Switch Mode

အခန်း (၂၈၆)

#သိုင်းဧကရာဇ်နယ်ပယ်သို့ ပြန်၀င်ရောက်ခြင်း#

ဟုန်ရင်၏အသွင်အပြင်နှင့် လုချန်ရှန်း၏ ဂုဏ်သတင်းနှင့်ဆိုပါက အလွယ်တကူ၀င်၍ရပေသည်။

ဒြပ်ငါးပါးဆန္ဒနယ်ပယ်!

ရွှေ၊ သစ်သား၊ ရေ၊ မီးနှင့်မြေ

ဤသည်က ဆန္ဒနယ်ပယ်များအတွင်း အခြေခံအကျဆုံးဖြစ်တည်မှုဖြစ်သည်။

သို့သော် တချိန်တည်းမှာပင် ဤသည်က ကမ္ဘာနှင့် နီးစပ်စွာ ဆက်စပ်နေသည့် ဆန္ဒနယ်ပယ်တခုလည်းဖြစ်သည်။

အခြေခံကျသော်လည်း မရိုးရှင်းပေ။

အရင်ကတည်းက ဟုန်ရင်က မီးဆန္ဒနယ်ပယ်ကို နားလည်ထားပြီးဖြစ်သည်။

တားအိုအားလုံးက တူညီသော အရင်းအမြစ်ကနေ ဖြစ်ပေါ်လာကြခြင်းပင်။

ဟုန်ရင်၏နားလည်နိုင်စွမ်းနှင့်ဆိုပါက ကျန်သောလေးခုက အချိန်အများကြီး သုံးစွဲရန်ပင်မလိုပေ။

ထို့နောက် လုချန်ရှန်း အဂ္ဂိရတ်အခန်းထဲသို့ ၀င်သွားခဲ့သည်။

ယခုတွင်မူ နယ်ပယ်အပေါ် ဟုန်ရင်၏ နားလည်နိုင်စွမ်းက လုံလောက်နေပါပြီ။

လိုအပ်သည့်အရာအားလုံးက အော်ရာသာဖြစ်သည်။

၎င်းနောက်တွင် ဝိဉာဉ်စွမ်းအင်ကို အလျင်အမြန်စုပ်ယူနိုင်သည့် ဆေးကို သန့်စင်ရန်သာလိုအပ်သည်။

အနာဂတ်အငြိမ်းစားဘ၀အတွက် တိုက်ပွဲ၀င်ရမယ်။

လုချန်ရှန်း လက်စွပ်ထဲကနေ ပစ္စည်းအမျိုးမျိုးကို ထုတ်ယူကာ ဆေးလုံးကို စတင်သန့်စင်လေတော့သည်။

မု၀မ်အာက ဘေးကနေစောင့်ကြည့်နေခဲ့သည်။

လုချန်ရှန်းက အဂ္ဂိရတ်ပညာအား သန့်စင်နေစဉ် မု၀မ်မာ ဘေးကနေ အသေအချာ ကြည့်နေခဲ့သည်။

ဤနည်းလမ်းဖြင့် ဒန်တာအိုအပေါ် သူမ၏နားလည်နိုင်စွမ်းကလည်း အကြီးအမားတိုးတက်လာပေလိမ့်မည်။

တကြိမ်တည်းမှာပင် စံအိမ်တော်၌ မိုးခြိမ်းသံများထွက်လာပြီး မိုးကြိုးကပ်ဘေးများက အဆက်မပြတ်ကျဆင်းလာသည်။

ငါးရက်တာက လျပ်တပြက်ကုန်ဆုံးသွားသည်။ ဤသည်က ဘုန်းတော်ကြီးတစ်ဦး တရားထိုင်သည့်အချိန်ပမာဏဖြစ်သည်။

ဟုန်ရင်ကလည်း လျှို့ဝှက်တာအိုတောင်မှ ပြန်လာခဲ့သည်။

ဒြပ်စင်ငါးမျိုးအပေါ် နားလည်နိုင်စွမ်းက ပြီးပြည့်စုံသွားခဲ့လေပြီ။

လုချန်ရှန်းကလည်း အဂ္ဂိရတ်ဖိုကနေ ရွေ့လျားသည်။

ဆေးပြားဖိုကို ညွှန်ပြရင်း သူပြောသည်။
“အထဲမှာရှိတဲ့ဆေးပြားတွေက ကျင့်ကြံခြင်းအရှိန်ကို မြန်ဆန်စေပြီး နယ်ပယ်ကို မြှင့်တင်ပေးနိုင်တဲ့ ဆေးပြားတွေပဲ၊ ဖိုတခုထဲမှာ ကျုပ်လိုချင်တာမှန်သမျှကို ငါလုပ်နိုင်တယ်”

ဖိုတခုတည်းလား။

ဤမြင်ကွင်းကိုမြင်ရသောအခါ ခုန်ကျန်းဟန်နှင့် ဧကရာဇ်မင်းဆရာတို့က ကြက်သေသေသွားကြသည်။

တခြားအဂ္ဂိရတ်ပညာရှင်များက ဆေးလုံးတစ်လုံးနှစ်လုံးကိုသာ သန့်စင်နိုင်ကြသည်။

ငါတို့မင်းကိုပြောပါရစေ၊ ဒါက တိုင်းတာခြင်းယူနစ်တခုပါရှိတဲ့မီးဖိုကွ။

ပြီးတော့ ဒီထဲက ဆေးပြားတွေအားလုံးက မိုးကြိုးကပ်ဘေးကနေ ပြုပြင်မွမ်းမံထားတဲ့ ကောင်းကင်အဆင့်ဆေးပြားတွေပဲ။

ဤအဆင့်ဆေးပြားများကို တကြိမ်တည်းတွင် အကုန်သန့်စင်ပစ်နိုင်သည်။

“စီနီယာ…. ခွန်အားကိုမြှင့်တင်ဖို့အတွက် ဆေးပြားကိုအသုံးပြုတာက နယ်ပယ်ကို မတည်မငြိမ်ဖြစ်စေပြီး ဘေးထွက်ဆိုးကျိုးတွေ မရှိစေနိုင်ဘူးလား”

နယ်ပယ်ကမတည်ငြိမ်ဘူး။

ဘေးထွက်ဆိုးကျိုးလား။

ဒါဘာတွေလဲဟ။

လုချန်ရှန်းလက်ဝှေ့ယမ်းကာပြောသည်။
“မရှိဘူး၊ ငါဒီဆေးပြားအားလုံးကို မြှင့်တင်ပြီးပြီ”

ခုန်ကျန်းဟန် “……”

ဧကရာဇ်မင်းဆရာ “……”

ဟုန်ရင်ကမူ အံ့ဩသင့်ခြင်းမရှိပါ။

လုချန်းရှင်းထုတ်ဖော်ပြသခဲ့သည့်အရာက ခင်းကျင်းမှုနယ်ပယ်သာမက ခက်ခဲနက်နဲသည့် အဂ္ဂိရတ်နယ်ပယ်လည်းဖြစ်သည်။

ဆေးပြားများကိုသန့်စင်ပြီး ဘေးထွက်ဆိုးကျိုးမရှိခြင်း။

ဟုန်ရင်ပြုံးလျက်ပြောသည်။
“ကျေးဇူးပါ ဆရာ”

စကားပြော၍ပြီးသွားသောအခါ သူမ ဆေးလုံးသုံးလုံးကိုထုတ်ယူကာ ပါးစပ်ထဲ အတူတကွပစ်သွင်းလိုက်သည်။ ထို့နောက် တင်ပလ္လင်ခွေထိုင်လျက် စတင်လေ့ကျင့်လေတော့သည်။

တခဏကြာပြီးနောက် ဝိဉာဉ်စွမ်းအင်က အရူးအမူးထိုးတက်လာသည်။

ဟုန်ရင်ပတ်ပတ်လည်၌ ဧရာမမုန်တိုင်းအော်ရာတခု ဖြစ်တည်လာပြီး ချက်ချင်းဆိုသလို ဟုန်ရင်၏စုပ်ယူခြင်းကို ခံလိုက်ရသည်။

နယ်ပယ်က မတည်မငြိမ်ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် နယ်ပယ်အပေါ် နားလည်မှုက မလုံလောက်သေးသောကြောင့်ပင်။

အရည်အသွေးမြှင့်ရတနာကို အဆင့်တက်ရန်အတွက် အတင်းအကျပ်သုံးစွဲပြီးနောက်တွင် နယ်‌မြေက မတည်မငြိမ်ဖြစ်သွားခဲ့သည်။

ယခင်ဘ၀က ဟုန်ရီသည် မူလက အင်ပါယာနယ်ပယ်၏ သန်မာသူတစ်ဦးဖြစ်သည်။ ယခုမျိုးဆက်ကိုးဆက် လူ၀င်စားပြီးနောက် နယ်ပယ်အသိက လုံလောက်နေပါပြီ။

လုချန်ရှန်း၏ အဆင့်မြှင့်ဆေးပြားကိုပါ ပေါင်းထည့်လိုက်ပါက နယ်ပယ်က မတည်မငြိမ် ဖြစ်နိုင်ဦးမည်လား။

မတည်မငြိမ်ဆိုတာ လုံး၀မတည်ရှိသင့်ဘူး။

အချိန်ကတဖြည်းဖြည်းကုန်လွန်သွားပြီး ဆယ်ရက်မြောက်နေ့တွင် နောက်ဆုံးတွင် စံအိမ်တော်တွင်တင်မက တောင်ပိုင်းဒေသတခုလုံးမှာပင် ဆူပွက်နေသည့်ရေကဲ့သို့ ကြောက်မက်ဖွယ်အသက်ရှုသံများက စတင်ပြင်းထန်စွာ ဆူပွက်လာစေသည်။

ကန္တာရဒေသလူများက တောင်ပိုင်းဒေသသို့ မျက်စိကျနေကြသည်။

ဘာဖြစ်နေတာလဲ။

“ဘယ်စီနီယာက အဆင့်ချိုးဖျက်နေတာလဲ”

“ဒီလိုအော်ရာအတက်အကျမျိုး၊ သိုင်းဧကရာဇ်တ၀က်အဆင့်ကို ချိုးဖျက်မယ်ဆိုရင်တောင် ဒီလောက်ကြောက်ဖို့ ကောင်းမယ်မထင်ဘူး”

“ဖြစ်နိုင်တာက….သိုင်းဧကရာဇ်နယ်ပယ်လား…”

တခဏအကြာတွင် လူအများ၏အကြည့်က တောင်ပိုင်းဒေသသို့ ကျရောက်လာခဲ့ကြသည်။

သိုင်းအင်ပါယာနယ်ပယ်စွမ်းအားရှင်။

နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက် နောက်ဆုံးတွင်ကား ဤနယ်ပယ်စွမ်းအားရှင် ပေါ်ပေါက်လာတော့မည်လား။

ဟုန်ရင်၏တကိုယ်လုံးက အော်ရာမုန်တိုင်းဖြင့် ပြည့်နှက်နေခဲ့ပြီး သူမ၏ဒန်တျန်က ကြောက်မက်ဖွယ်ရာအော်ရာကို အဆက်မပြတ် စုပ်ယူနေသည်။

ဤသည်က ဆေးပြား၏ သက်ရောက်မှုကြောင့်ပေတည်း။

၎င်းကိုသန့်စင်စရာလည်း မလိုအပ်သလို စုပ်ယူလို့မရနိုင်သည့် အော်ရာတွေ အများကြီး ရှိလာမှာကိုလည်း စိုးရိမ်စရာမလိုပါ။

လုချန်ရှန်းသန့်စင်ပေးထားသည့် ဆေးလုံး၏အကူအညီဖြင့် စုပ်ယူခြင်းနှုန်းကလည်း အတော်လေးမြန်ဆန်လာသည်။

ဤသည်က ဝေလငါးတစ်ကောင် မျိုချနေသည့်အလားပင် ဘေးပတ်ပတ်လည်က ထွက်ပေါ်နေသည့် အော်ရာကို အလျင်အမြန် စုပ်ယူနေသည်။

ဧကရာဇ်မင်းဆရာနှင့် ခုန်ကျန်းဟန်တို့က ဟုန်ရင်ကို စိတ်လှုပ်ရှားတကြီး ကြည့်နေကြသည်။

နောက်ဆုံးမှာတော့ အရှင်မက သိုင်းဧကရာဇ်နယ်ပယ်ကို ပြန်ရောက်နိုင်တော့မှာလား။

ဤသို့သာဆိုပါက တိမ်ဖီးနစ်အင်ပါယာက အမှန်တကယ်ပြန်လာခြင်းဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ဤသည်က အင်ပါယာတပါးပေတည်း။

သိုင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်တစ်ဦးသာမရှိပါက ဤနာမည်က ထိုက်တန်တော့မည်မဟုတ်ပေ။

ထို့နောက် ဟုန်ရင် သိုင်းဧကရာဇ်နယ်ပယ်သို့ တက်လှမ်းသွားခဲ့သည်။ ဤလျှို့ဝှက်စွာ မကျေမနပ်ပြောဆိုကြသည့် အသံများအားလုံးက ပျောက်ကွယ်သွားကြရပေလိမ့်မည်။

နောက်တစ်ရက်ကုန်ဆုံးသွားသည်။

ဟုန်ရင်ပတ်ပတ်လည်၌ အလွန်နက်ရှိုင်းပြီး ဆန်းကြယ်သည့်အော်ရာတခု ဖြစ်တည်လာသည်။

ခုန်ကျန်းဟန်က ဤအသက်ရှုသံ၊ အော်ရာနှင့် အတော်လေးရင်းနှီးနေသည်။

သိုင်းဧကရာဇ်နယ်ပယ်!

ထိုအခိုက်အတန့်၌ ဟုန်ရီက သိုင်းဧကရာဇ်နယ်ပယ်သို့ တရား၀င် ပြန်ရောက်သွားခဲ့လေပြီ။

လုချန်ရှန်း၏တပည့်များကြားတွင် နောက်ဆုံးတွင်ကား သိုင်းဧကရာဇ်နယ်ပယ်က အားကောင်းသည့်လူတစ်ယောက် ရှိလာခဲ့သည်။

အရင်ဘ၀ကထက်ပို၍ အားကောင်းသည့် ဤရင်းနှီးနေသည့်စွမ်းအားကို ခံစားမိသောအခါ ဟုန်ရီရယ်မောလိုက်ပြီး လုချန်ရှန်းရှေ့တွင် ဒူးထောက်ကာ လေးစားစွာပြောသည်။
“ဆရာ့ရဲ့အကူအညီအတွက် ကျေးဇူးတင်ပ်တယ်”

လုချန်ရှန်းလက်ဝှေ့ယမ်းပြသည်။ သူက ဂရုစိုက်ပုံပင်မရ။

တကယ်တော့ ဤနေ့ကလည်း အနာဂတ်အတွက် သူ့၏အငြိမ်းစားဘ၀အတွက် လုပ်ဆောင်လိုက်ခြင်းသာ။

ဒြပ်စင်ငါးပါးဆန္ဒနယ်ပယ်နှင့်အတူ နယ်ပယ်က လုံလောက်နေပါပြီ။

ထို့နောက် ကျန်ရှိနေသည့်တခုတည်းသောအရာက စည်းမျဉ်းများ၏စွမ်းအားပင်။

ယခုဟုန်ရင်ကောင်းမွန်လာသည်က ပြန်လည်မွေးဖွားခြင်း၏စွမ်းအားတွင်ဖြစ်သည်။

ထို့နောက် ဟုန်ရင်က ဤနယ်ပယ်အတွင်း ကောင်းကင်ဘုံလမ်းကြောင်းဖြစ်သည့် ပြန်လည်မွေးဖွားခြင်းကျင့်စဉ်ကို နားလည်သဘောပေါက်ရန်သာ လိုအပ်တော့သည်။

သူမထိန်းချုပ်နိုင်စွမ်းရှိရမည်။

လုချန်ရှန်းတခဏမျှတွေးတောပြီးနောက် ဟုန်ရင်ကိုကြည့်ကာပြောသည်။
“မင်းဒါကို ကောင်းကောင်းနားလည်ထားသင့်တယ်”

ထိုအသံပေါ်လာပြီး လုချန်ရှန်း၏ကိုယ်၌ ပြန်လည်မွေးဖွားခြင်း၏ အသက်ရှုသံက တဖြည်းဖြည်းမြှင့်တက်လာခဲ့သည်။

ဟုန်ရင် အနည်းငယ်ထိတ်လန့်သွားသည်။

ဤပြန်လည်မွေးဖွားခြင်းအသက်ရှုသံက သူမနှင့်ကွဲပြားပြီး ကောင်းကင်ဘုံ၏ စည်းမျဉ်းများနှင့် ဆက်စပ်နေပုံရသည်။

လုချန်ရှန်း ပြန်လည်မွေးဖွားခြင်းနိယာမကို ထုတ်လွှတ်ရင်း ရှင်းပြသည်။
“နိယာမစွမ်းအားကို ကောင်းကင်ဘုံနိယာမရဲ့စွမ်းအားလို့လည်း ခေါ်တယ်”

“ခုနက ဆန္ဒနယ်ပယ်က မင်းက ဒီစွမ်းအားရဲ့ အရင်းအမြစ်နဲ့ ထိတွေ့နေပြီလို့ ဆိုလိုနေတာပဲ”

“ပြီးတောါ ဒိုကျဲဆိုတာက ဒီစွမ်းအားရဲ့ အရင်းအမြစ်ကို မင်းထိန်းချုပ်ထားပြီးသားလို့ ဆိုလိုနေတာ”

ဟုန်ရင် မျက်လုံးကို ဖြည်းဖြည်းချင်းမှိတ်လိုက်သည်။

လုချန်ရှန်းက သူမကို ပြန်လည်မွေးဖွားခြင်း၏ အခြေခံသဘောတရားများကို နားလည်အောင် လုပ်နေသည်ကို သူမသိပါသည်။

ခုန်ကျန်းဟန်ပဟေဠိဖြစ်နေသည်။ တာအိုရဲ့စွမ်းအားက အတိအကျဘာများလဲ။

သို့စေကာမူ သူတို့က အထိတ်တလန့်ဖြင့် ဤစည်းမျဉ်း၏စွမ်းအားကို ခံစားနေရသည်။

ဤစည်းမျဉ်း၏စွမ်းအားအောက်တွင် သူကပုရွက်ဆိတ်တစ်ကောင်ပမာ။

ဤစည်းမျဉ်း၏ စွမ်းအားအောက်တွင် ယထုလေးတင် ဆန္ဒနယ်ပယ်ကို နားလည်မှုက ပုရွက်ဆိတ်တကောင်နှင့် ဆင်တကောင်ကြားက ခြားနားချက်တခုကဲ့သို့ပင်။

ဟုန်ရင်က ဤပြန်လည်မွေးဖွားခြင်းနိယာ၏ ရစ်ပတ်ထားခြင်းကိုခံရပြီး ကမ္မဌာန်းထိုင်သည့် အနေအထားတွင် ကျရောက်နေသည်။

ကောင်းကင်ဘုံနှင့်လူသား၏နယ်ပယ်!

ကောင်းကင်နှင့်လူသား၏ ကောင်းချီးပေးခြင်းခံထားရသည့် နယ်ပယ်အောက်တွင် ဟုန်ရင်၏ နားလည်မှုစွမ်းရည်က အကြိမ်ပေါင်းများစွာ တိုးမြှင့်လာခဲ့သည်။

….

တချိန်တည်းမှာပင် အကန့်အသတ်မဲ့ပိုင်နက်အတွင်း လုံချီမြို့မှ မိုင်ငါးရာခန့်ဝေးသည့် တောင်ပေါ်လမ်းတွင် ယာဉ်တစင်းက ဖြည်းဖြည်းလေးရွေ့လျားနေခဲ့သည်။

ယန်ချီ ရှေ့က ကြီးမားသည့်မြို့ကြီးကို စိုက်ကြည့်ရင်း သက်ပြင်းချသည်။
“ညီမလေး..ရောက်တော့မှာပါ”

တခဏကြာပြီးနောက် လှည်းထဲကနေ ဆိတ်ငြိမ်သည့်တုံ့ပြန်သံတစ်သံထွက်လာသည်။

ထိုအသံက ၀မ်းနည်းမှု၊ တုံ့ဆိုင်းမှုနှင့် ပူဆွေးမှုများဖြင့် ပြည့်နှက်နေသညိ။

ယန်ယု၀မ်၏ အတွေးများကို ယန်ချီသိပါသည်။

ရုတ်တရက်သူအံကြိတ်လိုက်သည်။
“ညီမလေး၊ နင်မသွားချင်ဘူးဆိုရင် ငါတို့မသွားကြရအောင်လေ”

ယန်ယု၀မ်ကခါးသီးစွာပြုံးသည်။
“အခုမသွားဘူးဆိုရင် လုံမိသားစုနဲ့ သဘောတူညီချက်ကို ချိုးဖောက်သလို ဖြစ်သွားလိမ့်မယ်၊ အဲအချိန်ကျရင် လုံမိသားစုက ယန်မိသားစုကို ပစ်မှတ်ထားလာလိမ့်မယ်”

“အခုအချိန်မှာ ယန်မိသားစုက ကိုယ့်ကိုကိုယ်တောင် တကယ်ကယ်တင်နိုင်စွမ်းမရှိတော့ဘူး”

ယန်ယု၀မ် ကန့်လန့်ကာကိုဖွင့်လိုက်ပြီး တင့်တယ်ခန့်ညားသော်လည်း မျက်ရည်စများရှိနေသည့် ၀မ်းနည်းစရာမျက်နှာကို ထုတ်ဖော်ပြသရင်း မျက်လုံးအစုံမှိတ်ကု လေ့ကျင့်နေသည့် ရှောင်ဟိုင်၏ကျောကို ကြည့်လိုက်ကာ သက်ပြင်းချသည်။

ကံကြမ္မာက သူတို့ဘက်တွင်ရှိမနေခဲ့ပေ။

Comment

  1. tintunnaing.kha says:

    Good

Leave a Reply

Options

not work with dark mode
Reset