“ဒီသလင်းကျောက်က ရှင့်တို့သုံးယောက်ရဲ့ ပါရမီတွေကို ရှာပေးနိုင်လိမ့်မယ်”
“ပါရမီကို အကဲဖြတ်ခြင်းအတွက် စံသတ်မှတ်ချက်က လက်ရှိကျင့်ကြံခြင်း၊ အနုပညာအသိနဲ့ ကျင့်ကြံခြင်းနည်းလမ်းအပေါ်မူတည်တယ်”
“သလင်းကျောက်က ထုတ်လွှတ်ပေးတဲ့ အလင်းကို အဆင့်လေးဆင့်ခွဲခြားထားတယ်”
“အနိမ့်ကနေအမြင့်အထိ အဖြူ၊ အပြာ၊ ရွှေရောင်နဲ့ ခရမ်းရွှေရောင်ဆိုပြီးရှိတယ်”
“ကောင်းပြီ၊ ကျေးဇူးပြုပြီး ဒီသလင်းကျောက်ပေါ်မှာ ရှင့်တို့ရဲ့လက်ကို တင်လိုက်ပါ”
ဤသည်ကိုကြားသောအခါ ယဲ့ချိုးပိုင်က ရှီရှန်ကိုကြည့်ပြီး အပြုံးဖြင့်မေးသည်။
“ညီလေး၊ မင်းအရင်ကြိုးစားကြည့်မလား”
ရှီရှန်းခေါင်းညိတ်သည်။
ရှေ့တစ်လှမ်းလှမ်းပြီးနောက် သူ့လက်ကို သလင်းကျောက်ပေါ်၌ အသာလေးပင် တင်လိုက်သည်။
အမျိုးသမီးကပြုံးသည်။
“ရှင့်တို့ရဲ့ကျင့်ကြံခြင်းကိုပါ အကျိုးသက်ရောက်စေလိမ့်မယ်”
ရှီရှန်းနားလည်သည်။ ထို့နောက် သူ့ကိုယ်ထဲမှ ကြယ်စွမ်းအားများထွက်လာပြီး သလင်းကျောက်ပေါ်ကျသွားသည်။
ထိုအခိုက်အတန့်၌ သလင်းကျောက်က ရုတ်တရက်ဆိုသလို ခရမ်းရွှေရောင်အလင်းဖြင့် ပေါက်ကွဲထွက်လာသည်။
ခရမ်းရွှေရောင် အလင်းအစင်းကြောင်းများက အခန်းကိုချိုးဖျက်ကာ ဘေးပတ်ပတ်လည်၌ တောက်ပနေပုံရသည်။
အမျိုးသမီးက ဤမြင်ကွင်းကိုမြင်သောအခါ ထိတ်လန့်သွားပြီး လေးနက်စွာပြောလိုက်သည်။
“ကြယ်စွမ်းအား…..”
ကြယ်စွမ်းအား!
၎င်း၏ကျင့်ကြံခြင်းနည်းလမ်းက နှစ်များစွာကတည်းကပင် ပျောက်ဆုံးသွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ကြယ်စွမ်းအားအတွက် ကျင့်ကြံခြင်းအခြေအနေရပ်များနှင့် အညတရများ၏ အဆင့်အတန်းသည် ကြမ်းတမ်းလွန်းသောကြောင့်ဖြစ်သည်။
လေ့ကျင့်ခန်းများ အလွန်နည်းပါးသဖြင့် ဤသည်ကအရှုံးသို့ ဦးတည်သွားခဲ့သည်။
ယခုတွင်မူ ကြယ်စွမ်းအားက ကမ္ဘာကြီးဆီသို့ ပြန်ရောက်လာခဲ့လေပြီ။
သလင်းကျောက်၏ စွမ်းရည်ကို စမ်းသပ်ခြင်းက မရှိလျှင်ပင် ပါရမီရှင်မဟုတ်သည့်လူတစ်သန်း၌ ကြယ်များ၏ စွမ်းအားကို ကျင့်ကြံနိုင်သည့် အညတရတစ်ဦးမျှပင် ရှိမည်မဟုတ်။
ထို့နောက် ရှီရှန်နောက်ဆုတ်သွားသည်။
သလင်းကျောက်က အလင်းကပျောက်ကွယ်သွားသည်။
တချိန်တည်းမှာပင် ရှောင်ဟိုင်က သူ့လက်ကို သလင်းကျောက်ပေါ်၌ တင်လိုက်သည်။
တူညီစွာပင် သလင်းကျောက်က ခရမ်းရွှေရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လာသည်။
“ထပ်ပြီးတော့… ခရမ်းရွှေရောင်ပဲလား”
အမျိုးသမီးက အနည်းငယ်မှင်သက်သွားသည်။
သလင်းကျောက်ပေါ်၌ ခရမ်းရွှေရောင် အလင်းပေါ်ပေါက်လာခြင်းက ထူးမဆန်းသော်လည်း ဤသည်က အတော်လေးရှားပါးသည်။
ယခုအချိန်အထိ နှစ်သောင်းချီကြာသည့်တိုင် ထပ်မံမပေါ်ပေါက်လာသေးပါ။
အခုတော့ တကြိမ်တည်းနှစ်ယောက်ရှိနေတာလား။
ပါရမီရှင်တွေက ဘယ်တုန်းက ဒီလောက်ထိ ဈေးပေါသွားရတာလဲ။
မည်မျှပင်များပြားသည်ဟူမူ ယဲ့ချိုးပိုင် သလင်းကျောက်ပေါ် လက်ကိုတင်လိုက်သည်နှင့် ခရမ်းရွှေရောင်အလင်း ပေါက်ကွဲထွက်လာသည်။
အမျိုးသမီးက ကြက်သေသေသွားသည်။
ကြယ်စွမ်းအားကိုကျင့်ကြံသည့်မွန်းစတားတစ်ယောက်။
ရုပ်ပိုင်းဆိုင်ရာကြမ်းတမ်းခက်ထန်သောသူ။
ထို့နောက်သူမရှေ့က ဓားမျက်ခုံးကွေ့သဖွယ် ကြယ်မျက်လုံးများရှိသည့်လူက ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
သို့စေကာမူ အမျိုးသမီးက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို သူတို့၏နောက်ခံအကြောင်း မမေးမြန်းခဲ့ပေ။
ယင်းအစား သူမကအပြုံးဖြင့်ပြောသည်။
“ရှင့်တို့အောင်မြင်သွားပါပြီ၊ ပြီးတော့ ရှန်ကျင်းကုန်သည်များအသင်းရဲ့ လေလံပွဲမှာ ပါ၀င်ဆင်နွှဲဖို့ အရည်အချင်းပြည့်မီသွားပါပြီ”
စကားပြောပြီးသည့်နောက် ခရမ်းရွှေရောင်တုံကင်သုံးခုက သူမ၏နှင်းဖြူရောင် ကျောက်စိမ်းလက်ပေါ်၌ ပေါ်လာသည်။
“ဒါက ဇီကျင်းအမိန့်ပါ”
ယဲ့ချိုးပိုင်ပြုံးရင်းမေးသည်။
“ခင်ဗျားတို့ ရှန်ကျင်းကုန်သည်းများအသင်းရဲ့ ဇီကျင်းအမိန့်က အခုထိ သုံးပိုင်းပဲ ထုတ်ပေးသေးတာကို ကျုပ်ကြားဖူးတာလေ၊ ဘာလို့သုံးခုလုံးကို တကြိမ်တည်း ထုတ်ပေးနေရတာလဲ”
သုံ့ရှောင်ချင်း နှစ်လိုဖွယ်ပြုံးလိုက်စဉ် လျိုယီမိန်က အနည်းငယ်မျက်ခုံးပင့်လိုက်သည်။
“ဒီလိုဆိုရင် အဲဒီခရမ်းရွှေရောင်အမိန့်သုံးခုကို ဘာအတွက်ထုတ်ထားတာလဲသိလား”
“ခရမ်းရွှေရောင်အမိန့်ကိုရတဲ့လူက သလင်းကျောက်ကို ခရမ်းရွှေရောင်အလင်း ထုတ်လွှတ်အောင်လုပ်နိုင်သူတွေပဲရှိတာ”
“ပြီးတော့ အဲဒီလူသုံးယောက်က ဒီကမ္ဘာကြီးကနေ အခုထွက်သွားခဲ့ကြပြီ၊ ကျွန်မဆိုလိုတာကို ရှင်တို့နားလည်လား”
ဒီနယ်ပယ်ကနေထွက်သွားတာလား။
နယ်နိမိတ်မဲ့နယ်မြေသည် အဆင့်နိမ့်လတ္တီကျူပိုင်နက်၏ အားအကောင်းဆုံး နယ်နိမိတ်မဲ့နယ်ပယ်တခုဖြစ်သည်။
သူတို့အကုန်ထွက်သွားတာဆိုတော့ ထိုလူသုံးယောက်က အဆင့်နိမ့်လတ္တီကျူပိုင်နက်ကနေ ထွက်သွားကြပြီး အလယ်အလတ်အဆင့်လတ္တီကျူကို ဦးတည်သွားခဲ့ကြတာလား။
“ရှင့်တို့ရဲ့ပါရမီက ရှန်ကျင်းကုန်သည်များအသင်းရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ထိုက်တန်ပါတယ်၊ ဒါကြောင့် ဒီဇီကျင်းတုံကင်ကို ရှင့်တို့သုံးယောက်ကို ခြွင်းချက်အနေနဲ့ပေးတာပါ”
သုံ့ရှောင်ချင်းပြုံးသည်။
“ဒါက ရှင်တို့ရဲ့အနာဂတ်ကို ကျွန်မတို့က တန်ဖိုးထားထားတာပဲ”
သူမ၏စကားလုံးများအတွင်း သူမ၏ရည်ရွယ်ချက်များကို သုံ့ရှောင်ချင်း မဖုံးကွယ်ထားခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ တခါတရံ ဖုံးကွယ်ထားခြင်းသည် အရမ်းများလာသည်နှင့်အမျှ ဤသည်က အပျက်သဘောဆောင်လာသည်။
ရှန်ကျင်းကုန်သည်များအသင်း၏ အကြီးတန်းအမှုဆောင်အရာရှိတစ်ဦးတဖြစ်လဲ သုံ့ရှောင်ချင်းက ဤအမှန်တရားကို နားလည်သည်။
အလွန်အဆင့်မြင့်သောဓားသမားတစ်ဦး၏ အနေအထားတွင်ရှိသည့် ဓားရေးပြသူတစ်ဦးရဲ့ရှေ့မှောက်တွင် သူတော်ကောင်းယောင်ဆောင်ခြင်းက အသုံးမ၀င်ပေ။
ယဲ့ချိုးပိုင်ပြုံးကာ ဇီကျင်းတုံကင်ကို ငြင်းဆန်မနေတော့ဘဲ လက်ခံလိုက်သည်။
“ကျုပ်တို့တ၀က်တပျက်မှာ ကျဆင်းသွားမှာကို ခင်ဗျားမကြောက်ဘူးလား”
သုံ့ရှောင်ချင်းတခစ်ခစ်ရယ်မောသည်။
“ဒါဆိုရင်လည်း ကျွန်မတို့ ရှန်ကျင်းကုန်သည်များအသင်းအတွက် ဆုံးရှုံးစရာတော့မရှိဘူးလေ၊ ဟုတ်တယ်မလား”
“ဒါပေမယ့် ဒီဇီကျင်းအမိန့်မှာ ဘာအခွင့်ထူးတွေရှိတယ်ဆိုတာကိုရော ရှင်တို့သိလား”
ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။
ဤသည်ကိုမြင်သောအခါ သုံ့ရှောင်ချင်းရှင်းပြသည်။
“ရှန်ကျင်းကုန်သည်များအသင်းရဲ့ အထူးစပါယ်ရှယ်တုံကင်တခုတဖြစ်လဲ ဇီကျင်းတုံကင်မှာ ကြီးမားတဲ့အခွင့်ထူးတွေရှိတယ်”
“ပထမ၊ ရှင်တို့က အကြွေးနဲ့ပေးချေနိုင်တယ်၊ ဆိုလိုတာက ရှင့်တို့ပထမဆုံးအသုံးပြုဖို့အတွက် လျှောက်ထားနိုင်ပြီး နောက်မှပေးချေလို့ရတယ်”
“ဟုတ်ပါတယ်၊ ရှင့်တို့က သက်ဆိုင်ရာ သတ်မှတ်ဈေးနှုန်းကို နောက်မှပေးချေဖို့အတွက် ရွေးချယ်လို့ရပါတယ်၊ ဒါမှမဟုတ် ရှင့်သဘောကျတဲ့အရာတွေကိုလည်း လှဲလှယ်အသုံးပြုနိုင်ပါတယ်”
လူသားဆန်ခြင်းက ကမ္ဘာပေါ်တွင် အမြင့်ဆုံးဈေးပေတည်း။
အထူးသဖြင့် ယဲ့ချိုးပိုင်နှင့်ကျန်နှစ်ယောက်အတွက် ကျေးဇူးတရားများက အတော်လေး အဖိုးတန်သည်ဟူဆို၍ရသည်။
“ဒုတိယ ရှန်ကျင်းကုန်သည်များအဖွဲ့ရဲ့ ထောက်လှမ်းရေးကွန်ယက်ကို စည်းရုံးလို့ရတယ်၊ ဟုတ်ပါတယ်၊ ဒီအတွက်ကတော့ ဈေးတခုပေးဖို့လိုတာပေါ့”
နယ်နိမိတ်မဲ့နယ်မြေက အကြီးမားဆုံး ကုန်သည်များအဖွဲ့၊ သူတို့၏ ထောက်လှမ်းရေးကွက်ယက်က မည်မျှပင် ကြီးမားလိုက်လေမည်နည်း။
၎င်းက အဆင့်နိမ့်လတ္တီကျူပိုင်နက်တခုလုံးကိုပင် လွှမ်းခြုံထားသည်ဟုဆို၍ရသည်။
တကယ်တမ်းတွင် ပြင်ကလူများ၌ ရှန်ကျင်းကုန်သည်များအဖွဲ့၏ ထောက်လှမ်းရေးကွန်ယက်ကို အသုံးမပြုနိုင်ပါ။
ထို့ကြောင့် ဤသည်က ဇီကျင်းတုံကင်ရှိသည့် ပြင်ပလူများသာလျှင် အသုံးပြုနိုင်သည်။
“တတိယ၊ ရှန်ကျင်းကုန်သည်များအသင်းက လေလံပွဲတိုင်းမှာ ပါ၀င်နိုင်ပြီးတော့ တခုခုကို လေလံတင်ချင်တယ်ဆိုရင် လေလံခကို ပေးချေစရာမလိုဘဲ ရှင့်တို့အတွက် အခမဲ့လေလံတင်ပေးပါမယ်”
ယဲ့ချိုးပိုင် လက်ထဲက ဇီကျင်းတုံကင်ကို ကြည့်ရင်း ညင်သာစွာခေါင်းညိတ်လိုက်သည်။
ဤအခွင့်ထူးသုံးခုက အတော်လေး အဆင်ပြေသည်ဟု ဆို၍ရသည်။
ဤသည်အပြင် အခွင့်ထူးများကို အကြိမ်တိုင်းအသုံးပြုနိုင်ပြီး ရှန်ကျင်းကုန်သည်များအသင်းနှင့် ဆက်ဆံရေးကိုလည်း နက်ရှိုင်းအောင် လုပ်နိုင်သည်။
အားကောင်းသည့်ပါရမီကို ပိုင်ဆိုင်ထားသော လူများအတွက် ရှန်ကျင်းကုန်သည်များအသင်းက တဖက်လူများကို သူတို့၏ အခွင့်ထူးများကို အသုံးပြုရန်အတွက် စိတ်အားထက်သန်နေဆဲပင်။
ပြီးတော့ လေလံပွဲရှိသေးတယ်။
ဒီအကြောင်းကိုလည်းစဉ်းစားရမယ်။
ယဲ့ချိုးပိုင်မေးလိုက်သည်။
“ဘာမဆိုလေလံတင်လို့ရလား”
သုံ့ရှောင်ချင်းခေါင်းညိတ်ပြီး အပြုံးဖြင့်ဆိုသည်။
“ဒီလိုပါပဲ၊ လေလံတင်ခကို ကျွန်မတို့ ကောက်ခံမှာမဟုတ်ပါဘူး၊ တချိန်တည်းမှာ ကော်မရှင်ကို အနိမ့်ဆုံးစံနှုန်းအတိုင်း ရေးဆွဲသွားပါမယ်”
ဤသည်ကိုကြားသောအခါ ယဲ့ချိုးပိုင် သိုလှောင်လက်စွပ်ထဲကနေ ကျောက်စိမ်းသန့်စင်ပုလင်းတစ်ပုလင်းကိုထုတ်ယူကာ သုံ့ရှောင်ချင်းအားပေးလိုက်သည်။
“ဒီလိုဆိုရင် ဒါကိုလည်းမှတ်ယူပေးပါ”
“ဒါက……”
“ဆေးလုံးတွေရဲ့ဈေးနှုန်းကို ခင်ဗျားကိုယ်တိုင်ပဲခန့်မှန်းလိုက်ပါ၊ ခင်ဗျားရဲ့ ကုန်သည်များအသင်း အမြင်နဲ့ဆိုရင် ပစ္စည်းကောင်းတွေကို သတိမထားမိဘဲ နေမှာမဟုတ်ဘူးလို့ ကျုပ်ယူဆပါတယ်”
စကားပြောပြီးနောက် ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်နှင့် ရှီရှန်းတို့က အခန်းလေးကနေ ထွက်သွားပြီး လေလံပွဲသို့ သွားလိုက်ကြသည်။
“ငါအရမ်းအတွေ့အကြုံရှိပါတယ်….”
သုံ့ရှောင်ချင်း ထွက်သွားသည့်လူသုံးယောက်၏ ကျောကိုကြည့်ပြီးနောက် ညင်သာစွာပြုံးလိုက်သည်။
“ကြည့်ရတာ ဒီကိစ္စကို ဌာနချုပ်ကို သတင်းပို့ရတော့မယ်နဲ့တူတယ်”
ချက်ချင်းဆိုသလို သူမက ကျောက်စိမ်းပုလင်းကိုထုတ်ယူကာ တခြားအခန်းတစ်ခန်းသို့ လျှောက်သွားသည်။
“ရီလောင်၊ ကျေးဇူးပြုပြီး ဒီဆေးပုလင်းကို ဖော်ထုတ်ပေးပါဦး”
ရီလောင်ခေါင်းညိတ်ပြီး ကျောက်စိမ်းပုလင်းကိုယူပြီး သေချာလေးအကဲခတ်ကြည့်ရင်း ဖွင့်လိုက်လေသည်။
အထဲတွင် ဆေးလုံးလေးလုံးက ဆိတ်ငြိမ်စွာ လဲလျောင်းတည်ရှိနေသည်။
ဆေးလုံးများက အစိမ်းရောင်အလင်းတန်းများကို ထုတ်လွှတ်ပေးနေသည်။
ဤအစိမ်းရောင်အော်ရာ၌ အဆုံးမဲ့ဘ၀သက်တမ်း၏ အဓိပ္ပာယ်ကို ဖော်ဆောင်ထားသည်။
ဒီခံစားချက်။
ရီလောင်၏သွင်ပြင်လက္ခဏာက လေးနက်လာပြီး မေးလိုက်သည်။
“ဒီဆေးလုံးကို ဘယ်သူလုပ်ထားတာလဲ”
သုံ့ရှောင်ချင်းခေါင်းခါယမ်းသည်။
“ငါလည်းမသိဘူး”
သူမ၏အမြင်အရ ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက်က အဂ္ဂိရတ်ပညာရှင်များ မဟုတ်တာကို သူမမြင်နိုင်ပါသည်။
သူတို့နောက်ကွယ်မှ အင်အားစုက ဤသည်ကို ယူဆောင်လာသည်ဟု ခန့်မှန်း၍ရသည်။
ဤကဲ့သို့နတ်ဆိုးဆန်ဆန် လူသုံးယောက်ကို တပြိုင်နက်တည်း မွေးထုတ်ပေးနိုင်သည်။
သူတို့နောက်တွင်ရပ်နေသည့်လူက မည်မျှပင် အားကောင်းလိုက်လေသနည်း။
သုံ့ရှောင်ချင်းက ယဲ့ချိုးပိုင်နှင့် တခြားသူများ၏ အနာဂတ်တွင် ရင်းနှီးမြှုပ်နှံရုံတင်မကဘဲ သူတို့နောက်က လူများကိုပင် ဖိအားပေးခဲ့သည်ဟု ဆို၍ရသည်။