Switch Mode

အခန်း (၂၉၂)

#ကြယ်ကျောက်တုံး#

လေလံပွဲကိုဆက်လက်ကျင်းပနေသည်။

ဤကာလအတွင်း ပေါ်လာသည့် ထုတ်ကုန်များက ထိုင်ခုံများတွင်ထိုင်နေသော အင်အားစုများကို ထိုင်ခုံများမှ ပြုတ်ကျစေလုနီးပါးပင်။

ရှန်ကျင်းကုန်သည်များအသင်းက တကယ်တမ်းတွင် နယ်နိမိတ်မဲ့နယ်မြေ၏ နံပါတ်တစ်ကုန်သည်များအသင်းပေတည်း။ သူတို့မဆိုထားနဲ့ သူတို့က ကျင်းပသည့် လေလံပွဲပင်လျှင် မရိုးစင်းပေ။

နောက်ထပ်ထုတ်ကုန်က ရှီရှန်း၏အာရုံကို ဖမ်းစားသွားခဲ့သည်။

သူလေလံစင်ပေါ်၌မြင်ခဲ့ခြင်းပင်။

စင်မြင့်က တဖြည်းဖြည်းမြှင့်တက်လာပြီး အပေါ်၌ လက်သီးဆုပ်ခန့်အရွယ် ကျောက်တုံးတစ်တုံးရှိနေသည်။

ကျောက်တုံးက စက်လုံးပုံသဏ္ဍာန်ရှိပြီး အပေါက်အနည်းငယ်မျှပင်မရှိသလို ပကတိသန့်ရှင်းနေကာ အတော်လေး ချောမွတ်နေပုံရသည်။

သို့စေကာမူ ထိုသာမန်ဖြစ်ပုံရသည့်ကျောက်တုံးကနေ ရှီရှန်း အတော်လေးရင်းနှီးသည့်အားတခုကို ခံစားရသည်။

ဤစွမ်းအားက ကြယ်စွမ်းအားပင်။

ယခုတကြိမ်တွင် သုံ့ရှောင်ချင်းက အပြုံးဖြင့်ဆိုသည်။
“ဒီပစ္စည်းကဝောာ့ အသုံး၀င်တဲ့လူတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ရတနာတခုဖြစ်ပြီး အသုံးမ၀င်တဲ့လူတွေအတွက် ဒါက အတော်လေးသာမန်ဆန်လွန်းတယ်၊ အမှိုက်ကျောက်တတုံးလို့တောင် ပြောလို့ရတယ်”

“ဒီကျောက်တုံးရဲ့အတွင်းဘက်က ကြယ်စွမ်းအားနဲ့ ပြည့်နှက်နေတာကို လူတိုင်းခံစားမိကြမှာပါ”

“ကြယ်စွမ်းအားက တကိုယ်တော်အညတရတွေကြားမှာ အတော်လေးထူးခြားတဲ့ တည်ရှိမှုတခုပါ၊ အခုတော့ ကြယ်စွမ်းအားကျင့်ကြံခြင်းနည်းလမ်းကလည်း ပျောက်ကွယ်သွားပါပြီ”

“ဒါကြောင့်လည်း ကျွန်မတို့က ဒီကျောက်တုံးကို ပထမဆုံး ဒါမှမဟုတ် နောက်ဆုံးမှာ မထည့်ထားဘဲ အလယ်မှာပဲထည့်ထားခဲ့တာပါ”

ဤစကားကိုကြားသောအခါ လူတိုင်း ညင်းသာစွာခေါင်းညိတ်လိုက်ကြသည်။ သူတို့ သဘောတူသည်ဟုဆိုလိုနေခြင်းပင်။

တကယ်တမ်းတွင် ကြယ်စွမ်းအားကို ရှေးဟောင်းစာအုပ်များ၌ မှတ်တမ်းတင်ထားသည်။ အစွမ်းထက်ပုဂ္ဂိုလ်များကမူ နားလည်ကြသည်။

သို့စေကာမူ ကြယ်စွမ်းအားကျင့်ကြဲခြင်းနည်းလမ်းက ပျောက်ဆုံးသွားခဲ့လေပြီ။ ထို့ကြောင့် သုံ့ရှောင်ချင်းပြောသည်က အမှားလုံး၀မရှိပါ။

ကျောက်တုံးက ကြယ်စွမ်းအားရှိသည့် တကိုယ်တော်ကျင့်ကြံသူများအပေါ်တွင်သာ ကြီးမားသည့်သက်ရောက်မှုရှိသည်။

သို့သော် ကြယ်စွမ်းအားကို မကျင့်ကြံထားသည့်သူများအတွက်မူ ဤကျောက်တုံးက အမှိုက်ကျောက်တုံးတစ်တုံးသာ။

လူတိုင်း၏ စိတ်မ၀င်စားသည့်အမူအရာများကို မြင်ရသောအခါ သုံ့ရှောင်ချင်း စိတ်မပျက်သွားခဲ့ပေ။ တကယ်တော့ ဒါက ပုံမှန်သာဖြစ်သည်။

နယ်နိမိတ်မဲ့နယ်မြေတွင် ကြယ်စွမ်းအားကို ကျင့်ကြံသည့် လူတစ်ဦးပင်မရှိလောက်ပါ။

“ကောင်းပြီ၊ ကြယ်ကျောက်တုံးကို လေလံတင်ပါမယ်၊ ကနဦးအဖွင့်ဈေးက ယွမ်သလင်းကျောက်ငါးသောင်းပါ”

ရှန်ကျင်းလေလံပွဲတွင် သတ်မှတ်လိုက်သည့် ငါးသောင်းကို ဈေးနှုန်းအနိမ့်ဆုံးလေလံပစ္စည်းတခုအဖြစ်ပင် သတ်မှတ်၍ရသည်။

လူအနည်းစုကသာ ဤပစ္စည်းကို မျက်စိကျလိမ့်မည်ဟု ခန့်မှန်းနိုင်သည်။ ဤလူများသည်ပင်လျှင် ဘာမှလုပ်စရာ မရှိတော့လောက်သည်အထိ ယွမ်သလင်းကျောက် ပေါများသည့်သူများသာ။

ယခုလိုပစ္စည်းများကို စိတ်၀င်စားသည့် အင်အားစုများကလည်း မကြာခဏရှိတတ်သည်။

“ယွမ်ငါးသောင်း”

ဤသည်က ကံကောင်းခြင်းတံခါး၀ပင်။

မီးတောက်နီဂိုဏ်းက နှာခေါင်းရှုံ့သည်။
“ဘာလို့လဲ၊ ကံကောင်းခြင်းတံခါး၀မှာ ကြယ်စွမ်းအားကိုကျင့်ကြံဖို့အတွက် ကြီးမားတဲ့စွမ်းရည်တခုခု ရှိနေတာလား”

သူ့အသံကမကျေမနပ်မှုများဖြင့် ပြည့်နှက်နေသည်။ လေလံပွဲပထမအကျော့က လက်တုံ့ပြန်မှုအပေါ် သူဒေါသထွက်နေသေးသည်မှာ သိသာထင်ရှားနေသည်။

ကံကောင်းခြင်းတံခါးဏက ရယ်မောကာ အေးအေးဆေးဆေးပင်တုံ့ပြန်သည်။
“ဘာပဲဆိုဆို ဒါကဈေးမကြီးဘူးလေ၊ တကယ်လို့ သုတေသနလုပ်ဖို့အတွက် ၀ယ်လိုက်မယ်ဆိုရင် ကြယ်စွမ်းအားကျင့်ကြံခြင်းနည်းလမ်းကို လေ့လာနိုင်မှာပဲလေ၊ မင်းရောအဲလိုမထင်ဘူးလား”

ရေခဲဝိဉာဉ်ဂိုဏ်းက နတ်သမီးကပြောသည်။
“ကြယ်စွမ်းအားကျင့်ကြံခြင်းနည်းလမ်းကို ဒီလောက်လွယ်လွယ်ပုံဖော်နိုင်မယ်ဆိုရင် ဘယ်သူမှ နှစ်သိန်းချီကြာ လေ့ကျင့်နေစရာမလိုတော့ဘူးလေ”

တတိယထပ်က ဇီကျင်းခန်းမ၌ ယဲ့ချိုးပိုင်က ရှီရှန်း၏အမူအရာကိုကြည့်ပြီး ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။
“ညီလေး၊ ဒါကမင်းအတွက် အလုပ်ဖြစ်လား”

ရှီရှန်းလေးလံစွာခေါင်းညိတ်သည်။
“အဲကျောက်တုံးထဲမှာပါတဲ့ ကြယ်စွမ်းအားတွေက ကျွန်တော့အတွက် ကြယ်ထွက်လာတဲ့ မှောင်မိုက်တဲ့ညတာကို သွားနေစရာမလိုဘဲ လေ့ကျင့်ဖို့အတွက်လုံလောက်တယ်”

ဤကဲ့သို့ဆိုလိုခြင်းပင်။ သူ့တွင် ကြယ်ကျောက်တုံးရှိနေသရွေ့ ရှီရှန်းနေ့တာတွင်ပင် လေ့ကျင့်နိုင်သည်။

တချိန်တည်းမှာပင် ကြယ်စွမ်းအားကို အသုံးပြုပြီး အရာများစွာကိုလည်း လုပ်ဆောင်နိုင်သည်။

ဤသို့ဖြစ်လာသောအခါ ယဲ့ချိုးပိုင်း အသံကိုဖုံးကွယ်ပြီးပြောလိုက်သည်။
“ယွမ်းသလင်းကျောက်ခြောက်သောင်း”

လူတိုင်းခေါင်းထောင်ကာ ဇီကျင်းခန်းမသို့ စိုက်ကြည့်လိုက်ကြသည်။

ဤသည်က ဇီကျင်းခန်းမက ပထမဆုံးအသံကို သူတို့ကြားလိုက်ရခြင်းပေတည်း။

ကံကောင်းခြင်းတံခါး၀ကလည်း ခေါင်းနော့ကာ တတိယထပ်ကို ကြည့်လိုက်သည်။

သို့စေကာမူ သူကလက်နှစ်ဖက်ဆုပ်ကာပြောသည်။
“တတိယထပ်က စီနီယာက ဒီကျောက်တုံးကို လိုချင်မှတော့ ကျုပ်တို့ ကံကောင်းခြင်းတံခါး၀က မတိုက်ခိုက်တော့ပါဘူး”

ကံကောင်းခြင်းတံခါး၀၏စွမ်းအားရှင်က ဇီကျင်းခန်းမထဲကလူကထိပ်သီးစွမ်းအားရှင်တယောက်ဟု ထင်မှတ်နေသည်မှာ သိသာထင်ရှားနေသည်။ ထို့ကြောင့် သူ့သဘောထားက အတော်လေး လေးစားမှုပြည့်၀နေခြင်းပင်။

မည်သို့ပင်ဆိုစေကာမူ ဇီကျင်းတုံကင်ရှိသူတိုင်းကို လေးစားရန်လိုအပ်သည်။ ဤကဲ့သို့လူမျိုးက ရန်သူမဖြစ်ထိုက်ပေ။

မဟုတ်ပါက ဤသည်က ကံကောင်းခြင်းတံခါး၀အတွက် ကပ်ဘေးတစ်ခုကို ယူဆောင်လာပေလိမ့်မည်။

ရှန်ကျင်းကုန်သည်များအသင်း၏ ‌ခရမ်းရွှေရောင်အမိန့်က လွန်ခဲ့သည့် နှစ်သောင်းချီအတွင်းမှာပင် သုံးခုသာထုတ်ပေးခဲ့သည်။ (သူတို့က ယဲ့ချိုးပိုင်ကို ပေးထားသည်များကို မသိကြသေးပါ)

ယဲ့ချိုးပိုင်ကလည်း ဟန်ဆောင်လိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ်”

ကံကောင်းခြင်းတံခါး၀က ကုနင် ၀မ်းသာသွားပြီး လက်သီးဆုပ်ကာပြန်ထြေသည်။
“ကျုပ်စီနီယာကို ကံကောင်းခြင်းတံခါး၀မှာ ဧည့်သည်တစ်ဦးအဖြစ် ဖိတ်လို့ရမလား သိပါရစေ”

မီးတောက်နီဂိုဏ်းက အစွမ်းထက်ပုဂ္ဂိုလ်များ၏ မျက်နှာအမူအရာများက ပြောင်းလဲသွားကြသည်။

အကယ်၍ ကံကောင်းခြင်းတံခါး၀က လူများနှင့် ဇီကျင်းတုံကင်နှင့်စွမ်းအားရှင်ကသာ အမှန်တကယ်ဆက်နွှယ်သွားမည်ဆိုပါက သူတို့အတွက် ကောင်းသောအရာတခုမဟုတ်ပေ။

တခုခုပြောရန်ပြင်နေစဉ်မှာပင် ဇီကျင်းခန်းမက ထွက်လာသည့်စကားလုံးများက သူတို့ကို ကျယ်လောင်စွာ မရယ်မိဘဲ မနေနိုင်လုနီးပါးပင်။

“မလိုပါဘူး”

ကံကောင်းခြင်းတံခါး၀ကလူက ညင်သာစွာသက်ပြင်းချလိုက်သည်။ သို့သော်သူက အများကြီးတွေးတောမနေပါ။

မည်သို့ပင်ဆိုစေကာမူ သူတို့စိတ်ထဲတွင် ဤကဲ့သို့အဆင့်မျိုးရှိသည့် စွမ်းအားရှင်တယောက်က ဆက်ဆံရေးတခုကို ယခုလို အလွယ်တကူစတင်နိုင်သည်ဟု တွေးတောခြင်းကပင် တစ္ဆေတကောင်ပမာဖြစ်နေပေလိမ့်မည်။

သုံ့ရှောင်ချင်းလည်း အံ့ဩမသွားခဲ့ပေ။

ဤကျောက်တုံးက အရင်က ကြယ်စွမ်းအားကို ကျင့်ကြံခဲ့သည့် လူတစ်ယောက်က မှတ်တမ်းတင်ထားခဲ့ခြင်းဖြစ်ရပေမည်။

သို့သော် ဤသည်က ရှန်ကျင်းကုန်သည်များအသင်းက တမင်တကာလုပ်ခဲ့ခြင်းပင်။

အရင်ရက်များကဆိုပါက ရှန်ကျင်းကုန်သည်များအသင်းက ဤကဲ့သို့ကျောက်တုံးမျိုးကို လေလံမတင်ဘဲ ၎င်းတို့၏ ကိုယ်ပိုင်စာရင်းတွင်သာ သိမ်းဆည်းထားတတ်သည်။

အဆုံးသတ်တွင် ဤကဲ့သို့ပစ္စည်းမျိုးက အကယ်၍ သင်ကအသုံး၀င်သည်ဟု ပြောပါက အသုံး၀င်မည်။ အသုံးမ၀င်ဘူးဟု ပြောပါက အမှန်တကယ်အသုံးမ၀င်ပေ။

ရောင်းချခြင်းကို ဈေးနှုန်းအမြင့်တခုသတ်မှတ်၍မရောင်းချနိုင်ပေ။ ထို့ကြောင့် အနာဂတ်တွင် အသုံး၀င်လာနိုင်သည့်အပေါ် သိမ်းဆည်းထားခြင်းသာပိုကောင်းသည်။

သို့သော် ရှီရှန်းရောက်လာသောအခါ သုံ့ရှောင်ချင်း စိတ်ကိုပြောင်းခဲ့သည်။

ဒီကြယ်ကျောက်တုံးကို လေလံစင်မြင့်ပေါ် တင်လိုက်ကြရအောင်။

ငါဘာလို့သူ့ကိုဒီအတိုင်းမပေးလိုက်ရတာလဲ။

တထါတလေ တခြားတဘက်ကို တမင်တကာဆွဲဆောင်ပြီး အနိုင်ယူဖို့အတွက် ကြိုးစားမယ်ဆိုရင် ဒါက အကျိုးဖြစ်ထွန်းမှာမဟုတ်ပါဘူး။

ထို့ကြောင့်လည်း သုံ့ရှောင်ချင်းက ဤကျောက်တုံးကို လေလံတင်ခဲ့ခြင်းပင်။

မည်သို့ပင်ဆိုစေကာမူ ရှီရှန်းတဦးတည်းကသာ ဤကျောက်တုံးကို သိမ်းယူပေလိမ့်မည်။

သစ်သားတူလေးကို သုံးကြိမ်တိတိ ထုချလိုက်ပြီးနောက် သုံ့ရှောင်ချင်းပြုံးလိုက်သည်။
“ဒီကြယ်ကျောက်တုံးကို ဇီကျင်းခန်းမက အထူးဧည့်သည်တော်တွေ ပိုင်ဆိုင်သွားပါပြီ”

လေလံပွဲကဖြည်းဖြည်းချင်းဆက်သွားနေသည်။ အောက်က ပြန့်ကြဲနေသည့်ခုံများ၌ ဤသည်က အရှိန်ဖြင့် ခရီးနှင်နေသော်လည်း ဒုတိယထပ်နှင့် ယဲ့ချိုးပိုင်တို့ သုံးဦးတို့ကမူ နောက်ပိုင်းလေလံတင် ပစ္စည်းများကို စိတ်မ၀င်စားကြတော့ပါ။

သူတို့ကနောက်ဆုံးအပိုင်းနှစ်ပိုင်းကို စောင့်နေကြခြင်းပင်။ ပထမတခုက တာအိုနယ်ပယ်က စွမ်းအားရှင်၏အမွေအနှစ်ဖြစိသည်။

ဒုတိယတခုက ထိုရှေးဟောင်းအထူးပစ္စည်းဖြစ်သည်။

နောက်ဆုံးတွင် နေ့တ၀က်ခန့်ကုန်ဆုံးသွားပြီးနောက် သုံ့ရှောင်ချင်းက အပြုံးဖြင့် ပြောလာသည်။
“ဒီတခါ လူတိုင်းရှင်ကျန်းလေလံပွဲကို တက်လာရတဲ့အကေ့ာင်းရင်းက ပစ္စည်းနှစ်ခုကြောင့် ဖြစ်ရမယ်”

“အခု ကျွန်မတို့လေလံတင်မှာက ပထမလေလံတင်မယ့်နေရာမှာထားသင့်တဲ့ တာအိုနယ်ပယ်စွမ်းအားရှင့်ရဲ့အမွေအနှစ်ပါ”

စကားပြောပြီးနောက် မဏ္ဍိုင်တိုင်များက မြှင့်တက်သည်။ ထိုမဏ္ဍိုင်ပေါ်၌ အဝါရောင်ပြောင်းနေသည့် သိုးသားရေလိပ်တစ်လိပ်က စင်ပေါ်၌ တိတ်ဆိတ်စွာ လဲလျောင်းနေလေသည်။

ဘာတခုမှမဖြစ်ပျက်ခဲ့သော်လည်း ဤသည်က လူတိုင်း၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ယင်းထဲတွင် တာအိုနယ်ပယ်စွမ်းအားရှင်တဦး၏ အမွေအနှစ်ကို မှတ်တမ်းတင်ထားသည့်အတွက်ကြောင့်ပင်။

သူကတာအိုနယ်ပယ်ဖြစ်သည်။

နယ်နိမိတ်မဲ့နယ်မြေတွင်ပင် လူအများကြီးမရှိပေ။

တာအိုနယ်ပယ်သို့ ခြေချနိုင်သည့် ကျင့်ကြံသူများက ဤနယ်ပယ်တွင်တင်မက အဆင့်နိမ့်လတ္တီကျူပိုင်နက် တခုလုံးတွင်ပင်လျှင် ထိပ်တန်းစွမ်းအားရှင်များဖြစ်ကြသည်။

သုံ့ရှောင်ချင်းပြုံးကာ သူမလက်ထဲက သစ်သားတူလေးကို ဝှေ့ယမ်းရင်းပြောသည်။
“အမွှေအနှစ်လေလံပွဲကို ကျင်းပမယ်”

Comment

Leave a Reply

Options

not work with dark mode
Reset