သိုင်းဧကရာဇ်တစ်ပိုင်းအဆင့်ကျွမ်းကျင်သူများကို အဆင့်နှစ်ဆင့်ခွဲခြားထားသည်။
ပထမတစ်ခုက အဆင့်ထပ်မံ၍ မချိုးဖြတ်နိုင်သော သိုင်းဧကရာဇ်တစ်ပိုင်းအဆင့်များဖြစ်ကြသည်။
ဒုတိယအမျိုးအစားက သူ့ရှေ့ရှိ လူအိုကြီးလို သိုင်းဧကရာဇ်အဆင့်သို့ ချိုးဖြတ်နိုင်သော အရည်အချင်းပြည့်မီသူများဖြစ်သည်။
နှစ်မျိုးက သိုင်းဧကရာဇ်တစ်ပိုင်းအဆင့်များဖြစ်ကြသော်လည်း အင်အားအရာ၌ ကွာခြားလေသည်။
ယခုကဲ့သို့ပင်။
ယဲ့ချိုးပိုင်က ရှင်းလင်းစွာခံစားနေမိသည်။
ကန္တာရဒေသက သိုင်းဧကရာဇ်တစ်ပိုင်းအဆင့်များနှင့်စာလျှင် ရှေ့ရှိ လူအိုကြီးက ပို၍ ဖိနှိပ်နိုင်စွမ်းရှိ၏။
သို့သော်လည်း ဓားကျင့်ကြံသူတစ်ဦးအနေနှင့် ရှေ့ဆက်တိုးမှရမည်။
ထိုမှသာ သူ့လက်ထဲရှိ ဓား၏ ထက်မြမှု့ကို ဆက်လက်ထိန်းသိမ်းနိုင်မှာဖြစ်သည်။
ထို့ကြောင့် ယဲ့ချိုးပိုင်က နောက်ဆုတ်ရန် ရည်ရွယ်ချက်မရှိပေ။ သူက ပြုံးကာ ပြောလိုက်သည်။ “ရှစ်တိ၊ အတူတူတိုက်ခိုက်ရအောင်”
ထို့သို့ပြောပြီးနောက် လက်ထဲရှိ ဓားဖြင့် ခုတ်ပိုင်းလိုက်၏။
ကောင်းကင်ကိုးခု မိစ္ဆာဓား ကိုးကွက်။
ကောင်းကင်ကိုးခု မိစ္ဆာဓားက ဓားသူတော်စင်၏ အန္တိမနည်းစနစ်ဖြစ်သည်။
သူဆရာ၏ ပြန်လည်ပြုပြင်ပေးမှု့အောက်တွင် ၎င်း၏ စွမ်းအားက ပို၍အစွမ်းထက်လာလေသည်။
ယဲ့ချိုးပိုင်အတွက် ကောင်းကင်ကိုးခု မိစ္ဆာဓား၏ နောက်ဆုံးတိုက်ကွက်သည် အနည်းငယ်ခက်ခဲသော်လည်း သူက ထုတ်ဖော်နိုင်သေးသည်။
ဟုတ်ပေသည်။ ယဲ့ချိုးပိုင်က ထိုသို့ကျွမ်းကျင်သူများနှင့်ရင်ဆိုင်ရာတွင် ပေါ့ပေါတန်တန်မလုပ်ရဲပေ။
ဓားနယ်မြေထဲရှိ ဓားဘိုးဘေး ဓားဆန္ဒက မဟူရာမိစ္ဆာဓားတွင် စုဝေးလာသည်။
ဒလဟော မိစ္ဆာချီများဖြင့်ပြည့်နေသော ဧရာမအနက်ရောင်ခုတ်ချက်ကြီးတစ်ခုဖြစ်လာသည်။
သူ့ခေါင်းပေါ်ရှိ ကြောက်မက်ဖွယ် လက်ဝါးရာကြီးအား ခုတ်ပိုင်းလိုက်၏။
ရှစ်ရှန်းက ခေါင်းညိမ့်လိုက်သည်။
လက်ထဲရှိ ကြယ်စွမ်းအားများဖြင့်ဖုံးလွှမ်းနေသော ဧကရာဇ်မင် မှော်ပုဆိန်က ပို၍လေးလံလာသည်။
သူက လက်နှစ်ဖက်ဖြင့် ပုဆိန်လက်ကိုင်ကိုင်ဆွဲထားကာ သူ့ဦးခေါင်းပေါ်ကို ခုတ်ပိုင်းလိုက်၏။
ရှောင်ဟေးက ပို၍ပင် တိုက်ရိုက်ဆန်သည်။
သူက ဟိန်းဟောက်လိုက်ကာ ရှေ့ကိုတိုးလိုက်သည်။
မြေပြင်က ကြမ်းတမ်းစွာ အက်ကွဲသွားသည်။
ထိုအခိုက် သူခန္ဓာကိုယ်က အမြောက်ဆန်တစ်လုံးလို ကောင်းကင်ပေါ်သို့ မြောက်တက်သွားသည်။
သူတို့သုံးဦးက ခွန်အားကို လုံးဝထိန်ချန်မထားပေ။
ယန်ချီက ထိုမြင်ကွင်းကိုမြင်သော် သူက ထိတ်လန့်သွားသည်။
အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူ ဆယ့်နှစ်ဦးကို တိုက်ခိုက်တုန်းက ထိန်းထားခဲ့ထားလား။
ဒါက သူတို့ရဲ့ ခွန်အားအစစ်အမှန်လား။
သူဆိုလျှင် ထိုတိုက်ကွက်များကိုရင်ဆိုင်ရပါက ချက်ချင်းဆိုသလို သေဆုံးသွားလိမ့်မည်မဟုတ်ပါလား။
အကွားအဝေးတစ်ခုတွင် ဆုတ်ခွာသွားသော ကြေးခွံချပ်ဝတ်ကြေးစားအဖွဲ့သည် ထိုအရှိုန်အဝါကို ခံစားနေမိသည်။
သူတို့က လှည့်ကြည့်လိုက်သည်။
ဟော်လင်းသည် ထိတ်လန့်သွားသည်။
“သူတို့က ပြန်မဆုတ်ခွာဘူးလား”
“ဒီခွန်အားမျိုးနဲ့သူတို့က အကန့်သတ်မဲ့ကမ္ဘာက မဟုတ်ဘူးမလား”
သူက တိမ်တိုက်မြို့ ကြေးစားအစည်းအရုံးတွင် ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။
ယဲ့ချိုးပိုင်တို့သုံးယောက်လို ပါရမီရှင်အများအပြားမရှိပေ။
ထိုလူများကလည်း အဖွဲ့အစည်းကြီးများတွင် လေ့ကျင့်နေသော ပါရမီရှင်များသာဖြစ်ကြသည်။
ရထားလုံးအတွင်းမှ ယန်ယွိ့ဝမ်က လိုက်ကာစကိုဖယ်၍ ဆင်းလာလေသည်။
ယန်ချီ အလောတကောနှင့်ပြောလိုက်သည်။ “ညီမလေး၊ အပြင်ထွက်မလာနဲ့လေ။ အန္တရာယ်များတယ်”
သို့ရာတွင် ယန်ယွိ့ဝမ်က ခေါင်းခါ၍ ရှောင်ဟေးနောက်ကျောကိုစိုက်ကြည်နေ့သည်။ “အင်ပါယာအဆင့်ကိုချိုးဖြတ်နိုင်တဲ့ကျွမ်းကျင်သူရောက်နေမှတော့ ရထားလုံးထဲမှာနေလဲ ဘာထူးမှာမို့လို့လဲ”
၎င်းကိုကြားသောအခါ ယန်ချီက တိတ်သွားသည်။
ကောင်းကင်ယံရှိလူအိုကြီးက သူကိုတိုက်ခိုက်လာသော တိုက်ကွက်သုံးခုကို ကြည့်နေသည်။
အံသြမှု့တစ်ခုက သူ့မျက်လုံးတွင် ထင်ဟပ်လာသည်။
ထိုသုံးယောက်က သူ့ကို ခြိမ်းခြောက်နိုင်စွမ်းအနည်းငယ်ပေးနိုင်၏။
သူတို့ ဘယ်လိုလုပ်နိုင်တာလဲ။
သူက ချန်းယွမ်နယ်ပယ်ရှိ ဓားဘိုးဘေး။
ပျောက်ဆုံးနေသော ကြယ်စွမ်းအားများကို ကျင့်ကြံနေသော အာကာသနတ်ဘုရားနယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦး။
ထို့ပြင် ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦးလည်း ရှိသေးသည်။
သို့သော်လည်း နယ်ပယ်ကွာခြားချက်က ရေဆိုးမြှောင်းတစ်ခုလိုပင်။
သူက ဘယ်လိုကြောင့် ခြိမ်းခြောက်မှု့ကို ခံစားနိုင်ရမည်နည်း။
သူက ထိုသို့တွေးနေ၏။
ယဲ့ချိုးပိုင်ဓားချက်က လက်ဝါးရိုက်ချက်နှစ်ခုနှင့် ဆုံတွေ့သွားသည်။
ဝုန်း။
ထိုအခိုက်တွင် စိတ်ဝိဉာည်စွမ်းအားများက မတည်မငြိမ်ဖြစ်နေသည်။
အမှောင်မိစ္ဆာချီများပ ဘေးနားပတ်ဝန်းကျင်ကို စိမ့်ထွက်လာ၏။
ယန်ချီက မိစ္ဆာဆန္ဒများကိုခံစားမိသောအခါ သူစိတ်နှလုံးအတွင်းမှ ကြောက်လန့်စိတ်များပေါ်လာ၏။
ယန်ယွိ့ဝမ်၏ မျက်ခုံးနှစ်ဖက်က ထိစပ်လုနီးပါးတွန့်ကွေးနေသည်။ သူမက အလွန်ဖိနှိပ်လိုခြင်းကိုခံစားမိသော်လည်း ထိုခုတ်ချက်က အမှန်တကယ်ပင် အပေါ်မှကျဆင်းလာသောလက်ဝါးချက်နှစ်ခုကို ဟန့်တားနေနိုင်သည်။
ထိုအခိုက် ကြယ်စွမ်းအားများဖြင့် ဖြစ်တည်လာသော ခုတ်ပိုင်းချက်တစ်ခုလည်း ထွက်ပေါ်လာသည်။
သူတို့က အတူတကွ သိုင်းဧကရာဇ်နယ်ပယ် တစ်ပိုင်းအဆင့်ကို ခုခံနေကြသည်။
နှစ်ဖက်က လေဟာနယ်တွင် ဆုံတွေ့သွားကြသည်။
ထိုအချိန် လေဟာနယ်က အမှန်တကယ်ပင် ကြမ်းတမ်းစွာ တုန်ခါလာလေသည်။
သိရမည်က အကန့်သတ်မဲ့ကမ္ဘာ၏ လေထုက အနိမ့်ပိုင်းနယ်မြေတွေထက် ပို၍ကြံခိုင်သည်ကိုပင်။
ခုတ်ပိုင်းချက်နှစ်ခုနောက်တွင် ရှောင်ဟေးကလည်း လှုပ်ရှားလာသည်။
သူ့လည်ပင်းအတွင်းမှ ဟိန်းဟောက်သံတစ်ခုပေါ်လာသည်။
သူက ရုတ်တရက် လက်သီးချက်တစ်ခုကို ပြစ်သွင်းလိုက်သည်။
မျဉ်းသုံးကြောင်းထပ်ပေါင်းခြင်းနှင့်အတူ အတွင်းမိစ္ဆာခန္ဓာကိုယ်က အပြည့်အဝထုတ်လွတ်လိုက်သည်။
ရှောင်ဟေး၏ ပြင်ပခွန်အားက အလွန်ကြောက်မက်ဖွယ်ကောင်းသောအဆင့်ကိုရောက်နေပြီဖြစ်သည်။
ထိုလက်သီးထိုးလိုက်သောအခါ အသံလှိုင်းများက လေထဲတွင် အတွဲလိုက်ထွက်ပေါ်လာသည်။
ထို့နောက် သးက လူအိုကြီး၏လက်ဝါးချက်နှစ်ခုဆီသို့ တိုက်ရိုက်ထိုးသွင်းလိုက်လေသည်။
ဝုန်း။
အသံကျယ်ကြီးတစ်ခုပေါ်လာသည်။
ယန်ချီနှင့် ယန်ယွိ့ဝမ်လည်း ထိတ်လန့်သောအကြည့်နှင့်အတူ လူအိုကြီးလည်း အံ့သြသွားသည်။
လက်ဝါးရာကြီးနှစ်ခုက၊
ယဲ့ချိုးပိုင်တို့အစွမ်းကုန်တိုက်ခိုက်မှု့အောက်တွင် အက်ရာများပေါ်ထွက်လာသည်။
ထိုသို့ဖြင့် ၎င်း၏စွမ်းအားများက ကျဆင်းလာသည်။
မကြာခင်တွင်။
လက်ဝါးချက်နှစ်ခုက ကြေမွသွားလေသည်။
ရှောင်ဟေးက မြေပြင်ပေါ်သို့ ပြန်ဆင်းလာ၏။
လူအိုကြီးက လူငယ်သုံးဦးကို မျက်မှောင်ကြုတ်ကာ ကြည့်ရင်း “မင်းတို့ဘယ်လိုလုပ်လိုက်တာလဲ။ မင်းတို့ ဘယ်ကလာကြတာလဲ”
ထိုသို့အင်အား ပါရမီမျိုးနှင့် သူတို့က အညတြမဖြစ်နိုင်ပေ။
သူတို့က အဖွဲ့အစည်းအကြီးများ၏ ပါရမီရှင်များနှင့်ပင် တူနေသေးသည်။
ထိုသို့ဆိုလျှင် လူအိုကြီးက ယဲ့ချိုးပိုင်တို့ကို မသတ်ရဲတော့ပေ။
သူက ဉာဏ်အလင်းနဂါးမြို့တော်ကို အနည်းငယ်သာလန့်သည်။
သို့သော်လည်း အဖွဲ့အစည်းကြီးများ၏ ကျွမ်းကျင်သူများဆိုလျှင် ကောင်းကင်ဘုံနှင့် ငရဲကိုသွားချင်လျှင်ပင် သေသိတိုင် အလိုက်ခံနေရဦးမည်ဖြစ်သည်။
ယဲ့ချိုးပိုင်က ရယ်မောကာ ပြောလိုက်သည်။ “မကြောက်ပါနဲ့။ ကျုပ်တို့မှာ ဘာနောက်ခံမှမရှိဘူး”
လူအိုကြီး “…”
ငါယုံမယ်ထင်နေလား။
သို့သော်လည်း သူက မသတ်ရဲသော်လည်း ယဲ့ချိုးပိုင်တို့က သူ့ဆီသို့ပြေးဝင်လာနေပြီဖြစ်သည်။
ဓားနယ်မြေအတွင်းရှိ ဓားဆန္ဒများက ကြီးမားသော ဓားမြစ်ကြီးအသွင်သို့ပြောင်းလဲသွားလေသည်။
ယဲ့ချိုးပိုင်က ဓားမြစ်အပေါ်တက်နင်းကာ သူ့ဆီသို့ပြေးဝင်လာ၏။
ရှစ်ရှန်းက ကြယ်စွမ်းအားကို အသုံးပြုထိန်းချုပ်နေသည်။
သူ၏ အရှိုန်အဝါက ကြီးမား လေးလံကာ လျို့ဝှက်ဆန်းကြယ်နေသည်။
ရှောင်ဟေးလည်း ထွက်လာသည်။
သူ၏ အမြင်တွင် လက်သီးတစ်ချက်ဖြင့် ရမ်သူကိုမရှင်းပြစ်နိုင်ပါက နောက်တစ်ချက်ထိုးရမည်။
ခန္ဓာကိုယ်ကျင့်ကြံသူများကြားတိုက်ပွဲက ရိုးရှင်းသည်။ မည်သည် အလှပြနည်းစနစ်မှမပါ။
လူအိုကြီးက နှာခေါင်းရှုံ့လိုက်သည်။
အများဆုံး သူက သရုပ်မှန်ကိုသာဖုံးကွယ်ထားလိမ့်မည်။ သူသိုင်းဧကရာဇ်နယ်ပယ်သို့ရောက်ပါက အသက်ရှင်နိုင်ဖို့ အခွင့်ရေးရပြီဖြစ်သည်။
ထိုသို့တွေးရင်း လူအိုကြီးက ရုတ်တရက် လက်များကို ပူးကပ်လိုက်သည်။
သူ့ရင်ဘက်တွင် သိုင်းဧကရာဇ်နယ်ပယ် တစ်ပိုင်းအဆင့် စိတ်ဝိဉာည်ချီများ အဆက်မပြတ်စုစည်းလာသည်။
စိတ်ဝိဉာည်ချီ ပမာဏက ပို၍များပြားလာပြီနောက် လူအိုကြီးက လက်ကို တစ်ဖြေးဖြေးချင်းခွာလိုက်သည်။
ထိုချီများစုဝေးလာသည့် အရှိုန်က အတော်လျှင်မြန်သည်။
များပြားသောစိတ်ဝိဉာည်ချီများက ကျောက်စိုင်တစ်ခုသဖွယ်ဖြစ်တည်လာလေသည်။
“မင်းတို့ ဒီတိုက်ခိုက်မှု့ကို ခြေဖျက်နိုင်ရင် ငါထွက်သွားပေးမယ်”
သူပြေားပြီးသည်နှင့် လူအိုကြီးက လက်ကို ဖြေးညင်းစွာ တွန်းလိုက်သည်။
စိတ်ဝိဉာည်ချီကျောက်စိုင်ကြီးက ယဲ့ချိုးပိုငအးတို့ဆီသို့ ရောက်ရှိလာလေသည်။
ထိုတိုက်ခိုက်မှု့က လက်ဝါးချက်နှစ်ခုနှင့်စာလျှင် အစပေါင်းများစွာ အားကောင်း၏။
ယခုတိုက်ခိုက်လိုက်သော တိုက်ခိုက်မှု့မျိုးကိုထပ်မံအသုံးပြုလျှင် ကြေပျက်သွားနိုင်မည်မဟုတ်ပေ။
ထိုသို့စဥ်းစားမိကာ ယဲချိုးပိုင်၏ အမူအရာက အေးစက်လာပြီး မဟူရာမိစ္ဆာဓားကို ဘေးချလိုက်သည်။
လက်ထဲတွင် အလွန်ရှေးကျသော ဓားရှည်တစ်ချောင်းက ဓားအိမ်ထဲတွင်ရှိနေသည်။
ဓားတာအိုနိယာမ ဆန္ဒလှိုင်းများက ဓါးအိမ်အတွင်းမှ ထွက်ပေါ်နေသည်။