နယ်နိမိတ်မရှိသည့် နယ်စပ်မြို့တစ်မြို့တဖြစ်လဲ အရင်းအမြစ်မတားက အင်မတန်ညံ့ဖျင်းသည်။
ရလဒ်အဖြစ် ကျင့်ကြံခြင်းရင်းမြစ် ၉၀ရာခိုင်နှုန်းနီးပါးကို ပြည်တွင်းကနေ တင်သွင်းရန် လိုအပ်သည်။
ထို့ကြောင့် အရင်းအမြစ်များ၏ ထိန်းချုပ်မှုက မြို့တစ်မြို့က အင်အားကြီးသူများ၏ လက်ထဲတွင်သာရှိသည်။
နယ်စပ်မြို့တစ်မြို့ဖြစ်သည့် လုံချီမြို့ကို ထိပ်တန်းနေရာသုံးခုအတွင်း အဆင့်သတ်မှတ်၍ရသည်။
လုံမိသားစုဟုလူသိများသည့် မြို့သခင်စံအိမ်က ကောင်းကင်ကို လက်တစ်ဖက်တည်းဖြင့် ဖုံးအုပ်နေသည့်အလား ဤနေရာ၌ရှိနေသည်။
လုံမိသားစု၏ခွန်အားက အတော်လေးအားကောင်းသည်။
သိုင်းဧကရာဇ်နယ်ပယ်က အင်အားကြီးပုဂ္ဂိုလ်များစွာရှိသလို အာရုံထွေပြားတတ်သည့် အားကောင်းသည့်လူတစ်ယောက်လည်းရှိသည်။
ယန်မိသားစု၏ရည်ရွယ်ချက်က လုံမိသားစုနှင့် နိုင်ငံရေးလက်ထပ်ခြင်းတခုပင်။
ဤသည်က ယွမ်ချီမြို့၌ သူတို့၏နေရာကို ကာကွယ်ရန်တင်မက တချိန်တည်းမှာပင် လုံချီမြို့က အရင်းအမြစ်များရရန်ဖြစ်သည်။
ယန်မိသားစုအောင်မြင်သွားသည်နှင့် တပြိုင်နက် ယန်မိသားစု၏ကြီးထွားထိုးတက်နှုန်းက ရပ်တန့်၍ရမည်မဟုတ်တော့။
ဤသည်က တခြားနှစ်ခုလုံး၏ အရင်းအမြစ်တွေကို ဝါးမြိုတော့မည်နှင့်ပိုတူသည်
ထို့ကြောင့်လည်း ယွမ်ချီမြို့က တခြားမိသားစုကြီးနှစ်စုက ယန်မိသားစုကို သတ်ပစ်ရသည့်အကြောင်းရင်းလည်း ဖြစ်သည်။ သူတို့ကယန်မိသားစု၀င်များ၏ မျက်နှာများကို ဆုတ်ဖြဲပစ်ရန် မနှောင့်နှေးခဲ့ကြပါ။
ယနေ့တွင် ယန်မိသားစုယာဉ်တန်းက လုံချီမြို့ကို ရောက်လာနေသည်။
မြက်ခင်းအငှားစစ်သားအဖွဲ့၏ တာ၀န်ကိုလည်း ပြီးစီးသွားပြီဖြစ်သည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများထွက်သွားကြပြီးနောက် ယန်ယု၀မ်က သူမကိုယ်သူမ အရမ်းထိန်းသိမ်းမနေခဲ့ပါ။
မည်သို့ပင်ဆိုစေကာမူ သူက လုံချန်မြို့ကို ရောက်နေပြီးပါပြီ။ မဆင်မခြင်လုပ်ရပ်တွေများသွားပါက ပြိုင်ဘက်ရဲ့စိတ်ပျက်မှုကို ဖြစ်လာစေလိမ့်မည်ဖြစ်သလို နောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှုကိုပင် သက်ရောက်နိုင်ပေသည်။
ရှောင်ဟိုင်ကို ငါ့နှလုံးသားထဲကနေပဲ ကောင်းချီးပေးနိုင်တော့တယ်။
ဒီနယ်နိမိတ်နယ်မြေမှာ သူထင်ရှားကျော်ကြားလာလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။
အနာဂတ်ကျရင် ဒီနယ်မြေရဲ့ အထွပ်အထိပ်မှာ ရပ်တည်နေပါ။
ယန်ချီ လက်စွပ်တစ်ကွင်းကိုထုတ်ယူကာ ယဲ့ချိုးပိုင်အားပေးပြီး အပြုံးဖြင့်ပြောသည်။
“အစ်ကိုယဲ့၊ ခင်ဗျားနဲ့အတူတွဲလုပ်ရတာ တကယ်၀မ်းသာစရာပါ”
“ဒီမှာယွမ်သလင်းကျောက်နှစ်ရာပါတယ်၊ ပြန်သွားတဲ့အခါကျရင် အငှားစစ်သားအဖွဲ့ကို အခြေအနေရပ်ကို ရှင်းပြလိုက်ပါမယ်”
“ဒီတကြိမ်တာ၀န်က တကယ်တော့ အဝါရောင်အဆင့်အငှားတပ်ရင်းရဲ့ စံကိုတောင် ကျော်လွန်နေတယ်”
ယဲ့ချိုးပိုင် လက်စွပ်ကိုယူရင်း ပြုံးကာ ခေါင်းညိတ်သည်။
ထို့နောက် ယန်မိသားစုနှင့် တခြားသူများနှင့်အတူ သူကွဲသွားသည်။
ဤလုံချီမြို့တွင် သူတို့က ယွမ်ချီမြို့ကို ပြန်ပြီး တာ၀န်အတွက စာရင်းသွင်းရန် အလျင်လိုမနေခဲ့ပေ။ ယင်းအစား သူတို့က လုံချီမြို့၏ထူးခြားမှုကို မြင်ချင်ကြသည်။
ပင်မလမ်းမပေါ်၌ ဤနေရာရှိလူများက သူတို့က ယွမ်ချီမြို့ထက် တဆင့်ပိုမြင့်သည်ကို ရှင်းရှင်းလင်းလင်းခံစားနေရသည်။
သူတို့ထက် အများကြီးပိုအားကောင်းသည့် အော်ရာများကိုပင် ခံစားနိုင်သေးသည်။ ဥပမာဆိုရမည်ဆိုပါက သိုင်းဧကရာဇ်တ၀က်စွမ်းအားရှင်ပင်။
ရှီရှန်းစိတ်လှုပ်ရှားစွာပြောသည်။
“နယ်နိမိတ်ကင်းမဲ့တဲ့ပိုင်နကမက တကယ်တော့ အဆင့်နိမ့်လတ္တီကျူပိုင်နက်ထဲက အားအကောင်းဆုံးပိုင်နက်တခုပဲ”
ယဲ့ချိုးပိုင်က သဘောတူသည့်အသွင် ခေါင်းညိတ်သည်။
“အဲဒါက ကန္တရာနယ်မြေထက် အများကြီးပိုအားကောင်းတယ်”
“ဒီမှာရှိနေတဲ့ကျုပ်တို့နယ်မြေက မလုံလောက်သေးဘူး၊ ကျုပ်တို့ပိုပြီး ကြိုးစားဖို့လိုသေးတယ်”
နှစ်ဦးသားကလမ်းမပေါ်၌ လမ်းလျှောက်ကာ လုံချီမြို့၏ ကြွယ်၀မှုကိုခံစားနေစဉ် ဘေးက အသံများထွက်လာသည်။
“ရှန်ကျင်းကုန်သည်များအသင်းရဲ့ လေလံပွဲက စတော့မှာလား”
“အင်း၊ ဒီလေလံပွဲမှာ ပစ္စည်းကောင်းတွေ အများကြီးပါတယ်လို့ ငါကြားခဲ့တယ်၊ အဲပစ္စည်းတွေထဲမှာ နောက်ဆုံးပစ္စည်းတွေက အနီးအနားကမြို့ကြီးတွေက ပင်မအင်အားစုတွေနဲ့ ပြည်တွင်းတပ်တွေကိုတောင် လုယူရာမှာ ပါ၀င်လာဖို့အတွက် ဆွဲဆောင်နေသလိုပဲ”
“သေချာတာပေါ့၊ ဒီဒေသက အကြီးဆုံးကုန်သည်များအသင်းတဖြစ်လဲ ရှန်ကျင်းကုန်သည်များအသင်းက သာမန်ထုတ်ကုန်ပစ္စည်းတွေကို လေလံတင်ရောင်းချမယ် ထင်နေတာလား”
“သွားကြည့်ကြရအောင်”
“မင်း ရှန်ကျင်းကုန်သည်များအသင်းရဲ့ လေလံပွဲမှာ ပါ၀င်ချင်တယ်ဆိုရင်တောင် အရည်အချင်းမမှီသေးဘူး၊ မင်းအဓိက အခြေအနေရပ်သုံးခုထဲက တခုနဲ့ ကိုက်ညီဖို့လိုတယ်….”
ထိုအချိန်ဘေး၌ ဘေးကလူတစ်ယောက်က စကားပြောလာခဲ့သည်။
“ဘယ်လိုအခြေအနေသုံးခုလဲ”
ထိုလူကတခဏမျှထိတ်လန့်သွားပြီးနောက် နောက်သို့ကြည့်လိုက်စဉ် ယဲ့ချိုးပိုင်နှင့် တခြားနှစ်ဦးလျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
သို့စေကာမူ သူကဖုံးကွယ်မထားဘဲ စိတ်မရှည်သည့်အသွင် ရှင်းပြလိုက်သည်။
“ပထမ ခင်ဗျားက ပထမတန်းစားစွမ်းအားရှိတဲ့လူတစ်ယောက်ဖြစ်ပြီး ပထမတန်းစား စွအ်းအားရှင်ဖြစ်လာနိုင်တဲ့လူမှာ အာရုံအပြောင်းအလဲအားကောင်းတဲ့ လူတစ်ယောက်ရှိကိုရှိရမယ်”
သိုင်းဧကရာဇ်နယ်ပယ်အပြီးတွင် စိတ်အာရုံပြောင်းပြီး အတူတကွစုစည်းရသည်။
ဒဏ္ဍာရီအရ နယ်ပယ်မဲ့မင်းဆက်၏ အင်ပါယာက တာအိုအထွပ်အထိပ်တွင် ရှိသည့်အားကောင်းသောလူတစ်ယောက်ပင်။
“ဒုတိယက ခင်ဗျားရဲ့ပါရမီကို စမ်းသပ်မယ်၊ တကယ်လို့ခင်ဗျားက ရှန်ကျင်းကုန်သည်များအသင်းရဲ့ ပင်ကိုယ်ပါရမီစံနှုန်းကို လိုက်မှီနိုင်မယ်ဆိုရင် ခင်ဗျားလည်း ၀င်လို့ရတယ်”
“နောက်ဆုံးကတော့ မြင့်မြတ်သောလျှို့ဝှက်ကုန်သည်များအသင်းက ကိုယ်တိုင်ထုတ်ပေးထားတဲ့ မြင့်မြတ်သောလျို့ဝှက်အမိန့်ပဲ”
“တကယ်တော့ ရှန်ကျင်းအမိန့်ကို ရှန်ကျင်းကုန်သည်များအသင်းကို ထူထောင်ကတည်းက သုံးကြိမ်ပဲ ထုတ်ပြန်ခဲ့ဖူးတယ်”
ယဲ့ချိုးပိုင်ခေါင်းညိတ်ကာ ရှောင်ဟိုင်နှင့် ရှီရှန်ကို အပြုံးဖြင့်ကြည့်ပြီးမေးသည်။
“ငါတို့တချက်သွားကြည့်ကြမလား”
ရှောင်ဟိုင်နှင့် ရှီရှန်တို့လည်း ကန့်ကွက်ခြင်းအလျဉ်းမရှိဘဲ ခေါင်းညိတ်လိုက်ကြ၏။
ယဲ့ချိုးပိုင်၏စကားလုံးများကို ကြားရသောအခါ ရောက်နေသည့်လူများက အနည်းငယ်အံ့ဩသင့်သွားကြသည်။
ချက်ချင်းဆိုသလို သူတို့ကိုကြည့်နေသည့် မျက်လုံးများကလည်း ပြောင်းလဲသွားကြပြီး အနည်းငယ် စိတ်အားထက်သန်လာကြသည်။
ဤသည်ကိုရှင်းပြနေသည့်လူ၏ ယခုလေးတင်က စိတ်မရှည်သည့်အသွင်က ပြောင်းလဲသွား၏။ ညို့ယူဖမ်းစားသည့် အပြုံးဖြင့် သူကလက်နှစ်ဖက်ကို ပွတ်သပ်ကာမေးလိုက်သည်။
“အရဲစွန့်ပြီးမေးပါရစေ….. ဒီက မိတ်ဆွေသုံးယောက်က ဘယ်အင်အားစုကများလဲ”
ရှန်ကျင်းကုန်သည်များအသင်း၏ လေလံပွဲတွင် ပါ၀င်နိုင်ရန်ဟူသည် သူတို့၏နောက်ခံက သေချာပေါက်ရိုးရှင်းမည်မဟုတ်ပေ။
ယဲ့ချိုးပိုင် ပြုံးကာ ခေါင်းခါယမ်းသည်။
“စံအိမ်တော်ပါ”
စံအိမ်တော်လား။
အဲဒါဘယ်လိုအင်အားစုမျိုးလဲ။
ထိုလူထပ်မေးချင်သော်လည်း ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက တဖက်လှည့်ကာ ထွက်သွားကြလေပြီ။
….
ရှန်ကျင်းကုန်သည်များအသင်းသည် နယ်ပယ်မဲ့ပိုင်နက်အတွင်း နေရာအနှံ့တွင် ကုန်သည်များအသင်း ထူထောင်ထားကြသည်။
ယခုတကြိမ် ရှန်ကျင်းလေလံပွဲကို လုံချီမြို့က ရှန်ကျင်းကုန်သည်များအသင်းတွင် ကျင်းပခဲ့သည်။
ယဲ့ချိုးပိုင်တို့သုံးယောက် ရောက်လာသောအခါ ရှန်ကျင်းကုန်သည်များအသင်း၏ စံအိမ်က အတော်လေးချမ်းသာကြွယ်၀သည်ကိုပင် တွေ့နေရလေပြီ။
နတ်ဘုရားတ၀က်နယ်ပယ်က သိုသိပ်နေတတ်သူများ အနည်းငယ်ရှိနေပြီး သိုင်းဧကရာဇ်နယ်ပယ်က အစွမ်းထက်ပုဂ္ဂိုလ်များ တစ်ဒါဇင်ကျော်ရှိသည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက ကုန်သည်များအသင်းသို့ ရောက်လာကြသည်။
ထို့နောက် ရွှေနှင့်အလှဆင်ထားသည့် ၀တ်စုံ၀တ်ကာ လျှောက်လာသည့် လှပသော ကောင်မလေးတစ်ယောက်က ခပ်ယဲ့ယဲ့ပြုံးရင်းမေးသည်။
“ရှင့်တို့သုံးယောက်ဘာများ၀ယ်ချင်လို့လဲ”
ယဲ့ချိုးပိုင်ခံစားနေရသည်။ ဤမိန်းကလေးတွင်ပင် ချန်းယွမ်နယ်ပယ်ကျင့်ကြံခြင်းရှိသည်။
ကုန်သည်များအသင်းရဲ့စားပွဲထိုးက ချန်းယွမ်နယ်ပယ်ကျင့်ကြံသူတယောက်လား။
ဒါက တကယ်မရိုးရှင်းဘူး။
ထို့အပြင် တဖက်လူက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအား နယ်ပယ်ကြောင့် မထီမဲ့မြင်ပြုခြင်းမရှိပေ။
“ကျုပ်တို့ ရှန်ကျင်းလေလံပွဲမှာ ပါ၀င်ချင်တယ်”
စားပွဲထိုးမလေးက အံ့ဩခြင်းအလျဉ်း မရှိသည့်အလား ပြုံးပြသည်။
“အရဲစွန့်ပြီးမေးပါရစေ၊ ရှင့်တို့မှာ ဖိတ်စာရှိလား”
ဤစကားလုံးများကို ကြားသောအခါ သုံးဦးသားက အမှန်အတိုင်းပင် ခေါင်းခါယမ်းလိုက်ကြသည်။
“ဒီလိုဆိုရင် ရှင်တို့ပါ၀င်လို့မရပါဘူး”
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
“ပါရမီက ခင်ဗျားတို့ကုန်သည်းများအစင်းရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီနေသရွေ့ ဘယ်သူမဆို ပါ၀င်လို့ရတယ်လို့ ကျုပ်ကြားဖူးတာပါ”
စားပွဲထိုးမလေးက အနည်းငယ် ထိတ်လန့်သွားပြီးနောက် ခေါင်းညိတ်ပြသည်။
“ရှင့်တို့သုံးယောက်က ပါရမီကို စမ်းသပ်ချင်ကြတာလား”
“ဒီလိုဆိုရင်တော့ ကျွန်မနောက်က လိုက်ခဲ့ပေးကြပါ”
ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက်က သူမနောက်မှ လိုက်သွားကြတော့သည်။
အစောင့်မလေးက သူတို့သုံးယောက်ကို အခန်းတစ်ခန်းသို့ ခေါ်ဆောင်လာပြီးနောက် ပြုံးရင်းပြောသည်။
“ကျေးဇုးပြုပြီး ခဏစောင့်ပေးကြပါဦး”
ထို့နောက်သူမထွက်သွားသည်။
ရှီရှန်အပြုံးဖြင့်မေးသည်။
“ငါတို့ပါရမီက လုံလောက်ရဲ့လားဆိုတာ ငါမသိဘူး”
ယဲ့ချိုးပိုင် သလင်းသားကုလားထိုင်ပေါ်၌ထိုင်လျက် လက်အစုံကို ဆန့်တန်းလိုက်သည်။
“ငါလည်းမသိဘူး၊ ဒါပေမယ့် ငါတို့သုံးယောက်ကသာ ပါရမီမပြည့်၀ဘူးဆိုရင် ဆရာနဲ့ ဟိုအဖိုးကြီးကို ရင်ဆိုင်ရတော့မယ်”
ရှောင်ဟိုင် အသံကျယ်ဖြင့်ပြောသည်။
“သေချာပေါက်လုံလောက်မှာပါ”
ထို့နောက်သူကဆက်သည်။
“သူတို့ရဲ့နယ်ပယ်က ငါတို့ထက်အားကောင်းတယ်ဆိုပေမယ့် သူတို့ငါတို့ကို အနိုင်မယူနိုင်ပါဘူး”
ယဲ့ချိုးပိုင်နှင့် ရှီရှန်းတို့က ရယ်လိုက်မိကြသည်။ ဤသည်ကအမှန်တရားပင်။
အရမ်းမကြာလိုက်ပေ။ စားပွဲထိုးမလေးက အမျိုးသမီးတစ်ဦးနှင့်အတူ ရောက်လာသည်။
အမျိုးသမီးက ခရမ်းရွှေရောင်ပိုးသားအင်္ကျီကို၀တ်ဆင်ထားသည်။ ထို၀တ်စုံကနေတဆင့် သူမ၏ရဲရဲတောင်ပုံရိပ်ကို ရှင်းလင်းစွာ မြင်နေရသည်။
သူမ၏ဆံပင်နက်များက ရင်ဘတ်ပေါ်သို့ ဘေးတိုက်ပင် ကျဆင်းသွားခဲ့သည်။
နှုတ်ခမ်းနှင့်သွားများက ကျောက်စိမ်းနှင့်တူပြီး ချွန်ထက်သောနှာတံနှင့် ပါးစပ်သေးသေးလေးပါရှိသည်။
ဖီးနစ်မျက်လုံးတစုံနှင့် ဆူးရွက်ပမာ မျက်ခုံးမွှေးများက ညို့ယူဖမ်းစားနိုင်သည့် အစွမ်းရှိပုံရသည်။
“ရှင့်တို့ပါရမီကို စမ်းသပ်ချင်ကြတာလား”
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
“တောင်းပန်ပါတယ်”
ပိုးသားအင်္ကျီနှင့်အမျိုးသမီးက လက်ဖဝါးလေးဖြင့် ပါးစပ်ကိုပိတ်ရင်း တခစ်ခစ်ရယ်မောလိုက်လေသည်။
“ပြဿာနာမရှိပါဘူး၊ ရှင့်တို့သာပါရမီရှိပြီး ယုတ်မာကောက်ကျစ်မယ်ဆိုရင် ကျွန်မတို့ရဲ့ ရှန်ကျင်းကုန်သည်များအသင်းမှု မဟာမိတ်အသစ်သုံးယောက်ကို ထပ်ဖြည့်လို့ရတာပေါ့”
စကားပြော၍ပြီးသည်နှင့် သူမက ခရမ်းရောင်အလင်းဖြာနေသည့် သလင်းကျောက်တထုကိုထုတ်ယူကာ အပြုံးဖြင့်ပြောသည်။
“ရှင့်တို့လက်တွေကို ဒီသလင်းကျောက်ပေါ် တင်လိုက်ပါ”