အပိုင်း(၁၅၁)-အလင်းကျရောက်ခြင်း

“နေလား”

သူမ နေအားမြင်သောအခါ အလင်းရောင်ကျရောက်ခြင်းကိုခံလိုက်ရသည်။ ဝိညာဉ်ပုလဲအတွင်းရှိ လောကသည် အပြာရောင်ကောင်းကင်မရှိ၊ တိမ်တိုက်နှင့် နေမရှိဖြစ်ခဲ့သည်။ ခေါင်းမော့လိုက်လျှင် အဆုံးမရှိသောနေရာဖြစ်ခဲ့သည်။ ထိုနေရာတွင် နေရှိလိမ့်မည်ကို သူမ မထင်ခဲ့ပေ။

“နေရှိတာပဲ ဒါဆိုရင် လလည်းရှိတယ်ဆိုတဲ့သဘောပေါ့” ဝိညာဉ်လေးပြောသည်များကို ပြန်တွေးလိုက်ကာ ရှီမာယူယူ အောင့်မထားနိုင်တော့ပဲ မေးလိုက်သည်။

“ဟုတ်တယ်၊ ရှေ့လျောက် ဒီနေရာမှ နေ့တွေ ညတွေရှိလာတော့မှာ” ဝိညာဉ်လေးသည် ဂုဏ်ယူစွာပြောလိုက်သည်။ “ငါသာအလိုရှိရင် မိုးရွာအောင်လုပ်နိုင်သေးတယ်၊ အဲဒါက ဆေးဖက်ဝင်အပင်တွေ စိုက်တဲ့နေရာမှာ ပိုအဆင်ပြေလိမ့်မယ်”

“ဒါဆိုရင် ဒီနေရာက ကမ္ဘာသေးသေးလဲဖြစ်သွားပြီပေါ့” ဝိညာဉ်လေးသည် ခေါင်းညိတ်ကာ ပြန်ဖြေသည် “ဒီနေရာက အကန့်အသတ်ရှိသေးတော့ တခြားတိုင်းပြည်တွေလိုတော့ ကျယ်မှာမဟုတ်ဘူး၊ ဒါပေမယ့် ချဲ့ဖို့ အခွင့်အရေးရှိလာရင်တော့ တဖြည်းဖြည်းကြီးလာမှာပဲ”

“ဘယ်လိုအခြေအနေမျိုးမှာဆို ကြီးလာဖို့ဖြစ်နိုင်မလဲ”

“မင်း ငါနဲ့ပေါင်းစပ်ဖို့ကို ကောင်းတဲ့တစ်ခုခုကို ရှာတွေ့ရင် အဲဒါက တိုးတက်ဖို့ နည်းလမ်းဖြစ်နိုင်တယ်၊ ပြီးတော့ ငါတို့ရဲ့ဆက်သွယ်မှုကြောင့် မင်းအားကောင်းလာလေ၊ ငါ့အတွက်လည်း အကျိုးရှိလေပဲ”

ရှီမာယူယူ ခိုကိုးရာမဲ့သလိုခံစားရသည်။ သူမ အင်အားနှင့်ပတ်သတ်လို့်လုပ်ရဦးမည်။ ဟိန်းသံလေးသည် အံ့သြဖွယ်ငရဲ ရှေးဟောင်းသားရဲဟုတ် မှတ်ယူ၍ရသည်။ သို့သော် သူမနှင့် ချုပ်ထားသော စာချုပ်ကြောင့်ပင် သူ့အရည်အချင်းသည် အကန့်အသတ်ရှိသည်။ သူမ သန်မာလာမှပင် သူလည်း တဖြည်းဖြည်း ပြန်ကောင်းလာမည်ဟု သူမအားပြောဖူးခဲ့သည်။

လင်းလုံးသည် အထွတ်အထိတ်ရေးဟောင်းပစ္စည်း၊ သို့သော် သူမကြောင့်ပင် တူနှင့် ဒယ်ပြားသို့သာ ပြောင်းလဲနိုင်သည်။

အခု သူမကိုယ်ပိုင်အားနှင့် ပတ်သတ်ပြီး သူတို့ထပ်ပြောပြန်ပြီ။ ထိုအရာသည် သူမအား ဖိအား ကြီးမားစွာဖြစ်စေသည်။

သို့သော် တစ်နေ့မှာတော့ သူမသည် ထိုအံ့သြစရာကောင်းသော တန်ဖိုးရှိပစ္စည်းများဝန်းရံသော်လည်း တံခါးဖွင့်စရာမလိုပဲ တန်ဖိုးကြီးပစ္စည်းများကို စောင့်ရှောက်ရသည်နှင့်တူသည်။ သူမသည် တံခါးတွင်နေကာ ရံဖန်ရံခါ အထဲသို့ ချောင်းကြည့်နေရသလိုပင်။

“ရွှေမြွေသီးအပင်ကို ညတိုင်း အပြင်ထုတ်စရာမလိုတော့တာ ကောင်းတာပဲ၊ ဟိုရွေ့ ဒီရွေ့လုပ်ရတာ ဒုက္ခများတယ်” ရှီမာယူယူပြောလိုက်သည် “ဒါပေမယ့် မိုရှားက သူ့ရဲ့ တစ်ခြမ်းကို ရှာဖို့ ငါ့လက်ကောက်ထဲမှာ နေမယ်လို့ပြောခဲ့တာမလား၊ အဲတော့ ငါအပြင်မှာပဲနေရမှာပဲ”

“မလိုဘူး ငါတို့ဒီမှာနေလို့ရတယ်၊ ဒီဘုံခုနှစ်ဆင့် စေတီကိုသုံးပြီး ဘာလုပ်လို့ရတာလဲတော့ ငါမသိဘူး၊ ဒါပေမယ့် အဲဒါနဲ့ မွမ်းမံပြီးတော့ ငါ့အားလည်း တိုးလာတယ်၊ အခု ငါ ကောင်းကင်နဲ့မြေကြီးရဲ့ အနှစ်ကိုစုပ်နိုင်ပြီး လိပ်ပြာ ပြုစုပျိုးထောင်နိုင်တယ်” ဝိညာဉ်လေးသည် ဂုဏ်ယူစွာကြွေးကြော်လိုက်သည်။

“ရွှတ်”

ရှီမာယူယူသည် ချက်ချင်းပင် ရယ်ချလိုက်သည်။ လိပ်ပြာ ပြုစုပျိုးထောင်ဖို့ ကောင်းကင်နဲ့ မြေကြီးရဲ့ အနှစ်ကိုတောင် စုပ်ယူနိုင်တယ် ဟုတ်လား။ မိုရှားက သူ့ကို ဘယ်လိုမျိုးထူးဆန်းအောင် ဖန်တီးလိုက်တာပါလိမ့်။

ဝိညာဉ်လေး ဒေါသထွက်သွားသည်ကို မြင်သောအခါ သူမ မျက်နှာပိုးသတ်လိုက်ကာ မေးလိုက်သည် “အဲ ဘုံခုနှစ်ဆင့်စေတီက ဘယ်လိုလဲ”

“ငါက အခု ဘုံခုနှစ်ဆင့်စေတီပဲ” ဝိညာဉ်လေးပြောလိုက်သည် “ဘုံခုနှစ်ဆင့်စေတီရဲ့ ပထမအလွှာလို့သတ်မှတ်လို့ရတယ်”

“အင်းအင်း ဘုံခုနှစ်ဆင့်စေတီ ပထမအလွှာက အစက မကြီးဘူး၊ ဒါပေမယ့် ငါနဲ့ ပေါင်းစပ်လိုက်တော့ ကြီးလာတာ” ဝိညာဉ်လေးပြောပြီးနောက် လက်ဖျောက်တီးလိုက်ရာ စေတီသည် သူတို့ရှေ့တွင် တဖြည်းဖြည်း ပေါ်လာလေသည်။ “ငါက အခုလက်ရှိ ဒီစေတီရဲ့ ဝိညာဉ်လက်နက်ပဲ ဒါကြောင့် ငါထိန်းချုပ်လို့ရတယ်၊ ငါမင်းကို စိတ်ထဲမှာ ရည်ညွန်းလိုက်တာနဲ့ မင်းအလွှာတွေကို ဝင်လို့ရတယ်”

“တကယ်လား”

ရှီမာယူယူ ဝိညာဉ်လေးအား လွှတ်လိုက်ပြီး တံခါးဖွင့်ကာ ဝင်လာသည်။ ပထမအလွှာသည် အနက်ရောင် ကွင်းဖြစ်နေကာ ထိုအရာသည် ဝိညာဉ်လေးထိုကဲ့သို့ ပြုလုပ်ထားသည်ဟု သူမ မှတ်ယူလိုက်သည်။

“အပေါ်မှာ လှေကားရှိတယ်၊ အပေါ်ထပ်ကို သွားဖို့ အဲဒါကိုသုံးလို့ရတယ်၊ ဒါပေမယ့်….”

ဝိညာဉ်လေး စကားမဆုံးခင်ပင် ရှီမာယူယူ အပေါ်ထပ်သို့ ပြေးတက်သွားလေသည်။ နောက်ဆုံးတွင် သူမသည် ကြမ်းတမ်းစွာ ပြန်ခုန်ထွက်ပြီး မြေပေါ်သို့ ကျသွားလေသည်။

“သေစမ်း အဲဒါဘာလဲ ငါ့တင်ပါးနာလိုက်တာ” ရှီမာယူယူသည် သူမ တင်ပါးအား ခြေကာ ပြန်ထလိုက်သည်။

ဝိညာဉ်လေးသည် ပျံလာကာ ပြောလိုက်သည် “ငါစကားမဆုံးသေးဘူးလေ၊ မင်းဘာတွေ လောနေတာလဲ၊ ဒုတိယအလွှာက မပွင့်ပေးဘူး၊ အဲဒါမပြီးရင် မင်းသွားလို့မရဘူး”

“ဟင်” သူမအတွက်လုပ်ထားသော အားပျော့သော လှေကားအား ရှီမာယူယူ စကားလုံးမဲ့စွာကြည့်လိုက်သည်။ သူမနဲ့ ကစားနေတာလား။

“ဟင် ဆိုတာ ဘာအဓိပ္ပာယ်လဲ မြန်မြန်ပြေးတက်သွားတာ မင်းလေ” ဝိညာဉ်လေးသည် ကြင်နာစွာ နှုတ်ခမ်းစူထားလိုက်သည်။

ရှီမာယူယူသည် ဝိညာဉ်လေးအား ဆွဲကာ လှုပ်ရမ်းလိုက်ပြီး မေးလိုက်သည် “ဝိညာဉ်လေး မင်းက ရှေးဟောင်းပစ္စည်းရဲ့ ဝိညာဉ်မဟုတ်ဘူးလား၊ မင်းမဖွင့်နိုင်ဘူးလို့တော့ မပြောလိုက်နဲ့”

“ငါက မူလ ရှေးဟောင်းဝိညာဉ်နဲ့မတူဘူး” ဝိညာဉ်လေးပြောလိုက်သည် “ငါသာ မူလရှေးဟောင်းဝိညာဉ်သာဆိုရင် ဘယ်အလွှာကို ဝင်ချင်ဝင်ချင် ပြဿနာမရှိဘူး၊ ဒါပေမယ့် ငါက ဒီနေရာကို အတင်းကျူးကျော်လာတာဆိုတော့ ဒီအလွှာတချို့ကို ဝင်နိုင်တာတောင် တော်သေးတယ်၊ အလွှာတိုင်းကို ဖွင့်ဖို့စဉ်းစားဖို့ မဖြစ်နိုင်ဘူး”

“ဒါဆို အပေါ်တက်ဖို့ကို ဘာလုပ်ရမှာလဲ” ရှီမာယူယူ နှုတ်ခမ်းစူလိုက်သည် “ငါ့ ကိုယ်ပိုင်အားနဲ့ လုပ်ရမှာလို့တော့ မပြောနဲ့”

“ဟုတ်တယ် တော်လိုက်တာ”

“ငါ့အားနဲ့ လုပ်ရဦးမယ် ထပ်ပြီးတော့….. မိုးနတ်မင်းရေ၊ မိုးကြိုးနဲ့ သေအောင်သာ ပစ်လိုက်ပါတော့” ရှီမာယူယူ ညည်းညူလိုက်သည်။

“ဘုန်း”

အလင်းတန်းတစ်ခုသည် လျှပ်စီးလက်လာပြီး ရှီမာယူယူအား တိုက်ရိုက်ပင် ပစ်ချလိုက်သောကြောင့် သူမ ခန္ဓာကိုယ်သည် မည်းနက်သွားပြီး ဆံပင်များမှာ ကွေ့ကောက်သွားရသည်။

“ဟားဟားဟား”

သူမရောက်ရှိနေသော အခြေအနေကို မြင်သည်နှင့် ဝိညာဉ်လေးနှင့် ဟိန်းသံလေးတို့သည် ရယ်မောလိုက်ကြသည်။ မိုရှားသည်ပင်လျှင် လှောင်ပြုံးပြုံးနေလေသည်။

“အဟွတ် အဟွတ်”

ရှီမာယူယူ ချောင်းနှစ်ခါဆိုးလိုက်ရာ ပါးစပ်မှ မီးခိုးငွေ့များထွက်လာတော့သည်။

“ဝိညာဉ်လေး ဘာတွေဖြစ်နေတာလဲ”

သူမ အသိစိတ်ပြန်ဝင်လာသောအခါ သူမသည် မီးသွေးတုံးအဖြစ်ပြောင်းသွားသည်ကို သတိပြုမိကာ ဝိညာဉ်လေးအားအော်လိုက်လေသည်။

ဝိညာဉ်လေးသည် ဗိုက်အားဖိနှိပ်ထားကာ ရယ်မောခြင်းကို ရပ်တန့်မိစေရန် ကြိုးစားလိုက်သည်။ သူပြောသည်မှာ “ဟီးဟီး ဒီနေရာက လေ့ကျင့်တဲ့နောက်ထပ် ကမ္ဘာဆိုတာ ပြောဖို့မေ့သွားတယ်၊ မင်းက ဒီနေရာရဲ့ သခင်ပဲ၊ ဆိုတော့ မင်းရဲ့ စကားတွေက ဥပဒေပဲ၊ မင်းကို မိုးကြိုးပစ်လိုက်လို့ ပြောတော့ တကယ်ပစ်လိုက်တာပဲ”

ဟိန်းသံလေးသည် ရှုပ်ပွနေသော ဆံပင်ရှိရာ ရှီမာယူယူ၏ ခေါင်းပေါ်သို့တက်ကာ ပြောလိုက်သည် “ယူယူ မင်းရဲ့ အရင်ကမ္ဘာမှာတုန်းက ဆံပင်ကောက်တယ်လို့ အမြဲပြောတယ်လေ၊ အခု မင်းမှာ ဆံပင်ကောက်တွေရှိနေပြီ၊ မင်းကောက်စရာမလိုတော့ဘူး၊ သဘာဝကျကျ ကောက်နေပြီ”

ရှီမာယူယူ လက်ဆန့်ထုတ်ပြီး ဆံပင်အားဆွဲလိုက်ရာ သူမခန္ဓာကိုယ်မှ စူးရှသော နာကျင်မှုအားခံစားလိုက်ရသည်။

“မင်းဆေးအရင်စားလိုက်ဦး” ဝိညာဉ်လေးသည် ဖိအားပေးကာ တိုက်တွန်းလိုက်သည်။

“ဟွင်း ဟွင်း” ရှီမာယူယူ မှော်ဝင်လက်စွပ်အတွင်းရှိ ကျောက်စိမ်းပုလင်းမှ ဆေးထုတ်ယူကာ ဆေးနှစ်လုံးသောက်ပြီးနောက် စေတီးငယ်မှ ထွက်လာခဲ့လိုက်သည်။

“ယူယူ ဒီနေရာရဲ့ အချိန်သွားနှုန်းက အပြင်နဲ့ မတူဘူးဆိုတာ ငါသတိထားမိတယ်” ဟိန်းသံလေးသည် ရှီမာယူယူထွက်သွားသည့်နောက်လိုက်ကာ ပြောလိုက်သည်။

“ဘယ်လိုကွာတာလဲ” ရှီမာယူယူ မည်းနက်နေသော သူမ မျက်နှာအားသုတ်လိုက်ရာ အဖြူရောင် စက်ဝိုင်းနှစ်ခုဖြစ်သွားလေသည်။ ထိုသည်မှာ အလွန်ရယ်စရာကောင်းလှသည်။

“ဒီနေရာက အရှိန်သွားနှုန်းက အပြင်ကထက်နည်းနည်းမြန်တယ်” ဝိညာဉ်လေးပြောလိုက်သည်။

“အရင်ကလည်း ဒီလိုပဲမဟုတ်ဘူးလား၊ ဒီဆေးဖက်ဝင်ပစ္စည်းတွေက အပြင်ကထက် ပိုကြီးလွယ်တယ်လေ” ရှီမာယူယူ နားမလည်တော့ပေ။

“အဲဒါက အရင်ကလေ၊ ဒါပေမယ့် တိုးတက်နေပြီလေ” ရှီမာယူယူ၏ သဘောထားကို ဝိညာဉ်လေးမကျေမနပ်ဖြစ်ကာ ကြွေးကြော်လိုက်သည် “အဲတုန်းက အချိန်သွားနှုန်းက အပင်တွေကိုပဲ သက်ရောက်တာ၊ ဒါပေမယ့် အခုတော့ တိရစ္ဆာန်တွေကိုလည်း သက်ရောက်စေတယ်၊ မင်းဒီမှာနေတာ ကြာသွားပြီ ဒါပေမယ့် အပြင်မှာ အချိန်နည်းနည်းပဲကုန်လိမ့်မယ်လို့ ပြောတာ”

“အဲဒါက လူတွေကိုလည်း သက်ရောက်လား”  ရှီမာယူယူသည် ဝိညာဉ်လေးအား မျက်လုံးပြူးဖြင့်ကြည့်လိုက်သည်။

“ဟွင်းဟွင်း ဒါပေါ့” ဝိညာဉ်လေးသည် ဂုဏ်ယူစွာပြောလိုက်သည်။

“အဲဒါကောင်းတာမဟုတ်ဘူးလား” ရှီမာယူယူသည် ဝိညာဉ်လေးအား ဆွဲဖက်ကာ တင်းကျပ်စွာ ဖက်ထားလေသည်။ သူမသည် မိုရှားအားကြည့်ကာ စိတ်လှုပ်ရှားစွာပြောလိုက်သည် “မိုရှား မင်း ငါ့အတွက် ဖန်တီးပေးလိုက်တာက ဘယ်လောက်တောင် ကောင်းလိုက်တဲ့ဟာလဲ”

“ဒီလိုအကျိုးဆက်ရှိလာမယ်လို့ ငါလဲထင်မထားဘူး၊ အကျိုးဆက်ကတော့ ဘုံခုနှစ်ဆင့်စေတီရဲ့ အရည်အသွေး တူတယ်” ရှီမာယူယူ သဘောကျနေသည်ကို မိုရှားမြင်သည်နှင့် သူ့စိတ်ထဲမှလည်း အမည်မသိသော ထူးဆန်းသော ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။

“အာ” ရှီမာယူယူ အရေးကြီးသော မေးခွန်းအားစဉ်းစားလိုက်သည် “ဒီလိုဆိုရင် ငါဒီမှာ အကြာကြီးနေရင်တောင် တခြားလူတွေလောက် မြန်မြန်မအိုတော့ဘူးပေါ့”


Comment

Leave a Reply


Options

not work with dark mode
Reset