Switch Mode

အခန်း (၂၉၃)

#အသူရာနတ်ဆိုးတုံကင်#

သုံ့ရှောင်ချင်းရှင်းပြပြီးနောက် လူတိုင်းသိသွားကြသည်။

ထိုသိုးသားရေလိပ်ကအဝါရောင်ပြောင်းနေပြီး အတော်လေးဟောင်းနွမ်းနေပုံရသည်။ သိုးသားရေလိပ်ပေါ်၌ တာအိုနယ်ပယ်က စွမ်းအားရှင်ဓားသမားတစ်ယောက်၏ အမွေရခဲ့သည့်စွမ်းရည်များကို မှတ်တမ်းတင်ထားသည်။

ထို့ထဲတွင် သူ့တသက်တာ ဓားပညာရပ်အပေါ် နားလည်မှုများသာမက သူလေ့ကျင့်ခဲ့သည့် ဓားပညာလည်းပါရှိသည်။

ဤသည်က ဓားသမားတစ်ယောက်အဖို့ အတော်လေးကြီးကျယ်သည့် သွေးဆောင်ဖျားယောင်မှုတခုပေတည်း။

“အဖွင့်ဈေးက ယွမ်သလင်းကျောက်လေးသိန်းဖြစ်ပြီးတော့ တကြိမ်စီတိုးမြှင့်ပေးတဲ့ ဈေးနှုန်းက ငါးသိန်းထက်နည်းလို့မရပါဘူး”

သုံ့ရှောင်ချင်းအသံထွက်လာသည်နှင့်တပြိုင်နက် အင်အားစုတချို့က အော်ဟစ်လိုက်ကြသည်။
“ငါးသိန်း”

ထို့နောက်ချက်ချင်းဆိုသလို နောက်ထပ်အင်အားစုတခုက အော်ဟစ်ပြန်သည်။
“ခုနှစ်သိန်း”

သာမန်တကွဲတပြားဖြစ်နေကြသည့် အင်အားစုများအဖို့ ဤကဲ့သို့အစွမ်းထက် တာအိုပညာရှင်၏အမွေအနှစ်ကိုသာ ရနိုင်မည်ဆိုပါက ဤသည်က ကြီးမားသည့် တိုးတက်မှုနခုကို သံသယမရှိ ဆောင်ကြဉ်းလာပေလိမ့်မည်။

ဒုတိယထပ်က ပထမတန်းစားအင်အားစုသုံးခုကလည်း ဤအစွမ်းထက်တာအိုပညာရှင်၏ အမွေအနှစ်ကို စိတ်၀င်စားနေကြသည်။

မီးတောက်နီဂိုဏ်း၏ စွမ်းအားရှင်က ရယ်မောလိုက်သည်။
“ကံကောင်းခြင်းတံခါး၀က အဲဒီဆေးလေးအတွက် ဈေးကြီးပေးထားပြီးပြီ၊ သူတို့မှာ အခုအမွေအနှစ်အတွက် တိုက်ခိုက်ဖို့ ဘာမှမကျန်တော့မှာကို ငါကြောက်နေမိတယ်၊ ဟုတ်တယ်မလား၊ ဟားဟား ၊ ယွမ်သလင်းကျောက်တစ်သန်း”

ရေခဲဝိဉာဉ်ဂိုဏ်း၏နတ်သမီးကလည်း ရယ်မောသည်။ သူမကလှောင်ပြောင်ခြင်းမဟုတ်သော်လည်း ဈေးကို ခေါ်နေဆဲပင်။

“၁.၂သန်း”

ပထမတန်းစားအဖွဲ့နှစ်ဖွဲ့၏လေလံဈေးကို ကြားရသောအခါ အောက်က အင်အားစုများ၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားကြသည်။

ဤသည်က အခြေခံအုတ်မြစ်မရှိသည့်အတွက်ကြောင့်မဟုတ်ဘဲ သူတို့နှင့် တိုက်ခိုက်ရန် ခွန်အားမရှိသောကြောင့်ပင်။

အဘယ်ကြောင့်ဆိုသော် သူတို့က ဤအင်အားစုသုံးစုကို ရန်မစရဲကြသောကြောင့်ဖြစ်သည်။

သူတို့၏နောက်ခံနှင့်ခွန်အားနှင့်ယှဉ်မည်ဆိုပါက မိမိတို့က အတော်လေးနောက်ကျနေသည်။

သူတို့၏အော်ဟစ်သံကို ကြားရသောအခါ ကံကောင်းခြင်းတံခါး၀က အနည်းငယ်ကြည့်ရဆိုးသွားသည်။

ဒါပေမယ့် ငါ့နှလုံးသားထဲမှာတော့ နောင်တမရဘူးကွ။

မည်သို့ပင်ဆိုစေကာမူ တာအိုနယ်ပယ်စွမ်းအားရှင်၏အမွေအနှစ်နှင့်ယှဉ်ပါက ဤဆေးလုံးလေးလုံး၏ အကျိုးသက်ရောက်မှုက ပို၍ကြီးမားသည်။

ယခုရောက်လာသည်က မီးတောက်နီဂိုဏ်းနှင့် ရေခဲဝိဉာဉ်ဂိုဏ်းကြားက ပြိုင်ဆိုင်မှုပင်။

ဈေးကတချိန်လုံးမြှင့်တက်နေသည်။ မကြာမီ ယွမ်သလင်းကျောင်းနှစ်သန်းအထိ မြှင့်တက်သွားသည်။

ထို့နောက်နှစ်သန်းခွဲကိုရောက်သွားပြန်သည်။ ရေခဲဝိဉာဉ်ဂိုဏ်းက ရုတ်တရက် ဈေးခေါ်နေသည်ကိုရပ်လိုက်သည်။

ချီယန်ကျောင်းအနည်းငယ် ထိတ်လန့်သွားသည်။ ချက်ချင်းဆိုသလို တဖက်လူ၏ ရည်ရွယ်ချက်က တာအိုနယ်ပယ်၏အမွေကို ရယူရန်မဟုတ်တာကို သူနားလည်သွားခဲ့သည်။

ဤသည်က နောက်ထပ်ရှေးဟောင်းအထူးပစ္စည်းပေတည်း။

ဈေးနှုန်းအမြင့်ခေါ်ရသည့်အကြောင်းရင်းက မီးတောက်နီဂိုဏ်း၏ ဘဏ္ဍာရေး အရင်းအမြစ်ကို လျှော့ချရန်အတွက်ပင်။

ဤမြင်ကွင်းကိုမြင်ရသောအခါ ကံကောင်းခြင်းတံခါး၀က ရယ်မောလိုက်လေသည်။
“နတ်မိမယ်က လှည့်ကွက်တွေ ပြုလုပ်ရာမှာ အရမ်းထူးချွန်တာပဲ”

တခဏကြာတွေဝေနေပြီးနောက် ချီယန်ကျောင်းကလည်း နှာ‌ခေါင်းရှုံ့သည်။
“ဒီလိုဆိုရင်တောင် နောက်ဆုံးရှေးဟောင်းပစ္စည်းကို အလွယ်တကူရနိုင်မယ်ထင်လား”

အင်အားစုသုံးစု၏နောက်ဆုံးပန်းတိုင်က ရှေးဟောင်းပစ္စည်းပေတည်း။

သဘာ၀က ကောင်းမွန်စွာပြင်ဆင်ပေးထားသည်။

သုံ့ရှောင်ချင်း သစ်သားတူလေးဖြင့် ခေါက်ကာပြောသည်။
“မီးတောက်နီဂိုဏ်းက လူတွေအတွက် ဂုဏ်ယူပါတယ်”

ဇီကျင်းခန်းမ၌ ရှောင်ဟိုင်မေးလိုက်သည်။
“အစ်ကို၊ အဲဒါကိုမလိုချင်ဘူးလား”

ယဲ့ချိုးပိုင်းက ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

ဓားကျင့်ကြံသူနှင့် တာအိုနယ်ပယ်၏ အမွေအနှစ်က ယဲ့ချိုးပိုင်အတွက်လည်း အသုံး၀င်ပေလိမ့်မည်။

ရှီရှန်ကလည်း သူ့ကိုကြည့်ရင်း အနည်းငယ်ဇဝေဇဝါဖြစ်နေသည်။

ယဲ့ချိုးပိုင်ပြုံးရင်း ထူးမခြားနားစွာပြောသည်။
“ငါနည်းနည်းစိတ်လှုပ်ရှားတယ်ဆိုပေမယ့် ဒီအတွက်ကြောင့်တော့မဟုတ်ဘူး”

“ဆရာပေးတဲ့ဓားပညာရပ်က ဒီတာအိုနယ်ပယ်အမွေအနှစ်ထက် ပိုအားနည်းလိမ့်မယ်လို့ မင်းတို့ထင်လား”

နှစ်ဦးစလုံးက ပြတ်ပြတ်သားသားပင် ခေါင်းခါယမ်းလိုက်ကြသည်။

“ပြီးတော့ ငါအများကြီးမစားသုံးနိုင်ဘူးလေ၊ ငါ့မှာအခုဓားပညာရပ်တွေ အများကြီးရှိနေပြီ၊ ဒါတွေကိုနားလည်ပြီးတဲ့အခါကျရင် ငါ့ရဲ့ဓားနယ်ပယ်ကို တိုးတက်အောင် လုပ်နိုင်မယ်၊ ဒီလိုဆိုရင် ငါပိုပြီး အားကောင်းလာမယ်”

ရှောင်ဟိုင်ရုတ်တရက် သဘောပေါက်နားလည်သွားရသည်။

….

နောက်တခု။

ရှန်ကျင်းလေလံပွဲက တိတ်ဆိတ်မှုထဲတွင် ကျရောက်နေသည်။ ရုတ်တရက် တိတ်ဆိတ်မှုက ကြီးစိုးသွားသော်လည်း လေထုကအနည်းငယ်ပို၍ပို၍ စိုးရိမ်ဖွယ်ရာဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးပစ္စည်းကို မကြာခင် ထုတ်ဖော်တော့မည်ဖြစ်သောကြောင့်ပင်။

အင်အားစုတိုင်းနီးပါးက ဤရှေးဟောင်းအထူးပစ္စည်းအတွက် ရောက်လာကြခြင်းဖြစ်သည်။

ဤသည်က ရှန်ကျင်းကုန်သည်များအသင်းက မည်သည့်အတွက်ကြောင့် လေလံပွဲကျင်းပရန်အတွက် ဤနယ်စပ်မြို့၌ ခြွင်းချက်တခုအဖြစ် ထားလုပ်ရသည့် အကြောင်းရင်းလည်းဖြစ်သည်။

ယခုတကြိမ်တွင် လေလံစင်ပေါ်၌ အဖိုးအိုတစ်ယောက်က စင်ပေါ်သို့ တိတ်တဆိတ် တက်လာခဲ့သည်။

ဤအဖိုးအိုက လေလံစက်ပေါ်၌ မည်သည့်အချိန်တွင် ရပ်လိုက်သည်ကိုပင် မည်သူမှ မတွေ့လိုက်ကြပါ။ ဤအဖိုးအိုက ရှန်ကျင်းကုန်သည်များအသင်း၏ အားကောင်းသည့် အဖွဲ့၀င်တစ်ဦးဖြစ်သည်မှာ သိသာထင်ရှားနေသည်။

ကံကောင်းခြင်းတံခါး၀၊ မီးတောက်နီဂိုဏ်းနှင့် ရေခဲဝိဉာဉ်ဂိုဏ်းမှ လူများက မျက်သူငယ်များ ကြုံ့လိုက်မိကြသည်။

“ရှန်ကျင်းကုန်သည်များအသင်းရဲ့ အဓိကကမ်းလှမ်းမှုရှစ်ခုထဲက တခုက မျှော်လင့်မထားစွာပဲ ဒီကိုရောက်လာခဲ့တယ်”

“ဓားဘုရင်လျန်ချန်း၊ အဲဒီအချိန်တုန်းက နယ်နိမိတ်မဲ့နယ်မြေရဲ့ ထိပ်တန်းဓားကျင့်ကြံသူ၊ နောက်ပိုင်းမှာ သူက ရှန်ကျင်းကုန်သည်များအသင်းကို ၀င်ခဲ့ပြီး အခုတော့ တာအိုနယ်ပယ်ရဲ့ အစောပိုင်းအဆင့်ကိုတောင် ရောက်နေပြီးပြီ”

သူကတာအိုနယ်ပယ်လား။

ဤသည်က လက်ရှိနယ်မြေ၌ အားအကောင်းဆုံးတိုက်ခိုက်ရေးစွမ်းအားကို ကိုယ်စားပြုသည်ဟု ဆို၍ရသည်။

“ကြည့်ရတာ ရှန်ကျင်းကုန်သည်များအသင်းက ဒီလေလံပွဲကို အတော်လေးအရေးပါတယ်လို့ သတ်မှတ်ထားပုံပဲ”

ကျန်းလျန်ချန်က ဤနေရာသို့ ရောက်လာခဲ့သည်။

ဤသည်က ရှေးဟောင်းပစ္စည်းအပေါ် တယောက်ယောက်က တိုက်ရိုက်တိုက်ခိုက်လာမည်ကို ကာကွယ်တားဆီးရန်အတွက်လည်းဖြစ်သည်။

သုံ့ရှောင်ချင်းအပြုံးဖြင့်ဆိုသည်။
“စီနီယာကျန်းကို အားလုံးသိကြမယ်လို့ ကျွန်မထင်ပါတယ်၊ သူ့ကိုသိတယ်ဆိုမှတော့ နောက်ကွယ်က စေ့ဆော်မှုတွေ မရှိလောက်တော့ပါဘူးနော်”

“အခု ရှေးဟောင်းပစ္စည်းရဲ့ အသွင်အပြင်ကို ကျွန်မဖော်ထုတ်ပြသပါတော့မယ်”

စကားပြော၍ပြီးသွားသောအခါ သူမချက်ချင်းဆိုသလို အနီရောင်အ၀တ်စကို ဆွဲဖယ်လိုက်သည်။

ကြောက်မက်ဖွယ်ရာနတ်ဆိုးစွမ်းအင်က ထိုအခိုက်အတန့်၌ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။

လူတိုင်း၏မျက်နှာအမူအရာက ထိတ်လန့်မှုအဖြစ် ပြောင်းလဲသွားရသည်။

ဤနတ်ဆိုးစွမ်းအင်က သူတို့၏စိတ်များကိုအမှန်တကယ် ထိခိုက်စေသည်။

တဒင်္ဂအတွင်းမှာပင် မရေမတွက်နိုင်လောက်သည့် အသက်ရှုသံများထွက်လာပြီး ဤအားကောင်းသည့်နတ်ဆိုးစွမ်းအင်ကို ခုခံနေကြသည်။

သုံ့ရှောင်ချင်းအဆင်ပြေနေရခြင်းမှာ ကျန်းလျန်ချန်းက သူမရှေ့တွင် ရပ်နေသောကြောင့်ဖြစ်သည်။

သူပင်လျှင် ခုခံရန်အတွက် ဓားအိမ်ကို အနည်းငယ်ဆွဲထုတ်ရန် လိုအပ်ခဲ့သည်။

ဇီကျင်းခန်းမ၌ ရှောင်ဟိုင် ထိုအခိုက်အတန့်တွင် မျက်ခုံးပင့်လိုက်မိသည်။

မျက်လုံးတစုံက အောက်ကတိုင်ပေါ်သို့ ကျရောက်နေသည်။

ဤနတ်ဆိုးစွမ်းအင်က သူနှင့်ဇစ်မြစ်တူညီပုံရသည်။

ရှောင်ဟိုင်၏ကိုယ်ကနေ ထိန်းချုပ်မရနိုင်သည့် နတ်ဆိုးစွမ်းအင်များထွက်လာသည်ယ ကံကောင်းစွာပင် ရှောင်ဟိုင်ရင်ဘတ်ရှိ ဆူးပင်၏ဆူးရွက်များက အစိမ်းရောင် အလင်းတခုကို ထုတ်လွှတ်ပေးကာ နတ်ဆိုးစွမ်းအင်ကို အပြင်ပကမ္ဘာ၌ မပျံ့လွင့်သွားစေရန်အတွက် ဖိနှိပ်လိုက်သည်။

ယဲ့ချိုးပိုင်ကလည်း ရှောင်ဟိုင်၏ ပုံမှန်မဟုတ်သည့် အခြေအနေကို တွေ့သဖြင့် လေးနက်သည့်အသံဖြင့်ပြောသည်။
“အဲဒါကဘာလဲတော့ ငါမသိဘူး၊ ဒါပေမယ့် ဒါကမင်းနဲ့တထုထုသက်ဆိုင်နေတယ်”

စင်ပေါ်ရှိတုံကင်၊ ၎င်းထဲကနေ မှော်စွမ်းအင်ထွက်လာပြီး သူ့ကိုယ်ထဲက မှော်စွမ်းအင်ကလည်း လေထဲတွင် ထင်ဟပ်နေသည်။

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
“မစိုးရိမ်နဲ့၊ ငါတို့သေချာကြည့်ကြတာပေါ့”

ရှောင်ဟိုင်၏အသွင်အပြင်က ရှားပါးသည်။

ထိုအပေါ်က အနက်ရောင်တုံကင်က သူ့အပေါ် ကြီးမားသည့်သက်ရောက်မှုတခုရှိနေသည်။

ရှောင်ဟိုင်ကလည်း ခေါင်းညိတ်ပြသည်။

လေလံစင်ပေါ်၌ ကျန်းလျန်ချန်းနောက်တွင် ရှိနေသည့် သုံ့ရှောင်ချင်းက ခပ်ယဲ့ယဲ့ပြုံးကာဆက်ပြောသည်။
“လူကြီးမင်းတို့လည်းခံစားမိမှာပါ၊ သူက မှော်စွမ်းအင်တ‌စ္ဆေပစ္စည်းတခုပါ”

“ကျုပ်တို့တိကျတဲ့လုပ်ဆောင်ချက်ကို မသိရသေးပေမယ့် ဘာလို့ ရှေးဟောင်းတစ္ဆေပစ္စည်းတခုလို့ခေါ်ရတာလဲ”

“ဘာလို့လဲဆိုတော့ ဒါက အသူရာနတ်ဆိုးချောက်ကဖြစ်နေလို့ပဲ….”

“နယ်နိမိတ်မဲ့နယ်မြေက အသက်အကန့်အသတ်နေရာတွေထဲက တခုဖြစ်တဲ့ အသူရာနတ်ဆိုးချောက်ကို ရှန်ကျင်းကုန်သည်များအဖွဲ့က ကျွန်မတို့လူတွေ စူးစမ်းတဲ့အခါ မရေမတွက်နိုင်လောက်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေ ဆုံးရှုံးခဲ့ရပြီးနောက် ဒီတုံကင်တခုကိုပဲ ယူလာနိုင်ခဲ့တယ်”

“အဲဒါမှာ ကြီးမားသည့်သက်ရောက်မှုတခုရှိတယ်လို့ထင်ရတယ်”

“ဒီတော့ အဖွင့်ဈေးဆိုတာမရှိသလို ဈေးမြှင့်ဖို့အတွက် ကန့်သတ်ချက်ဆိုတာလည်းမရှိဘူး၊ လူတိုင်းထဲက အမြင့်ဆုံးကမ်းလှမ်းနိုင်သူက အနိုင်ရမယ်”

မကြာမီ ကံကောင်းခြင်းတံခါး၀မှ အသံတစ်သံထွက်လာခဲ့သည်။

“ယွမ်သလင်းကျောက်ငါးသန်း”

ပြန့်ကြဲနေကြသည့်လူများက ထိုင်လိုက်ကြသည်။ ဤသည်ကသူတို့နှင့်မသက်ဆိုင်ပါ။

သူတို့၌ ဘဏ္ဍာရေးအရင်းအမြစ် မလုံလောက်ရံာတင်မက ဤအသက်အကန့်အသတ်နယ်မြေ၌ သူတို့ခွန်အားဖြင့် တုံကင်ကို ရခဲ့လျှင်ပင် သူတို့ကောင်းချီပေးမခံရမှာကို ကြောက်ကြသည်။

Comment

Leave a Reply

Options

not work with dark mode
Reset