ရှန်ကျင်းကုန်သည်များအသင်း။
နယ်နိမိတ်မဲ့နယ်မြေထဲက အစွမ်းထက်ဆုံး ကုန်သည်များအသင်းတဖြစ်လဲ ၎င်းက ကျင်းပသည့် လေလံပွဲက အတော်လေး ထူးခြားသည်။
ရလဒ်အဖြစ် ပြည်တွင်းထဲက မရေမတွက်နိုင်လောက်သော အင်အားကြီးအဖွဲ့များက ဤလေလံပွဲတွင် ပါ၀င်ရန်အတွက် ဤနယ်စပ်မြို့သို့ မိုင်ထောင်ပေါင်းများစွာကနေ ခရီးနှင်လာခဲ့ကြသည်။
အောက်ကလူများက သုံ့ရှောင်ချင်းပေါ်လာသည်ကို မြင်သောအခါ သူတို့၏ စွဲလန်းနေသည့် အကြည့်များကို ပြသလာကြသည်။
“သုံ့ရှောင်ချင်းကိုယ်တိုင် ဒီလေလံပွဲကို ကျင်းပလိမ့်မယ်လို့ ကျုပ်တကယ်မမျှော်လင့်ထားခဲ့ဘူး”
“မှန်တယ်၊ သုံ့ရှောင်ချင်းရဲ့တကယ့်ပုံစံက ရှန်ကျင်းကုန်သည်များအသင်းခေါင်းဆောင်၏ တူမဖြစ်တယ်၊ သူ့ရဲ့ ပုံစံက တမူထူးခြားပြီး ဒီနယ်နိမိတ်မဲ့နယ်မြေမှာ အတော်လေးလူသိများတယ်”
“ကြည့်ရတာ ဒီလေလံပွဲက တကယ်တန်ဖိုးရှိပုံပဲ”
ဒုတိယထပ်ကလူများသာလျှင်သိကြသည်။
ဤလေလံပွဲကို သုံ့ရှောင်ချင်းကိုယ်တိုင် ကျင်းပခြင်းထက် တခြားပို၍သင့်တော်သောသူမရှိတော့ပါ။
တကယ်လို့ တခြားလူတွေကို ကျင်းပဖို့ ခွင့်ပြုပေးမယ်ဆိုရင် ဒါကပုံမှန်မဟုတ်မှာကိုတောင် ငါကြောက်နေမိတယ်။
တာအိုနယ်ပယ်က အားကောင်းသူရဲ့ အမွေအနှစ်လေ။
ပြီးတော့ အဲဒီထူးခြားပစ္စည်း။
ဤအရာအားလုံးက မည်သည့်အင်အားစုကမဆို မည်မျှပင်ကုန်ကျပါစေ ရအောသ် ယူမည့် တည်ရှိမှုများပင်။
သို့သော် ဒုတိယအလွှာ၌ ပြည်တွင်းက ကြီးမားသည့်အင်အားစုများရှိကြသည်။
ယခုတွင်မူ အားလုံး၏ အကြည့်က တတိယအထပ်သို့ ကျရောက်နေကြသည်။
ခရမ်းရွှေခန်းမ!
မီးမလင်းသည်မှာ အချိန်အတော်လေး ကြာနေခဲ့သည့် ဤခန်းမက ယခုတွင်မူ ခရမ်းရွှေရောင်ဖျော့ဖျော့ အလင်းဖြင့် တောက်ပနေသည်။
ဤသည်ကဆိုလိုသည်က တတိယအထပ်၏ ဇီကျင်းခန်းမတွင် လူများရှိနေသည်ကိုပင်။
ဇီကျင်းခန်းမထဲကို ဘယ်သူတွေ ၀င်နိုင်တာလဲ။
ဇီကျင်းတုံကင်ရှိသူတွေကပဲ တတိယထပ်ကို၀င်ရောက်ခွင့်ရကြတာလေ။
ဇီကျင်းအမိန့်သာမရှိပါက နယ်နိမိတ်မဲ့နယ်မြေမှာ ထိပ်တန်းစွမ်းအားရှင်ဟု သတ်မှတ်၍ရသည့်သူသာလျှင် အဆင့်မှီသည်။ ဥပမာဆိုရပါက နယ်နိမိတ်မဲ့နယ်မြေ၏ အင်ပါယာဖြစ်သည့်
သဟဇာတတာအိုနယ်ပယ်၏ အထွပ်အထိပ်တည်ရှိမှုမျိုးပင် ၀င်၍မရပါ။
သို့စေကာမူ နယ်နိမိတ်မဲ့နယ်မြေ၏ အရင်းအမြစ် ၇၀ရာခိုင်နှုန်းနီးပါးနှင့် သလင်းကျောက်များ၏ စီးဆင်းနှုန်းက ရှန်ကျင်းကုန်သည်များအသင်းကို မှီခိုအားကိုးရန် လိုအပ်သည်။
ထို့ကြောင့် နယ်နိမိတ်မဲ့နယ်မြေ၏ အင်ပါယာပင်လျှင် ရှန်ကျင်းကုန်သည်များအသင်းကို အလွယ်တကူစော်ကား၍မရပေ။
ရှန်ကျင်းကုန်သည်များအသင်း ဖျက်ဆီးခံလိုက်ရပါက ၎င်းက သူနှင့်ဆန့်ကျင်ကာ ရပ်လိုက်မည်ဖြစ်ပြီး နယ်နိမိတ်မဲ့နယ်မြေတခုလုံး ကြီးမားသည့်သက်ရောက်မှုတခု ရှိလာပေလိမ့်မည်။
ရှန်ကျင်းကုန်သည်များအသင်းက နယ်နိမိတ်မဲ့နယ်မြေတွင် အန္တရာယ်အနည်းဆုံး တည်ရှိမှုတခုဟုဆို၍ရသည်။
သို့သော် ဇီကျင်းတုံကင်ကို ပိုင်ဆိုင်ထားသူက မည်သူပင်ဖြစ်လေသနည်း။
ရှေးခေတ်ကတည်းကပင် ခရမ်းရွှေရောင်အမိန့်ကို သုံးကြိမ်သာ ထုတ်ပေးခဲ့သည်။ ထို့နောက်နှစ်ပေါင်းသောင်းချီ ကြာမြင့်သွားခဲ့သည်။
ဇီကျင်းတုံကင်ရှိသည့်လူများ၏ခွန်အားက သူတို့အလွယ်တကူ ရန်စစော်ကား၍ရသည့် အရာတခုမဟုတ်ခဲ့ပါ။
သို့သော် သူတို့မသိသည်က ဇီကျင်းခန်းမထဲတွင် နတ်ဘုရားတပိုင်းနယ်ပယ်နှင့် ရှန်းယွမ်နယ်ပယ်က လူသုံးယောက်သာ ဖြစ်နေသည်ကိုပင်။
တချိန်တည်းမှာပင် လေလံစင်ပေါ်၌ ပလက်ဖောင်းပဏ္ဍိုင်တခုက တဖြည်းဖြည်း မြှင့်တက်လာခဲ့သည်။
စင်မြင့်ပေါ်၌ ကျောက်စိမ်းပုလင်းတစ်ပုလင်းရှိနေခဲ့သည်။
သုံ့ရှောင်ချင်းကပြုံးသည်။ သူမ၏အပြုံးက ညို့ယူဖမ်းစားနေသော်လည်း အရမ်းကြီးစွဲမက်စရာတော့မကောင်းပါ။
ဆန့်ကျင်ဘက်ပင် မှောင်မိုက်သည့် ကမ္ဘာတခုထဲက ထွက်လာသည့် ကြာပန်းကဲ့သို့ပင် အညစ်အကြေးစွန်းထင်းခြင်းမရှိဘဲ ရွှံ့ထဲကနေ ထွက်လာသည့်ပမာ။
စင်ကြယ်မှုနှင့် ညို့ယူဖမ်းစားမှုက အစွန်းနှစ်ဖက်ဖြစ်သည်။ သို့သော် ဤသည်က လူတစ်ယောက်ထံတွင် ပေါ်လာနိုင်ပေသည်။
ဤသည်အပြင် မည်သည့်ပဋိပက္ခမှမရှိဘဲ သဟဇာတဖြစ်လွန်းနေသော်လည်း လူများကို သာမန်ဟုသာခံစားရစေသည်။ ဤသည်က အတော်လေးရှားပါးသည်။
“အားလုံး ရှန်ကျင်းလေလံပွဲရဲ့ စည်းမျဉ်းတွေကို သိကြမယ်လို့ထင်ပါတယ်”
“ပုံမှန်လိုမျိုး ပထမအပိုင်းနဲ့ နောက်ဆုံးအပိုင်းကတော့ အရေးအကြီးဆုံးပါပဲ”
“ဒါပေမယ့် အခုလေးတင် ကျွန်မတို့ ရှန်ကျင်းကုန်သည်များအသင်းက အရမ်းကို ရှားပါးတဲ့ ဆေးလုံးတမျိုးကို ရခဲ့တာမို့ ပထမအပိုင်းမှာ ထည့်သင့်တဲ့ အစွမ်းထက်တာအိုတပါးရဲ့အမွေအနှစ်ကို ဒီတခုရဲ့ နောက်မှာ ရှိသင့်တယ်လို့ သဘောတူခဲ့ကြပါတယ်”
သုံ့ရှောင်ချင်းပြောသည်ကိုကြားသောအခါ အင်အားစုအားလုံးမှလူများ အံ့ဩသင့်သွားကြသည်။
ရှားပါးပြီးအဖိုးတန်တဲ့ ဆေးလုံးတလုံးက တာအိုနယ်ပယ်က သန်မာသူတစ်ယောက်ထက်တောင် သာလွန်သွားတာလား။
ဒီဆေးကဘယ်အဆင့်လဲ။
ရှန်ကျင်းကုန်သည်များအသင်း၏ အကဲဖြတ်မှုအဆင့်ကို မည်သူမှ သံသယမရှိကြပါ။
သူတို့ကယခုလိုဆုံးဖြတ်ချက်တခု ချလာမှတော့ သူတို့တွင် အကြောင်းရင်းများ ရှိရပေမည်။
သို့စေကာမူ လူတိုင်းကို စူးစမ်းလိုစိတ် ဖြစ်ပေါ်စေသည်က ကျောက်စိမ်းပုလင်းထဲတွင် မည်ကဲ့သို့ ဆေးလုံးမျိုးရှိနေသည်ကိုပင်။
ဒုတိယအထပ်က စွမ်းအားရှင်များပင် စူးစူးရဲရဲ စိုက်ကြည့်နေကြပြီး သူတို့၏မျက်လုံးများက တောက်လောင်နေသည့် အော်ရာများဖြင့် ပြည့်နှက်နေကြသည်။
သူတို့က ကျောက်စိမ်းပုလင်းထဲက ဆေးကိုမြင်ချင်ကြသည်။ သို့စေကာမူ ၎င်းက အဆုံးမဲ့ဘ၀၏ အဓိပ္ပာယ်ဖြင့် ပြည့်နှက်နေလေရာ အထဲက ဆေးလုံးကို ဖောက်ထွင်းမမြင်ရပါ။
တတိယထပ်က ဇီကျင်းခန်းမ၌ ရှီရှန်းရယ်မောကာ ပြောလိုက်သည်။
“ကြည့်ရတာ သူတို့က ပစ္စည်းကိုသိနေပုံပဲ”
ယဲ့ချိုးပိုင်ကလည်း အပြုံးဖြင့်ခေါင်းညိတ်ပြသည်။
ဆရာသန့်စင်ထားသည့်ဆေးလုံးက သေချာပေါက်သာမန်ဖြစ်မည်မဟုတ်ပေ။
တဖက်လူ၏လုပ်ဆောင်ချက်များကလည်း သူတို့က ယဲ့ချိုးပိုင်နှင့်ကျန်နှစ်ယောက်ကို အမှန်တကယ် တန်ဖိုးထားနေသည်ကို ဆိုလိုနေခြင်းပင်။
သူတို့စမ်းသပ်မှုကို အောင်မြင်ခဲ့ကြသည်။
လေလံစင်မြင့်ပေါ်၌ သုံ့ရှောင်ချင်းက ဆက်လက်ရှင်းပြနေသည်။
“ဒီဆေးလုံးရဲ့အာနိသင်ကို ရှန်ကျင်းကုန်သည်များအသင်းရဲ့ အကဲဖြတ်သူက အကဲဖြတ်ထားပါတယ်၊ အတော်လေး အစွမ်းထက်ပါတယ်၊ အရေးပေါ်အခြေအနေမှာ ဒီဆေးလုံးက လူကြီးမင်းတို့ရဲ့အသက်ကိုတောင် ကယ်တင်ပေးနိုင်ပါတယ်လို့ ပြောထားပါတယ်”
“ကျွန်မတို့လို အညတရတွေအတွက် ဘ၀ဆိုတာ အမြဲတမ်းအတွက် အရေးအကြီးဆုံးအရာတခုဆိုတာ လူတိုင်း သိထားသင့်ပါတယ်”
“ကျွန်မတို့ဘာလို့ တာအိုလမ်းစဉ်ကို လေ့ကျင့်နေရတာလဲ၊ တာအိုလမ်းစဉ်ကို ထိုးဖောက်ဖို့အတွက်မလား၊ စွမ်းအားအတွက်မလား၊ ကုန်ကုန်ပြောရရင် အသက်ရှည်ဖို့အတွက်မလား”
စင်အောက်ကတယောက်ကမေးသည်။
“သခင်မလေးသုံ့၊ ကျုပ်တို့ကိုအရူးလုပ်မနေပါနဲ့တော့၊ ဒီဆေးလုံးက ဘာအတွက်လဲဆိုတာ ကျုပ်တို့ကိုပြောပြပါ”
ဒုတိယအထပ်က စွမ်းအားရှင်များကလည်း သိလိုစိတ်ပြင်းပြနေကြသည်။
ကုသဆေးတမျိုးလား။
သို့သော် တာအိုနယ်ပယ်က သန်မာသည့်လူတစ်ယောက်၏ အမွေအနှစ်ကို သာမန်ကုသဆေးလုံးမျိုးက မည်သို့မည်ပုံအစားထိုးနိုင်မည်နည်း။
သုံ့ရှောင်ချင်းခပ်ယဲ့ယဲ့ပြုံးကာ ရှေ့တလှမ်းတိုးလိုက်သည်။
“ဆေးလုံးရဲ့လုပ်ဆောင်ချက်ကတော့ အရမ်းရိုးရှင်းပါတယ်၊ ဝိဉာဉ်စွမ်းအင်ကို ပြန်လည်ရရှိစေတာပါ”
လူအုပ်ကြီးက ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်။
ဒါကမှော်ဆေးလုံးမဟုတ်ဘူးလား။
အော်ရာကိုရရှိစေတာလေ။
ဒါကအဖိုးတန်တာလား။
ဒီဆေးလုံးမျိုးက နေရာတိုင်းမှာရှိတယ်လေ။
ကျုပ်တို့ကိုလာနောက်နေတာလား။
သို့စေကာမူ သုံ့ရှောင်ချင်း၏ နောက်ထပ်စကားလုံးများက လူတိုင်းကို နှုတ်ဆိတ်သွားစေသည်။
“ဟုတ်ပါတယ်၊ ဒီဆေးလုံးကနေ ရရှိလာတဲ့ ဝိဉာဉ်စွမ်းအင်က ဒန်တျန်ထဲက ချို့ယွင်းနေတဲ့ ဝိဉာဉ်စွမ်းအင်အားလုံးကို ချက်ချင်းဖြည့်ဆည်းပေးပါတယ်၊ တချိန်တည်းမှာပဲ ဘေးထွက်ဆိုးကျိုးမရှိပါဘူး”
“အားလုံးရှင်းရှင်းလင်းလင်းကြားကြပါရဲ့လား၊ ဒါကချက်ချင်းဖြည်းဆည်းပေးတာပါ”
အောက်ကလူအားလုံးက ထိတ်လန့်သွားကြသည်။
ဈေးထဲတွင် အော်ရာကိုရရှိစေသည့် ဆေးလုံးများစွာရှိပါသည်။ များသောအားဖြင့် ဖြည်းဖြည်းချင်းသာ တုံ့ပြန်ပြီး အရှိန်ကအတော်လေးနှေးသည်။ တုံ့ပြန်မှုပိုမြန်လေလေ၊ ဆေးလုံးကပို၍ ဈေးကြီးလေလေဖြစ်သည်။
ဒါပေမယ့်ဒီဆေးလုံးက ချက်ချင်းရရှိစေတာလား။
ဒုတိယထပ်က စွမ်းအားရှင်များက နောက်ဆုံးတွင် အသံပြုလာသည်။
“အပြည့်အ၀ ဘယ်နယ်ပယ်ထိလဲ”
ထိုမေးခွန်းကိုကြားသောအခါ သုံ့ရှောင်ချင်းခပ်ယဲ့ယဲ့ပြုံးပြီး ဖြတ်သွားသည့် ကြယ်ကလေးများအလား သူမ၏မျက်လုံးအစုံ၌ အလင်းတစ တောက်ပသွားသည်။
စကားတခွန်းပြီးတကြိမ်ရပ်ကာ သူမလေးနက်သည့်အသံဖြင့်ပြောသည်။
“လက်ရှိ ကုန်သည်များအသင်းက အကဲဖြတ်သူရဲ့ ဆုံးဖြတ်ချက်အရ ဒီဆေးလုံးက တာအိုနယ်ပယ်က အားကောင်းတဲ့လူတစ်ယောက်ဖြစ်နေရင်တောင် ချက်ချင်းပြန်လည်ပြည့်၀ကောင်းမွန်လာအောင် လုပ်ပေးနိုင်တယ်၊ ဒါတင်မပဲ ဒီထက်တောင်ပိုနိုင်သေးတယ်….”
ဤစကားကိုပြောလိုက်ပြီးနောက် လူတိုင်းနားထောင်ပြီးသွားပြီဖြစ်ကာ လေးလံသည့် အသက်ရှုသံများ ထွက်ပေါ်လာကြသည်။
ဒုတိယထပ်က ခန်းမထဲရှိ တန်နင်က ဂုဏ်သိက္ခာပြည့်၀သည့် အကြည့်တခုကို ပြသရင်း သူ့ဘေးကလူကိုပြောလိုက်သည်။
“ဘယ်လောက်ပဲကုန်ကျကုန်ကျ ဒီဆေးပုလင်းကို ရအောင်ယူ”
အကယ်၍ အာနိသင်ကသာ သုံ့ရှောင်ချင်းပြောသကဲ့သို့ ဖြစ်နေမည်ဆိုပါက ၎င်း၏ တန်ဖိုးက တာအိုနယ်ပယ်က အစွမ်းထက်ပညာရှင်၏ အမွေအနှစ်ထက် အများကြီး သာလွန်နေသည်။
သူတို့ပိုက်ဆံအများကြီးအကုန်ခံရပြီး ရယူဖို့အတွက် ထိုက်တန်ပါသည်။
လူတိုင်း၏မျက်နှာအမူအရာကို မြင်ရသောအခါ သုံ့ရှောင်ချင်းပြုံးလိုက်၏။ သူမ၏ရည်ရွယ်ချက် အောင်မြင်သွားခဲ့တာကို သူမကောင်းကောင်းသိသည်။ သူမက လူတိုင်း၏ဆာလောင်မှုကို အောင်မြင်စွာ မြှင့်တင်ပေးနိုင်ခဲ့သည်။
ထို့နောက် သူမသစ်သားတူတစ်ချောင်းကို ထုတ်ပြီး အပြုံးဖြင့်ဆိုသည်။
“ကျောက်စိမ်းပုလင်းထဲမှာ ဆေးလုံးလေးလုံးရှိပါတယ်၊ စတင်ဈေးနှုန်းကတော့ ၀ပါ၊ ဈေးတကြိမ်တိုးပေးတိုင်း ယွမ်တသိန်းထက် နည်းလို့မရပါဘူး”
အသံများက တိတ်ကျသွားသည်။
ဒုတိယထပ်ရှိ ခန်းမများအနက် တခှမှ အသံတစ်သံထွက်ပေါ်လာခဲ့သည်။
“ယွမ်ငါးသိန်း”
ဤသည်ပထမဆုံး
ဈေးနှုန်းပေတည်း။
ပထမဈေးကပင် ငါးသိန်းအထိ ရောက်ရှိသွားခဲ့သည်။
ဤငါးသိန်းပမာက ယွမ်ချီမြို့က ယွမ်မိသားစုပိုင်မြေ၏ ၈၀ရာခိုင်နှုန်းနှင့် ညီမျှသည်ဟုဆို၍ရသည်။