ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာတွင် တိမ်ဖီးနစ်အင်ပါယာက အတော်လေး ခြေကုတ်ရယူပြီးပြီဖြစ်သည်။
ကောင်းကင်ဘုံစိတ်ဝိဉာည်ဂိုဏ်းနှင့် အခြားသောအဖွဲ့အစည်းများက အညံ့ခံလိုက်ခြင်းကြောင့်သာမဟုတ်ဘဲ ဟန်ရင်၏ အင်အားက သိုင်းဧကရာဇ်နယ်ပယ်တစ်ပိုင်းအဆင့်ကို ပြန်လည်ရောက်ရှိနေပြီဖြစ်သောကြောင့်ပင်။
သူမက သိုင်းဧကရာဇ်နယ်ပယ်သို့ ရောက်ရှိခဲ့ဖူးသောကြောင့် နယ်ပယ်အဆင့်အပေါ်နားလည်မှု့က လုံလောက်နေပြီဖြစ်သည်။
သူမက စိတ်ဝိဉာည်ချီလုံလောက်သည်နှင့် အချိန်မရွေးအဆင့်ချိုးဖြတ်နိုင်မည်ဖြစ်သည်။
ထို့ပြင် ဟုန်ရင်က ကိုးဘဝပြန်လည်မွေးဖွားခြင်းကျင့်စဥ်ကို ကျင့်ကြံထားသူဖြစ်၍ ကိုးဘဝအတွေ့အကြုံများလည်းရှိပေသည်။
ထပ်ပေါင်းဆိုရသော် လုချန်ရှန်းပေးထားသော ကျင့်စဥ်နှင့် နယ်မြေနှလုံးသား၊ စိတ်ဝိဉာည်ချီကြွယ်ဝသော ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာတို့ရှိပေသည်။
ထို အခွင့်လမ်းများက ဟုန်ရင်ကို မူလခွန်အားသို့ပြန်ရစေရန် အထောက်ကူပေးနေသည်။
ထိုအခိုက် ဟုန်ရင်၏ တာဝန်က တိမ်ဖီးနစ်အင်ပါယာကို စီမံပြီး ကျင့်ကြံခြင်းနယ်ပယ်မှဝေးကွာနေသော တားမြစ်နယ်မြေအမျိုးမျိုးကို ချိုးဖောက်ရန်ဖြစ်သည်။
၎င်းတွင် အရေးကြီးသည့်အချက်တစ်ချက်လည်းရှိသေးသည်။
ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာနှင့် ကန္တရဒေသကို ချိတ်ဆက်ရန်ဖြစ်သည်။
တစ်ချိန်တည်းမှာ ကန္တရဒေသ၏ စိတ်ဝိဉာည်ချီများက သာမန်အခြေအနေကို ပြန်လည်ရောက်ရှိရန်ဖြစ်လေသည်။
တိမ်ဖီးနစ်အင်ပါယာတွင် ဟုန်ရင်က တင့်တယ်သော ဖီးနစ်ဝတ်ရုံလွှာကိုဝတ်ဆင်ထားကာ ဖီးနစ်သရဖူတစ်ခုကလည်း သူမ၏ ဦးခေါင်းထက်တွင် ရှိနေလေသည်။ သူမ
သည် ပလ္လင်ပေါ်တွင်ထိုင်ကာ ဧကရီတစ်ပါး၏ အရှိုန်အဝါကို မသိလိုက်မသိဘာသာဖြင့် ထုတ်လွတ်နေ၏။
သူမရှေ့တွင် ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာက အရှင်သခင်ဟောင်း ခုန်းကျန့်ဟန်နှင့် ဧကရာဇ်မင်းဆရာက ရပ်နေလေသည်။
ခုန်းကျန့်ဟန်က လျှောက်တင်လိုက်သည်။ “ကန္တရဒေသက စိတ်ဝိဉာည်ချီတွေက အတော့်ကိုပါးလွှာပါတယ်။ ဒီအကြောင်းကြောင့်ဘဲ ကန္တရဒေသရဲ့ ကျင့်ကြံခြင်းအဆင့်အတန်းက နောက်ကျနေတာလဲဖြစ်ပါတယ်”
“အကယ်၍ အရှင်မသာ ပြန်လည်ပြုပြင်ချင်လို့ ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာက စိတ်ဝိဉာည်ချီတွေကို ကန္တရဒေသနဲ့ချိတ်ဆက်ပြီး ကူးပြောင်းခဲ့မယ်ဆိုရင်တောင်မှ အဆင်မပြေနိုင်မှာ ကျွန်တော်မျိုး စိုးရိမ်မိပါတယ်”
ဟုန်ရင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “ဒါဆို ငါတို့ ဘယ်လိုလုပ်သင့်လဲ”
ဧကရာဇ်မင်းဆရာက လျှောက်တင်လိုက်သည်။ “ဧကရီအရှင်မ၊ ကျွန်တော်က ဒီပြဿနာကို နှစ်ပေါင်းသောင်းကျော်ကြာအောင်လေ့လာခဲ့ပါတယ်”
“အဆုံးသတ်မှာတော့ ကျွန်တော်မျိုး သုံးသပ်ချက်တစ်ခုရခဲ့ပါတယ်”
လူတိုင်းက အကူညီမဲ့စွာ ဧကရာဇ်မင်းဆရာကို ကြည့်လိုက်ကြသည်။
ဧကရာဇ်မင်းဆရာက ကောင်းကင်ကိုလက်ညိုးထိုးပြပြီး အသံနက်နက်ဖြင့်ပြောလိုက်လေသည်။ “ကန္တရဒေသမှာရှိတဲ့ စိတ်ဝိဉာည်ချီ ပါးလွှာရတဲ့အကြောင်းရင်းက ကောင်းကင်ဘုံတာအိုရဲ့ပြိုကျမှုနဲ့ ချို့တဲ့မှုကြောင့်လို့ ကျွန်တော်မျိုးထင်မိပါတယ်”
“ကျွန်တော်မျိုးတို့ ကန္တရဒေသက စိတ်ဝိဉာည်ချီတွေကို ပြန်လည်ဖြည့်တင်းချင်ရင်တော့ ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာနဲ့ချိတ်ဆက်ရုံတင်မကဘဲ ကောင်းကင်ဘုံတာအိုကိုပါ ပြန်လည်ဖြည့်ပေးရပါမယ်”
ဟုတ်ပေသည်။
ကောင်းကင်ဘုံလမ်းကို အုပ်စိုးပြီးနောက် ကန္တရဒေသ၏ ကောင်းကင်ဘုံတာအိုက ဖျက်ဆီးခံရလိုက်ရပြီဖြစ်၏။
ကောင်းကင်ဘုံတာအို ပြိုလဲမှု့ကြောင့် အမွေအနှစ်များလည်း ပျောက်ဆုံးသွားခဲ့သည်။
၎င်းက ကန္တရဒေသ၏ ကျင့်ကြံခြင်းအဆင့်အတန်းက တိုက်ရိုက်ကျဆင်းစေခဲ့သည်။
မဟာဧကရာဇ်များပင်မရှိခဲ့ပေ။
၎င်းကိုနားထောင်ပြီးနောက် ဟုန်ရင်က ခေါင်းညိမ့်လိုက်သည်။
“ဒါဆို အားလုံးဘဲ ကောင်းကင်ဘုံတာအိုကို ပြီးမြှောက်စေမဲ့နည်းလမ်းရှိကြလား”
ထိုအချိန်တွင် ဧကရာဇ်မင်းဆရာက ခေါင်းခါကာ အကူညီမဲ့စွာ ပြောလေသည်။ “ဒီလူအိုကြီးက အသုံးမကျတော့ နည်းလမ်းကိုမစဥ်းစားမိပါဘူး”
ခုန်းကျန့်ဟန်သည်လည်း ခေါင်းခါ၏။
လက်ရှိတွင် မည်သူကမှ ဘာမှမလုပ်နိုင်ကြပေ။
ကောင်းကင်ဘုံတာအိုက အဆင့်အမြင့်ဆုံးစကားလုံးဖြစ်လေသည်။
တစ်ချိန်တည်းမှာ အလွန်ဆန်းကြယ်သည်။ ဘယ်သူကမှ နားမလည်နိုင်ပေ။
အဆင့်နိမ့်နယ်မြေရှိလူများက ထိန်းချုပ်နိုင်မည်မဟုတ်။
ပြန်လည်ဖြည့်တင်းရန်မှာ ပြောစရာမလိုလောက်တော့ပေ။
ထိုအခိုက်တွင် တိမ်ဖီးနစ်နန်းတော်၏ အလယ်။
လေဟာနယ်ဝင်ပေါက်တစ်ခု ဖြစ်လာသည်။
ထိုအတွင်းမှ လူနှစ်ဦးက ထွက်ပေါ်လာသည်။
“အယ်၊ ရောက်သွားပြီလား”
သူတို့က ခန့်ညားသောလူနှင့် မိန်းမငယ်တစ်ဦးဖြစ်သည်။
ဟုန်ရင်က တစ်ခဏကြောင်အသွားပြီး ပြုံးလိုက်သည်။ “ရှစ်စွင်းက ဘာလို့ရောက်လာတာလဲ”
ဧကရာဇ်မင်းဆရာနှင့် ခုန်းကျန့်ဟန်တို့ကလည်း လှည့်ကြည့်လိုက်ကြသည်။
သူတို့အကြည့်များက မတူညီကြပေ။
ဧကရာဇ်မင်းဆရာက လုချန်ရှန်းကို လေးစားသောအကြည့်များဖြင့်ကြည့်နေလေသည်။
တစ်ဖက်လူက ဧကရီ၏ဆရာသခင်ဖြစ်ကာ သူ၏ခွန်အားက နက်နဲလွန်း၏။
ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာကိုတိုက်ခိုက်ကာ ဤအထိရောက်လာနိုင်သည်က သူ၏ကျေးဇူးကြောင့်ပင်။
တစ်ဖက်တွင်မူ ခုန်းကျန့်ဟန်က တစ်နည်းနည်းဖြင့်ကြောက်လန့်နေသည်။
သူ့လက်ထဲတွင် သိုင်းဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူပင် ဘာမှလုပ်မရပေ။
သူ့ခွန်အားက သိုင်းဧကရာဇ်နယ်ပယ်ကို ဖိနှိပ်ထားနိုင်နေသည်။
သိုင်းဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူ ရှစ်ဦးရှိနေသည်မဟုတ်ပါလား။
သူ့လက်ထဲတွင် ၎င်းတို့က ရေညှိခြောက်များလို ဖိချေခံလိုက်ရလေသည်။
အစီအရင်လေးဖြင့်ပင် သူတို့ကို ဖိနှိပ်နိုင်သော တည်ရှိမှု့မျိုးဖြစ်သည်။
မုဝမ်အာက ပုလ္လင်ဆီသို့ ခုန်ဆွခုန်ဆွနှင့်ပြေးသွားလေသည်။
ကျိုထျန်းမျိုးနွယ်စုက သူမကို တာမြစ်ချင်နေသည်။
သို့သော်လည်း ဟုန်ရင်က လက်ကာပြပြီး “ရတယ်။ ဒီကိုလာခဲ့ ညီမလေးဝမ်၊ ဒီမှလာထိုင်”
ကျိုထျန်းမျိုးနွယ်စုက ခါးသက်သက်သာရယ်မောလိုက်သည်။
သူတို့၏အရှင်မက စံအိမ်တော်ရှိလူများနှင့် အလွန်ရင်းနှီးလေသည်။
ဟုန်ရင်က ထရပ်ကာ လုချန်ရှန်းလျှောက်လာ၏။
သူမဆရာက မတ်တပ်ရပ်နေသည်။ သူမက ဘယ်လိုကြောင့် ထိုင်နေနိုင်မည်နည်း။
“ရှစ်စွင်း၊ ဘာလို့ရောက်လာရတာလဲ”
လုချန်ရှန်းက ဘေးပတ်လည်ကိုကြည့်ကာ မေးလိုက်လေသည်။ “မီးဖိုချောင်က ဘယ်မှာလဲ”
မီးဖိုချောင်… မီးဖိုချောင်ကဘာလုပ်ဖို့လဲ
ခုန်းကျန့်ဟန်တို့က ကြောင်အနေသည်။
ဟုန်ရင်က မကောင်းသောခံစားချက်များရနေသည်။
“ငါ့ကို ငါးစွပ်ပြုတ်လုပ်ပေးတော့။ တည်နေရာရွေ့ပြောင်းအစီအရင်ကြောင့် ငါ့ဦးနောက်ဆဲတွေသေကုန်ပြီ။ အရမ်းပင်ပန်းတာဘဲ” လုချန်ရှန်းက သူမဘာမှမပြောနိုင်ခင် တည့်တိုးပြောချလိုက်သည်။
တည်နေရာရွေ့ပြောင်းအစီအရင်။
ခုန်းကျန့်ဟန်က မှင်သက်သွားကာ မေးမြန်းလိုက်လေသည်။ “ချန်းပေ့က ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာမှာ လေဟာနယ် ဝင်ပေါက်ကို တပ်ဆင်ထားခဲ့လို့လား”
“လိုအပ်လို့လား”
လုချန်ရှန်း၏ နားမလည်နိုင်သောမျက်နှာကိုကြည့်ကာ ခုန်းကျန့်ဟန်၏ မျက်ခုံးများတွန့်ကွေးသွားပြီး မဲ့ရွဲ့စွာပြုံးကာ “ဒီလို တည်နေရာရွေ့ပြောင်းအစီအရင်ကို တည်ဆောက်ဖို့ လူအင်အားနဲ့ ရင်းမြစ်များစွာလိုအပ်တယ်။ အချိန်အကြာကြီးလည်းလိုအပ်တယ်။ ချန်းပေ့က ကောင်းကင်ဘုံစိတ်ဝိဉာည်ဂိုဏ်းတစ်ခုလုံးရောင်းလိုက်ရင်တောင် တပ်ဆင်နိုင်မှာမဟုတ်ဘူး”
“ပြီးတော့လည်း နယ်မြေနှစ်ခုကြား တည်နေရာပို့ဆောင်ဖို့က်ိုပြုပြင်ဖို့အတွက် တည်နေရာပို့ဆောင်ခြင်းအဆုံးမှာ
လေဟာနယ်ဝင်ပေါက်တစ်ခုတည်ဆောက်ဖို့လိုသေးတယ်”
သို့သော်လည်း လုချန်ရှန်းက လေဟာနယ်ဝင်ပေါက်ကိုတည်ဆောက်ထားခြင်းမရှိကြောင်း သိနိုင်လေသည်။
သူက နယ်မြေတွေကြားမှာ စိတ်ရှိသလိုသွားနိုင်နေသည်လား။
လိ ဒါကဖြစ်နိုင်ခြေရှိရဲ့လား။
လုချန်ရှန်းက ခေါင်းကုတ်လိုက်သည်။ သူက တစ်ခဏခန့်စဥ်းစားပြီးနောက် “လူအင်အား၊ တစ်ယောက်တည်းတပ်ဆင်ရတာက ငါ့အတွက်သိပ်ရှုပ်ထွေးနေတော့မှာမဟုတ်ဘူး”
“ရင်းမြစ်များက အသင့်လုပ်ပြီးသား။ အချိန်တော့ကြာပြီ နှစ်ရက်လုံးလုံးတောင်မှဘဲ”
နှစ်ရက်။
ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာက အစီအရင်အရှင်အခင်များကိုခေါ်ယူ၍ တည်ဆောက်မည်ဆိုလျှင်ပင်…
လိုအပ်သောအရင်းအမြစ်များကို စုဆောင်းရန် လိုအပ်သည့်အချိန်ကို ထည့်သွင်းစဉ်းစားခြင်မပြုပါက အချိန်သုံးနှစ်ခန့်ယူရမည်ဖြစ်သည်။
ထို့ပြင် ၎င်းက လေဟာနယ်ဝင်ပေါက်မလိုအပ်သော အလွန်တရာမှဝေးကွာသည့် တည်နေရာရွေ့ပြောင်းအစီအရင်ဖြစ်သည်။
ထိုသို့အစီအရင်မျိုးက ခုန်းကျန်းဟန့်တွေးမိသည်မှာ တစ်ခုသာရှိလေသည်။
ထိုပြင် ထိုအစီအရင်က
၎င်းက အကန့်သတ်မဲ့ကမ္ဘာတွင်သာရှိလေသည်။
သို့သော် ၎င်းက လေဟာနယ်ဝင်ပေါက်တစ်ခုပါရှိသော တည်နေရာရွေ့ပြောင်းအစီအရင်တစ်ခုဖြစ်လေသည်။
ဟုန်ရင်က ပြုံးကာ ပြောလိုက်သည်။ “ရေးကြီးခွင်ကျယ်လုပ်နေစရာမလိုပါဘူး။ ရှစ်စွင်းရဲ့ အစီအရင်ကျွမ်းကျင်မှု့က အဆင့်တစ်ခုမှာရောက်နေပြီ”
“ကောင်းပြီ ကောင်းပြီ”
လုချန်ရှန်းက စိတ်မရှည်စွာဖြင့် “မြန်မြန် ငါးစွပ်ပြုတ်”
ဧကရာဇ်မင်းဆရာက ပြုံးကာ ပြောလိုက်လေသည်။ “ချန်းပေ့ ခဏစောင့်ပါဦး။ ကျုပ်တစ်ယောက်ယောက်ကို အခုလုပ်ခိုင်းလိုက်ပါ့မယ်”
၎င်းကိုကြားသော် ဟုန်ရင်က ပြုံးကာ ပြောလိုက်လေသည်။ “ကျွန်မလုပ်ပေးပါမယ်”
ဟမ်…
“အရှင်မ ကိုယ်တိုင် လုပ်ပေးမလို့လား”
“ဒါပေါ့ ငါက စံအိမ်တော်မှာဆို စွပ်ပြုတ်လုပ်ပေးရတာ”
ဟုန်ရင်က သိုလှောင်လက်စွပ်အတွင်းမှ အေပရွန်ကိုထုတ်ယူကာ လူတိုင်း၏ကြောင်အနေသော အကြည့်များအောက်တွင် ခန်းမအတွင်းမှ ထွက်ခွာသွားတော့သည်။
ကျင့်ကြံသူတစ်ဦးက ဆီချေးစွန်းမည်ကို မကြောက်ပေ။
သို့သော် လုချန်ရှန်းအဆိုရ အေပရွန်မဝတ်လျှင် ဘယ်လိုကြောင့် စားဖိုမှုးနှင့်တူတော့မည်နည်း။
သိပ်မကြာ ငါးစွပ်ပြုတ်ကရောက်လာသည်။
လုချန်ရှန်းက ပုလ္လင်ပေါ်တွင်ထိုင်ကာ စားသောက်ပြီး ဗိုက်ကိုပွတ်ကာ ပြောလိုက်သည်။ “အင်း စားလို့ကတော့ ပြီးပြီ။ နေ့လည်ခင်းတရေးအိပ်ဖို့ ပြန်လိုက်ဦးမယ်”
ဟုန်ရင်က ပြုံးကာ ပြောလိုက်လေသည်။ “ရှစ်စွင်း၊ ကမန်းကတန်းမပြန်နဲ့ဦးလေ။ ရှစ်စွင်းရဲ့ အကူအညီလေး လိုနေလို့”
လုချန်ရှန်း ”…”
ကြည့်ရတာ သူတော့ ငါးစွပ်ပြုတ်ကို အလကားသောက်ရဟန်မတူပေ။