အပိုင်း(၁၄၇)-ဖွင့်ပြောခြင်း

“ငါမင်းကို မသိချင်ယောင်ဆောင်နေမယ်၊ ဘာလုပ်ချင်လဲ” သူ အရှက်အကြောက်ကြီးနေသည်ကို ကြည့်ကာ ရှီမာယူယူ စချင်လာသည်။

“ငါဘာလုပ်ရမှာလဲ၊ ငါမင်းကို ရိုက်ရင်တောင် မင်းကိုမနိုင်ဘူး၊ မင်းနဲ့ စကားများရင်တောင် မင်းကိုပြန်မပြောနိုင်ဘူး၊ ငါမင်းကို ကိုက်လို့တောင်မရဘူး” ဖက်တီးကျူအော်လိုက်သည်။

သူ ပြုမူနေသည်ကို မြင်ချိန်တွင် ရှီမာယူယူပျော်စွာရယ်မောလိုက်သည်။

“ဆန့်ကျင်ရေးဆေးတစ်ရာဆေးက ဒီလောက်တောင် အကျိုးသက်ရောက်မှုရှိလိမ့်မယ်လို့ ထင်တောင်ထင်မထားဘူး၊ ငါ့ ခန္ဓာကိုယ်တောင် ပေါ့ပါးသွားသလိုပဲ၊ အရင်ကလိုမလေးတော့ဘူး” ဝေကျိရွှီပြောလိုက်သည်။

“ဒါပေါ့ မနေ့ညက မင်းဘယ်လောက်တောင် သွားခဲ့လဲ၊ မင်းတို့ ပေါ့မသွားတာကမှ ထူးဆန်းသေးတယ်” ဖက်တီးကျူပြောလိုက်သည် “သြော် ဟုတ်သားပဲ မင်းတို့အဆင့်ဘယ်လောက်တက်ကြလဲ”

“သုံးဆင့်”

“သုံးဆင့်”

“သုံးဆင့်”

သူတို့သုံးယောက်သည် တစ်ချိန်တည်းမှာပင် ပြန်ဖြေကြသည်။

“ဘာ မင်းတို့အားလုံးအဆင့်သုံးဆင့်တက်တယ်ဟုတ်လား” ဖက်တီးကျူအံ့သြစွာအော်လိုက်သည်။ “ငါပဲ ဘာလို့ အဆင့် နှစ်ဆင့်ပဲတက်တာလဲ၊ ရွှတ် ရွှတ် အစက အဆင့်နှစ်ဆင့်တက်တာ မဆိုးဘူးလို့ထင်နေတာ၊ ဒါပေမယ့် ငါနောက်ကောက်ကျနေခဲ့သလိုပဲ”

ဝူရန်ဖေရောက်လာကာ သူ့နောက်ကျောအား ပုတ်ကာ အလွန်လေးနက်စွာဖြင့် ပြောလိုက်သည် “စိတ်မကောင်းပါဘူးကွာ”

ထို့နောက်တွင် သူ ဖြတ်လျှောက်သွားချိန်တွင်….

“ရွှတ်”

ရှီမာယူယူနှင့် ဝေကျိရွှီတို့သည် ရယ်ချင်စိတ်ကို အောင့်ထားရသည်။ ဝူရန်ဖေ ထိုကဲ့သို့ ပြုမူတတ်သည်ကို ထင်မထားပေ။

“ဖက်တီး မင်း နောက်ကျမှ အများကြီးစားထားလို့ထင်တယ်၊ မင်းခန္ဓာကိုယ်ထဲမှာ အညစ်အကြေးတွေပြည့်နေလို့ မင်းအဆင့်တက်ကို တားသလိုဖြစ်နေတာနေမှာ” ရှီမာယူယူ အလွန်လေးနက်သော ပုံစံဖြင့်ပြောလိုက်သည် “ကြည့် မနေ့ညက မင်းသန့်စင်ခန်းသွားတာ အကြိမ်ရေအများဆုံးပဲ ပြီးတော့အနံ့ထွက်တာလည်း အပြင်းဆုံးပဲ၊ အဲဒါကြောင့် မင်းကိုပြောတာ၊ မင်း လျော့စားပြီး ဝိတ်လျော့ပါလို့ နားလည်လား”

သူမ ပြောပြီးသည်နှင့် လှည့်ထွက်လိုက်သည်။

“ရှီမာယူယူ ပြောတာမှန်တယ်လို့ ငါထင်တယ်” ဝေကျိရွှီသည် ဖက်တီးကျူ ပခုံးအားပုတ်ကာ ဖြတ်လျှောက်သွားသည်။

ဘေဂုံထန်သည် ဟာသကင်းမဲ့သော မျက်လုံးများဖြင့် လျှောက်သွားကာ ယဲ့ယဲ့ပြောလိုက်သည် “ဝိတ်လျော့”

ထို့နောက်တွင် သူမသည်လည်း ဖြတ်လျှောက်သွားခဲ့သည်။

“မင်းတို့လို အနိုင်ကျင့်တဲ့သူရှိဦးမလား…” အားလုံး၏ အထင်သေးမှုကို ဖက်တီးကျူခံရကာ သူသည်လည်း စိတ်နာစွာဖြင့် နောက်မှလိုက်သွားတော့သည်။

စာသင်ခန်းသို့သွားရာလမ်းတွင် ရှီမာယူယူအားမြင်သောသများသည် ချက်ချင်းပင်ပြေးလာကြသည်။ သို့သော် အေးစက်သော သူမအကြည့်ကြောင့် သူတို့သည် ကိုယ်ရှိန်သတ်ကာ သူမနှင့် တည့်တည့် စကားပြောရဲ့သောသူမရှိတော့ပေ။

သူတို့စာသင်ခန်းသို့ရောက်သွားသည်နှင့် သတ္တိရှိသော မိန်းကလေးတစ်ယောက်သည် ရှေ့တိုးလာကာ သူမအား ဖွင့်ပြောလေသည်။

“အတန်းဖော်ယူယူ ဒါက ငါမင်းအတွက်ပြင်ထားတဲ့ လက်ဆောင်ပါ၊ ကျေးဇူးပြုပြီး လက်ခံပေးပါ”

ရှီမာယူယူ သေတ္တာအားယူကာ ခပ်တည်တည်ပင် ပြောလိုက်သည် “ကျေးဇူးပါ”

ရှီမာယူယူသည် သူမလက်ဆောင်အားမငြင်းသည်ကို ကျောင်းသူမိန်းကလေးမြင်သောအခါ အလွန်စိတ်လှုပ်ရှားကာ ပြောလိုက်သည် “အတန်းဖော်ယူယူ ငါမင်းကိုကြိုက်တယ်၊ ငါမင်းရဲ့ ရည်းစားဖြစ်လို့ရမလား”

“ရည်းစားဟုတ်လား” ထိုမိန်းကလေး ထိုသို့ဖွင့်ပြောမည်ဟု ရှီမာယူယူထင်မထားသောကြောင့် ချက်ချင်းပင် ဘေဂုံထန်အားဆွဲကာ နမ်းလိုက်ပြီးပြောလိုက်သည် “ငါ့မှာ ရည်းစားရှိနေပြီ၊ မင်းသူမ နေရာလိုချင်ရင် သူမကို နိုင်မှရမယ်”

ကျောင်းသူမိန်းကလေးသည် ဘေဂုံထန်အား တစ်ချက်ကြည့်လိုက်ရာ ဘေဂုံထန်မှ သူမအား ပြန်ကြည့်လိုက်သည်နှင့် တုန်သွားသည်။

ဘေဂုံထန်သည် တိုက်ခိုက်မှုစက်ယန္တရားဖြစ်ခြင်းကို ကျောင်းတွင် မသိသူ မရှိပေ။ သူမသည် သန်မာ၍ တိုက်ခိုက်ခြင်းကို ကြိုက်သည်၊ သူမ ပြိုင်ဘက်မှာလည်း နည်းပါးသည်။ ဖွင့်ပြောသော မိန်းကလေးမှာ အားနည်းလှသည်၊ ထို့ကဲ့သို့ သန်မာသော သူသည် သူမ၏ ပြိုင်ဘက်။ သူမသည် အမှိုက်ကဲ့သို့ နင်းခြေခံရကာ ပျက်ဆီးသွားမည်ကို သူမကြောက်သည်။

“အဟွတ် အဟွတ် မင်းမှာရည်းစားရှိတယ်ဆိုမှတော့….ငါမင်းကို ထပ်ပြီးမနှောင့်ယှက်တော့ပါဘူး” ထိုမိန်းကလေးသည် ပြောပြီးသည်နှင့် လှည့်ပြေးထွက်သွားတော့သည်။

ရှီမာယူယူသည် သူမ ပတ်ဝန်းကျင်မှလူများအားကြည့်ပြီး ဘေဂုံထန်၏ ပခုံးပေါ်သို့ လက်တင်ကာ အခန်းထဲသို့ဝင်လာသည်။

သူတို့အခန်းသို့ရောက်သောအခါ ရှီမာယူယူနှင့် ဘေဂုံထန်တို့အားကြည့်ခဲ့ကြသည့် အကြည့်များပြောင်းလဲသွားကြသည်။ သူတို့အား အမြဲတမ်းအေးစက်စွာကြည့်ခဲ့သော ဘေဂုံထန်မှသာ ရှီမာယူယူနှင့် လိုက်ဖက်သော တစ်ဦးတည်းသောသူဖြစ်ခဲ့သည်။ သူတို့သည် အတွဲများအဖြစ်သတ်မှတ်ခံလိုက်ရတော့သည်။

သူတို့ခုံသို့ထိုင်သောအခါ ဘေဂုံထန်သည် ရှီမာယူယူ၏ လက်အား ရိုက်ချပြီး ပြောလိုက်သည် “ကဲ မင်းငါ့အကူအညီလိုချင်ရင် တန်ရာတန်ကြေးပေးရမယ်”

“ဟေး ဟေး တန်ရာတန်ကြေးဆိုတာ ဘာပြောတာလဲ၊ မင်းဒီအတိုင်း ငါ့ရည်းစားဖြစ်တန်း ကစားလိုက်ပါလား” ရှီမာယူယူ ပြုံးကာပြောလိုက်သည်။

ဘေဂုံထန်သည် ရှီမာယူယူအားကြည့်လိုက်သည်။ ဒီကောင်က ယောကျ်ားလေးယောင်ဆောင်ရင်းနဲ့ နှာဗူးဖြစ်သွားတာလား။

ရလဒ်ကတော့… အားလုံးသည် ရှီမာယူယူနှင့် ဘေဂုံထန်အားအတွဲအဖြစ် မြင်သွားကြတော့သည်။ ဘယ်သူမဆို သူမ ရည်းစားဖြစ်ရန် ဘေဂုံထန်အား အနိုင်ယူရဦးမည်ဖြစ်သည်။

ဘယ်လိုပင် အသည်းကွဲကွဲ သူမ သို့မဟုတ် ဝေကျိရွှီနှင့် တခြားသူများကို နှောင့်ယှက်တော့မည် မဟုတ်ပေ။

ညအချိန်ရောက်သောအခါ သူတို့လေးယောက် ဆန့်ကျင်ရေးဆေးတစ်ရာသောက်ရာတွင် ရှီမာယူယူ အစောင့်အဖြစ်နေပေးရပြန်သည်။ မနေ့က သူတို့ခန္ဓာကိုယ်မှ အညစ်အကြေးများကို စွန့်ပစ်ပြီးဖြစ်သဖြင့် အရင်ညကလောက် သန့်စင်ခန်းအားပြေးရန်မလိုတော့ပေ။

ခြွင်းချက်တစ်ခုတော့ ရှိနေသေးသည်။

ရှီမာယူယူ အိမ်ထဲတွင်ထိုင်နေသည်။ ဖက်တီးကျူထွက်လာသည်ကို မြင်သည်နှင့် ရှီမာယူယူပြုံးကာ စနောက်လိုက်သည် “ဖက်တီး မင်းအများကြီးစားတယ်လို့ ငါအမြဲပြောတယ်မလား၊ ကြည့် မင်းသန့်စင်ခန်းဆက်တိုက်သွားနေရတယ်၊ မင်းခန္ဓာကိုယ်မှာ သွားစရာရောကျန်သေးလို့လား”

ဖက်တီးကျူသည် စကားလုံးမဲ့စွာ ရှီမာယူယူအားစိုက်ကြည့်ပြီး သန့်စင်ခန်းသို့ အလျင်စလိုပြေးသွားလေသည်။

သို့သော် သူ သန့်စင်ခန်းအသွားများသည်မှ အကျိုးရှိသည်။ ထိုညတွင် အဆင့်တက်သောသူမရှိသောလည်း သူအဆင့်တက်ခဲ့သည်။

နောက်တစ်နေ့တွင် သူသည်သာ အဆင့်တက်သောသူဖြစ်သည်ကို ပြောချိန်တွင် သူအလွန်အမင်းပျော်ခဲ့သည်။ တစ်ရက်ကြာသော်လည်း အနည်းဆုံးတော့ သူ့တွင်ရှိသော အရည်အချင်းသည် တခြားသူများနှင့် ကွာခြားခြင်း အများကြီးမရှိပေ။

ဆန့်ကျင်ရေးဆေးတစ်ရာဆေးစားပြီးသော် သူတို့ခန္ဓာကိုယ်မှ အညစ်ကြေးများ လုံးဝသန့်ရှင်းသွားရသည်။ သူတို့သွေးကြောများ စီးဆင်းမှုသည် ချောမွေ့ပြီး ထင်ရှားစွာကျယ်ပြန့်လာသည်။ ကျင့်ကြံခြင်းအရှိန်နှုန်းမှာလည်း အရင်ကထက်မြန်လာသည်။

သူတို့ပြောင်းလဲမှုများကို ကြည့်ရင်းနှင့် ရှီမာယူမင်နှင့် တခြားသူများအတွက် ဆန့်ကျင်ရေးဆေးတစ်ရာဖော်ပေးခဲ့သည်ကို သတိရကာ မျက်ရည်လည်မိသည်။

ရက်များတဖြည်းဖြည်းကုန်ဆုံးလာသည်နှင့်အတူ သူမသည် ကျောင်းတွင်ရှိနေချိန်တွင် သင်ကြားခြင်း၊ ကျင်ကြံခြင်းနှင့် မျိုးနွယ်တွင် တစ်ခုခုဖြစ်ပါက အိမ်ပြန်ရန်အတွက်ကိုသာ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်သည်။

ထိုလူများအား ဝိညာဉ်သားရဲများပေးမည်ဖြစ်ကြောင်းကိုလည်း သူမ ကတိပေးပြီးသားဖြစ်သည်။ မနက်တွင် ကျောင်တွင် သင်ကြားကာ ညတွင် အိမ်ပြန်ကာ သားရဲများထိန်းကျောင်းခြင်းကို လုပ်ဆောင်ခဲ့သည်။ ပြီးလျှင် သူမကျင့်ကြံသည်။ မျိုးနွယ်နှင့် ပတ်သတ်သော ပြဿနာများပေါ်ပေါက်လာလျှင် ဖြေရှင်းသည်။

နှစ်လကြသောအခါ ရှီမာယူယူသည် သင်ကြားခြင်းရပ်တန့်ကာ ကျောင်းဆင်းပေးရန် တောင်းဆိုခဲ့သည်။

သူမ ကျောင်းဆင်းလက်မှတ်ရချိန်တွင် သူမအား ကျောင်းသို့ ပထမဆုံးပို့ပေးသော ရှီမာလိုင်အား သတိရသွားသည်။ သူသည် ကျောင်းတွင် ထူးချွန်မှုများမလိုလားခဲ့ပဲ တခြားသူများကဲ့သို့ပင် အကောင်းဆုံးလုပ်စေချင်ခဲ့သည်။

သူမ အဆောင်မှထွက်သွားရန် အထုပ်များပြင်နေချိန်တွင် ဖက်တီးကျူနှင့် တခြားသူများသည် သူမအား လိုကပို့ရန် ရောက်လာကြသည်။ အဆောင်တွင် သူမ မရှိတော့သည်ဟု တွေးလိုက်သည်နှင့် တစ်စုံတစ်ခုအား ခံစားရသလိုပင်။

ရှီမာယူယူသည် ရှီမာမျိုးနွယ်သို့ရောက်သောအခါ အားလုံးအားဖြေရှင်းသည်၊ ရက်အနည်းငယ်လောက် ဆေးများဖော်စပ်လိုက်သေးသည်။ ကျန်သည့်အချိန်တွင် သူူမကျင့်ကြံကာ ဝိညာဉ်သားရဲများ ထိန်းကျောင်းခြင်းကို အဆုံးသတ်လိုက်သည်။ သူမ မရှိလျှင် ကောင်းစွာလည်ပတ်နိုင်ရန် အိမ်တော်ထိန်းအား အဂ္ဂိရတ်ပညာရှင်များနှင့် သားရဲထိန်းကျောင်းသူသခင်များကို စုဆောင်းခိုင်းလိုက်သည်။

ရှီမာယူယူ ထွက်သွားပြီးနောက်တွင် ဘယ်အချိန်မှပြန်လာမည်ကို မသိကြောင်းကို အိမ်တော်ထိန်းသိသဖြင့် သူမပြောသမျှကို မှတ်သားထားသည်။

နောက်ရက်အနည်းငယ်အကြာတွင် အိမ်တော်ထိန်းအား မှော်ဝင်လက်စွပ်ကို လက်လွှဲပေးပြီး အထုပ်များထုပ်ပိုးကာ ဆိုဖီယာတောင်တန်းဆီသို့ ဦးတည်လျှောက်လာခဲ့တော့သည်။

အင်ပါယာမြို့တော်တွင် ဆိုဖီယာတောင်တန်းသို့ သွားရာ ဖြတ်လမ်းတည်ဆောက်မှုမရှိသောကြောင့် ရာဟွောင်အားစီးပြီး အနီးဆုံးမြို့သို့သွားရန် ဆုံးဖြတ်လိုက်သည်။

သူမ မိန်းဝင်ပေါက်သို့ရောက်သောအခါ ကြက်သေသေသွားရသည်။

ကြီးမားသော သစ်ပင်အောက်တွင် ဖက်တီးကျူထိုင်နေသည်၊ ဝေကျိရွှီသည် ပင်စည်အားမှီနေခဲ့သည်။ ဘေဂုံထန်သည် သူတို့ရှေ့တွင် မတ်တတ်ရပ်နေကာ ဝူရန်ဖေသည် သစ်ကိုင်းပေါ်တွင်ထိုင်နေသည်။

“မင်းတို့တွေ ဒီမှာ ဘာလုပ်နေကြတာလဲ” ရှီမာယူယူ သူတို့လေးယောက်အား အံ့သြစွာကြည့်လိုက်သည်။


Comment

Leave a Reply


Options

not work with dark mode
Reset