်ကျောင်းနှင့် တခြား လူများကလည်း ဓားများကို စီးနင်းလျက် လိုက်ပါ လာကြသည်။ ကျောက်ပြည်ထောင်မှ လူများက သိသော်လည်း ဂရုမစိုက်ပေ။ ကျန်ကျောင်းတို့က သူတို့အား တိုက်ရိုက် ရင်ဆိုင်ရဲမည် မဟုတ်ပေ။

ကျန်ကျောင်း၏ ရှေ့ကို သားရဲတစ်ကောင် ရောက်လာသည်။

“ကျုပ်တို့ ဘာလုပ်ရမလဲ…” ကျန်ကျောင်းက သားရဲကို မေးသည်။

သားရဲက ပြောသည်… “သူတို့နောက်ကို လိုက်ပါ…”

“ကောင်းပြီ…” ကျန်ကျောင်းတို့က ခေါင်းညိတ်ကြသည်။ သူတို့က ကျောက်ပြည်ထောင် စစ်တပ်နောက်ကို လိုက်ပါ သွားကြ၏။

***

ထိုအချိန်တွင် ပြည်နယ်ကိုးခု ကျောင်းတော်၌ လေ့ကျင့်နေသော ရီဖူရှင်က မျက်လုံးကို ဖွင့်လိုက်သည်။

ကျောက်ပြည်ထောင်က နောက်ထပ် စစ်တပ်တစ်ခုအား စေလွှတ်သည်။

ဤသို့ဆိုလျှင် သူတို့က ပထမဆုံး တိုက်ပွဲကို ဆောလျင်စွာ တိုက်ခိုက်ရန် လိုပေသည်။

သူက မျက်လုံးကို မှိတ်လိုက်ကာ သိမ်းငှက်နက်အား ဆက်သွယ်လျက် အမိန့်တစ်ခုကို ထုတ်ပြန်သည်။

သိမ်းငှက်နက်ကား မြေရိုင်းပြည်နယ် စစ်တပ်နှင့်အတူ ခရီးနှင်နေသည်။ သူတို့က ပြည်နယ်ကိုးခု မြို့တော်သို့ ခရီးနှင်နေခြင်း ဖြစ်သည်။ ဓားသခင်၊ ဟောင်စီ၊ ယွန်ရှင်းနှင့် ယူစီတို့လည်း စစ်တပ်ထဲတွင် ပါဝင်ကြသည်။

သိမ်းငှက်နက်က အတောင်ပံကို ဖြန့်ကာ ဓားသခင်နှင့် ယူစီတို့ရှေ့ကို ရောက်လာကာ ပြောသည်… “လမ်းကြောင်း ပြောင်းမယ်… ပြည်နယ်ကိုးခု မြို့တော်သို့ မသွားတော့ဘူး…”

အားလုံး၏ မျက်လုံးများက အရောင်လက် သွားကာ သိမ်းငှက်နက်အား ကြည့်ကြသည်။

သိမ်းငှက်နက်က ရီဖူရှင်း ကိုယ်စား ပြောနေခြင်း ဖြစ်ကြောင်း သူတို့ သိကြသည်။

“ကျုပ်တို့ ဘယ်သွားမလဲ…” ယူစီက မေးသည်။

“ကျောက်ပြည်ထောင်က ပြည်နယ်ကိုးခု မြို့တော်သို့ နောက်ထပ် စစ်တပ်တစ်ခု စေလွှတ်ခဲ့တယ် … ကျုပ်တို့က သူတို့ စစ်ကြောင်းကို သွားဖြတ်တောက် ရမယ်… ကျန်ကျောင်းတို့အဖွဲ့က ဒီစစ်တပ်နဲ့ပေါင်းပြီး ကျောက်ပြည်ထောင်ကို ပြိုင်တူ တိုက်ခိုက် ကြလိမ့်မယ်…” သိမ်းငှက်နက်က ရီဖူရှင်း၏ လေသံဖြင့် ပြောသည်။

“ကောင်းပြီ…” ယူစီတို့က ခေါင်းညိတ် ကြသည်။

ရီဖူရှင်းက ထိုစစ်ကြောင်းများကို ဖြတ်တောက်ခြင်းက ရိုးရှင်းပေသည်။ ရီဖူရှင်းတို့က ပြည်နယ်ကိုးခု မြို့တော်တွင် အင်အားမရှိပေ။ ထောင်ကျန်း၊ ယန်ဟောင်တို့က ကျောက်ပြည်ထောင် စစ်တပ်ကို မယှဉ်နိုင်ပေ။ ထို့ကြောင့် သူတို့အတွက် တစ်ဖက်ရန်သူ စစ်တပ်နှစ်ခု မပူးပေါင်း နိုင်အောင် ဖြတ်တောက်ခြင်းက အကျိုး ရှိပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset