Switch Mode

အခန်း (၂၈၃)

​ကံကြမ္မာက ရက်စက်သည်။

ဓားဆန္ဒက ယဲ့ချိုးပိုင်၏လက်များတွင် လှည့်ပတ်နေသည်။

ချင်းယွင်ဓားကိုဆွဲထုတ်ရန် သူ၏ ခွန်အားအကုန်အသုံးပြုခဲ့ရသည်။

သို့သော်လည်း ချင်းယွင်ဓား၏ အဆင့်က အလွန်မြင့်မား၏။

ဓားတာအိုနိယာမနှင့် ဓားတာအိုနိယာမနယ်ပယ်က ယဲ့ချိုးပိုင်၏ ဓားတာအိုနယ်ပယ်ထက် များစွာကျော်လွန်နေခဲ့သည်။

ထိုနှစ်ခုက မတူညီသည့်ရူထောင့်မှလာခြင်းဖြစ်သည်ဟုပြော၍ရသည်။ 

ထို့ကြောင့် ယဲ့ချိုးပိုင်က ချင်းယွင်ဓားကိုဆွဲထုတ်ရန် ဓားတာအိုနိယာမကို အသုံးပြုလိုက်ခြင်းကြောင့် တန်ပြန်ထိခိုက်မှု့ကို တော်တော်လေးခံလိုက်ရသည်။

ဓားတာအိုနိယာမက သူ့၏ ခန္ဓာကိုယ် အသွေးအသား အရိုးများနှင့် သွေးကြောများ တန်းထျန်များကို အပြင်းအထန်ပျက်ဆီးစေခဲ့သည်။

၎င်းက ယဲ့ချိုးပိုင်ကိုအတော်ကလေး နာကျင်စေ၏။

သို့သော် ယဲ့ချိုးပိုင်က လက်မလျှော့ခဲ့ပေ။

သူက အံကြိတ်ကာ ဓားအိမ်အတွင်းမှ ချင်းယွင်ဓားကို ဆွဲထုတ်နေသည်။

ရှစ်ရှန်းသည််လည်း ယဲ့ချိုးပိုင် ရှေ့တွင် ရပ်နေကာ ဧကရာဇ်မင်၏ ပုဆိန်ဖြင့် စိတ်ဝိဉာည်ချီကျောက်စိုင်ကြီးကို ခြေမွနေသည်။

 
ကြယ်စွမ်းအားများက ရှစ်ရှန်းခန္ဓာကိုယ်တစ်ဝိုက်တွင် ထိုးထွက်နေသည်။

သူက နောက်ဆုတ်၍မရ၊ သူ့နောက်တွင် သူ့မိသားစုဝင်တစ်ဦးကဲ့သို့ သဘောထားသော တာ့ရှစ်ရှုံးရှိနေ၏။

အောက်ဘက်တွင်တော့ ရှောင်ဟေးက မိစ္ဆာချီများဖြင့် ဖုံးကွယ်နေသည်။

သူ့နောက်တွင် မိစ္ဆာချီများက မိစ္ဆာနတ်ဘုရားတစ်ပါးအသွင်ပြောင်းလဲနေသည်။ 

စိတ်ဝိဉာည်ချီရောင်ခြည်တန်းလာနေသည်ကိုရင်ဆိုင်ရာ ရှောင်ဟေးက နောက်ဆုတ်ရမည့်အစား ရှေ့ကိုပင်တိုးလိုက်သေးသည်။ 

သူ့နောက်ရှိ မိစ္ဆာနတ်ဘရားပုံရိပ်ကလည်း ရှေ့သို့တိုးလာ၏။ 

ထို့နောက် ရှောင်ဟေးလှုပ်ရှားသည်နှင့် သူကလည်း လက်သီးတစ်ချက်ပြစ်သွင်းလိုက်သည်။

မိစ္ဆာချီများက တလ​ဟောထွက်ပေါ်လာခဲ့သည်။

ရှောင်ဟေးက မိစ္ဆာအခြေအနေတွင်ကျရောက်နေကာ သူ၏ ခွန်အားကလည်း အတွင်းမိစ္ဆာခန္ဓာကိုယ်နှင့်အတူ တိုးတက်သွားပြန်သည်။

လက်သီးတစ်ချက်ဖြင့် လေထုထဲ၌ မျက်လုံးဗလာနှင့်ကြည့်လျှင် မြင်ရခက်သော အက်ကြောင်းများပေါ်လာသည်။

သိရမည်က အကန့်သတ်မဲ့ကမ္ဘာရှိလေထုက အလွန်ကြံ့ခိုင်သည်ဟုပြော၍ရသည်။

သိုင်းဧကရာဇ်နယ်ပယ် တစ်ပိုင်းအဆင့်ကျွမ်းကျင်သူပင် အလွယ်တကူ ချိုးဖြတ်ရန်မရနိုင်ပေ။

မိစ္ဆာနတ်ဘုရားပုံရိပ်၏ လက်သီးကြီးက စိတ်ဝိဉာည်ချီရောင်ခြည်တန်းနှင့်ဆုံတွေမိသွားကြသည်။

ဝုန်း။

စိတ်ဝိဉာည်ချီရောင်ခြည်တန်းက အတုအယောင် သိုင်းဧကရာဇ်နယ်ပယ် စိတ်ဝိဉာည်ချီများဖြင့် ဖွဲ့တည်ထားခြင်းဖြစ်လေသည်။ ၎င်း၏ စွမ်းအားက မည်မျှပြင်းထန်မှန်း သိနိုင်သည်။ 

ယန်ယွိ့ဝမ်၏ စိုးရိမ်တကြီးအကြည့်များအောက်တွင် မိစ္ဆာနတ်ဘုရားပုံရိပ်က အနက်ရောင်မိစ္ဆာချီများကို ထုတ်လွှတ်လိုက်သည်။

သို့သော်လည်း ၎င်းက ထိုးဖောက်မသွားနိုင်ပေ။

လူအိုကြီး၏ မျက်လုံးက ကျဥ်းမြောင်းသွားသည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

သူက အစွမ်းကုန်ထုတ်ထားခြင်းဖြစ်သည်။ စိတ်ဝိဉာည်ချီရောင်ခြည်တန်းက သူ၏ စွမ်းအားအကုန်ထည့်သွင်းထားသော တိုက်ခိုက်မှု့ဖြစ်သည်။

တူညီစွာပင် သူက အဆင့်မချိုးဖြတ်နိုင်သော သာမန်သိုင်းဧကရာဇ် တစ်ပိုင်းအဆင့်မဟုတ်ပေ။ သူက သိုင်းဧကရာဇ်နယ်ပယ်ကို အဆင့်ချိုးဖြတ်နိုင်သော ကျွမ်းကျင်သူတစ်ဦးဖြစ်လေသည်။

သို့သော်လည်း သူက လူငယ်တစ်ဦး၏ တားဆီးနိုင်သည်လား။

ယန်ချီက ပါးစပ်ဟောင်းလောင်းဖြစ်သွားလေသည်။ သူ့ပါးစပ်က ဘဲဥတစ်လုံးလိုပင်ဖြစ်နေသည်။

လုချန်ရှန်းသာရှိနေလျှင် ထိုင်ခုံတွင်ပင် ထိုင်ခိုင်းမည်မဟုတ်ပေ။

မဟုတ်ပါက သူက အနိုင်ယူနိုင်မည်မဟုတ်ပေ။

တစ်ဖက်တွင် ယဲ့ချိုးပိုင်လက်ထဲရှိ ချင်းယွင်ဓားက ကောင်းကင်ထိ ထိုးတက်နေသည်။

၎င်းဓားက လေထုထဲသို့ ဆက်လက်ထိုးဖောက်နေလေသည်။

၎င်းက လေထုကို ဆက်လက်တိုက်စားနေလေသည်။

လူအိုကြီးက အကူညီမဲ့စွာဖြင့် နောက်ကိုဆုတ်ကာ သူ၏မျက်လုံးများတွင် ထိတ်လန့်သွား၏။

ဤတိုက်ပွဲက သူကို အကြိမ်များစွာ ထိတ်လန့်စေခဲ့သည်။

ယဲ့ချိုးပိုင်က အံကြိတ်နေသည်။

သူက ဓားတာအိုနိယာမ၏ တန်ပြန်ထိခိုက်မှု့ကို တောင့်ခံနေရသည်။

ဓားအရှိုန်အဝါက သူ့လက်များတွင် ရစ်ပတ်နေပြီး အားကုန်ထုတ်၍ အသုံးပြုနေသည်။

သူ၏ အဖြူရောင်အင်္ကျီလက်အိုးသည်လည်း တစ်လွှာပြီးတစ်လွှာ ပေါက်ကွဲထွက်လာ၏။

ထိုအချိန် ချင်းယွင်ဓားက လှုပ်ရှားလာသည်။

ကြောက်မက်ဖွယ်ကောင်းသော ဓားနိယာမများက ဓားအိမ်နှင့်ဓားရိုးအကြားမှ စီးထွက်လာလေသည်။

၎င်းက ထွက်ပေါ်လာတော့မည့်ဟန်ပင်။

ယဲ့ချိုးပိုင်က ခပ်တိုးတိုးဟိန်းဟောက်လိုက်သည်။

သူပ အနည်းငယ်ကျန်သော ဓားဆန္ဒ၊ စိတ်ဝိဉာည်ချီနှင့် ခွန်အားကို အကုန်အစင်အသုံးပြုလိုက်ဟန်ရလေသည်။

ချင်းယွင်ဓားက ယဲ့ချိုးပိုင်၏ စွဲလမ်းမှု့နှင့် ဓားတာအို၏ အားထုတ်မှု့ကို အာရုံခံမိနေသည်။

ဓားအိမ်အတွင်းမှ ဓားကိုယ်ထည်တစွန်းတစက မြင်နေရသည်။

အနည်းလေးသာဆွဲထုတ်လိုက်သောလည်း ဓားအိမ်ရှိ ဓားတာအိုနိယာမ၏ အချုပ်အနှောင်က လျော့ကျသွားပုံရသည်။

မရေတွက်နိုင်သော ဓားတာအိုနိယာမများက ခုတ်ချက်တစ်ခုအသွင်ပြောင်းလဲကာ စိတ်ဝိဉာည်ချီကျောက်စိုင်ကြီးဆီသို့ တိုးဝင်လာ၏။

ထိုအခိုက် လေထုထဲတွင် အက်ကွဲရာများပေါ်လာသည်။

ထိုသို့ခိုင်မာသောလေထုသည်ပင် ဓားတာအိုနိယာမကို တောင့်မခံနိုင်တော့။

ဓားတာအိုနိယာမက အနိမ့်ပိုင်းနယ်မြေများ တောင့်ခံနိုင်သည့် အရာမဟုတ်ချေ။

၎င်းက ကြီးမြတ်သောတာအို၏နိယာမနှင့် ဆက်စပ်နေလေသည်။

ဘယ်ဟာက ပိုရိုးရှင်းလဲ။

ထို့ပြင် ၎င်းက ကြီးမြတ်သောဓားတာအိုဖြစ်လေသည်။

ကြီးမြတ်သောတာအို ၃၀၀၀ တွင် ၎င်းက ထိပ်တန်တည်ရှိမှု့တစ်ခုဖြစ်လေသည်။

ဓားတာအိုနိယာမကိုအာရုံခံမိသော ရှစ်ရှန်းက ဧကရာဇ်မင်ပုဆိန်ကို ရုတ်သိမ်းကာ အမြန်နောက်ဆုတ်လိုက်၏။

ဓာတာအိုနိယာမမှဖြစ်ပေါ်လာသော ခုတ်ပိုင်းချက်က စိတ်ဝိဉာည်ချီကျောက်စိုင်ကြီးနှင့် ဆုံတွေ့သွားကြသည်။

၎င်းက စိတ်ဝိဉာည်ချီကျောက်စိုင်ကြီးကို တိုက်ရိုက်ပင် ဖောက်ထွင်းသွားတော့လေသည်။

ထိုခုတ်ချက်က စိတ်ဝိဉာည်ချီကျောက်စိုင်ကြီးကို ကျောက်စကျောက်ခဲများအဖြစ်ပြောင်းလဲသွားစေသည်။

ထို့နောက် ၎င်းက လုံးဝကို ပျောက်ကွယ်သွားတော့သည်။

လူအိုကြီးက ထိတ်လန့်သွားသည်။

သို့သော်လည်း တုံ့ပြန်ရန်ပင် အချိန်မရပေ။

ဓားတာအိုနိယာမကြောင့် ဖြစ်တည်လာသော ခုတ်ပိုင်းချက်က သူ့ခန္ဓာကိုယ်ကို နှစ်ပိုင်းပြတ်သွားစေသည်။

သူ၏ ပြင်ပခန္ဓာကိုယ်ဖြစ်စေ တန်းထျန်ဖြစ်စေ၊ ဝိဉာည်ဖြစ်စေ နှစ်ပိုင်းပြတ်ကုန်၏။

သူ့မျက်လုံးများက မယုံကြည်နိုင်မှု့များဖြင့် ပြည့်နက်နေ၏။

သိုင်းဧကရာဇ်နယ်ပယ်ထိချိုးဖြတ်ဝင်ရောက်နိုင်သော ကျွမ်းကျင်သူမှာ ထိုအတိုင်းသေဆုံးသွားရသည်။

၎င်းကိုမြင်သော် ယဲ့ချိုးပိုင်က ချင်းယွင်ဓားကို ဘေးသို့ အလျှင်အမြန်ပြစ်ချလိုက်သည်။

ဓားတာအိုနိယာမက ဤလေဟာနယ်ထဲတွင် ကွယ်ပျောက်သွားလေသည်။

သို့သော်လည်း ၎င်းက ဓားတာအိုနိယာမ၏တည်ရှိမှု့က ခပ်ပြပြလေးကပင် လေထုကို ကွဲအက်စေခဲ့သည်။

 ယဲ့ချိုးပိုင်က တန်းထျန်တွင် စိတ်ဝိဉာည်ချီများခမ်းခြောက်နေခြင်းကိုခံစားမိကာ တစ်ကိုယ်လုံးက နာကျင်နေလေသည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးက ဓားတာအိုနိယာမ၏ စုတ်ဖြဲထားခြင်းကို ခံထားရသလိုပင်။

ကံကောင်းစွာဖြင့် သူတွင် ဒုတိယ တန်းထျန်ရှိနေသေးသည်။ ဓားတန်းထျန်ရှိ ဓားဆန္ဒများက ယဲ့ချိုးပိုင်ကို လဲမကျအောင်ထိန်းပေးနေသည်။

သူက သူ့ဆရာဖော်စပ်ထားသော အားဖြည့်ဆေးလုံးများကို သိုလှောင်လက်စွပ်မှ ယူထုတ်လိုက်သည်။

၎င်းဆေးလုံးများကိုစုပ်ယူပြီးသောအခါ ဒဏ်ရာများက ပြန်လည်သက်သာလာသည်။

သို့သော်လည်း သူ့မျက်နှာက ဖြူဖျော့နေဆဲဖြစ်သည်။

သူက အဖျားလေးသာ ဆွဲထုတ်လိုက်ခြင်းဖြစ်သည်။

တန်ပြန်ဒဏ်ရာက အလွန်အမင်းကို ပြင်းထန်လေသည်။

သူသာ ချင်းယွင်ဓားကိုအလုံးစုံ ဓားအိမ်မှ ဆွဲထုတ်နိုင်ခဲ့လျှင် ဘယ်လိုဖြစ်သွားမည်လဲ။ 

ယဲ့ချိုးပိုင်က တွေးကြည့်လိုက်သည်။

တစ်ချိန်တည်းတွင် သူက ပို၍သန်မာလာချင်သည်။

ယန်ချီက ထိုမြင်ကွင်းကို ထိတ်လန့်စွာကြည့်နေ၏။

ချန်းယွမ်နယ် အထွတ်အထိပ်အဆင့်ဖြင့် သိုင်းဧကရာဇ်နယ်ပယ်ကိုချိုးဖြတ်နိုင်သောကျင့်ကြံသူကို သတ်ဖြတ်နိုင်သည်လား။

ထိုပါရမီက ကြောက်ဖို့ကောင်းလွန်းလေသည်။

ယဲ့ချိုးပိုင်သာ မသေခဲ့လျှင် နောင်အနာဂတ်တွင် သိုင်းဧကရာဇ်နယ်ပယ်သို့တက်ရောက်နိုင်မည်ဖြစ်သည်။

ယန်ယွိ့ဝမ်ကရော၊

သူမက ယဲ့ချိုးပိုင် လူအိုကြီးကိုသတ်လိုက်သည်ကို မသိလိုက်ပေ။

ထိုအခိုက်တွင် သူမ အာရုံက ရှောင်ဟေးအပေါ်ကျရောက်နေသည်။

သူမယုံကြည်အားကိုးထိုက်ကာ သူမသဘောကျသော ယောက်ျားကိုတွေ့လိုက်ရပြီဖြစ်ကြောင်း သူမနားလည်လိုက်ပေသည်။

ကံမကောင်းစွာဖြင့်…

ကံကြမ္မာက လူများကို ကစားတက်၏။

ဘာကြောင့် ငါသူ့ကို စောစောမတွေ့ခဲ့ရတာလဲ။

ဘဝမှာ  ထိုအဖြစ်မျိုးနှင့်တူညီသော နောင်တများရှိခဲ့မှာဖြစ်နိုင်လေသည်။

၎င်းတို့က ဖန်တီး၍မရ လှပသော မှတ်ဉာဏ်များအဖြစ်သာ သိမ်းဆည်းထားနိုင်တော့မည်ဖြစ်သည်။

………..

ကန္တရဒေသတွင်၊

တောင်ပိုင်းဒေ စံအိမ်တော်တွင် လုချန်ရှန်းက သူ့ရှေ့ရှိ တည်နေရာရွေ့ပြောင်းခြင်းအစီရင်ကို ကြည့်နေ၏။

သူက ခါးထောက်ကာ လေပူများမှုတ်ထုတ်လိုက်လေသည်။

“နောက်ဆုံးတော့ ပြီးသွားပြီ။ လိ၊ ဒါက ငါ့ဦးနှောက်ဆဲလ်တွေကို တော်တော်လေးဖြုန်းတီးစေတာဘဲ”

“အရင်ဆုံးကြိုးစားကြည့်ဦးမယ်။ အရင်အဲ့နယ်မြေကိုသွားပြီး ငါ့ဦးနှောက်ကို အားဖြည့်ပေးမဲ့ ဟုန်ရင်ရဲ့ငါးစွပ်ပြုတ်ကိုသောက်ရမယ်” လုချန်ရှန်း၏စကားကိုကြားသောအခါ မုဝမ်အာ၏မျက်လုံးများတောက်ပသွား၏။

“ကျွန်မလည်း လိုက်ချင်တယ်။ အမဟုန်ရင်ကို မတွေ့ရတာကြာပြီ”

ထိုနှစ်ဦးက တည်နေရာရွေ့ပြောင်းခြင်းအစီအရင်ထဲသို့ ဝင်ရောက်ကာ ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာသို့ ဦးတည်သွားကြတော့သည်။

ဟုန်ရင်ကိုရှာရတာက…. ငါးစွပ်ပြုတ်သောက်ဖို့အတွက်လား။

Comment

Leave a Reply

Options

not work with dark mode
Reset