အပိုင်း (၈၄၃)

ကျောက်ပြည်ထောင်၌ မငြိမ်မသက် ဖြစ်ခြင်းများ

ဝူလျန်ထံမှ ကြောက်မက်ဖွယ် ကောင်းသော ကိုယ်ရောင် ကိုယ်ဝါများ ထွက်ပေါ်လာသည်။ ဧရာမ တိုက်ခိုက်ရေးပုံစံက အဆုံးမဲ့ ဓားရတနာအား ကိုင်စွဲခြင်းတွင် မရေမတွက်နိုင်သော ဓားပုံရိပ်များကို ဖြတ်ပေါ်စေလျက် လေထဲတွင် ရှိနေသော အာကာသဓားအား တိုက်ခိုက်သည်။

ဓားဝင်္ကပါထဲ၌ ကျန်ကျောင်း၏ အမူအရာကား အလွန်အမင်း ထက်ရှနေသည်။ သူက လေဟာနယ်ကို လက်ညှိုးထိုး လိုက်သည်တွင် ဧရာမ အာကာသဓားက အဝေးမှ အဆုံးမဲ့ ဓားပုံရိပ်များအား ဖြတ်သန်းသွားပြီး အောက်မှ တိုက်ခိုက်ရေး ပုံစံထံသို့ ဆင်းသက်လာသည်။

“သတိထား…” ဝူလျန်ဘေးမှ ထိပ်သီး တန်ခိုးရှင် တစ်ယောက်က သတိပေးသည်။ သို့သော်လည်း အာကာသဓားကား အလွန်မြန်၏။

ဘန်း … ဘန်း … ဘန်း…

ဧရာမဓားက ကောင်းကင်မှ ဆင်းသက်လာကာ ဝူလျန်ရှိရာသို့ ကျဆင်း လာသည်တွင် ဓားစွမ်းအင်များ ပေါက်ကွဲကြသည်။ ချက်ချင်းပင် ဝင်္ကပါအတွင်းမှ လူအများအပြားမှာ အစိတ်အစိတ် အပိုင်းပိုင်း ဖြစ်သွားပြီး ဝင်္ကပါမှာလည်း ပျက်စီးသွားရသည်။

ဝူလျန်က အဆုံးမဲ့ဝင်္ကပါအား အသက်သွင်းမည်ကို ကျန်ကျောင်းတို့က လိုလားပုံမရပေ။ မဟုတ်လျှင် သူတို့က အဆုံးမဲ့နန်းတော်ကို ဖျက်ဆီးရန် ခက်ခဲသွားပေမည်။

သည်တစ်ကြိမ်တွင် ဓားသမား ကိုးယောက်နှင့် ကောင်းကင်ဝင်္ကပါမှ စွမ်းအားအကြီးဆုံး ၃၆ယောက်တို့ ပါလာသည်။ သူတို့တွင် ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိကာ ထိုအရာကား ကျောက်ပြည်ထောင်၏ နံပါတ်တစ်ကလန်ဖြစ်သော အဆုံးမဲ့နန်းတော်အား နှိမ်နှင်းရန် ဖြစ်သည်။

ဝုန်း…

လေထုက ပြင်းထန်စွာ တုန်ခါသွားပြီး ကောင်းကင်ဝင်္ကပါ ဖြစ်တည်လာသည်။ သူတို့က လူအနည်းငယ်မျှသာ ရှိရာ ဝင်္ကပါအား မြန်ဆန်စွာ ဖွဲ့စည်းနိုင်သည်။

ဧရာမ ရွှေရောင်လူဝံက မားမားမတ်မတ် ရပ်နေရင်းက ဝူလျန်ထံသို့ လှမ်းလာသည်။ ထိုအခိုက်တွင် ယန်ဟောင်ကား မာန်ဟုန်ပြင်းသော အခိုက်အတန့်၌ ရှိနေဟန်ရသည်။ သူ၏ တစ်ကိုယ်လုံးမှာလည်း ပြင်းထန်ရုန့်ရင်းသော စွမ်းအင်များ ရစ်ပတ်နေသော ရတနာချပ်ဝတ်နှင့် ပုဆိန်ရတနာတို့အား ဆုပ်ကိုင်ထားသည်။ ပုဆိန်မှာ ယူချင်းထံမှ ရသည်။ သည်တိုက်ပွဲအတွက် သူတို့ ကောင်းကောင်း ပြင်ဆင်လာခဲ့ပေသည်။

သည်တိုက်ပွဲအတွက် သူတို့က ရှန့်ထိုရတနာသုံးခုနှင့် ကောင်းကင်ဝင်္ကပါ တည်ရန် မရေမတွက်နိုင်သော အဆင့်မြင့် ရှီလက်နက်များကို ယူလာခဲ့ကြသည်။

ဝူလျန်၏မျက်နှာက သိပ်မကောင်းတော့ပေ။ တစ်ဖက်အုပ်စုက သူ့အား အသေသတ်ရန် ရောက်လာခြင်း ဖြစ်ကြောင်း ရိပ်မိသည်။

“အဆုံးမဲ့ လောကဓာတ်…” ဝူလျန်က အော်ဟစ်လိုက်ကာ သူ၏ခန္ဓာကိုယ်အား အဆုံးမဲ့ တိုက်ခိုက်ရေးပုံစံနှင့် ပေါင်းစပ်လိုက်သည်။ ထိုအရာကပင် သူ၏ သက်စောင့်ဝိညာဉ် ဖြစ်သည်။ ချက်ချင်းပင် သူ၏ခန္ဓာကိုယ်က ခြွင်းချက်မရှိအောင် ကြီးမားသွားပြီး နတ်ဘုရား တစ်ပါးအလား ဖြစ်လာသည်။ လက်ထဲမှ အဆုံးမဲ့ ဓားရတနာမှာလည်း ဧရာမကြီးမားလာပြီး ရှေ့မှ လေထုကို ခုတ်ချလိုက်သည်။ ကောင်းကင်က နှစ်ခြမ်း ကွဲသွားတော့မည့်အလား တုန်ခါ အော်ဟစ်သည်။

သို့သော်လည်း ကျန်ကျောင်းနှင့် တခြား ဓားသမား ရှစ်ယောက်တို့က ရှန့်ထိုအဆင့် ရတနာများနှင့် များစွာသော ရှီအဆင့် လက်နက်များကို ဝင်္ကပါဖွဲ့ရန် ယူလာခဲ့ကြသည်။ သူတို့က ဝူလျန်ကို ကြောက်စရာ မလိုပေ။

ဓားဝင်္ကပါထဲ၌ မဟာလောကဓာတ်က ကျဆင်းလာသည်တွင် ဝူလျန်၏ ဘေးတစ်ဝိုက်အား ရိုက်ခတ်စေကာ ပတ်ပတ်လည်မှ လူများနှင့် သီးသန့် ဖြစ်စေသည်။ သူတို့က တစ်ဖက်လူအား ဝင်္ကပါဖွဲ့စည်းရန် ခွင့်မပြုနိုင်ပေ။

တစ်ချိန်တည်းမှာပင် ကျန်ကျောင်းက လျှပ်တစ်ပြက် လှုပ်ရှားလိုက်ကာ သူ၏ဓားအား အဆုံးမဲ့ဓားထံသို့ ဦးတည် လိုက်သည်။ တစ်ဖက်လူ၏ ကိုယ်ရောင်ကိုယ်ဝါက မည်မျှ ပြင်းထန်ပါစေ သူက ကြောက်ရွံ့မည် မဟုတ်ပေ။

ထိုအခိုက်တွင် ဓားဝင်္ကပါမှ ထောင်ပေါင်း များစွာသော ဓားအလင်းများ ထွက်ပေါ်လာသည်။ ဓားဝင်္ကပါတစ်ခုလုံးနှင့် ရှန့်ထိုဓားရတနာတို့က ဧရာမ ဓားတစ်လက်အဖြစ် ပြောင်းလဲသွား၏။

ဝုန်း…

ဓားစွမ်းအားက လေထုကို ပြည့်နှက် သွားသည်တွင် စူးရှသော အလင်းတစ်ခု ဖြစ်လာပြီး အားလုံး၏ အမြင်အာရုံကို ဝေဝါးစေသည်။ မြေပြင်ပေါ်တွင် အဆုံးမဲ့ ဓားနန်းတော်မှ လူအများအပြားက သူတို့၏မျက်လုံးများကို မှိတ်လိုက်ပြီး ရုန်းရင်းဆန်ခတ် နောက်ဆုတ်ကြသည်။ နေရာ အများအပြားမှာ အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားပြီး ဓားချက်များစွာတို့ မှာလည်း မြေပြင်ပေါ်ကို ပြန့်ကျဲ ကျဆင်းသွား၏။

အဆုံးမဲ့ခန္ဓာက တုန်ခါသွားသည်။ သူ၏ တိုက်ခိုက်ရေးပုံစံ၌​ မရေမတွက်နိုင်သော ဓားစွမ်းအားများ ထွင်းဖောက်ထားခြင်း ခံရသည်။ ဝူလျန်၏ပါးစပ်မှ သွေးများ အဆက်မပြတ် ယိုစီးကျလာ၏။

“ကျုပ်ကို ကူ…” ဝူလျန်က ဘေးမှ အကြီးအကဲများအား အော်ဟစ်သည်။ သူကား တစ်ဖက်ဓား ဝင်္ကပါကို ယှဉ်နိုင်ခြင်း မရှိပေ။

သူ့ဘေးမှ အကြီးအကဲများ၏ မျက်နှာ အမူအရာများက ပြာနှမ်း သွားကြသည်။ သူတို့က ထိုဓားချက်၏ စွမ်းအားကို ခံစားမိကြပေသည်။ အကယ်၍ သူတို့က အဆုံးမဲ့ဓားဝင်္ကပါကို မဆင်ခေါ်နိုင်ပါက တစ်ဖက်ဓားဝင်္ကပါ၏ လက်အောက်တွင် အသက်ပျောက် ရပေလိမ့်မည်။

သူတို့နောက်မှ သီးသန့် ဖယ်ထုတ်ခံရသော တန်ခိုးရှင်များက သူတို့အား သီးခြားဖြစ်စေသော အချိန်နှင့် အာကသဓားစွမ်းအားကို ပယ်ဖျက်ရန် ကြိုးပမ်းနေကြသည်။ သို့သော်လည်း သူတို့ထံကို ဧရာမ ရွှေလူဝံကြီးတစ်ကောင် ဆင်းသက်လာကာ ပုဆိန်ဖြင့် ခုတ်နှက်လိုက်သည်တွင် မြေပြင်က ကြီးမားသော အက်ကွဲကြောင်းများ ဖြစ်သွားသည်။

“ပြေး…” ကြောက်လန့်တကြား အော်သံများ ထွက်လာသည်။ သူတို့က ထိုပုဆိန်ရတနာကို မည်သို့ ယှဉ်နိုင်မည်နည်း။

ယန်ဟောင်ကား ကောင်းကင်ဝင်္ကပါ၏ စွမ်းအားများကို အထောက်အပံ့ ယူထားခြင်း ဖြစ်သည်။ လင်းလက်သော တော်ဝင်ပုဆိန်က ကောင်းကင်တွင် ပေါ်လာကာ တစ်ဖက် ရန်သူများထံသို့ ရောက်ရှိသွားလျှင် အဆုံးမဲ့ဓားနန်းတော်မှ တန်ခိုးရှင်များ၏ ခန္ဓာကိုယ်များက အစိတ်စိတ် ပိုင်းဖြတ်ခံရသည်။

အားနည်းသော နန်းတော် တပည့်များကား ကြောက်လန့်တကြား ထွက်ပြေး နေကြပြီဖြစ်သည်။ သူတို့က ကောင်းကင်မှ နတ်ဘုရားအလား ပုံသဏ္ဌာန်ကို ထိတ်လန့်ခြင်း ကြီးစွာဖြင့် ကြည့်နေကြသည်။

ကျောက်မဟာ ပြည်ထောင်၏ နံပါတစ်ကလန် ဖြစ်သော အဆုံးမဲ့ ဓားနန်းတော်မှာ ယနေ့ ဖယ်ရှား ခံရတော့မည်လား။

သည်တစ်ကြိမ်ကား သူတို့အားလုံးမှာ ကျောက်ပြည်ထောင် ဘုရင်၏ အမိန့်တစ်ခုကြောင့် ပျက်စီးခဲ့ရခြင်းလည်း ဖြစ်သည်။

ဝုန်း… ယန်ဟောင်က လေထုကို ခုန်တက်လာကာ ဝင်္ကပါဖွဲ့စည်းရန် ကြိုးစားနေကြသော တန်ခိုးရှင်များထံသို့ ရောက်လာသည်။ ထိုခဏ၌ပင် သူကား တစ်ဖက် အင်အားစုအား အဆက်မပြတ် တိုက်ခိုက် ဖျက်ဆီးတော့သည်။

“နန်းတော်သခင် ကိုယ်တိုင် တောင့်မခံနိုင်တော့ဘူး ထင်တယ်…” ထိုအခိုက်တွင် ဓားဝင်္ကပါဖြင့် ပိတ်ဆို့ထားခံရသော ဝူလျန်မှာ နောက်ကို တစ်ဆုတ်တည်း ဆုတ်နေရသည်ကို မြင်ရသည်။ ဓားအလင်းများက သူ့အား အဆက်မပြတ် ဖြတ်တောက်နေကာ တစ်ကိုယ်လုံး ဒဏ်ရာ ဒဏ်ချက်များဖြင့် ပြည့်နှက်နေသည်။

“ကျုပ် တော်ဝင်စစ်ပွဲက နုတ်ထွက်ချင်တယ်…” ဝူလျန်က အော်ဟစ်လိုက်သည်။ သူကား ပြင်းထန်သော တိုက်ခိုက်မှုများ အောက်၌ ပြိုလဲတော့မည့် အချိန်ကို ရောက်လုနီးနေပြီ ဖြစ်သည်။

“ခင်ဗျားက ဆန္ဒရှိသလို နောက်ဆုတ်လို့ ရတယ်လို့ ထင်နေလား…” တစ်ယောက်က ငေါ့တော့တော့ ပြောသည်။ ဝူလျန်ကား တော်ဝင်စစ်ပွဲကို ကလေးကစားစရာ မှတ်နေသည်။

ကောင်းကင်ထက်တွင် ကျန်ကျောင်းက လက်နှစ်ဖက်လုံးကို ဝှေ့ယမ်း လိုက်သည်။ ချင်ချင်းပင် လူကိုးယောက်က ဓားကိုးလက်အဖြစ် ပြောင်းလဲသွားသည်။

“သတ်…” သူ၏ အမိန့်အောက်တွင် ဓားကိုးလက်က တချိန်တည်း ဆင်းသက် လာကြသည်။ ကောင်းကင်တွင် မရေမတွက်နိုင်သော ဓားအသိများ မွေးဖွားလာ၏။

ဝူလျန်က မာန်သွင်း အော်ဟစ်ကာ အဆုံးမဲ့ ဓားရတနာဖြင့် ဝှေ့ယမ်းလိုက်သည်။ သို့သော်လည်း နတ်ဘုရားဓားက ပေပေါင်း ထောင်ချီ ရှည်လျားကာ အောက်ကို ကျဆင်းလာပြီး အဆုံးမဲ့ဓားအား တားဆီးသည်။ ဓားကိုးလက်မူကား အရပ်မျက်နှာ ကိုးမျိုးမှနေ၍ ဝူလျန်ထံသို့ တိုးဝင်သွားကြသည်။

လူတစ်ယောက် လျှပ်တစ်ပြက် လှုပ်ရှားသွားကာ ဝူလျန်က ဘယ်လက်ဖြင့် တွန်းထုတ်လိုက်သည်။ ချက်ချင်းပင် ထိုအရာက အဆုံးမဲ့ဓားဝင်္ကပါ၏ တွန်းကန်အားဖြင့် လွင့်စဉ်သွားသည်။

သို့သော်လည်း နောက်ဓားတစ်လက်က မဆိုင်းမတွပင် ရောက်လာပြန်သည်။ ဝူလျန်၏ တိုက်ခိုက်ရေးပုံစံက အသွင်ပြောင်းကာ ရှေးဟောင်း တောင်တစ်လုံးအသွင် ဖြစ်သွားသည်။

သို့သော်လည်း တခြားအရပ်မှ​ ဝင်လာသော ဓားချက်များလည်း ရှိပေသည်။ အဆုံးမဲ့ခန္ဓာက ရှိရှိသမျှသော စွမ်းအားများကို စုစည်းကာ တောင့်ခံရန် ကြံစည်သည်။

ကောင်းကင်တွင် ဓားများ လေခွင်းသံပေးကာ ပျံဝဲကြသည်။ ဓားများစွာက တိုက်ခိုက်ရေးပုံစံကို အဆက်မပြတ် တိုးဝင် တိုက်ခိုက်သည်တွင် မကြာမီ ဓားချက်များစွာ အောက်၌ ဝူလျန်၏ တိုက်ခိုက်ရေး ခန္ဓာမှာ ယိုယွင်း လာတော့သည်။

ကောင်းကင်တွင် အလင်းဓားတစ်ချက်က ရောင်ခြည်တန်းအလား ဝူလျန်၏ခေါင်းထဲကို တိုးဝင်သွားကာ ထိုအခိုက်၌ ဝူလျန်က သူ၏တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရကာ မျက်လုံးထဲ၌ ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသည်။

သူကား ကျောက်ပြည်ထောင်၏ နံပါတ်တစ်ကလန် ဖြစ်သော အဆုံးမဲ့ နန်းတော်၏ သခင်ဖြစ်သည်။ ရှန့်ထိုအဆင့် အောက်တွင် လူအနည်းငယ်ကသာ သူနှင့် ယှဉ်နိုင်ပေသည်။

ယခု သူက အမှန်တကယ်ပင် မြေရိုင်းပြည်နယ်မှ လူများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။

အဆုံးမဲ့ နန်းတော်ထဲတွင် မရေမတွက်နိုင်သော လူများက ထိုမြင်ကွင်းကို ကြည့်ကာ အကြောက်တရားများ သူတို့၏စိတ်နှလုံးထဲကို တိုးဝင် လာတော့သည်။

အနီရောင် အလင်းဓား တစ်ချက်တွင် ဝူလျန်၏ခန္ဓာကိုယ်က အပိုင်းပိုင်း အစစ ဖြစ်သွား၏။

“အဆုံးမဲ့ဓား ရတနာကို ယူသွားကြမယ်…” ကျန်ကျောင်းက ပြောသည်။ သည်ဓားကား ရှန့်ထိုအဆင့်တွင်ရှိကာ အလွန် တန်ဖိုး ကြီးမားပေသည်။

ဓားမိစ္ဆာ၊ စုရှမ်းနှင့် ကျန်သော လူများက သူ့ဘေးကို ရောက်လာသည်။

အဆုံးမဲ့ ဓားနန်းတော်မှ လူများ၏ အမူအရာများက ပြာနှမ်း သွားကြသည်။ တစ်ယောက်က ကြောက်လန့်တကြား အော်သည်… “ပြေး…”

သူတို့၏ နန်းတော်သခင်အား အသတ်ခံရပြီ ဖြစ်သည်။

သို့သော်လည်း ဓားမိစ္ဆာက လက်ဝှေ့ယမ်းပြလျှင် ကောင်းကင်ဝင်္ကပါမှ တန်ခိုးရှင်များက ပြေးလွှားသူများအား စတင်၍ လိုက်လံ သတ်ဖြတ် ကြတော့သည်။

***

နှစ်နာရီခန့် ကြာသောအခါ အဆုံးမဲ့ ဓားနန်းတော် အပေါ်သို့ လူအများအပြား ရောက်လာကြသည်။ သူတို့အားလုံးက ပတ်ဝန်းကျင်မှ တန်ခိုးရှင်များ ဖြစ်ကြသည်။

ယခုကား သူတို့အားလုံး ထိတ်လန့် နေကြသည်။

တစ်ချိန်က ကျောက်ပြည်ထောင်တွင် အဆင့်အတန်း မြင့်မားစွာ ရပ်တည်ခဲ့သော အဆုံမဲ့ ဓားနန်းတော်ကား အပျက်အစီးပုံ ဖြစ်နေလေပြီ။ များစွာသော အလောင်းများမှာလည်း မြေပြင်၌​မြင်မကောင်းအောင် ပုံထပ်နေ၏။ သူတို့အားလုံးမှာ ရှီတန်ခိုးရှင်များ ဖြစ်ကြသည်။

အဆုံးမဲ့ ဓားနန်းတော် သခင်မှာလည်း အသတ်ခံခဲ့ရကာ အလောင်းပင် မကျန်ပေ။

ဤသည်ကပင် တော်ဝင်စစ်ပွဲ ဖြစ်ပေသည်။

သတင်းက ကျောက်ပြည်ထောင် တစ်ခုလုံးကို စတင် ပျံ့နှံ့သွားသည်။ ထို့နောက် အရှေ့ဘက် ပြည်နယ်နှင့် ပြည်နယ်ကိုးခုသို့ ဆက်လက် ပျံ့နှံ့သွားသည်။

မကြာမီ နောက်ထပ် သတင်းများ စတင် ပျံ့နှံ့လာသည်။ အဆုံးမဲ့နန်းတော်နှင့် သိပ်မဝေးသော အရပ်တွင်ရှိသော ကျောက်ပြည်ထောင်၏ ထိပ်သီးအင်အားစု နှစ်ခုမှာလည်း မရှေးမနှောင်းတွင် ဖျက်ဆီးခံရသည် ဟူသော သတင်းဖြစ်သည်။ သတင်း ပျံ့နှံ့လာသည်တွင် တော်ဝင်ကျဲ နန်းတော်ကို ပူးပေါင်း တိုက်ခိုက်ခဲ့သော အင်အားစုများ အားလုံးမှာ ကြောက်ရွံ့ခြင်း ကြီးစွာဖြင့် ကျောက်ပြည်ထောင် တော်ဝင် နန်းမြို့တော်သို့ စတင် ရွှေ့ပြောင်း ကြရတော့သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset