လေလံပွဲကျင်းပရာနေရာကို ရှန်ကျင်းကုန်သည်များအသင်း၏ လုံချီမြို့က စံအိမ်တော်၌ ကျင့်းပသည်။
လမ်းလျှောက်ရင်း ရှီရှန်းမေးသည်။
“အစ်ကိုရေ၊ အဲဒီဆေးပုလင်းက ဆရာ ကျွန်တော်တို့ကို ပေးထားတဲ့ဆေးပုလင်းမလား”
ယဲ့ချိုးပိုင် အပြုံးဖြင့်ခေါင်းညိတ်ပြသည်။
“အင်း၊ အဲဒါက ဝိဉာဉ်စွမ်းအင်ကို သိုလှောင်ပေးတဲ့ ဆေးပဲ၊ ဆရာသန့်စင်ထားတဲ့ ဆေးက ဒီနယ်နိမိတ်မဲ့နယ်မြေမှာတောင် အတော်လေးရှားပါးတာ ဖြစ်ရမယ်”
ရှောင်ဟိုင် တိုးတိုးလေးပြောသည်။
“ဟိုးဘက်က ဈေးနှုန်းကို အရမ်းနိမ့်အောင် လုပ်ပစ်မှာကို အစ်ကိုမကြောက်ဘူးလား”
“သူတို့မှာ ဒီလိုလုပ်စရာအကြောင်းရင်းမရှိဘူး”
ယဲ့ချိုးပိုင်ရှင်းပြသည်။
“တဖက်က လုံလောက်တဲ့ရိုးသားမှုကို ပေးခဲ့ပြီးပြီ၊ တကယ်လို့ ဒီနေရာသာ မင်းပါးနပ်မှုကို အသုံးပြုမယ်ဆိုရင် ဆုံးရှုံးမှုက မထိုက်တန်ပါဘူး”
ယဲ့ချိုးပိုင်စိတ်ကူးကဲ့သို့ပင် တဖက်လူက ဈေးကိုမလျှော့ချရုံတင်မက ဈေးကို မြှင့်တင်ရန်အတွင် အကောင်းဆုံးကြိုးစားပေလိမ့်မည်။
ဤနည်းလမ်းဖြင့်သာ ရှန်ကျင်းကုန်သည်များအသင်း၏ ရိုးသားမှုကိုလည်း ပြသနိုင်ပေသည်။
တချိန်တည်းမှာပင် ဤသည်က ယဲ့ချိုးပိုင်အတွက် ရှန်ကျင်းကုန်သည်များအသင်း၏ ရိုးသားမှုကို စမ်းသပ်ရန် နည်းလမ်းတခုလည်းဖြစ်သည်။
အကယ်၍ လုချန်ရှန်းသာ ယဲ့ချိုးပိုင် သူ့ဆေးကို ရောင်းတော့မည်ကိုသိပါက သေချာပေါက် ဒေါသထွန်းလွန်းသဖြင့် သွေးအန်မိပေလိမ့်မည်။
အဲဒီအပြင်ပလောကနှင့် ငါမပတ်သက်ချင်ဘူးကွ။
ရုတ်ချည်းဆိုသလို ရှန်ကျင်းကုန်သည်များအသင်းက လုချန်ရှန်း၏ အသွင်အပြင်ကို စတင်အာရုံစိုက်လာခဲ့ကြသည်။
ယဲ့ချိုးပိုင်ကလည်း ဤသည်ကို တွေးမိပြီးနောက် ဆက်ပြောသည်။
“မင်းတို့နှစ်ယောက် ဒီကိစ္စကို ဆရာကို ဘယ်တော့မှ မပြောပြရဘူး”
ရှီရှန်းနှင့် ရှောင်ဟိုင်တို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။ ဘာကြောင့်သူတို့ ဖုံးကွယ်ထားရန်လိုအပ်သလဲဆိုတာ သူတို့ နားမလည်ကြပါ။
သို့စေကာမူ အစ်ကိုကြီးက ဤသို့ပြောလာသောအခါ နှစ်ဦးသားခေါင်းညိတ်လိုက်ကြ၏။
…
အခန်းထဲတွင် ရီလောင်၏လေးနက်နေသည့် မျက်နှာအသွင်အပြင်က ရုတ်တရက် ထိတ်လန့်မှုသို့ ကူးပြောင်းသွားသည်။
သူ့လက်ထဲကဆေးလေးလုံးက သူ့နှလုံးသားကို မုန်တိုင်းထန်သွားစေသည်။ ရီလောင်၏ အမူအရာကိုကြည့်ရင်း သုံ့ရှောင်ချင်းလည်း အနည်းငယ်အံ့ဩသင့်သွား၏။
ရီလောင်က ဌာနချုပ်ကနေ ဆင်းလာသည့် အကဲဖြတ်သူတစ်ယောက်ပင်။
ရီလောင်၏အသိပညာ၊ ဗဟုသုတများအရ သူ့မျက်လုံးအစုံကို ဖမ်းစားနိုင်သည့် အရာများက အတော်လေးနည်းပါးသည်ဟု ဆို၍ရသည်။
ထိပ်တန်းအကဲဖြတ်တစ်ယောက်က တနေ့တွင် ကောင်းကင်နှင့်မြေကြီး၏ ရတနာများ မည်မျှပင် တွေ့မြင်ရလိမ့်မည်နည်း။
ထို့ကြောင့် အကြီးအကဲရီကို ယခုလိုအမူအရာတခုဖြစ်လာအောင် လုပ်ရန်ဟူသည် ထိုဆေးလုံးလေးလုံးက အတော်လေးထူးခြားတာကို ဖော်ပြနေသည်။
“ရီအဖိုးကြီး၊ ဘာတွေဖြစ်နေတာလဲ”
“ဒီဆေးလုံးလေးလုံးရဲ့ဈေးနှုန်းကို ဘယ်လိုသတ်မှတ်လိုက်ရမလဲ”
သုံ့ရှောင်ချင်း၏မေးခွန်းကို ကြားရသောအခါ အဖိုးကြီးရီမှာ သတိပြန်၀င်လာပြီး အသက်ပြင်းပြင်းရှုကာပြောသည်။
“ဒီဆေးကို ဘယ်သူလုပ်ခဲ့သလဲဆိုတာ မင်းရှာဖွေရမယ်”
“ပြီးတော့ ဘာတွေပဲဖြစ်လာဖြစ်လာ ငါတို့အနိုင်ရကိုရရမယ်”
“မင်းအနိုင်မယူနိုင်ဘူးဆိုရင်တောင် မိတ်ဆွေဖြစ်လာအောင် လုပ်ရမယ်”
သုံ့ရှောင်ချင်းအနည်းငယ် တုန်ယင်သွား၏။
“ဒီဆေးလုံးက အရမ်းတန်ဖိုးရှိတာလား”
“အဖိုးကြီးရီက ခေါင်းခါယမ်းသည်။
“အဖိုးတန်တာ၊ မတန်တာက အရေးမကြီးတော့ဘူး”
“ဒီလိုမျိုးဆေးလုံးလေးလုံးကို ငါပထမဆုံးတွေ့ဖူးတာပဲ၊ ဒါတွေက အဲဒီအဂ္ဂိရတ်ပညာရှင်ရဲ့ ကိုယ်ပိုင်နည်းလမ်းနဲ့ သန့်စင်ထားတာဖြစ်ရမယ်”
“ဆေးလုံးရဲ့တာ၀န်ကတော့ မရေမတွက်နိုင်လောက်တဲ့လူတွေကို စုစည်းပြီး ဘာမဟုတ်တာအတွက် တိုက်ခိုက်စေချင်တာဖြစ်ရမယ်”
သုံ့ရှောင်ချင်း၏မျက်နှာကလည်း လေးနက်သွားသည်။
“ဆေးလုံးရဲ့ အကျိုးသက်ရောက်မှုက ဘာများလဲ”
“ဒီဆေးလုံးလေးလုံးစလုံးက ဝိဉာဉ်စွမ်းအင်ကို သိုလှောင်ထားနိုင်တဲ့ တူညီတဲ့ ဆေးလုံးအမျိုးအစားတွေပဲ”
“ဒါပေမယ့် ဒီဆေးလုံးတွေက တခြားအော်ရာကို သိုမှီးနိုင်တဲ့ဆေးလုံးတွေနဲ့ အတော်လေးကွဲပြားတယ်”
“တခြားဆေးလုံးတွေ အဆက်မပြတ် သိုလှောင်ပေးတာထက် ဒါက ပိုပြီး သိုလှောင်ပေးနိုင်စွမ်းရှိတယ်”
“နောက်တခုက ချက်ချင်းသိုမှီးပေးတယ်ဆိုပေမယ့် သိုမှီးနိုင်စွမ်းရှိတဲ့အော်ရာက အတော်လေးအကန့်အသတ်ရှိတယ်”
“ပြီးတော့ ဒီတချက်ရှိတယ်၊ ဒီဆေးနှစ်မျိုးက တခုရဲ့အားသာချက်ကနေ တခုသင်ယူနိုင်ပြီး အားနည်းချက်တွေကို အစားထိုးပေးနိုင်တယ်လို့လည်း ပြောကြတယ်”
သုံ့ရှောင်ချင်း အံ့ဩသင့်တကြီးမေးသည်။
“ဖြစ်နိုင်တာက…. ဒီဆေးလုံးက ဝိဉာဉ်စွမ်းအင်အများကြီးကို ချက်ချင်း စုစည်းသိုလှောင်ပေးနိုင်တာလား”
“ဒီထက်ပိုတယ်” ရီလောင်ထရပ်ကာ ဆေးလုံးလေးလုံးကို ထိခိုက်အောင် လုပ်မိမည်ကို ကြောက်သည့်အလား လက်နှစ်ဖက်နှင့် ဂရုတစိုက်ကိုင်ထားသည်။
“ဒါက ဝိဉာဉ်စွမ်းအင်အားလုံးကို ပြန်လည်သိုမှီးနိုင်ဖို့အတွက်ပဲ”
“သိုင်းဧကရာဇ်အခြေအနေ ဒါမှမဟုတ် အာရုံထွေပြားခြင်း အခြေအနေက အားကောင်းတဲ့လူတစ်ယောက်ဆိုရင်တောင် သူတို့ကချက်ချင်း ပြန်လည် သက်သာလာအောင် လုပ်ပေးနိုင်တယ်”
ဤမှတ်ချက်ထွက်လာသည်နှင့်တပြိုင်နက် သုံ့ရှောင်ချင်း၏မျက်လုံးအစုံ၌ ထိတ်လန့်မှုတခုပြသလာသည်။
သိုင်းဧကရာဇ်နယ်ပယ်လား။
ဒါတင်မကဘဲ အာရုံထွေပြားခြင်းပါ ပါသေးတာလား။
အာရုံထွေပြားခြင်းနယ်ပယ်မှာ ပါ၀င်တဲ့ အော်ရာက ဘယ်လောက်များသလဲ၊ ဘယ်လောက်ကြီးမားသလဲ ဆိုတာကိုရောသိလား။
အားကောင်းတဲ့ အာရုံထွေပြားခြင်းနယ်ပယ်ကအော်ရာကိုတောင် ချည်ချင်း ပြန်လည်ဖြည်းတင်းပေးနိုင်တာလား။
အဖိုးကြီးရီပြောတာမှန်တယ်။
ဒီလိုဆေးလုံးကိုသာ အပြင်မှာပေးလိုက်ရင် ငါတို့သွေးအန်ရလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် ဒီဆေးက မျှော်လင့်ချက် ကင်းမဲ့တဲ့ အခြေအနေတခုမှာဆိုရင် အသက်ကယ်ဆေးပဲလေ။
ဘာလို့ အညတရတွေက သူတို့ဘ၀တွေကို ဘယ်လိုမျိုးတန်ဖိုးထားကြလဲ။
သူတို့ဘာလို့လေ့ကျင့်ကြတာလဲ။
ဒါတွေအားလုံးက အသက်ရှည်ဖို့အတွက်လေ။
ကိုယ့်အသက်ကိုကယ်ဖို့ဆိုတာက တခြားဘယ်အရာတွေထက်မဆို ပိုအရေးကြီးတယ်လေ။
“ဒီတော့ ဒီလိုဆေးလုံးကို သန့်စင်နိုင်တဲ့ အစွမ်းကြီးအရာကို မင်းရှာဖွေရမယ်၊ နားလည်လား”
သုံ့ရှောင်ချင်း ခေါင်းညိတ်ပြသည်။
“နားလည်ပါတယ်….”
သူမနှလုံးသားထဲတွင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ပုံရိပ်က ပို၍ပင် မြင့်မားသွားခဲ့သည်။
….
လေလံပွဲကစတင်လေပြီ။
ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက်ကလည်း ဤနေရာသို့ ရောက်လာခဲ့ကြသည်။
တံခါး၀၌ ချစ်စဖွယ်ရာအစေခံကောင်အလေးနှစ်ဦးရှိပြီး အထဲသို့၀င်ရန် အရည်အချင်းများကို စစ်ဆေးနေသည်။
ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက် ချဉ်းကပ်လာတာကို မြင်ရသောအခါ အစေခံမလေးတစ်ဦးက ပြုံးရင်း ဦးညွတ်ကာမေးသည်။
“သုံးယောက်၊ ရှင်တို့မှာ ဖိတ်စာရှိလား”
ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်နှင့် ရှီရှန်းတို့က ဇီကျင်းတုံကင်များကို ထုတ်ယူလိုက်ကြ၏။
ဇီကျင်းတုံကင်ကိုမြင်သောအခါ အစေခံမလေးနှစ်ယောက်က ထိတ်လန့် တုန်လှုပ်သွားကြသည်။
ချက်ချင်းဆိုသလို သူတို့နောက်တကြိမ် အလေးအနက်ဦးညွတ်ကာ အလွန်အမင်း လေးစားစွာပြောလိုက်ကြသည်။
“ဂုဏ်သရေရှိ ဧည့်သည်သုံးယောက်ရှင့်၊ ကျေးဇူးပြုပြီး ဇီကျင်းခန်းမထဲကို လိုက်ခဲ့ပေးကြပါ”
ခရမ်းရွှေရောင်ခန်းမ!
ဤသည်က ရှင်ကျန်းကုန်သည်များအသင်း၏ အမြင့်ဆုံးအဆင့်သတ်မှတ်ချက်ခန်းမဖြစ်သည်။
ဤခန်းမထဲသို့ ၀င်နိုင်သည့်လူများက ထိပ်တန်းကျွမ်းကျင်သူများပင်။ ဇီကျင်းတုံကင်ကို ကိုင်ထားသောသူများလည်း ၀င်နိုင်သည်။
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ်”
ထို့နောက် အစေခံတစ်ယောက်က ဦးဆောင်သွားသည်။ ခန်းမထဲတွင် ကြွယ်၀ချမ်းသာမှုကို ပြသထားပြီး ခရမ်းရွှေရောင်ရှိသည့် ခုံတန်းတခုရှိကာ ခုံတန်းကို အကောင်းဆုံး လင်းရှုသစ်သားဖြင့် ပြုလုပ်ထားသည်။
လင်းရှုသစ်သားက ဆေးဖော်စပ်ရာတွင်တင်မဟုတ်ဘဲ သတ္တုများကို သန့်စင်ရာတွင်လည်း အတော်လေးကောင်းမွန်သည့် ပစ္စည်းတခုပင်။
၎င်းအပေါ်ထိုင်နေခြင်းကပင် ကျင့်ကြံသူအား ကိုယ်ထည်ထဲက ဝိဉာဉ်စွမ်းအင် စုပ်ယူမှုကို အတော်လေးအရှိန်မြှင့်တင်ပေးသည်။
ထို့နောက် ကျောက်မျက်ဖြင့် ပြုလုပ်ထားသည့် စားပွဲရှည်၌ မရေမတွက်နိုင်လောက်သည့် အရဿာရှိစားစရာများနှင့် ဝိုင်များရှိသည်။
ဤအရာအားလုံးက အပြင်ပလောက၌ တွေ့ရခဲသည့် အရာများပင်ဖြစ်သည်။
ဤသည်က အညတရများအဖို့ ကြီးမားသည့်အကူအညီပေတည်း။
ယဲ့ချိုးပိုင် အသာလေးခေါင်းညိတ်သည်။
နယ်နိမိတ်မဲ့နယ်မြေက နံပါတ်တစ် ကုန်သည်းများအသင်းဟူသော နာမည်နှင့် အမှန်တကယ်ပင် ထိုက်တန်သည်။
ခန်းမတခုထဲတွင်ပင် ရတနာများစွာရှိသည်။
ဘေးကနေ အစေခံမလေးကပြောသည်။
“လူကြီးမင်းသုံးယောက်ရှင့်၊ ကျေးဇူးပြုပြီး ကောင်းကောင်းအနားယူပါ၊ လေလံပွဲက အမွှေးတိုင်တစ်တိုင်စာအတွင်း စတင်ပါမယ်၊ တကယ်လို့ အကူအညီလိုရင် ကျွန်မကိုခေါ်လို့ရပါတယ်၊ ကျွန်မတံခါးအပြင်ဘက်မှာ ရှိနေပါမယ်”
စကားပြောပြီးသောအခါ အစေခံမလေးက တံခါးကိုဖွင့်လျက် ထွက်သွားလေတော့သည်။
ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက်က ခုံတန်းပေါ်၌ ထိုင်လိုက်ကြပြီး လေလံပွဲစတင်မည်ကို တိတ်ဆိတ်စွာပင် စောင့်နေကြ၏။
အောက်တွင်မူ ခန်းမထဲကလူများဖြစ်ဖြစ်၊ ထိုင်ခုံများပေါ်မှလူများဖြစ်ဖြစ် အားလုံးက လေလံပွဲရှိ ပစ္စည်းများအကြောင်း ပြောနေကြသည်။
“ရှန်ကျင်းကုန်သည်များအသင်းက လေလံပွဲတခုအတွက် နယ်စပ်မြို့ကို လာလိမ့်မယ်လို့ ကျုပ်တကယ်မထင်ထားခဲ့ဘူး”
“ဒီအကြောင်းကို ခင်ဗျားမသိဘူးဘဲ၊ ရှန်ကျင်းကုန်သည်များအသင်းက ထင်ရှားအရေးပါတဲ့တောင်တစ်တောင်မှာ အထူးပစ္စည်းတမျိုးနဲ့ အစွမ်းထက်တာအိုပညာရှင်ရဲ့ အမွေအနှစ်စွမ်းရည်တချို့ကို တွေ့ခဲ့တယ်တဲ့”
“အထူးပစ္စည်းအတွက်ကတော့ ရှန်ကျင်းကုန်သည်များအသင်းက ပို့ဆောင်ရေးလုပ်ငန်းစဉ်အတွင်းမှာ ဘာပြဿာနာမှ မဖြစ်ချင်လို့ အနီးအနားက လုံချီမြို့မှာပဲ လေလံပွဲတခုလုပ်လိုက်တာ”
“ဒီလိုဖြစ်နေတာကိုး၊ ဒီကိုလာနေတဲ့အချိန် ပြည်တွင်းက အစွမ်းထက်အင်အားစုများစွာရှိနေတာ ထူးမဆန်းတော့ပါဘူးလေ”
“အင်း၊ ရက်သတ္တပတ်အတော်လေးကျော် လုံချန်မြို့မှာ အားကောင်းတဲ့လူတွေရဲ့ အငွေ့အသက်ကို မခံစားခဲ့ရဘူး”
“ဒါပေမယ့် ပြည်တွင်းက အစွမ်းထက်ပုဂ္ဂိုလ်တွေ အများကြီး ရောက်လာကြတာဆိုတော့ ဒီလေလံပွဲက ကျုပ်တို့နဲ့ ဘာမှမသက်ဆိုင်တော့ဘူး၊ ပျော်စရာများ ရှိမလားဆိုတာကိုပဲ ကြည့်ကြတာပေါ့”
….
အမွှေးတိုင်၏အချိန်က ဖြည်းညင်းစွာပင် ကုန်ဆုံးသွားသညိ။
လေလံစင်ရှိ အလင်းများကမှိန်သွားပြီး စင်မြင့်ပေါ်က အလင်းများသာ ဆက်လက် တောက်ပနေခဲ့သည်။
သုံ့ရှောင်ချန်း၏ပုံရိပ်က လေလံစင်ပေါ်တွင် ဖြည်းညင်းစွာ ပေါ်ပေါက်လာသည်။