နယ်နိမိတ်မဲ့နယ်မြေ၌ အသိအမှတ်ပြုထားသည့် အသက်ကန့်သတ်ထားသည့် နေရာသုံးခုရှိသည်။
ပထမနေရာဖြစ်သည့် နဂါးသင်္ချိုင်းလွင်ပြင်တွင် အစစ်အမှန်နဂါးအလောင်းတခုကို မြှုပ်နှံထားသည်ဟု ကောလဟာလရှိသည်။
အစစ်အမှန်နဂါးက သေသွားသော်လည်း ၎င်း၏ဂုဏ်ကျက်သရေက ကျန်ရှိနေဆဲပင်။
လွင်ပြင်က နဂါးကြီးစိုးမှုဖြင့် ပြည့်နှက်နေပြီး အစစ်အမှန်နဂါးတကောင်၏ ကြောက်ခမန်းလိလိ နာကြည်းချက်များရှိသည်။
ဒဏ္ဍာရီအရ ထိပ်တန်းအဖွဲ့တစ်ဖွဲ့က နဂါးသင်္ချိုင်းလွင့်ပြင်သို့ လွန်ခဲ့သောနှစ်ပေါင်းတသောင်းခန့်က သွားခဲ့သည်။ သို့သော် မရေမတွက်နိုင်လောက်အောင် အသေအပျောက်များခဲ့သည်။
ထွက်လာသောအခါ သူတို့ဘာမှမရခဲ့ရုံသာမက ထွက်လာခဲ့ကြသည့် ထိပ်တန်းစွမ်းအားရှင်များက ကျိန်စာမိသွားခဲ့ကြပုံရသည်။
သုံးနှစ်အတွင်း သူတို့ကရူးသွားကြပြီး နေရာတိုင်းမှာပင် လူသတ်ခဲ့ကြသည်။
အဆုံးသတ်တွင် သူ့တို့ကို စွမ်းအားရှင်များစွာက သတ်ပစ်ခဲ့ရသည်။
ထိုအချိန်က ဤသည်က နဂါး၏နာကြည်းချက်ကြောင့်ဖြစ်သည်ဟု ထင်ကြေးပေးခဲ့ကြသည်။
ဒုတိယနေရာက ပလူတိုသေဆုံးခဲ့သည့်နေရာပင်။
သူကကြောက်မက်ဖွယ် မြေအောက်ကမ္ဘာ၏စွမ်းအင်ကို ပိုင်ဆိုင်ခဲ့ပြီး ထိပ်တန်းမိစ္ဆာကျင့်ကြံသူတစ်ဦးဖြစ်ပြီး ဤနေရာ၌ မြှုပ်နှံထားခဲ့သည်။
တတိယနေရာကိုမူ လူတိုင်းက ကျိန်စာသင့်ဝိဉာဉ်(မိုယွမ်)ဟုခေါ်ဆိုကြပြီး ကပ်ဆိုက်တောင်၏အပြင်ဘက်တွင် တည်ရှိသည်။
အထဲတွင်ဘာရှိသလဲဆိုတာ မည်သူမှမသိကြပါ။ သို့သော် မိုယွမ်၏၀င်ပေါက်တွင် ကျောက်ပြားတခုရှိပြီး “မိုယွမ်” ဟူသော စကားလုံးကို ထွင်းထုထားသည်။
ထို့ကြောင့် ထိုနေရာကို ကျိန်စာသင့်ဝိဉာဉ်(မိုယွမ်)ဟု ခေါ်ဆိုကြခြင်းပင်။
သုံ့ရှောင်ချင်းက ဤအထူးပစ္စည်း၏ မူလဇစ်မြစ်ကိုပြောပြသောအခါ လူတိုင်းက အမူအရာကိုယ်စီ ပြသလာကြသည်။
“ဒီတုံကင်ကို ကျွန်မတို့ရှန်ကျင်းကုန်သည်များအသင်းက ဈေးကောင်းပေးပြီး ယူလာခဲ့တာပါ”
“ကျွန်မတို့က်တိုင်က လျို့ဝှက်ချက်ကို မရှာတွေ့နိုင်ခဲ့ပေမယ့် ဒီအသူရာနတ်ဆိုးတုံကင်က မိုယွမ်ထဲက အရေးကြီးအရာတခုကို ဖွင့်ဖို့ “သော့” တခုဆိုတာကိုတော့ ငြင်းလို့မရပါဘူး”
ပြန့်ကြဲနေသည့်ခုံများအနက် စွမ်းအားရှင်တစ်ဦး၏မေးမြန်းသံ ထွက်လာသည်။
“ဒီလိုဆိုရင် ရှန်ကျင်းကုန်သည်များအသင်းက ဘာလို့ကိုယ်တိုင် မထိန်းသိမ်းထားရတာလဲ”
သုံ့ရှောင်ချင်းမဖြေဘဲ ဘေးက ကျန်းလျန်ချန်းကိုသာ ကြည့်လိုက်သည်။
ကျန်းလျန်ချန်း သူမကိုယ်စားဖြေပေးသည်။
“မိုယွမ်ရဲ့ဂုဏ်သတင်းကို လူတိုင်းကြားဖူးကြမှာပါ”
“ငါတို့ရှန်ကျင်းကုန်သည်များအသင်းက အထဲကပစ္စည်းတွေကို ရယူနိုင်ခဲ့မယ်ဆိုရင်တောင် ခွန်အားက အကြီးအမားထိခိုက်သွားရလိမ့်မယ်”
“ငါတို့က ကုန်သည်များအသင်းလေးပါပဲ၊ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ချိန်ဆပြီးနောက်မှာတော့ ဒီအခွင့်အရေးကို ဒီနေရာက လူတိုင်းကိုပေးဖို့အတွက် ငါတို့ ဆုံးဖြတ်ခဲ့ကြတယ်”
ဤရှင်းပြချက်က အတော်လေးယုတ္တိတန်သည်။ မည်သူမှထပ်ငြင်းနိုင်စွမ်းမရှိတော့။
ရှန်ကျင်းကုန်သည်များအသင်းက အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ရာ နက်ရှိုင်းသည့် အခြေခံအုတ်မြစ်ရှိသည်။
သူတို့စွန့်စားစရာလုံး၀မလိုပါ။
မရခဲ့လျှင်ပင် ရှန်ကျင်းကုန်သည်များအသင်းက ဤနယ်နိမိတ်မဲ့နယ်မြေ၌ နံပါတ်တစ်ကုန်သည်များအသင်း ဖြစ်နေဆဲဖြစ်ပြီး ဤအနေအထားကို မတုန်လှုပ်စေနိုင်ပေ။
သုံ့ရှောင်ချင်းက အပြုံးဖြင့် လက်ကိုဝှေ့ယမ်းပြီးနောက်ပြောသည်။
“ဒီတော့ လူတိုင်းက အကြောင်းရင်းကို သိပြီးပြီဆိုတော့ ကျွန်မတို့ရှန်ကျင်းကုန်သည်များအသင်းက ဒီတုံကင်ကို စပြီး လေလံတင်ပါတော့မယ်”
“အဖွင့်ဈေးက သုညဖြစ်ပြီး ဈေးနှုန်းကို မြှင့်တင်နိုင်ပါတယ်၊ လူတိုင်းလွတ်လွတ်လပ်လပ် တင်လို့ရပြီး အမြင့်ဆုံးလေလံရှင်က အနိုင်ရမယ်”
အသံများက တိတ်ကျသွားသည်။
မည်သူမှလေလံမတင်ကြပါ။
ပြန့်ကြဲနေသည့်ခုံများ၌ရှိကြသည့် အင်အားစုများက ပို၍ပင် တိတ်ဆိတ်နေကြသည်။
သူတို့တွင် ဤတုံကင်ကိုရယူရန်အတွက် နောက်ခံတခုရှိလား၊ မရှိသလားဆိုသည်ကိုပင် ပြောစရာမလိုပေ။
ဤတုံကင်ကိုရခဲ့လျှင်ပင် အသူရာနတ်ဆိုးချောက်သို့ စူးစမ်းရှာဖွေရန်အတွက် အရည်အချင်းအပြည့်မီလောက်ပါ။
ကုန်းတွင်းပိုင်းက ထိပ်သီးစွမ်းအားရှင်များသာလျှင် အရည်အချင်းမှီသည်။
ကံကောင်းခြင်းတံခါး၀ကပြုံးရင်းမေးသည်။
“ဘာလို့လဲ၊ မင်းတို့နှစ်ယောက် မလိုချင်ကြတော့ဘူးလား”
မီးတောက်နီဂိုဏ်းက နှာခေါင်းရှုံ့လိုက်၏။
“ဘာလို့အလျင်လိုနေရတာလဲ၊ ခင်ဗျားကိုယ်တိုင် ဈေးကိုအရင်ဆုံးတိုးပေးလိုက်လေ”
နတ်သမီးကလည်း စကားတခွန်းမှမပြောခဲ့ပေ။ သူမကလည်း ပထမဆုံး လေလံမတင်ချင်ပေ။
သို့စေကာမူ သုံးဦးသားက တစ်ဦးကိုတစ်ဦးကြောက်နေကြစဉ် တတိယထပ်က ဇီကျင်းခန်းမမှ ယဲ့ချိုးပိုင်၏ အသံဖျက်ထားသည့် အသံက ထွက်ပေါ်လာသည်။
“ယွမ်သလင်းကျောက်သုံးသန်း”
လူတိုင်း၏အမူအရာက ပြောင်းလဲသွားခဲ့ကြသည်။
အားလုံးက ခရမ်းရောင်အလင်းဖျော့ဖြင့် တောက်ပနေသည့် တတိယထပ်က ခရမ်းရွှေရောင်ခန်းမကို မော့ကြည့်လိုက်ကြသည်။
ကံကောင်းခြင်းခန်းမကလည်း အနည်းငယ် မျက်မှောက်ကြုတ်လိုက်မိသည်။
တတိယထပ်ကလူတွေကလည်း ဒီတုံကင်ကို လိုချင်ကြတာလား။
ဒီလိုဆိုရင် ဒီကိစ္စက လွယ်လွယ်နဲ့ ဖြေရှင်းလို့မရတော့ဘူးပေါ့။
သုံ့ရှောင်ချင်းကလည်း ထိုစွဲမက်ဖွယ်ရာ ဖီးတစ်မျက်လုံးနီများအား ကြည့်နေခဲ့သည်။
သူမအနည်းငယ်အံ့ဩသွားခဲ့သည်။
သူတို့ကလည်းဒီတုံကင်ကို လိုချင်ကြတာလား။
တကယ်လို့ အဲဒီဆေးလုံးလေးလုံးကို ပြုလုပ်ခဲ့တဲ့ သူတို့နောက်ကွယ်က ဆရာသာ လှုပ်ရှားလာမယ်ဆိုရင် မှော်ဆန်တဲ့ အသူရာချောက်ကို စူးစမ်းဖို့အတွက် သူတို့မှာ တကယ်အရည်အချင်းရှိနေမှာကို ငါကြောက်မိတယ်။
“ကောင်းပါပြီ၊ ဇီကျင်းခန်းမထဲက အထူးဧည့်သည်တော်တွေက ယွမ်သလင်းကျောက်သုံးသန်းကမ်းလှမ်းထားပါတယ်၊ အားလုံးပဲ၊ ဈေးတိုးပေးချင်သူများ ရှိကြပါသလား”
ရေခဲဝိဉာဉ်ဂိုဏ်းက နတ်သမီးကပြောသည်။
“တောင်းပန်ပါတယ် စီနီယာ၊ ကျွန်မတို့ရဲ့ ရေခဲဝိဉာဉ်ဂိုဏ်းက ဒီတုံကင်ကိုရရမှာ ကျိန်းသေနေတယ်၊ ယွမ်သလင်းကျောက်လေးသန်း”
“လေးသန်း၊ ဈေးနှုန်းထပ်တိုးမယ့် လူကြီးမင်းများရှိပါသလား”
မီးတောက်နီဂိုဏ်းကလည်း သူများထက် သာလိုသည့်ပမာ ပြုံးရင်းဆိုသည်။
“တိုက်ဆိုင်စွာပဲ ကျုပ်ရဲ့မီးတောက်နီဂိုဏ်းကလည်း ဒီတုံကင်နဲ့ပတ်သက်ပြီး နည်းနည်း စိတ်၀င်စားနေမိတယ်၊ ယွမ်သလင်းကျောက်ငါးသန်း”
ကံကောင်းခြင်းတံခါး၀ကကုနင်က နှာခေါင်းရှုံ့သည်။ သူ့အသံက ငေါ့တော့တော့ဖြစ်နေသည်။
“ဂိုဏ်းနှစ်ဂိုဏ်းရဲ့ နောက်ခွန်အင်အားနဲ့ဆိုရင် တကယ်ပဲ အသူရာနတ်ဆိုးချောက်ကို စူးစမ်းနိုင်စွမ်းရှိတာလား၊ ငါ့ရဲ့ ကံကောင်းခြင်းတံခါး၀ကို ဦးဆောင်ခွင့်ပေးပြီး အားလုံးအတွက် အဲဒီမှာ ဘယ်လိုအန္တရာယ်မျိုးရှိသလဲဆိုတာ သိရဖို့ ဒီအသူရာနတ်ဆိုးချောက်ကို စူးစမ်းခွင့်ပေးပါလား၊ ယွမ်သလင်းကျောက်ခြောက်သန်း”
အောက်၌ ပြန့်ကြဲနေသည့်အင်အားစုများက ဤမြင်ကွင်းကိုကြည့်ရင်း အတော်လေးတုန်လှုပ်ချောက်ချားနေကြသည်။
ဈေးနှုန်းမြှင့်တက်မှုတိုင်းက ယွမ်သလင်းတစ်သန်းအထိ ရောက်သွားခဲ့လေပြီ။
တကယ်တမ်းတွင် ကုန်းတွင်းပိုင်းက ပထမတန်းစားအင်အားစုတိုင်းက ကြွယ်၀ပြီး အစွမ်းထက်ကြသည်။
သူတို့နောက်ခံ၏နက်ရှိုင်းမှုက မိမိတို့နှင့် ယှဉ်၍ပင်မရပေ။
ခြောက်သန်း…….
ယဲ့ချိုးပိုင်အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။
သူတို့လေလံတင်ခဲ့သည့် ဆေးလုံးလေးလုံးက ယွမ်သလင်းကျောက်ငါးသန်းကျော်ကျော်လေးသာရခဲ့သည်။ ယနေ့တွင် ပမာဏကကျော်လွန်သွားခဲ့သည်။
သို့စေကာမူ ရှောင်ဟိုင်၏ ခံ့ညားသည့်အသွင်ကိုမြင်သောအခါ ဤတုံကင်က ရှောင်ဟိုင်အတွက် အမှန်တကယ်ပင် အတော်လေးအရေးပါပေလိမ့်မည်။
ယဲ့ချိုးပိုင်က အစေခံမလေးကိုခေါ်ကာ ပြောလိုက်သည်။
“သွားပြီးတော့ သခင်မလေးသုံ့ကို အရင်ဆုံးယွမ်သလင်းကျောက်တချို့ကို အကြွေးကဒ်နဲ့ ချေးနိုင်မလားဆိုတာ မေးကြည့်ပေးပါ၊ လေလံပွဲပြီးသွားတဲ့အခါကျရင် ကျုပ်တို့စိတ်၀င်စားတဲ့အရာတခုခုကိုပေးပါမယ်”
အစေခံမလေးက အနည်းငယ်ထိတ်လန့်သွားပြီးနောက် တခြားမည်သည့်မေးခွန်းမှ မေးမနေတော့ဘဲ ခေါင်းညိတ်ကာ ထွက်သွားသည်။
ထို့နောက် လေလံစင်မြင့်ပေါ်၌ သုံ့ရှောင်ချင်းကို တခုခုပြောခဲ့သည်။
သုံ့ရှောင်ချင်းခပ်ယဲ့ယဲ့ပြုံးကာ အစေခံမလေးအား တခုခုပြန်၍ပြောလိုက်သည်။
အစေခံမလေးက ခန်းမသို့ပြန်ရောက်လာပြီးပြုံးကာ ယဲ့ချိုးပိုင်ကိုပြောသည်။
“သခင်မလေးက ရတယ်လို့ပြောလိုက်ပါတယ်၊ လူကြီးမင်းမှာ ဇီကျင်းတုံကင်နဲ့ ဇီကျင်းကဒ်ရှိရင် ယွမ်သလင်းကျောက် သန်းနှစ်ဆယ်ကို ရှန်ကျင်းကုန်သည်များအသင်းကနေ အပေါင်ပစ္စည်းမပါရှိဘဲ ချေးယူနိုင်ပါတယ်”
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
ရှန်ကျင်းကုန်သည်များအသင်းက နယ်နိမိတ်မဲ့နယ်မြေ၏ နံပါတ်တစ်ကုန်သည်များအသင်း ဖြစ်ထိုက်ပါသည်။
ထိုက်တန်ပါသည်။
ယွမ်သလင်းကျောက်သန်းနှစ်ဆယ်နှင့်အတူ ယဲ့ချိုးပိုင် ယုံကြည်မှုပြန်ရလာပြီး လေလံတင်လိုက်သည်။
“ယွမ်သလင်းကျောက်ဆယ်သန်း”
ထိုစကားလုံးများထွက်လာသည်နှင့်တပြိုင်နက် တတိယထပ်က ပထမတန်းစားအင်အားစုသုံးစုက တုန်လှုပ်ချောက်ချားသွားခဲ့ကြသည်။
စွမ်းအားက ဒီလောက်ထိနက်ရှိုင်းတာလား။
ဈေးနှုန်းကို ယွမ်သလင်းကျောက်ဆယ်သန်းအထိ တိုက်ရိုက်မြှင့်တင်ပစ်လိုက်တာလား။
အောက်ခြေကခုံများရှိ လူများကလည်း ဤမြင်ကွင်းကို အကြောက်တလန့်ကြည့်နေခဲ့ကြသည်။
ခရမ်းရွှေရောင်ခန်းမထဲလူကြီးက မည်သူပင်ဖြစ်လေသနည်း။
အသံကအရမ်းကျယ်တယ်လေ။
ဒီတော့ဈေးက တကယ်ပဲ ယွမ်ဆယ်သန်းအထိ မြှင့်တက်သွားတာလား။
ဒါမှမဟုတ် သူတို့အတွက် ဒီငွေဆယ်သန်းပမာဏက ငွေပမာဏနည်းနည်းပဲလား။
သုံ့ရှောင်ချင်းက စင်ပေါ်၌ အပြုံးတပွင့်ကို ဆင်မြန်းထားသည်။
“ဇီကျင်းခန်းမက အထူးဧည့်သည့်တော်တွေက ယွမ်သလင်းကျောက်ဆယ်သန်းအထိ လေလံဆွဲထားပါတယ်”
ဒုတိယထပ်ရှိ ကံကောင်းခြင်းတံခါး၀၌ အဖိုးအိုနှစ်ဦးက တစ်ဦးကိုတစ်ဦးကြည့်ရင်း အံကြိတ်လိုက်ကြသည်။
“ဒီတုံကင်ကို ကံကောင်းခြင်းတံခါး၀က ရဖို့လိုတယ်”
“ဒီထဲမှာပါတဲ့အရာတွေက ကံကောင်းခြင်းတံခါး၀ကို ဒီနယ်နိမိတ်မဲ့နယ်မြေမှာ ထိပ်ဆုံးကနေ ရပ်တည်စေနိုင်တယ်”
စကားပြော၍ပြီးသွားသောအခ့ အဖိုးအိုတစ်ဦးက အံကြိတ်ပြီးပြောသည်။
“ယွမ်သလင်းကျောက်ဆယ့်တစ်သန်း”
မီးတောက်နီဂိုဏ်း၏စွမ်းအားရှင်က အနည်းငယ်ထိတ်လန့်သွားပြီး ကျိန်ဆဲလိုက်လေသည်။
“ကံကောင်းခြင်းတံခါး၀က ရူးသွားတာလား”
“ဆေးလုံးကိုမယူခင်က ယွမ်ငါးသန်းကျော်ကို အသုံးပြုခဲ့တယ်၊ အခုသူတို့က ယွမ်သလင်းကျောက် ဆယ့်တစ်သန်းအထိ လေလံတင်ထားကြတယ်၊ ဒီလောက် ယွမ်သလင်းကျောက်တွေအများကြီး သူတို့ ဘယ်နေရာက ရခဲ့ကြတာလဲ”
ရေခဲဝိဉာဉ်ဂိုဏ်းက နတ်သမီးက နူးညံ့စွာ သက်ပြင်းချရင်း တိုက်ပွဲကို အရှုံးပေးလိုက်သည်။
ဤသည်က သူတို့၏အသုံးစရိတ်ထက် အများကြီး ကျော်လွန်နေသည်မှာ ရှင်းလင်းမြင်သာနေသည်။