စာစဉ် (၁၉) အပိုင်း (၂၅၈)

“ဇူယွမ် မင်းသေရမယ်”

ကျူးဖန်၏ အေးစက်သောအသံ ထွက်ပေါ်လာချိန်တွင် ကြောက်မက်ဖွယ် ကောင်းသော မူလချီများကလည်း သူ့ခန္ဓာကိုယ်တွင် မုန်တိုင်းတစ်ခုအလား ရုန့်ရင်းစွာ ပေါက်ကွဲနေကြသည်။

သူ၏ ခြေထောက်အောက်မှ မြေပြင်ပင်လျှင် ဖိအားဒဏ်ကို မခံနိုင်သည့်အလား စတင် အက်ကွဲလာခဲ့သည်။

အနီးအနားရှိ တပည့်များအားလုံး၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး မူလချီများ၏ ဖိအားဒဏ်ကို မခံနိုင်တော့ပဲ အနောက်သို့ ဆုတ်လိုက်ကြသည်။

ကျောင်းခွန် စုန့်ဝမ်ရှီနှင့် ချောင်းရှိုးတို့ လူစု၏ မျက်ဝန်းအိမ်များတွင် ထိတ်လန့်မှုများ ယှက်သန်းသွားသည်။ ယခုအချိန်တွင် သူတို့လူစုနှင့် လုဖန်းအကြားရှိ ခြားနာချက်ကို နားလည်သွားပြီ ဖြစ်သည်။

အပြင်ဘက်တောင်၏ စစ်မှန်သော နပါတ်တစ် တပည့်ဟု မဆိုရပေ လုဖန်းမှာ လူတိုင်းကို ကြောက်ရွံ့ လေးစားမှုတို့ကို ဖြစ်ပေါ်စေနိုင်ပေသည်။

ပတ်ဝန်းကျင်မှ တပည့်များသည် တစ်ယောက်ပြီး တစ်ယောက် အနောက်သို့ ဆုတ်လိုက်ကြသည်။

ဇူယွမ် တစ်ယောက်သာလျှင် သူ၏ ကျင့်ကြံခြင်း စင်မြင့်ပေါ်တွင် ထိုင်လျက်ရှိနေပြီး သူ၏ မျက်လုံးများက အေးစက်သော ဓားသွားများအလား လုဖန်းကို စိုက်ကြည့်နေသည်။

“ဘာလို့လဲ။ နောက်ဆုံးတော့လည်း မင်းဆက်ပြီး ထိုင်မနေ နိုင်တော့ဘူးမလား” ဇူယွမ်က အေးစက်စက် ပြောလိုက်သည်။ အလုံးစုံသော စပါးအုံး သားရဲချီများမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ဟစ်ကြွေးသံပြုကာ ခေါင်းအထက်မှ ထွက်ပေါ်လာခဲ့သည်။ မသဲကွဲသော ကြီးမားသော စပါးအုံးပုံရိပ်ကြီးက လုဖန်းကို အပေါ်စီးမှနေ၍ မိုးကြည့်လိုက်သည်။

လုဖန်း၏ မျက်လုံးအစုံမှာ ပြင်းထန်သော ဒေါသ ပေါက်ကွဲမှုကြောင့် လေမုန်တိုင်း တစ်ခုနှင့်ပင် တူညီနေသည်။

အစောပိုင်းက ချင်းကျိန်းတို့ လူစုကို ဇူယွမ်အားသွားပြီး ဖိနှိပ်ခိုင်းသည်မှာ ရှန့်ဇူတပည့် မဟုတ်သော သူများက ဇူယွမ်ပေါ်တွင် လေးစားခြင်း မရှိတော့အောင် လုပ်ဆောင်ခြင်း ဖြစ်သည်။

သို့သော်လည်း လုဖန်းက ဇူယွမ်အနေဖြင့် သည်လောက်အထိ ပြတ်ပြတ်သားသား တုံ့ပြန်လိမ့်မည်ဟု မတွေးမိချေ။ ထို့အပြင် သူက သူ၏ မူလမှော်စာလုံး စွမ်းရည်ကို ပထမဆုံးအကြိမ်ဖြင့် ထုတ်ဖော် ပြလိုက်သေးသည်။

ဇူယွမ်အနေဖြင့် မူလစဦး ပထမအဆင့်သို့သာ ရောက်နေ သေးသော်လည်းပဲ အဆင့်လေး မှော်စာလုံးများကို ရေးဆွဲနိုင်ပေသည်။ ထိုအဆင့် မူလမှော်စာလုံးများက မူလစဦး တတိယအဆင့်များ ကိုပင် အမှုန့်ကြိတ်နိုင်ပေသည်။

အဆုံးမှာတော့ သည်မူလ မှော်စာလုံးများ၏ အကူအညီနှင့် ဆိုလျှင် သာမန် မူလစဦး တတိယအဆင့်များမှာ ဇူယွမ်၏ ပြိုင်ဘက် မဖြစ်နိုင်တော့ပေ။

အစောပိုင်းက ဖြစ်ပျက်ခဲ့သည့်အတိုင်း ဆိုပါက ဇူယွမ်က မူလမှော်စာလုံး စွမ်းရည်ဖြင့် မိုကြိုး တစ်စင်းလိုမျိုး ချင်းကျိန်းကို တိုက်ခိုက်ခဲ့ပေသည်။ အဆုံးတွင် သူက တစ်ချက်တည်းနှင့် လွယ်ကူစွာ ဖိနှိပ်လိုက်ပြီး လုဖန်းအား မျက်နှာပျက်စေခဲ့သည်။

ထို့အပြင် ဇူယွမ်၏ ဂုဏ်သတင်းက ကြီးမားလာဦးမည် ဖြစ်သည်။

ထိုအရာအားလုံးက လုဖန်း ရည်ရွယ်ထားခဲ့သည် များနှင့် ဆန့်ကျင်နေသော အခါ သူ့အနေဖြင့် မည်သည့်မှ မလုပ်ဘဲ ဆက်လက်ပြီး ကြည့်မနေနိုင်တော့ချေ။

“မင်းက မောက်မာ ဝင့်ကြွားနေတဲ့ အရူးတစ်ကောင်ပဲ။ ငါက မင်းကို အစောတုန်းက တောင်ထွတ်ရွေးချယ်မှု အခမ်းအနားမှာ ယှဉ်ပြိုင်ဖို့ ချန်ထားချင်ခဲ့တာ။ ဒါပေမဲ့ မင်းက မစောင့်နိုင်မှတော့ ငါ့ရဲ့ မျက်လုံးထဲမှာ မင်းက ရုပ်ဆိုးဆိုး လူရွင်တော် တစ်ယောက်ပဲဆိုတာ သိအောင် ပြရမှာပေါ့” လုဖန်း၏ အေးစက်စက် အသံက ထွက်ပေါ်လာခဲ့သည်။

မူလချီများက သူ၏ ခန္ဓာကိုယ်မှာ ပိုမို ကြမ်းတမ်းစွာ ထွက်ပေါ်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ် တစ်လျှောက်လုံးတွင် ကြောက်မက်ဖွယ် ကောင်းသော မုန်တိုင်း တစ်ခုအသွင်သို့ ပြောင်းလဲ သွားခဲ့သည်။ မူလချီများက မရေမတွက်နိုင်သော အစိမ်းရောင် လေဓားသွား အသွင်သို့ ပြောင်းလဲသွားပြီး လေထုကိုပင် စတင် ပိုင်းဖြတ်နေသည်။

ခံ့ညား ထည်ဝါပြီး ကြောက်မက်ဖွယ် ကောင်းလွန်းပေသည်။

“အပြင်ဘက်တောင်ရဲ့ နံပါတ်တစ်လို့ ခေါ်ဆိုနေကြတဲ့ သူက ဘယ်လောက် အရည်အချင်း ရှိလဲလို့ ငါသိချင်ခဲ့တာ ကြာနေပြီ” ဇူယွမ်၏ အကြည့်က အေးစက်ကာ စူးရှနေပြီး သူ၏ အဝတ်များက အလုံးစုံသော စပါးအုံးသားရဲချီ၏ အော်မြည်သံနှင့် အတူ တဖျပ်ဖျပ် လွင့်နေခဲ့သည်။

သူတို့နှစ်ယောက်၏ အရှိန်အဝါများ ရင်ဆိုင်မိချိန်တွင် အပြင်ဘက်တောင်၏ လေထုမှာ ရန်လိုမှုများဖြင့် မွန်းကျပ် သွားတော့သည်။

ထိုမြင်ကွင်းကြောင့် တပည့်များ၏ နှုတ်ခမ်းများ စိုစွတ်သွားကြသည်။ သူတို့အာလုံးက လုဖန်းနှင့် မည်သူမှ မျက်နှာချင်းတောင် မဆိုင်ဝံ့ဟု ထင်ထားကြသော်လည်း ဇူယွမ်မှာ လုဖန်းနှင့် ထိပ်တိုက် ရင်ဆိုင်ရချိန်တွင် တစ်လက်မမျှပင် ရွေ့လျားခြင်း မရှိပေ။

လူပြော အများဆုံး ပုဂ္ဂိုလ်နှစ်ယောက်မှာ သည်နေ့တွင် တကယ်ပဲ ရင်ဆိုင်ကြပြီလား။

များစွာသော တပည့်များ၏ မျက်လုံးများမှာ ပြူးကျယ်နေကြပြီး သိချင်စိတ် အပြည့်ဖြင့် ကြည့်ရှုနေကြသည်။

“မင်းတို့အားလုံး ရပ်လိုက်ကြစမ်း …”

သို့သော်လည်း ဇူယွမ်နှင့် လုဖန်းတို့၏ အကြည့်များက ပိုပိုပြီး အေးစက် လာချိန်တွင် ကျယ်လောင်သော အော်သံကြီးက ရုတ်တရက် ထွက်ပေါ်လာသည်။ မိုးခြိမ်းသံကဲ့သို့ အော်သံနှင့်အတူ အဆုံးမဲ့သော မူလချီများ ဆင်းသက်လာခဲ့ပြီး ဇူယွမ်နှင့် လုဖန်းတို့ နှစ်ယောက်လုံး၏ မူလချီများကို ဖိနှိပ်လိုက်လေသည်။

တပည့်များက အပေါ်သို့ မော့ကြည့်လိုက်လျှင် ကောင်းကင်ယံ၌ မျောပါနေသော မူလ ချီတိမ်တိုက်တစ်ခုကို တွေ့လိုက်ကြရသည်။ ထိုအပေါ်တွင် ချန်းယွင်က မတ်တတ် ရပ်နေခဲ့ပြီး လှပသော အနီရောင် ပုံရိပ်လေးကလည်း သူ၏ နံဘေးတွင် ရှိနေခဲ့သည်။ ထိုသူမှာ ဂူဟွမ်ဂျီဖြစ်သည်။

ချန်းယွင်က အပေါ်စီးမှနေ၍ ဇူယွမ်နှင့် လုဖန်းတို့ကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည် “တောင်ထွတ် ရွေးချယ်မှု အခမ်အနားက နီးကပ်နေပြီ။ မင်းတို့အားလုံး တစ်ယောက်နဲ့ တစ်ယောက် မကျေနပ်တာရှိရင် အဲဒီအချိန်မှာ ဖြေရှင်းလို့ ရတယ်။ သည်နေရာမှာ ပုဂ္ဂိုလ်ရေး ကိစ္စတွေကို ဖြေရှင်းဖို့ စဉ်းတောင် မစဉ်းစားနဲ့”

အမှန်တွင် သူ့အနေဖြင့် ဒီနေ့တွင် ဖြစ်ပျက်မည့် ကိစ္စများကို အစောပိုင်း ကတည်းက သိပေသည်။ ထို့ကြောင့် သူက သည်နေရာသို့ တမင်သက်သက် မလာခြင်းဖြစ်သည်။ ဇူယွမ်က သူ၏ မျက်လုံးထဲတွင် တော်တော်လေး မျက်စိ ဆံပင်မွေး စူးစရာ ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူ့အနေဖြင့် လုဖန်းက ဇူယွမ်ကို သင်ခန့်စာ ပေးမည်ကို ပျော်ရွှင်စွာ ခွင့်ပြုထားခြင်း ဖြစ်သည်။

သို့သော်လည်း ဂူဟွမ်ဂျီ သူ့အိမ်တံခါးကို လာခေါက်ခြင်းက သူ့အတွက် ရွေးချယ်စရာ မရှိဖြစ်ခဲ့သည်။ ဂူဟွမ်ဂျီ၏ နောက်ခံအင်အားက အမှန်ပင် ကြီးမားသောကြောင့် သူ့အနေဖြင့် သူမကို အပြစ်မပြုချင်ပေ။

ချန်းယွင် ပေါ်လာခြင်းက ဇူယွမ်နှင့် လုဖန်းတို့၏ တိုက်ပွဲကို ရှေ့ဆက်မရ ဖြစ်စေခဲ့သည်။

တစ်ယောက်နှင့် တစ်ယောက် အေးစက်စက်သာ စိုက်ကြည့်လိုက်ကြပြီး သူတို့၏ ခန္ဓာကိုယ်များမှ ထွက်ပေါ်နေသော မူလချီများကို ရုပ်သိမ်းလိုက်သည်။

“ဇူယွမ် မင်းဘယ်အချိန် ထွက်သွားရင် အကောင်းဆုံးလဲ ဆိုတာ မင်းသိသင့်တယ်။ အဲဒီလိုမှ မဟုတ်ရင် တောင်ထွတ် ရွေးချယ်မှု အခန်းအနားမှာ ငါကိုယ်တိုင် မင်းကို ရိုက်နှက်ပြီး သေခြင်းတရားဆီကို ခေါ်ဆောင်သွားပေးမယ်။ အဲဒီအချိန်ကျရင် မင်းက ငါ့မျက်လုံးထဲမှာ ဘာကောင်မှ မဟုတ်ခဲ့ဘူး ဆိုတာ မင်းသိလာလိမ့်မယ်” လုဖန်းက လက်နောက်ပစ်ကာ ရပ်နေပြီး ဇူယွမ်ကို အေးစက်စက် စိုက်ကြည့်ရင်း ပြောလိုက်သည်။

သူတို့နှစ်ယောက်၏ တိုက်ပွဲမှာ ဂူဟွမ်ဂျီကြောင့် အစပြုခဲ့သော်လည်း ယခုချိန်တွင် သူမကိစ္စ မပါလျှင်လည်း ဇူယွမ်ကို ရန်သူ တစ်ယောက်အဖြစ် မြင်နေပြီဖြစ်သည်။

အဘယ်ကြောင့် ဆိုသော် ဇူယွမ်က သူ့အနေအထားကို ခြိမ်းခြောက် လာနိုင်သည်ဟု လုဖန်း ခံစားမိသောကြောင့် ဖြစ်သည်။

အတိတ်တွင် ဇူယွမ်က သူ၏ မျက်လုံးထဲ၌ ပုရွက်ဆိတ် တစ်ကောင်သာသာ သာရှိခဲ့သဖြင့် အရေးပင် မစိုက်ခဲ့ချေ။ အခုနောက်ပိုင်းတွင် ဇူယွမ်က အပြင်ဘက်တောင် တပည့်များကြားတွင် အလွန် အံ့အားသင့်ဖွယ် ကောင်းစွာ တိုးတက်လာသည်ကို လုဖန်းတွေ့ရှိခဲ့သည်။ ထက်မမြသော ဓားတစ်ချောင်းက နောက်ကွယ်တွင် အချိန်ကြာကြာ ရှိမနေနိုင်ပေ။

လုဖန်းအနေဖြင့် ခြိမ်းခြောက်မှုကို ခံစားမိလာပြီး အခြားတိုက်ကြီးမှ တပည့်တစ်ယောက်က သူ၏ အနေအထားနှင့် အောင်မြင်မှုသြဇာကို စိန်ခေါ်လာခြင်းကို လုံးဝ သည်းမခံနိုင်ပေ။

အပြင်တောင် တပည့်များထဲမှ ရှေ့ဆုံးတွင် ရှိနေသော တစ်ယောက်ကို သူအနိုင်ရရန် လိုပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာက သူ၏ အနာဂတ် မျှော်လင့်ချက်ဖြစ်သော ကန်ရွှမ်းကလန်မှ အနေအထားကို ဆုံးဖြတ် ပေးပေလိမ့်မည်။

ထိုကြောင့် သူ့အနေဖြင့် ဇူယွမ်ကို ဖျတ်ဆီးဖို့ လိုအပ်သည်။

ဇူယွမ်မှာ လုဖန်း၏ အေးစက်စက် မျက်လုံးထဲက ရည်ရွယ်ချက်ကို မသိပေ။ သို့သော် သိလျှင်လည်း သူ့အား စိတ်အနှောင့်အယှက် ပေးနိုင်မည် မဟုတ်ပေ ထိုနောက် သူက ညင်သာစွာ ရယ်မောကာ ပြောလိုက်သည် “မင်းပြောခဲ့တဲ့ စကားလုံးတွေကိုပဲ မင်းကို ငါပြန်ပြောလိုက်တယ်လို့ သဘောထားလိုက်။ ပြီးတော့ မင်းရှုံးနှိမ့်သွားခဲ့ရင် တအား စိတ်သောက ရောက်မနေနဲ့ဦး အဲဒါက တကယ်ကို ပျင်းဖို့ကောင်းတယ်”

“မင်းက ထိုက်တန်တယ်လို့ မင်းထင်နေတာလား” လုဖန်းက အမူအရာမဲ့စွာ ပြောလိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းမှာ တွန့်ကွေးသွားခဲ့သည်။

ဇူယွမ်က သူ့ကို လျစ်လျူရှုလိုက်ပြီး ဂူဟွမ်ဂျီဘက်သို့ လှည့်ကာ ပြုံးပြလိုက်သည်။ သည်နေ့တွင် သူ့အား လုဖန်းက ခက်ခဲအောင်လုပ်မည် ဆိုတာကို သူမသိသောကြောင့် ချန်းယွင်ကို သူမသွားခေါ်ခဲ့မှန်း သူသိပေသည်။

ချန်းယွင်ကိုတော့ အေးစက်စက် အမူအရာနှင့်ပဲ လက်နှစ်ဖက်ယှက်ကာ ကျေးဇူးတင်ကြောင်း ပြလိုက်သည်။

ချန်းယွင်မှာ နေ့တိုင်း မူလတောင် လေ့ကျင့်ခြင်းသို့ လာရောက် ကြီးကြပ်လေ့ရှိသည်။ သို့သော်လည်း သူက ဒီနေ့တွင် ဆင်ခြေတစ်ခုပေးကာ လာရောက်ရန် ပျက်ကွက်ခဲ့သည်။ ထိုအချက်များက သူနှင့် ချင်းကျိန်းတို့ အုပ်စု အပေးအယူတစ်ခုခု လုပ်ထားမှန်း ထင်ရှားလှပေသည်။

ထိုကဲ့သို့ အမြင်ကြောင့် ဇူယွမ်က ချန်းယွင်အား ကျေနပ်စွာ ကျေးဇူးမတင်ခြင်း ဖြစ်သည်။

ချန်းယွင်က ဇူယွမ်စိတ်မပါတပါနှင့် ကျေးဇူးတင်နေသည်ကို တွေ့သောအခါ စိတ်ထဲမှ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သို့သော်လည်း သူ့အနေဖြင့် ဒေါသထွက်၍ မရပေ။ အကြီးအကဲ ကျုံမင် ရုတ်တရက်ပေါ်လာပြီး ဇူယွမ်ကို လာရောက် ကူညီကတည်းက ချန်းယွင်က သတိထားနေခဲ့ပေသည်။ ထိုကြောင့် သူ့အနေဖြင့် ဇူယွမ်နှင့် ပြဿနာ မတက်ရဲပေ။

“သွားစို့”

ဇူယွမ်က စုန့်ဝမ်ရှီ၊ ကျောင်းခွန်နှင့် ချောင်းရှိုးတို့ လူစုကို ပြောလိုက်ပြီး တောင်ခြေသို့ ဆင်းသွားလိုက်သည်။

လေးစားမှုများ ယှက်သန်းနေသော မျက်ဝန်းများဖြင့် စုန့်ဝမ်ရှီ၊ ကျောင်းခွန်နှင့် အခြားပထမတန်း တပည့်များက ဇူယွမ်၏ နောက်ကျောကို ကြည့်နေကြသည်။ သူ့အနေဖြင့် ချင်းကျိန်းကို နင်းချေပြီး လုဖန်းနှင့် ထိပ်တိုက် ရင်ဆိုင်နိုင်သောကြောင့် သည်တပည့်များကို ဦးဆောင်ရန် သန်မာနေပြီ ဖြစ်သည်။

လုဖန်း၏ သာလွန်သော ဖိနှိပ်နိုင်စွမ်းများကြောင့် အစောပိုင်းက သူတို့အားလုံး ရှန်ဇူတပည့်များကို ကြောက်ရွံ့ခဲ့ကြရသည်။ ဒါပေမဲ့ ယခုအချိန်တွင် ဇူယွမ်က သူတို့ဘက်တွင် ပေါ်လာခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် လုဖန်းကို အရင်တုန်းကလို ကြောက်ရွံ့ရန် မလိုတော့ပေ။

သူတို့ အားလုံး၏ စိတ်ထဲတွင် ထို့သို့ တွေးပြီးနောက် တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်ပြီး တစ်ယောက် လိုက်ပါ လာကြရာ ဇူယွမ်၏ နောက်တွင် လူအုပ်ကြီး ဖြစ်လာခဲ့သည်။

သူတို့၏ ဦးဆောင်မှုကြောင့် အခြားသော ရှန်ဇူတပည့်မဟုတ်သော တပည့်များကပါ ထပ်မံလိုက်ပါလာသည့် အတွက် အနက်ရောင် ပုရွတ်ဆိတ်အုပ်ကြီး တောင်အောက်သို့ ဆင်းသွားသကဲ့သို့ ဖြစ်သွားလေသည်

ထိုမြင်ကွင်းကြောင့် များစွာသော ရှန်ဇူတပည့်များ၏ အမူအရာမှာ ဟန်မဆောင် နိုင်လောက်အောင် ပြောင်းလဲသွားလေသည်။ ပထမဆုံးအနေဖြင့် ထိုတောကြိုအုံကြား တိုက်ကြီးမှ သူများက လွယ်ကူသော ပစ်မှတ်မဟုတ်မှန်း ခံစား မိလိုက်ကြသည်။

လုဖန်း၏ နှုတ်ခမ်းထောင့်စွန်း နှစ်ဖက်မှာ အလိုလိုပင် ရှုံ့မဲ့သွားပြီး သူ၏ မျက်လုံးအစုံမှာ ဒေါသကြောင့် ဆူဝေလာခဲ့သည်။ တစ်နည်းအားဖြင့် ဆိုလျှင် ထိုမြင်ကွင်းက သူတို့၏ မျက်နှာများကို တက်နင်းသွားခြင်းပင် ဖြစ်သည်။

သူ့အနေဖြင့် ဇူယွမ်ကို ဖျက်ဆီးရာတွင် ရှုံးနှိမ့်လိမ့်မည်ဟု တစ်ခါမှ မတွေးဖူးချေ။ အဆုံးတွင် ထိုအရာက သူ့ကို  တောကြိုအုံကြားတိုက်ကြီးမှ တပည့်များ၏ ပင်မဒေါက်တိုင် ဖြစ်လာစေရန် ကူညီပေးသလိုပင် ဖြစ်သွားသေးသည်။

လုဖန်းက အသက်ပြင်းပြင်း ရှူလိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ သူက ဇူယွမ်၏ နောက်ကျောလက်ကို အေးစက်စွာ စိုက်ကြည့်နေသည်။

“အခုတော့ ပျော်ထားလိုက်ဦးပေါ့။ တောင်ထွတ်ရွေးချယ်မှု အခမ်းအနားရောက်ရင် မင်းကို မြေကြီးထဲ နစ်ဝင်သွားအောင် တက်နင်းပြမယ်”

“အမြင့်ကို တက်လေ အကျနာလေဆိုတာ မင်းကို ငါ သင်ပေးရမှာပေါ့ …”


Comment

Leave a Reply


Options

not work with dark mode
Reset