ညတွင် ကျင့်ကြံပြီးနောက်တွင် နောက်နေ့မနက်ခင်းတွင် နိုးလာကာ ရွှေမြွေအသီးအား မှော်ဝင်လက်စွပ်အတွင်းသို့ စိတ်လေးစွာပင်ထည့်လိုက်သည်။
သူမ တဲသိမ်းပြီးချိန်တွင် ကျန်သောသူများလည်း သိမ်းပြီးဖြစ်လေပြီ။ ပေါ့ပေါ့ပါးပါး သန့်ရှင်းပြီးနောက် သူတို့သည် တောင်တန်းသို့ စတင်ခြေတက်ခဲ့ကြသည်။
သူတို့သွားရာလမ်းတွင် ဆေးဖက်တွင်အပင်များကို ဖြတ်ကျော်ခဲ့သော်လည်း ခူးယူခြင်းမရှိခဲ့ပေ။ ထိုအပင်များသည် အပြင်တွင် ဈေးကြီးစွာဖြင့် ရောင်းချသော်လည်း အခု သူတို့သည် လျစ်လျူရှုခဲ့ကြသည်။
သူတို့သည် ဆိုင်အတွက်လာခြင်းမဟုတ်သောကြောင့် သက်ပြင်းချကာ လေးတွဲစွာသာလျှောက်ခဲ့ကြသည်။
သူတို့ ဦးတည်ချက်မှာ ဝိညာဉ်သားရဲများရှာဖွေကာ လေ့ကျင့်ပြီး သူတို့အားအင်များ တိုးစေရန်ဖြစ်သည်။ ဆေးဖက်ဝင်အပင်များခူးရန် လာခြင်းမဟုတ်ပေ။
နေ့တစ်ဝက်လျှောက်ပြီးချိန်အထိတောင် ဝိညာဉ်သားရဲတစ်ကောင်တစ်လေကို မတွေ့ခဲ့ရပေ။
“ဒီလောက်ကြာနေပြီ ငါတို့ ဝိညာဉ်သားရဲတစ်ကောင်မှတောင် မတွေ့ရဘူး၊ သူများတွေပြောသလောက် ဒီနေရာက ကြောက်စရာမကောင်းပါဘူး၊ သွား…” ဖက်တီးကျူပြောလိုက်သည်။
ဟိန်းသံတစ်သံထွက်ပေါ်လာသည်။
ဖက်တီးကျူ စကားမဆုံးခင်တွင် ဝိညာဉ်သားရဲတစ်ကောင်၏ ဟိန်းသံအား ကြားလိုက်ရသည်။ ချက်ချင်းဆိုသလိုပင် အစွယ်ရှိသော တောဝက်သည် ဟိန်းသံရင်းနှင့်ပင် အားလုံးရှေ့တွင်ပေါ်လာလေသည်။
“ဘုရားရေ၊ ဒါက အဆင့်မြင့်တဲ့ ဝိညာဉ်သားရဲအနိမ့်မလား၊ အစွယ်ရှိတဲ့တောဝက်တောင် ဒီအဆင့်ရှိတယ် ဟုတ်လား” ဖက်တီးကျူသည် အစွယ်ရှိသော တောဝက်အားမြင်သည်နှင့် အင်္ကျိလက်အား ပင့်တင်ကာ တိုက်ပွဲဝင်တော့မည်ပုံစံဖြစ်နေသည်။
“အစွယ်ရှိတဲ့ တောဝက်အတွက်ဆိုရင် အပြင်မှာ အဆင့် ငါး ခြောက်လောက်ဆိုရင်ကို မဆိုးဘူး၊ ဒါပေမယ့် ဒီအစွယ်ရှိတဲ့ တောဝက်က အဆင့်ရှစ်တောင်ရှိတယ်၊ ထူးဆန်းလိုက်တာ” ဝေကျိရွှီ မှတ်ချက်ပေးသည်။
“ဒီနေရာက တခြားနေရာတွေထက် ဝိညာဉ်ချီပိုထူထပ်တယ်လေ၊ အဲဒါကြောင့် ဝိညာဉ်သားရဲတွေလည်း အဆင့်တွေမြင့်ကြာတာနေမှာ” ဝူရန်ဖေပြောလိုက်သည်။
“ဒီနေရာက အပြင်နဲ့ နီးရုံပဲရှိသေးတယ် ဒါပေမယ့် ဝိညာဉ်စွမ်းအင်ပါဝင်တာကတော့ များတယ်… အပြင်လောကမှာဆို ဘယ်လောက်တောင် ဝိညာဉ်စွမ်းအင်တွေ ထူထပ်လိုက်မလဲ” ဖက်တီးကျူပြောလိုက်သည်။
“မင်းတွေးကြည့်လို့မရလောက်အောင် ထူထပ်တယ်လေ” ဝူရန်ဖေပြောလိုက်သည်။ “မင်းအပြင်ရောက်သွားတာနဲ့ ဒီနေရာကို လာပြီးကျင့်ကြံဖို့ကို စဉ်းစားမှာတောင် မဟုတ်ဘူး”
“ချဲ့ကားလိုက်တာ” ဖက်တီးကျူ၏ မျက်လုံးသည် အံ့သြမှုကြောင့် လုံးဝန်းသွားသည်။
“ဒီကလူတွေရဲ့ အရည်အချင်းက အပြင်ကလူတွေနဲ့ သိပ်မကွာဘူး၊ ဒါဆို အသက်အရွယ်တူတာတောင် သူတို့ရဲ့ စွမ်းအားတွေက ဒီကလူတွေထက်မြင့်နေရတာလဲသိလား၊ ေ့ာင်းကတော့ ဝိညာဉ်ချီထူထပ်မှု ကွာလို့်ပဲ၊ အဲဒါကြောင့် ကျင့်ကြံတဲ့အချိန်ကလည်း တိုတာ” ဝူရန်ဖေပြောလိုက်သည်။
“အဲလောက်တောင်ကောင်းတယ် ဟုတ်လား၊ ငါတို့ အပြင်သွားတာနဲ့ ငါတို့စွမ်းအားတွေ မြန်မြန်နဲ့ တိုးလာမှာလား”
“မြန်ရုံတင်မဟုတ်ဘူး အသေကို မြန်သွားမှာ” ဝူရန်ဖေပြောလိုက်သည် “ငါတို့မှာ ရှိတဲ့ အရည်အချင်းက အပြင်မှာဆိုရင် မြင့်တဲ့အထဲမှာပါတယ်၊ ငါတို့သာ အဲလိုပတ်ဝန်းကျင်မှာနေရရင်၊ အားလုံးက မြန်မြန်နဲ့ အဆင့်တက်သွားမှာလို့ ငါယုံတယ်”
သူတို့သည် ကြောက်ရွံ့မှုမရှိပဲ ရယ်မောကာ နောက်ပြောင်နေကြသည်ကို အစွယ်ရှိသော တောဝက်မြင်သောအခါ ဒေါသထွက်လေသည်။ သူ့ပစ်မှတ်မှာ အပျော်ရွှင်ဆုံးရယ်မောနေသူဖြစ်ကာ အရှေ့သို့တိုးလိုက်သည်။
“သေစမ်း၊ ငါက အားအနည်းဆုံးဆိုတာ သိတဲ့လို့ ငါ့ကို တိုက်ဖို့ ဆုံးဖြတ်လိုက်တာထင်တယ်၊ ဒီအဘိုးက အစွယ်မပြလို့ နေမကောင်းတဲ့ကြောင်လို့ထင်နေတဲ့ပုံပဲ”
ဖက်တီးကျူသည် ဟိန်းဟောက်လိုက်ကာ လက်သီးဆုပ်အား မြောက်ကာ အစွယ်ရှိသော တောဝက်ဆီသို့ ဦးတည်လိုက်သည်။
ထို ဝိညာဉ်သားရဲသည် အရေခွံထူ၍ ကြမ်းတမ်းသည်။ ဖက်တီးကျူ တည့်တည့်ပြေးသွားသည်ကို မြင်ချိန်တွင် သူအနာတရရမည်စိုးသောကြောင့် ရှီမာယူယူစိုးရိမ်လျက်ရှိသည်။ သူမသည် ကူညီရန် ရှေ့တိုးချင်သော်လည်း ဘေဂုံထန်ဆွဲထားလိုက်သည်။
“ဖက်တီးကျူရဲ့ တိုက်ပွဲစွမ်းရည်က အပြင်ပိုင်းမြင်ရတာနဲ့ မတူဘူး၊ အဆင်ပြေသွားမှာပါ”
သူတို့သည်အမြဲတမ်းအတူတကွ ရှိခဲ့ကြသည်ကို ရှီမာယူယူသိသည်။ ဘေဂုံထန်သည် သူ့အကြောင်းအားအသိဆုံးဖြစ်မည်။ သူတို့မစိုးရိမ်ကြသောကြောင့် အမှန်တကယ်ပင် ပြဿနာမရှိသည့် အဓိပ္ပာယ်ပင်။
ဖက်တီးကျူသည် အစွယ်ရှိသော တောဝက်အားချည်းကပ်သွားရာ ထိုလူနှင့် သားရဲတို့၏ တိုက်ခိုက်မှု ဖြစ်ပွားလေသည်။ သူ၏ ဝဖိုင့်သော ခန္ဓာကိုယ်သည် အစွယ်ရှိသော တောဝက်ဘေးတွင် လျှပ်တပြက်ပေါ်လာပြီး၊ ခေါင်းအား ပြင်းထန်စွာ ထိုးချလိုက်သည်။
“ဝူး…”
ထိုးချက်သည် အစွယ်ရှိသောဝက်၏ မျက်လုံးသို့ထိသွားပြီး ဝက်သည် အပေါ်သို့မြင့်တက်သွားကာ နာကျင်စွာ အော်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် လည်သွားကာ ဖက်တီးကျူအား ထပ်မံချည်းကပ်တော့သည်။
ဒီတစ်ကြိမ်တွင် ဘေးသို့မရှောင်တိမ်းပဲ ဆန့်လိုက်သော သူ့လက်နှစ်ဖက်သည် ဝက်၏ ခေါင်အား မိသွားပြီး လျင်မြန်စွာ ကျောဘက်သို့ ထိုးကြိတ်တော့သည်။ သူ ထိုးကြိတ်သည်မှာ အခါနှစ်ဆယ်မှ သုံးဆယ်အထိရှိကာ ရပ်တန့်ချိန်တွင် ခန္ဓာကိုယ်လေးလံပြီး ထပ်မလှုပ်ရှားနိုင်တော့ပေ။
“ဟွန်း….”
ညည်းညူသံနှင့်အတူ သူသည် ဝက်၏ အစွယ်အားကိုယ်မိကာ ဘေးသို့ပစ်ချလိုက်သည်။ အစွယ်ရှိသောဝက်၏ ဝဖီးသော ခန္ဓာကိုယ်သည် ဖက်တီးကျူ၏ ထိုးကြိတ်မှုကို အလူးအလဲခံရတော့သည်။
“ကျွတ် ကျွတ် ဒီဖက်တီးရဲ့ အားအင်တွေ တကယ်တိုးလာတာပဲ” ဖက်တီးကျူသည် အစွယ်ရှိဝက်နှင့် ပြိုင်တိုက်ခိုက်သော်လည်း မရှုံးသည်ကို မြင်သော်အခါ ရှီမာယူယူ သက်ပြင်းချမိသည်။
“အစောပိုင်းတုန်းက ဖက်တီးကျူက သူ့မျိုးနွယ်ကနေပြီးတော့ ခန္ဓာကိုယ်နည်းပညာစာအုပ်ရခဲ့တာ သူ အဲနည်းပညာနဲ့ စပြီးလေ့ကျင့်ခဲ့တာ” ဝေကျိရွှီပြောလိုက်သည်။
“ဒါဆို ဘာလို့ သူပိန်မသွားတာလဲ” ရှီမာယူယူ ဖက်တီးကျူ၏ ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ သူတို့သာ မပြောလျှင် ဖက်တီးကျူကျင့်ကြံနေသည်ကို ရှီမာယူယူမြင်မိမည်မဟုတ်ပေ။
အစွယ်ရှိသော ဝက်နှင့်တိုက်ခိုက်နေသော ဖက်တီးကျူသည် ရှီမာယူယူ၏ စကားလုံးများကိုကြားသောအခါ အသက်ရှုရပ်သွားမလိုဖြစ်ကာ အစွယ်ရှိဝက်အား ပစ်ရန်အားမရှိတော့သလိုပင်။
“အဟွတ် အဟွတ် ငါဘာမှမပြောတော့ပါဘူး ဆက်လုပ်ပါ” သူမ ပြောသည်များသည် သူ့အား အာရုံပျက်စေသည်ကို ရှီမာယူယူမြင်သော် သူမ ချောင်းနှစ်ခါဆိုးပြီး ပြောလိုက်သည်။
ဖက်တီးကျူ ရှီမာယူယူအားကြည့်လိုက်သည်။ အစွယ်ရှိတောဝက် သူ့ဆီသို့ ချည်းကပ်လာသည်ကို မြင်သည်နှင့် ဘေးသို့ရှောင်တိမ်းလိုက်သည်။
အစွယ်ရှိဝက်သည် ဆောင့်အောင်စွာ ခြေထောက်ဖြင့် မြေကြီးအား ယက်လိုက်သည်။
ဖက်တီးကျူ အကျိုးဆက်ကိုမြင်ကာ သူရှောင်နိုင်လိုက်သည်မှာ တော်သေးသည်။ သို့မဟုတ်လျှင် သူ အသားတုံးဖြစ်သွားနိုင်သည်။
“တော်ပါသေးရဲ့ တိုက်ခိုက်တာကကြောက်စရာကောင်းလိုက်တာ၊ ဒီအဘိုးက အဲခြေထောက်တွေကို ကင်ပြီးစားတော့မလို့”
ထိုသို့ပြောပြီးနောက် သူမတ်တတ်ရပ်ကာ အစွယ်ရှိတောဝက်အား ပစ်ထိုးလိုက်သည်။ သူခန္ဓာကိုယ် လိမ့်ကာ ပျံသွားပြီး အစွယ်ရှိဝက်၏ ကျောပေါ်သို့ဆင်းသက်လိုက်သည်။
တစ်ချက်….
“ဒီအဘိုးကို ရိုက်ရဲတာလား”
နှစ်ချက်…
“ဒီအဘိုးကို လုပ်ရဲတယ်”
သုံးချက်…
“မင်းဝက်ခေါင်းကို ဖြတ်ပစ်မယ်”
လေးချက်…
“မင်းအစွယ်ကိုချိုးပစ်မယ်”
ငါးချက်….
ဖက်တီးကျူသည် အစွယ်ရှိဝက်ခန္ဓာကိုယ်အပေါ်တွင် စကားတစ်ခွန်းပြောလိုက် တစ်ချက်ထိုးလိုက်ဖြစ်နေသည်။ သူတို့လေးယောက်သည် လှောင်ပြုံးပြုံးနေခဲ့ကြသည်။
သူ့လက်အစား သူတို့နာမိကြသည်။ ထိုအရေထူသော အရေပြားကို အဆက်မပြတ်ထိုးခြင်းသည် ဘယ်လောက်နာကျင်သလဲဆိုသည်ကို သိကြသောကြောင့်ပင်။
“ဝါး”
အစွယ်ရှိဝက်သည် နာကျင်ကာ ဖက်တီးကျူပြုတ်ကျစေရန် ခန္ဓာကိုယ်အား အဆက်မပြတ် လှုပ်ရမ်းနေတော့သည်။
ဖက်တီးကျူသည် ခန္ဓာကိုယ်အား ကိုင်းကာ အစွယ်ရှိဝက်၏ ကျောပေါ်တွင် တွယ်ကပ်နေခဲ့သည်။ ဘယ်လောက်ပင် လှုပ်ရှားပါစေ သူပြုတ်မကျပေ။ သူ ဝက်၏ခေါင်းနှင့် ဝမ်းဗိုက်ကို အဆက်မပြတ် ထိုးနေခဲ့သည်။
ထိုမြင်ကွင်းအားမြင်သော ရှီမာယူယူရေရွတ်လိုက်သည် “ဒီမြင်ကွင်းက ဘာလို့ရင်းနှီးနေတာပါလိမ့်”
“ပြီးခဲ့တဲ့တစ်ခေါက် မင်း ထနောင်းပိုးမြွေနဲ့ တိုက်ခိုက်တုန်းက ဒယ်ပြားထုတ်ပြီး သေအောင် ရိုက်ခဲ့တာမလား” ဘေဂုံထန် မှတ်ချက်ပေးသည်။
သေစမ်း၊ စဉ်းစားမိပြီ၊ ပြီးခဲ့သည့်တစ်ခေါက်က သူမသည်လည်း ထိုကဲ့သို့ပင်။ ထိုမြင်ကွင်းမှာ သူမနှင့် ရင်းနှီးနေသည်မှာ မထူးဆန်းတော့ပေ။
သို့သော် သူမှနှင့် ထနောင်းပိုးမြွေကြားက တိုက်ပွဲကိုပဲ ပြောရင်ရပြီမဟုတ်ဘူးလား၊ ဘာလို့ ဒယ်ပြားအကြောင်းကိုထည့်ပြောရတာလဲ။
ထိုအချိန်က သူမ မသိခဲ့ပေ၊ သူမ သူတို့အား ဒယ်ပြားနှင့်ကယ်ခဲ့သော အပြုအမူသည် စွဲထင်ကျန်ခဲ့လေသည်။ သူတို့သည် တစ်ခါတစ်ရံတွေးတောကာ ထပ်တလဲလဲပြောနေတော့သည်။
ထိုအချိန်က အခြေအနေသည် အလွန်အန္တရာယ်များသော်လည်း ထိုဒယ်ပြားသည် ရယ်စရာဖြစ်ခဲ့သည်။
ဖက်တီးကျူနှင့် အစွယ်ရှိဝက်တို့ တိုက်ပွဲသည် တစ်နာရီကျော်ကြာကာ နောက်ဆုံးတွင် ဦးခေါင်းရိုက်ချက်ဖြင့် အနိုင်ရရှိခဲ့သည်။ အစွယ်ရှိဝက်သည် မြေပြင်တွင် ပင်ပန်းစွာလဲကျကာ လှုပ်ချင်ရင်တောင် မလှုပ်ရှားနိုင်တော့ပေ။
တိုက်ပွဲတစ်ခုလုံးအတွင်းတွင် ရှီမာယူယူနှင့် တခြားသူများသည် ဘေးမှရပ်ကြည့်ကာ စောင့်ပြီး သူအောင်နိုင်သည်နှင့် လာခဲ့ကြသည်။၏
ဦးနှောက်ထွက်နေသည်ကို ကြည့်ကာ ရှီမာယူယူနှုတ်ခမ်းတွန့်ပြီး ပြောလိုက်သည် “အဲဒါက တန်ဖိုးရှိတယ်လေ၊ မင်းဖြုန်းတီးပစ်တာပဲ”
ဖက်တီးကျူ မြေပေါ်တွင် လှဲကာ ရှီမာယူယူအားကြည့်ပြီး ပြောလိုက်သည် “ယူယူ ငါ ဝက်ခြေထောက် ဟင်းစားချင်တယ်…”