“သခင်လေး” အိမ်တော်ထိန်းသည် ပြန်ရောက်လာကာ ရှီမာယူယူ တွေဝေစွာရပ်နေသည်ကိုတွေ့သည်နှင့် လမ်းလျှောက်လာသည်။
ရှီမာယူယူ အိမ်တော်ထိန်းအားလှည့်ကြည့်ကာ ပြောလိုက်သည် “အခြေအနေဘယ်လိုလဲ”
“ကျူမျိုးနွယ်က ကျွန်တော်တို့နဲ့အလုပ်လုပ်ဖို့ကို အတည်ပြုပြီးပါပြီ၊ ကျွန်တော်တို့ကိစ္စတချိုု့ဆွေးနွေးဖို့ကျန်သေးတယ်” အိမ်တော်ထိန်းပြောလိုက်သည်။
ဒီနေ့တွင် ရှီမာယူယူ သားရဲထိန်းကျောင်းသူများအသင်းသို့သွားနေချိန်တွင် သူသည် ဖက်တီးကျူနှင့် သူ့အဖေအားသွားရှာကာ ပစ္စည်းများသွင်းရန်အကြောင်းကို ဆွေးနွေးခဲ့သည်။
“သခင်လေးရော ကိစ္စတွေအဆင်ပြေရဲ့လား”
“အဆင်ပြေပါတယ်” ရှီမာယူယပြောလိုက်သည် “ပြန်ရင်းနဲ့ ပြောကြတာပေါ့”
သူတို့ယာယီ အစည်းအဝေးခန်းသို့ရောက်သောအခါ ရှီမာယူယူသည် ထိုနေ့တွင်ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောလေသည်။ ရှီမာယူယူပြောသည့်အကြောင်းထဲတွင် သူသည် သားရဲထိန်းကျောင်းသူအသင်းနှင့် အဆင်ပြေရုံသာမက အသင်း၏ အကြီးအကဲဖြစ်လာသည်ကို ကြားသည်နှင့် သူအလွန်အမင်းပျော်ရွှင်ခဲ့သည်။
“အခုနာမည်လည်းကြီးလာပြီဆိုတော့ ကျွန်တော်တို့လူရှာဖို့စလို့ရပြီ” ရှီမာယူယူပြောလိုက်သည် “အခု လူတွေအရေးတကြီးလိုနေတယ်၊ လူတွေရလာမှ ကျွန်တော်တို့လိုအပ်တာတွေကို သက်တောင့်သက်သာလုပ်လို့ရမှာ၊ သူတို့သန်မာပြီး သူတို့အကျင့်စရိုက်လည်းမဆိုးဘူးဆိုရင် လုပ်ကြလိမ့်မယ်။ ပြီးတော့ သူတို့က ရှီမာမျိုးနွယ်ရဲ့အားအဖြစ်နဲ့ ဆယ်နှစ်နေရမယ်၊ လစာကို ရှီမာအိမ်တော်က ပေးထားမယ်၊ ဆယ်နှစ်ပြည့်ရင်တော့ သွားမလား၊ ဆက်နေမလားဆိုတာ သူတို့ဆုံးဖြတ်လို့ရတယ်”
“သခင်လေး ဘာလို့ဆယ်နှစ်ပဲအချိန်ယူတာလဲ” အိမ်တော်ထိန်းသည် နားမလည်ပေ။
“တချို့ဝိညာဉ်သခင်တွေက ချုပ်ချယ်တာမကြိုက်ဘူး၊ သူတို့အားကို တစ်သက်လုံးသုံးမယ်လို့ ဖိအားပေးရင် သူတို့သဘောတူကြမှာမဟုတ်ဘူး၊ ဆယ်နှစ်လောက်ပဲဆိုရင် သူတို့နဲ့အပေးအယူကအဆင်ပြေလိမ့်မယ်” ရှီမာယူယူပြောလိုက်သည် “ပြီးတော့ ဆယ်နှစ်က ကျွန်တော်တို့ အင်အားတွေတဖြည်းဖြည်းများလာဖို့ အချိန်လောက်ပါတယ်”
“ဒါဆိုရင် သခင်လေးစဉ်းစားတာမှန်ပါတယ်” အိမ်တော်ထိန်းသည်ခေါင်းညိတ်ကာပြောလိုက်သည်။
“ကျွန်တော်တို့ စံချိန်နဲ့ လူစုဖို့ဆိုရင် သူတို့ကအနည်းဆုံးတော့ ထူးချွန်တဲ့ဝိညာဉ်သခင်ဖြစ်ရမယ်၊ ပြီးတော့ သူတို့အားပေါ်လည်းမူတည်သေးတယ်၊ သူတို့ ဝိညာဉ်သားရဲတွေအမျိုးမျိုးရလာရင်တော့ ကျွန်တော်ကိုယ်တိုင် ထိန်းကျောင်းပေးမယ်၊ ဆေးတချို့လည်း အပိုဆုအနေနဲ့ပေးမယ်” ရှီမာယူယူထပ်ပြောလိုက်သည် “ပြီးတော့ ရှီမာမျိုးနွယ်ကို လာရင် သတို့လည်း အကျိုးအမြတ်ရမယ့် အဆင်ပြေမယ့် ကိုယ်ရံတော်တွေရလာမယ်၊ ဘယ်လိုထင်လဲ”
“ကောင်းပါတယ်၊ အကျိုးအမြတ်ကောင်းကောင်းရတာနဲ့ပဲ သတို့နေမယ့်အကြောင်းအရင်းလုံလောက်ပါတယ်” အိမ်တော်ထိန်းပြောလိုက်သည်။
“အိမ်တော်ထိန်းသဘောတူမှတော့ ကြေညာဖို့လူရှာလိုက်တော့” ရှီမာယူယူပြောလိုက်သည် “ရှီမာအိမ်တော်ဆောက်ဖို့လည်း မြန်တဲ့သူရှာတော့၊ တစ်သက်လုံးအိမ်မရှိဘဲနေလို့မရဘူးလေ၊ အဲလိုဆက်သွားရင် ကျွန်တော်တို့အရည်အချင်းရှိတဲ့သူကို ဆွဲဆောင်လို့ရမှာမဟုတ်ဘူး”
“ဟုတ်ကဲ့ပါ သခင်လေး”
“အိမ်တော်ထိန်းသွားပြီး အသေးစိတ်လုပ်လိုက်တော့၊ လူတွေခန့်ပြီးရင် သူတို့ကို ဝိညာဉ်သားရဲတွေဖမ်းဖို့ လွှတ်ရမယ်၊ ကျွန်တော်တို့ သားရဲထိန်းကျောင်းသူအသင်းကို တစ်သက်လုံးမှီခိုလို့မရဘူး” ရှီမာယူယူပြောလိုက်သည်။
“ကောင်းပါပြီ၊ ဒီအစေခံအိုကြီးက သွားပြီးစီစဉ်လိုက်ပါမယ်” အိမ်တော်ထိန်းသည် အရိုအသေပေးကာ ပြင်ဆင်ရန်ထွက်သွားလေသည်။
အိမ်တော်ထိန်းသည် အခုလေးတင်ပြန်ရောက်ပြီးမှ ရေတစ်စက်တောင်မသောက်ရသေးခင် အလောတကြီးပြန်ထွက်သွားရသည်ကို ရှီမာယူယူမြင်သည်နှင့် ပြောလိုက်သည် “အချိန်မကောင်းတော့လည်း ကျွန်တော် အိမ်တော်ထိန်းကိုပဲ ဒုက္ခပေးမိပြီ”
အိမ်တော်ထိန်း ခေါင်းရမ်းလိုက်သည် “ရှီမာမျိုးနွယ်အတွက် အလုပ်လုပ်ပေးရတာကိုပဲ ဒီအစေခံအိုကြီးက ဝမ်းသာလှပါပြီ”
“ကျေးဇူးပါ ဦးလေးဖူ”
အိမ်တော်ထိန်းသည် ပြုံးကာထွက်သွားလေသည်။ သူခေါင်းထောင်ကာ ရှီမာလိုင်ထွက်သွားသော ဘက်သို့ကြည့်ပြီးပြောလိုက်သည် “စစ်သူကြီးရေ… သခင်လေးကတကယ်ရင့်ကျက်လာပြီ”
ရှီမာယူယူ အစည်းအဝေးခန်းမှထွက်လာကာ ရှီမာအိမ်တော်အားဆောက်နေသော လူများအားကြည့်ကာ သက်ပြင်းရှည်ချမိသည်။
စာအုပ်ပြခန်းသည် ခြေရာလက်ရာမပျက်ရှိနေသည်ကို ကြည့်ကာ သူမအစောကဖြစ်ခဲ့သော သံသယအားတွေးကာ ဖြေးညင်းစွာလမ်းလျှောက်ခဲ့လေသည်။
စာအုပ်ပြခန်းရှေ့တွင် ရပ်ကာ သူမဒီကို ပထမဆုံးရောက်ခဲ့သည့် အချိန်ကို တွေးလိုက်သည်။ အတွေးတစ်ချက်နှင့်ပင် သော့သည် သူမလက်ထဲရောက်လာသည်။
“ဂလောက်”
သူမ သော့တံအား သော့ကလောက်ထဲသွင်းကာ တံခါးဖွင့်လိုက်သည်။
သူမ တံခါးအားတွန်းဖွင့်ပြီး ဝင်လာလိုက်သည်။ သူမ ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်နှင့် သူမအနောက်မှတံခါးသည် ပိတ်သွားလေသည်။
သူမ စာကြည့်တိုက်ပတ်လည်အား ပတ်လျှောက်ကာ မတူညီသောအထပ်များတွင် ရှာဖွေနေသည်။ ထူးခြားမှုတစ်ခုမှရှာမတွေ့ပေ၊ အမြင့်ဆုံးအထပ်၏ ထိပ်တွင် သေတ္တာတစ်လုံးသာရှိခဲ့သည်။
သူမ သေတ္တာအားယူကာ ဖွင့်လိုက်သည်။ သူမသည် စာအုပ်ပြခန်း၏ သေးငယ်သော ပုံစံငယ်အားတွေ့လိုက်ရသည်။
“ပြီးခဲ့တဲ့တစ်ခေါက် ငါဒီကိုလာတော့ဒါကို မတွေ့မိပါဘူး၊ အဘိုးက နောက်မှလာထားထားတာများလား” သူမ စာအုပ်ပြခန်းအားယူကာ တစ်ခဏမျှလေ့လာလိုက်သည်။ ထိုအောက်တွင် အပ်ကြောင်းတစ်ခုအား သူမ သတိထားမိသည်၊ သို့သော် ထိုအရာသည် ဘာလဲဆိုသည်ကိုတော့ သူမ မသိပါ။
သူမ ထိုသေတ္တားအားပြန်ထားကာ ခုံတွင်ထိုင်ပြီး မှင်တက်စွာကြည့်မိသည်။
“အဘိုး၊ အစ်ကိုတို့…”
အရင်တုန်းကဆိုလျှင် သူမအိမ်ပြန်ရောက်သည်နှင့် သူမ မိသားစုသည် သူမအားကြိုဆိုနေခဲ့ကြသည်။ အခုတော့ သူမသည်သာ မိသားစုအား ထောက်ပံ့နေရသော တစ်ဦးတည်းသောသူ၊ သူမသည် တကယ်မေတ္တာထားခြင်းခံခဲ့ရသည်။
ကျောင်းအုပ်ကြီးပေးသော လက်စွပ်အားစဉ်းစားမိကာ သူမမှော်ဝင်လက်စွပ်အတွင်းမှ ထုတ်လိုက်သည်။ အရင်ကဆိုလျှင် သူမသည် ဝရုန်းသုန်းကာ အခြေအနေကို ဖြစ်ခဲ့သဖြင့် ထိုလက်စွပ်သည် စုတ်ချာနေသည်ကို သတိမထားမိပေ။
အစပိုင်းကရှိနေသော စိတ်စွမ်းအင်သည် ဖျောက်ဖျက်ပြီးဖြစ်သဖြင့် ထိုလက်စွမ်တွင် လက်ရှိမှာ ပိုင်ရှင်မရှိပေ။
“အဘိုး…”
သူမ စိတ်စွမ်းအင်အား လက်စွပ်ထဲသို့ ထည့်လိုက်သည်။ ရှီမာလိုင်အသုံးပြုခဲ့သော ဂိုဒေါင်ကိုကြည့်ကာ ဒုံချန်းနိုင်ငံ၏ စစ်သူကြီးတစ်ဖြစ်လဲ ဝိညာဉ်သူတော်စင်ဖြစ်သော အဘိုးမှာ တန်ဖိုးရှိသော အရာအများအပြားပိုင်ဆိုင်ခြင်းမရှိခဲ့ပေ။
အမှန်တကယ်တော့ ရှီမာလိုင်၏ ပစ္စည်းများသည် ဒုံချန်းနိုင်ငံတော်တွင် ဇိမ်ခံပစ္စည်းများထဲတွင် ပါဝင်သည်။ သူမတွင်ရှိသော ဝိညာဉ်ပုလဲအတွင်းရှိအရာများသည် ကောင်းလွန်း၍သာ ရှီမာလိုင်အား သနားစရာအဖြစ် ခံစားူရခြင်းဖြစ်သည်။
သူမ မှော်ဝင်လက်စွပ်အတွင်းကြည့်လိုက်ရာ အတွင်းကျဆုံးတစ်နေရာတွင် စာအုပ်တစ်အုပ်နှင့် အသံကျောက်တုံးအားတွေ့လိုက်ရသည်။
သူမ အသံကျောက်တုံးကိုထုတ်ပြီး ဝိညာဉ်စွမ်းအင်ထည့်လိုက်သည်။ သွေးကြောများသည် စတင်လှုပ်ရှားလာကာ ရှီမာလိုင်၏အသံသည် ထွက်ပေါ်လာသည်။
“ယူယူ မင်းဒါကိုနားထောင်နေရင် အဘိုးဒုံချန်းနိုင်ငံမှာမရှိတော့တာဖြစ်နိုင်တယ်” ရှီမာလိုင်၏အသံ အနေအထားသည် ကြားရချိန်တွင် အိုပြီး တည်ငြိမ်သည့်ပုံပေါက်သည်။
“အဘိုး သမီးကို မပြောခဲ့တာရှိတယ်၊ သမီးက ရှီမာမျိုးနွယ်နဲ့ ဘာမှမပတ်သတ်ဘူး၊ အရင်က အဘိုး သမီးကိုပြောတာမှတ်မိလား၊ အဘိုးတို့မိသားစု ဆိုဖီယာတောင်တန်းကနေထွက်ပြေးတုန်းက အားလုံးသေခဲ့ကြတယ်၊ နောက်ဆုံးမှာ အဘိုးတို့ကို တစ်ယောက်ယောက်ကယ်ပြီး ဆိုဖီယာတောင်တန်းကတေ ထွက်နိုင်ခဲ့ကြတယ်၊ အဲလူက သမီးအဖေပဲ၊ အစက သူ့ကိုနောက်ထပ်ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူးထင်နေတာ၊ ဒါပေမယ့် ဆယ်နှစ်ကြာတော့၊ သူ သမီးကို ပိုက်ပြီး အဘိုးတို့ရှေ့မှာပြန်ပေါ်လာတယ်၊ သူ သမီးကို အဘိုးဆီအပ်ပြီး သမီးသာအောင်မြင်တဲ့တစ်နေ့ရောက်လာရင် လက်စွပ်ထဲက ကျောက်စိမ်းနာမည်ပြားကို ယူပြီး ကမ္ဘာဦးရှေးဟောင်းနယ်မြေကို သွားပြီးသူ့ကိုရှာပါလို့ မှာခဲ့တယ်…..”
ရှီမာယူယူနောက်တစ်ခေါက် မှော်ဝင်လက်စွပ်အတွင်းကြည့်လိုက်ရာ ကျောက်စိမ်းနာမည်ပြားကို တွေ့လိုက်ရသည်။ သူမ ထုတ်ယူလိုက်ရာ ထိုအရာသည် ဖန်ကျိရှင်းသူမအားပေးသော အရာနှင့် တူညီသည်ကို တွေ့လိုက်ရသည်။
“အဘိုးက စိတ်ထင့်နေခဲ့တာ၊ အစကသမီးတို့အားလုံး မနက်ဖြန်မနက်ကိုထွက်သွားစေချင်ခဲ့တာ၊ ဒါပေမယ့် အဲအချိန်ရောက်လာမလား မလာဘူးလား အဘိုးမသိဘူး၊ တစ်ခုခုဖြစ်လာရင် အဘိုး ရှီမာမျိုးနွယ်ကို သမီးကိုလ လက်လွှဲခဲ့ပါတယ်၊ အိမ်တော်ထိန်းက ကိစ္စတွေဖြေရှင်းရာမှာ ကူညီပါလိမ့်မယ်၊ သမီး မလုပ်နိုင်ဘူးထင်ရင် လွှတ်ချလိုက်ပါ….”
“ဒီစာအုပ်ပြခန်းက အဘိုးမမျှော်လင့်ပဲရခဲ့တဲ့ ဝိညာဉ်ရှေးပစ္စည်းပဲ ၊ ဒါပေမယ့် ဘယ်လိုသုံးရမလဲဆိုတာ အဘိုးမသိခဲ့ဘူး၊ သမီးသာ ဖြေရှင်းနိုင်တာလည်း ဖြစ်နိုင်တယ်၊ လက်စွပ်ထဲမှာ သော့ရှိတယ်၊ သမီးမြင်ရင် နားလည်သွားမှာပါ…”
“ယူယူ ဘာပဲဖြစ်ဖြစ် သမီး ပျော်ပျော်ရွှင်ရွှင်နေရမယ်၊ ဒါက အဘိုးနဲ့ သမီးအစ်ကိုတွေ အဖြစ်စေချင်ဆုံးပဲ၊ ဒါကလည်း သမီးအဖေအရင်းဆန္ဒလည်းဖြစ်မယ်လို့ အဘိုးယုံတယ်….”
အသံသွင်းထားခြင်းဆုံးသည်နှင့် ရှီမာယူယူ မျက်ရည်အပြည့်ဖြင့် အသံကျောက်တုံးအားကြည့်လိုက်သည်။
ရှီမာလိုင်၏ သူမအားချစ်သော အချစ်ကို နွေးထွေးစွာ ခံစားလိုက်ရသည်။ သူ၏ စိုးရိမ်မှုနှင့် အေးချမ်းသော အနာဂတ်ကိုမျှော်လင့်နေကြောင်းကိုလည်း ခံစားလိုက်ရသည်။
သူမ အသံကျောက်တုံးအားသိမ်းလိုက်ကာ ကြေညာလိုက်သည် “အဘိုး စိတ်ချပါ၊ သမီးတို့ ပြန်ဆုံမှာပါ၊ သမီးအဘိုးတို့ကို ကယ်မှာပါ”