လုချန်ရှန်းက ခန္ဓာကိုယ် တစ်ခုလုံးသည် အရိုးမရှိသကဲ့သို့ ပလ္လင်ပေါ်တွင် လဲကျသွားခဲ့သည်။
သူ့မျက်လုံးများက အသက်မဲ့နေကာ မျက်ခမ်းမွေးများက မှေးစင်းနေသည်။
အာ…
ငါဘာလို့ တပည့်လက်ခံခဲ့တာလဲ…
အာ…
တပည့်လက်ခံတာက အငြိမ်းစားယူတဲ့ အဓိပ္ပါယ်မဟုတ်ဘူးလား…
ငါအငြိမ်းစားမရဘဲ ပိုပိုပြီး အလုပ်များနေရတာလဲ။
လုချန်ရှန်း တပည့်များမရှိခင် နေ့ရက်များကို ပြန်တမ်းတလာသည်။
သူ အ်ိပ်သည် စားသည် သောက်သည်…
အပင်များစိုက်ပျိုးသည်။
အကောင်ငယ်လေးများမွေး၏။
လုပ်စရာမရှိသည့်အချိန်များတွင် သူက ပုံဆွဲ၊ လက်ရေးလှပန်ချီရေး၊ ဆေးလုံးများဖော်စပ်ပြီး အစီအရင်များတည်ဆောက်ခဲ့သည်။
ထိုနေ့ရက်များက အပူအပင်မဲ့လေသည်။
အခုတော့…
လုချန်ရှန်း မျက်လုံးများက နောင်တရများနှင့်အပြည့်။ ဟုန်ရင့်ကို ကြည့်သည့်အကြည့်များပင် မကြည်မလင်နှင့်ဖြစ်လာသည်။
ဟုန်ရင်က ရယ်မောလိုက်သည်။ “ရှစ်စွင်း၊ ဒီလိုမကြည့်ပါနဲ့။ ကျွန်မမှာ ရွေးချယ်စရာမရှိလို့ အကူညီတောင်းရတာပါ”
“ကောင်းပြီ ကောင်းပြီ” လုချန်ရှန်းက လက်ရမ်းပြ၍ “မြန်မြန်ပြောတော့”
ထို့နောက်သူမက ခုန်းကျန်းဟန့်နှင့် ဧကရာဇ်မင်းဆရာကိုကြည့်လိုက်သည်။
သူတို့နှစ်ဦးက နားလည်ပြီး လုချန်ရှန်းကို ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်သည်။
လုချန်ရှန်းက နောက်ဆုံးတော့ နားလည်သွားသည်။
မဟုတ်ဘူး… ငါ့လိမို့လို့ နားလည်ရမှလား။
“ကောင်းကင်ဘုံတာအိုက ပျက်ဆီးနေတယ်။ နင်ကငါ့ကို ဒီကွာဟချက်ကို ပြန်လည်ဖြည့်တင်းပေးစေချင်တယ်ပေါ့”
“နင်က ငါ့ကို အလုံးစုံသိနေတယ်ထင်လား။ ငါမသိဘူးဟ”
လုချန်ရှန်းက မျက်လုံးစွေကြည့်၍ ပြောလိုက်လေသည်။ “ငါကမှ ကောင်းကင်ဘုံတာအိုကို မမြင်ဖူးတာ။ နင်က ငါကိုအထင်ကြီးနေတာဘဲ”
ဟုန်ရင်က ခါးသက်သက်ပြုံး၍ “အတိအကျပြောရရင် ကျွန်မတို့က ရှစ်စွင်းကိုရှာချင်တာ ဘာတစ်ခုမှ မလုပ်နိုင်လို့ပါ။ ရှစ်စွင်းမှာက စိတ်ကူးတွေ အများကြီး ရှိပြီး လုပ်နိုင်စွမ်းရှိတယ်။ နည်းလမ်းရှိသင့်တယ်”
နယ်ပယ်တိုင်းတွင် ကောင်းကင်ဘုံတာအိုရှိလေသည်။
နယ်မြေများ၏ ရှုပ်ထွေးပွေလီသော ကိစ္စများကို လုပ်ဆောင်ပေးမည်မဟုတ်သော်လည်း ကျင့်ကြံခြင်းအဆင့်အတန်း နယ်ပယ်အဆင့်ကိုဆုံးဖြတ်ပေးနိုင်သည်။
ကန္တရဒေသ၏ စိတ်ဝိဉာည်ချီများနည်းပါးလာရသည်မှာ ကောင်းကင်ဘုံတာအိုထိခိုက်သွားခြင်းကြောင့်ဖြစ်လေသည်။
ထိုသို့ဖြင့် ကန္တာရဒေသတွင် သိုင်းဧကရာဇ်နယ်ပယ်တစ်ဦးမှ မရှိရခြင်းဖြစ်သည်။
သို့သော်လည်း ထိုကိစ္စက သူနှင့်ဘာဆိုင်သနည်း။
ကန္တရဒေသအဆင့်နိမ့်လေလေ သူ့အတွက် ကောင်းလေဖြစ်သည်။
စိတ်ဝိဉာည်ချီများပြန်လည်ကောင်းမွန်သွားခဲ့ပါက သူသည် အသန်မာဆုံးဖြစ်နေဦးမည်လား။
ကန္တရဒေသ၏ ကျင့်ကြံခြင်းအဆင့်အတန်းက သူ့ထက်သာလွန်သွားလျှင် ဘယ်လိုလုပ်ရမလဲ။
ထိုအခါ သူကြောက်လန့်ကာ နေနေရဦးမည်မဟုတ်ပါလား။
မဖြစ်ဘူး မဖြစ်ဘူး။
လုချန်ရှန်းခေါင်းခါကာ တစ်ခုခုပြောရန်ပြင်လိုက်စဥ်…
အချိန်အတော်ကြာပျောက်နေသော အသံတစ်ခုက စိတ်ထဲတွင် ပေါ်လာခဲ့၏။
[ကျင့်ကြံခြင်းတာဝန် အသက်ဝင်လာပါပြီ။ ဒုတိယတပည့် ဟုန်ရင်ကို ကန္တရဒေသရဲ့ ကောင်းကင်ဘုံတာအိုဖြစ်အောင်လုပ်ပေးပါ]
လုချန်ရှန်း “…”
ငါ့ကို လာကစားနေတာလား။
မရဘူး။
သူက ဒီတကြိမ်တော့ ကြမ်းမှရမည်။
“ငြင်းတယ်။ လက်မခံဘူး။ ဖြစ်မှမဖြစ်နိုင်တာကြီးကို”
[ဆုလဒ်၊ ရှေးဟောင်းမဟာခန္ဓာကိုယ်]
[သတိပေးခြင်း၊ ရှေးဟောင်းမဟာခန္ဓာက သမိုင်းတွင် နံပါတ်တစ် ခန္ဓာကိုယ်ဖြစ်သည်။ ကမ္ဘာလောကစဦးအချိန်၏ ရှေးဟောင်းမဟာအရှိုန်အဝါများကို ပိုင်ဆိုင်ထားသည်။ ၎င်းရဲ့လုပ်ဆောင်ချက်က အရာအားလုံးကိုဖိနှိပ်ရန်နှင့် လေဟာနယ်အာကာသကို ဖွင့်လှစ်ရန်ဖြစ်သည်]
[သင် ငြင်းဆန်ချင်သည်မှာ သေချာပြီလား]
လုချန်ရှန်း “…”
ရှေးဟောင်မဟာခန္ဓာကိုယ်ကို အသုံးပြုရန်မှာအသာထား သမိုင်းတွင်အကောင်းဆုံး ကိုယ်ခန္ဓာဆိုသည်က သူ့ကိုဆွဲဆောင်နေသည်။
သူ့တပည့်ကို စွန့်ပြစ်ရန်မှာ မဖြစ်နိုင်ပေ။
သူတပည့်များသန်မာလာလေလေ သူတို့ဆွဲဆောင်လာသော ရန်သူများမှာလည်း ပိုပို၍ ကြောက်မက်ဖွယ်ကောင်းလာမည်သာဖြစ်သည်။
ထိုပြဿနာကိုဖြေရှင်းရန် သူ့ခွန်အားကို တိုးမြှင့်ရန်သာရှိလေသည်။
ထို့ပြင်အရေးကြီးသည်က….
လတ္တီတွဒ်အာကာသကို ဖွင့်လှစ်နိုင်မည်။
ထိုအဓိပ္ပါယ်က သူနောင်အနာဂတ်တွင် ကိုယ်ပိုင်လောကတစ်ခုကိုဖွင့်လှစ်နိုင်မည်မဟုတ်ပါဘူး။
သူက ကိုယ်ပိုင် DIY လုပ်နိုင်တော့မည်။
သူအငြိမ်းစားယူနိုင်မည့်နေရာကို ရှာတွေ့ခဲ့ပြီဖြစ်သည်။
ဘယ်အထူးစစ်သည်ကမှ ထိုသို့စစ်ဆေးမှု့မျိုးကို တောင့်ခံနိုင်မှာလဲ။
လုချန်ရှန်းလည်း ချွင်းချက်မရှိခဲ့ပေ။
[ငါးစက္ကန့်အကြာတွင် တာဝန်ကို သင် လက်မခံပါက၊ ပိုင်ရှင်သည် တာဝန်အား အလိုအလျောက် စွန့်လွှတ်မည်ဟု ဆိုလိုပါသည်]
[ငါး…]
သို့သော် သူ လေး လို့မပြောခင်မှာတင်…
လုချန်ရှန်းက စနစ်ကို အလျှင်အမြန်တားဆီးလိုက်ကာ “အိုက်ယား… ဘယ်ကလက်လျှော့ရမှာလဲ။ မင်းကို လက်လျှော့မယ်လို့ပြောသေးလို့လား”
“ငါ့တပည့်တွေအတွက် ဆရာဝတ္တရားရှိတဲ့အတိုင်း လုပ်ပေးရမှာပေါ့”
“အများကြီးတွေးမနေနဲ့။ ငါက ဆုလဒ်အတွက်လုပ်ပေးတာမဟုတ်ဘူး။ နားလည်လား”
စနစ် “…”
ဘာဖြစ်သွားတာလဲ။
သူဘာလို့ဒီလောက်တောင် အရှက်မဲ့ရတာလဲ။
“ဒါပေမဲ့ ငါဘာလုပ်ရမယ်ဆိုတာကိုတော့ ပြောပြမယ်မလား”
[နယ်မြေနှလုံးသားကို အသုံးပြုပါ]
“ပြီးတော့…”
“ဟေး ဟေး ဟေး။ အိပ်သွားတာလား။ ပျက်သွားတာလား?”
“ဘာလို့ ပြန်မဖြေတာလဲ”
လုချန်ရှန်း စိတ်ထဲတွင် ကြိမ်ဆဲနေသည်။
ဒါအကုန်ဘဲလား။
ဒီလိုသဲလွန်စလေးကနေ သူဘယ်လိုလုပ်သိနိုင်မှာလဲ။
သို့သော် သူက လက်ခံထားပြီးပြီဆိုမှတော့ သူကိုယ်တိုင်စဥ်းစားမှရတော့မည်။
လုချန်ရှန်းက ဟုန်ရင်ကို ကြည့်ကာ ပြောလိုက်လေသည်။ “ကောင်းပြီ။ ကန္တရဒေသကို အရင်ပြန်ရအောင်။ ငါနည်းလမ်းကို တွေးကြည့်ဦးမယ်”
ဟုန်ရင်က ဝမ်းသာသွားသည်။
ထို့နောက် လူတိုင်းသည် တည်နေရာရွေ့ပြောင်းအစီအရင် မှတဆင့် ကန္တာရဒေသသို့ ပြန်ခဲ့ကြသည်။
လေဟာနယ် တည်နေရာရွေ့ပြောင်းအစီအရင်ကိုအာရုံခံမိသောကြောင့် ခုန်းကျန့်ဟန်က အံအားသင့်စွာပြောလိုက်လေသည်။
လုချန်ရှန်းလို အစီအရင်သခင်က အကန့်သတ်မဲ့ကမ္ဘာတွင်ပင် ယှဥ်နိုင်မည်မဟုတ်ပေ။
လုချန်ရှန်းက ကမ္ဘာမြေကြီးအကြောင်းပြောဖူးသည်ကို သူအမှတ်ရလိုက်သည်။
သူက မနေနိုင်ဘဲ ခေါင်းခါမိလိုက်သည်။
ကမ္ဘာမြေကြီး ထိုနယ်မြေကို မကြားဖူးခြင်းက ကြောက်ဖို့ကောင်းလွန်းလေသည်။
စံအိမ်တော်သို့ ရောက်လာကြပြီးနောက်တွင်…
လုချန်ရှန်းက အဖြေကို စတင်ရှာတော့၏။ စနစ်၏ အချက်ပေးသံကိုတွေးတောကာ ဟုန်ရင်ကို ကြည့်ကာ မေးလိုက်သည်။ “နယ်မြေနှလုံးသားရှိသေးလား”
ဟုန်ရင်က ခေါင်းညိမ့်၏။
နယ်မြေနှလုံးသားက ဟုန်ရင်ကိုယ်မှ ထွက်ပေါ်လာသည်။
လုချန်ရှန်းက နယ်မြေနှလုံးသားကို ကြည့်ကာမေးလိုက်သည်။ “ဟေး ကောင်းကင်ဘုံတာအိုကို ဘယ်လိုလုပ်ရမလဲ”
နယ်မြေနှလုံးသား၏ အသံက ထွက်ပေါ်လာသည်။
“မင်းရဲ့ခွန်အားနဲ့ဆိုရင် ဒီကမ္ဘာရဲ့ ကောင်းကင်ဘုံတာအိုကိုပြောင်းလဲနိုင်တယ်”
“ငါတပည့်ကို ဒီကမ္ဘာရဲ့ ကောင်းကင်ဘုံတာအိုဖြစ်စေချင်တယ်။ ဒါကဖြစ်နိုင်ခြေရှိရဲ့လား”
သူမက လုံလောက်အောင် မသန်မာသေးပေ။
လုချန်ရှန်း ကမ္ဘာမြေကြီးရှိ သူ့အရင်ဘဝက မှတ်တမ်းများရှိ ကောင်းကင်ဘုံတာအိုအကြောင်းကို တွေးတောလိုက်သည်။
ထိုအထဲတွင် ဤသို့ပြောထားလေသည်။
ကောင်းကင်ဘုံကိုတည်ဆောက်ခြင်းက လူသားများအပေါ်မူတည်နေသည်။
ယေဘူယျ အယူအဆမှာ ကောင်းကင်ဘုံတာအို ကို တည်ထောင်ခြင်းသည် လူသားများ၏ စည်းမျဉ်းများ ချမှတ်ရန် ဖြစ်သည်။
ထိုသို့ဆိုလျှင် သူက ဤကျင့်ကြံခြင်းလောကတွင် ဘယ်လိုလုပ်၍ရမည်နည်း။
စည်းမျဉ်းများချမှတ်ခြင်းက ဧကရာဇ်များပြုလုပ်ရသည့်အရာပင်။
လက်ရှိ ဟုန်ရင်လိုဖြစ်၏။
သို့သော်လည်း သူမက ကောင်းကင်ဘုံတာအိုမဖြစ်သေးရာ ထိုနည်းလမ်းက ဤကမ္ဘာတွင် အလုပ်မဖြစ်ပေ။
ကောင်းကင်ဘုံတာအိုကဘာလဲ။
တာအိုနိယာမ၊ နယ်ပယ်ဆန္ဒ၊ စိတ်ဝိဉာည်ချီ။
ထိုသုံးခုက ကောင်းကင်ဘုံတာအိုနှင့် ဆက်နွယ်နေသည်။
တစ်နည်းဆိုရသော် ကန္တာရဒေသတွင် စိတ်ဝိဉာည်ချီများပြည့်နေသရွေ့ ဒြပ်ငါးပါးဆန္ဒနယ်ပယ်က နေရာတိုင်းတွင် တွေ့မြင်နေနိုင်မည်ဖြစ်သည်။
ဤလောကရှိ ကောင်းကင်ဘုံတာအိုက နိယာမစွမ်းအားများရှိပါက ကောင်းကင်ဘုံတာအို ကင်းမဲ့မှုအတွက် ဖြည့်ဆည်းပေးနိုင်မလား။
ထိုအတွေးဖြင့် လုချန်ရှန်း၏ မျက်လုံးများ တောက်ပလာသည်။
သူက အဓိကအချက်ကို ဆုပ်ကိုင်ထားမိပုံရသည်။
ဟုတ်ပေသည်။
နိယာမစွမ်းအား။
ထို့နောက် သူက ကောင်းကင်ဘုံတာအိုကွာခြားချက်ကို ဖြည့်ဆည်းပေးနိုင်ပြီး ဤနယ်မြေရှိ ကောင်းကင်ဘုံတာအိုကို ဟုန်ရင်အားထိန်းချုပ်ခိုင်းမည်ဖြစ်သည်။
ဟုန်ရင်က ဒြပ်ငါးပါးဆန္ဒနယ်ပယ်ကိုကျင့်ကြံနေသရွေ့ နိယာမစွမ်းအားဖြစ်သော တာအိုနိယာမကို ဆုပ်ကိုင်နိုင်မည်ဖြစ်သည်။
နယ်မြေနှလုံးသား၏ စွမ်းအားကြီးမားသော စိတ်ဝိဉာည်ချီဖြင့်တွဲလျှက် နယ်မြေတစ်ခုလုံးကို ဖြန့်ကျက်သွားအောင် လုပ်ဆောင်၍ရပေမည်။
ထိုသို့ဆိုလျှင် ဟန်ရင်က ဤကမ္ဘာရှိ ကောင်းကင်ဘုံတာအိုကို ထိန်းချုပ်နိုင်မည်မဟုတ်ပါလား။
သူက စတင်၍ အကောင်အထည်ဖော်တော့လေသည်။
လုချန်ရှန်းက ဟုန်ရင်ကို ခေါ်ကာပြောလိုက်သည်။ “ဒီလောကရဲ့ ကောင်းကင်ဘုံတာအိုက မင်းလက်ထဲမှာဘဲ”
“အခုတော့ မင်းလုပ်ရမှာ သုံးခုရှိတယ်။ နယ်ပယ်အဆင့်ကိုတိုး၊ ဒြပ်ငါးပါးဆန္ဒနယ်ပယ်ကိုထိန်းချုပ်ရမယ်။ ပြီးတော့ နိယာမစွမ်းအားကို ကျင့်ကြံရမယ်”
ဟုန်ရင်က ခေါင်းညိမ့်၏။
သူမ နယ်ပယ်အဆင့်ကို တိုးမြှင့်သည်က လွယ်သည်။ ယခု ဟုန်ရင်က သိုင်းဧရာဇ်နယ်ပယ်တစ်ပိုင်းအဆင့်ကိုရောက်နေပြီဖြစ်ကာ စိတ်ဝိဉာည်ချီလုံလောက်သည်နှင့် သိုင်းဧကရာဇ်နယ်ပယ်ကို အချိန်မရွေးချိုးဖြတ်နိုင်သည်။
ဒြပ်ငါးပါးကို ထိန်းချုပ်ဖို့အတွက်လား။
သူမက ချိုးတောက်တောင်ဆီသို့ သွားလိုက်ရုံပင်။
ပြဿနာက နိယာမစွမ်းအားပင်။
သို့သော်လည်း ထိုသို့တွေးပြီးနောက် သူမ ဆရာက ထိုစကားများကိုပြောသည်က ယုံကြည်ချက်ရှိနေသည်ဟု ကောက်ချက်ချမိသည်။
လောလောဆယ်တော့ သူမက ပထမနှစ်ခုကိုဘဲ ပြီးမြောက်အောင် အာရုံစိုက်ထားရမည်ပင်။
ငါ့တပည့်တွေက ဘုရင်တွေ