အချိန်တိုင်းတွင် ရှီမာယူယူ သူ့အားပေးသော အံ့သြမှုကို သူခံနိုင်ခဲ့သည်။ သူမ နောက်ထပ် အံ့သြမှုကို ပေးခဲ့သည်။
“တကယ်တော့ ဘာမှမဟုတ်ပါဘူး၊ အဂ္ဂိရတ်ပညာနဲ့ သားရဲထိန်းကျောင်းတဲ့ပညာက စိတ်စွမ်းအားပေါ်မှာ မူတည်နေတာ၊ ငါ့စိတ်စွမ်းအားက သာမာန်လူထက်နည်းနည်းအားကောင်းရုံပါပဲ” ရှီမာယူယူပြောလိုက်သည်။
“လူမဆန်လိုက်တာ” အချိန်တစ်ခုအကြာတွင် ဖက်တီးကျူသည် ရေရွတ်လိုက်သည်။
“သဘောတူတယ်” ဝူရန်ဖေခေါင်းညိတ်သည်။
“ဟုတ်တယ်” ဘေဂုံထန် ထပ်ပြောသည်။
“ငါ ရှီမာယူယူရဲ့ ဦးနှောက်ကိုဖွင့်ပြီး အထဲမှာဘာတွေနဲ့လုပ်ထားလဲဆိုတာကြည့်ဖို့ စဉ်းစားနေပြီ” အမြဲတမ်းယဉ်ကျေးခဲ့သော ဝေကျိရွှီသည် သူ၏ သတ္တိပြောင်သော ပုံစံထွက်ပေါ်လာခဲ့သည်။
အာ….
သူတို့အား ရှီမာယူယူ မှင်တက်စွာကြည့်မိသည်။ ထိုအရာသည် ကတ်သီးကတ်သတ်နိုင်သည်ကို သူမသိသော်လည်း သူတို့ ထိုမျှလောက် တုန်လှုပ်စရာမလိုဘူးဟုထင်သည်။
သားရဲထိန်းကျောင်းသူအသင်း၏ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ဝင်လာချိန်တွင် သူတို့ စကားစပြတ်သွားကြသည်။
“ဥက္ကဋ္ဌ၊ ဘိုးလေး” ဝေကျိရွှီသည် မတ်တတ်ရပ်ကာ သူတို့နှစ်ယောက်အား အရိုအသေပေးလိုက်ကာ ဝင်လာသော လူများ၏ သရုပ်မှန်ကို ရှီမာယူယူအားအရိပ်အယောင်ပြလိုက်သည်။
ရှီမာယူယူသည် သူုတို့အားအရိုအသေပေးကာ ဥက္ကဋ္ဌသည် လက်ဝေ့ပြကာ အားလုံးအားထိုင်ခွင့်ပြုလိုက်သည်။
သူ ပင်မထိုင်ခုံသို့ရောက်သောအခါ ဥက္ကဋ္ဌသည် ရှီမာယူယူအား အကဲဖြတ်လိုက်သည်။
ဥက္ကဋ္ဌ၏အကြည့်အား ရှီမာယူယူမြင်လိုက်သည်။ သူ သူမအားအကဲဖြတ်ချိန်အတွင်းတွင် သူမလည်း ပြန်အကဲခတ်နေသည်။
တကယ်စွမ်းတာပဲ၊ သူ့ရှေ့မှာရှိဖူးတဲ့ လူငယ်တွေထဲမှာ ပထမဆုံးမျက်နှာအမူအရာပဲ။
ယုံကြည်ချက်၊ ထိုအရာသည် သူမအတွက် ပထမဆုံးမျက်နှာအမူအရာဖြစ်သည်။
“ငါးယောက်မြောက်သခင်လေး မင်းဒီနေ့လုပ်ခဲ့တာတွေကို ငါကြားပြီးပြီ၊ မင်းလို ငယ်ရွယ်တဲ့သူတစ်ယောက်က ထူးချွန်တဲ့ သားရဲထိန်းကျောင်းသူဖြစ်တာ ငါအရမ်းအံ့သြခဲ့ရပါတယ်” ဥက္ကဋ္ဌသည် သူ၏ မုတ်ဆိတ်အားထိကာ ပြောလိုက်သည် “ငါးယောက်မြောက်သခင်လေးရဲ့ ဆရာကဘယ်ကလဲဆိုတာ သိချင်ပါတယ်”
“ကျွန်တော့်ဆရာကအမြဲတမ်း လူသူကင်းမဲ့တဲ့ တောင်တွေမှာ နေပါတယ်၊ သူ့ဘဝက လူသိနည်းပြီး အပြင်ကမ္ဘာက ဖြစ်ပျက်နေတဲ့ ဝရုန်းသုန်းကာအခြေအနေတွေကို မကြိုက်ပါဘူး၊ အဲဒါကြောင့် သူကျွန်တော့်ကို မပြောခိုင်းပါဘူး၊ ကျွန်တော့်ကို ခွင့်လွှတ်ပါ” ရှီမာယူယူ လိမ်လိုက်သည်။
သူမတွင် ဆရာမရှိပါ၊ သူမဘယ်လိုသွားရှာမလဲ။
သူမ တကယ်ပြောချင်ပါက မိုရှားသာ ဝိညာဉ်သားရဲထိန်းကျောင်းခြင်းဖြစ်စဉ်ကို ပြောပြခဲ့သော တစ်ဦးတည်းသောသူဖြစ်သည်။ အင်ပါယာ သားရဲကျမ်းသည် သူမအား သူပေးခဲ့သော စာအုပ်ဖြစ်သည်။ ပြောရမည်ဆိုလျှင် သူသည် သူမ၏ ဆရာဟုတစ်ဝက်သတ်မှတ်လို့ရသည်။ သို့သော် သူ၏ တည်ရှိမှုသည် လျှို့ဝှက်ချက်ဖြစ်၍ ပြောစရာနည်းလမ်းမရှိခဲ့ပေ။
ဥက္ကဋ္ဌသည် ခေါင်းညိတ်သည်။ သူ့လိုလူမျိုးတွင် ဦးစားပေးမှုများရှိသည်ကို သူသိသည်။ တချို့သည် ကြွားဝါလွန်းသည်၊ တချိုု့သည် နိမ့်ချမှုကို နှစ်သက်သည်။ သူမ ထပ်ရှင်းမပြချင်သဖြင့် သူထပ်မမေးတာ ကောင်းမည်။
“မင်း သားရဲထိန်းကျောင်းသူအသင်းနဲ့လက်တွဲချင်တယ်လို့ပြောတယ်ဆို”
ရှီမာယူယူခေါင်းညိတ်ကာ ပြောလိုက်သည် “ဟုတ်ပါတယ်၊ ကျွန်တော်တို့ရှီမာမျိုးနွယ်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတ ဥက္ကဋ္ဌကြီးသိပြီးဖြစ်မှာပါ၊ ကျွန်တော်တို့လက်ရှိအခြေအနေက မကောင်းဘူး၊ အားနည်းနေတယ်၊ ကျွန်တော့်အဘိုးနဲ့ အစ်ကိုတွေလည်းမရှိနေတာ့ ကျွန်တော့်ရှီမာမျိုးနွယ်ကို ကာကွယ်ချင်ပါတယ်၊ ကျွန်တော် သားရဲထိန်းကျောင်းသူအသင်းနဲ့ လက်တွဲချင်ပါတယ်၊ အချိန်တစ်ခုလောက် ကျွန်တော်တို့ကို ဝိညာဉ်သားရဲတွေ သွင်းစေချင်ပါတယ်၊ အပေးအယူကတော့ သားရဲထိန်းကျောင်းသူအသင်းကို ကျွန်တော် သူတော်စင်သားရဲတွေကို ထိန်းကျောင်းပေးပါမယ်”
သူတော်စင်သားရဲအားထိန်းကျောင်းနိုင်သူ အရေအတွက်နှင့် ပြန်ကုစားသည့် အချိန်ကြာသည်ကို ဝေကျိရွှီပြောတာ သူမကြားဖူးသည်။ သားရဲထိန်းကျောင်းသူအား ထိုအချက်သည် ဆွဲဆောင်နိုင်လိမ့်မည်ဟု သူယုံကြည်သည်။
“ငါတို့ သူတော်စင်သားရဲတွေအများကြီး မထိန်းကျောင်းလည်း ငါတို့လုပ်နိုင်ပါတယ်” ဥက္ကဋ္ဌကြီးပြောလိုက်သည် “မင်းကို ငါတို့ သားရဲထိန်းကျောင်းသူအသင်းကို ဝင်စေချင်တယ်၊ အချိန်ကျလာရင် သားရဲထိန်းကျောင်းသူအသင်းက မင်းလိုသလောက် ဝိညာဉ်သားရဲတွေကို အလကားပေးလို့်ရတယ်”
“အသင်းထဲ ဝင်ရမယ်ဟုတ်လား” သူမ အစီအစဉ်အတိုင်းမဟုတ်သဖြင့် ရှီမာယူယူ အနည်းငယ် အံ့သြသွားလေသည်။ သူမ ချုပ်ချယ်သည်ကို မလိုလားပေ။
“ဟုတ်တယ်၊ မင်းငါတို့ အသင်းမှာ ရာထူးကြီးတဲ့သူဖြစ်လာနိုင်တယ်၊ မင်းဘာမှလုပ်စရာမလိုဘူး၊ သားရဲထိန်းကျောင်းသူအသင်းက သားရဲနည်းနည်းလောက်ကို ထိန်းကျောင်းပေး အသင်းက အန္တရာယ်ရှိလာတဲ့ အခါလာပေး၊ ဒါပဲ” ဥက္ကဋ္ဌပြောလိုက်သည်။
“ဒါပေမယ့် အခုကျွန်တော် ဘယ်အဖွဲ့အစည်းမှဝင်ဖို့ အစီအစဉ်မရှိသေးဘူး၊ သခင်ကြီးတို့လည်းသိမှာပဲ နောက် ၂နှစ်နေရင် ကျွန်တော် ဒုံချိန်းနိုင်ငံကထွက်သွားတော့မှာ ကျွန်တော် အသင်းဝင်လိုက်ရင် ဒါအခက်အခဲဖြစ်နိုင်တယ်” ရှီမာယူယူ ငြင်းဆိုလိုက်သည်။
ရှီမာယူယူ ပြောသည်ကို ဝေကျိရွှီကြားလိုက်သောအခါ သူမအတွက် စိုးရိမ်သွားသည်။ ပြောရေးဆိုခွင့်ရှိသူ ရာထူးမှာ တွေ့ကရာလူရရှိနိုင်သည့် နေရာမဟုတ်ပေ။
“ရာထူးကို ဒီလောက်မြန်မြန်မငြင်းပါနဲ့” ဥက္ကဋ္ဌသည် လက်ဝေ့ပြကာ ပြောလိုက်သည် “မင်းထွက်သွားမယ့် အကြောင်းကို ငါသိပြီးသားပါ၊ ဒါပေမယ့် အခုမင်းဒီမှာ ရှိနေတာပဲမလား ပြီးတော့ မင်းသားရဲထိန်းကျောင်းသူအသင်းဝင်လိုက်တာနဲ့ မင်းဘာမှမလုပ်ရင်တောင် အသင်းက ဒီတိုင်းထားမှာပါ၊ မင်းက အသင်းရဲ့ ပြောရေးဆိုခွင့်ရှိတဲ့သူ အမြဲဖြစ်သွားမှာပါ၊ မင်းဒုံချိန်းနိုင်ငံကထွက်သွားတဲ့အချိန်ကျရင် ရှီမာမျိုးနွယ်မှာ ထောက်ပံ့ပေးမယ့် အားလိုတယ် ငါပြောတဟုတ်တယ်မလား”
ရှီမာယူယူ စဉ်းစားကြည့်ရာ ဥက္ကဋ္ဌပြောသည်မှာမှန်သည်။ သူမသည် မကြာခင်ထွက်သွားတော့မည်။ အချိန်ကျရင် ရှီမာမျိုးနွယ်သည် အခြေမခိုင်လို့မဖြစ်ပဲ နောက်မှ အင်အားကြီးမှုကို လိုအပ်သည်။ ထို့အပြင် သားရဲထိန်းကျောင်းသူအသင်းသည် ထိုအခြေအနေများကို လက်ခံသည်။
အိမ်ထဲမှာလူများသည် သူမအား ထိုကြီးမားသည့်ဆုံးဖြတ်ချက်ကို စဉ်းစားရန်အချိန်ပေးကာ တိတ်ဆိတ်နေကြသည်။
အချိန်တစ်ခုကြာသော် ရှီမာယူယူခေါင်းညိတ်ကာ ပြောလိုက်သည် “ကောင်းပြီ ကျွန်တော် သားရဲထိန်းကျောင်းသူအသင်းဝင်ဖို့ သဘောတူပါတယ်”
အိမ်ထဲမှ လူများသည် ပြုံးသွားကြကာ ဥက္ကဋ္ဌခေါင်းညိတ်ကြသည်။ သူသည် မှော်ဝင်လက်စွပ်အတွင်းမှ ကျောက်စိမ်းနာမည်ပြားကိုထုတ်ကာ ပြောလိုက်သည် “ဒါက အသင်းရဲ့ ပြောရေးခိုခွင့်ရှိသူရဲ့ သရုပ်မှန်ကို ပြပေးမယ့် မင်းရဲ့နာမည်ပြားပဲ ယူလိုက်”
ရှီမာယူယူ မတ်တတ်ရပ်ကာ ရှေ့ထွက်လာသည်။ လက်နှစ်ဖက်ဖြင့် ကျောက်စိမ်းနာမည်ပြားအား လက်ခံလိုက်လေသည်။
“ကောင်းပြီ အခုချိန်ကစပြီး မင်းက ကိုးယောက်မြောက် ပြောရေးဆိုခွင့်ရှိတဲ့ လူကြီးပဲ” ဥက္ကဋ္ဌသည် ပြုံးရင်းပြောလိုက်သည်။
“ဒီလိုနဲ့ပဲလား” ရှီမာယူယူ မစဉ်းစားပဲပြောချလိုက်သည်။
လူကြီးရာထူးပေးရလောက်အောင် စွမ်းအားကြီးတယ်ဆိုရင်…. ဂုဏ်ပြုပွဲလေး ဘာလေးလုပ်သင့်တယ် မဟုတ်ဘူးလား။
ရှုပ်ထွေးသွားသော သူမမျက်လုံးများအားကြည့်ကာ ဥက္ကဋ္ဌသည် ပြောစရာစကားမရှိတော့ပဲ ပြုံးလိုက်ရတော့သည်။
သူတို့ဘေးတွင်ရှိနေသော ဒုဥက္ကဋ္ဌသည် ပြောလိုက်သည် “မင်းဒီလိုမျိုးတွေမကြိုက်မှန်းသိလို့ သူတို့နဲ့ ဝေးရာမှာ လုပ်ဖို့ဆုံးဖြတ်ထားတာ၊ အချိန်ကျရင် မင်းက ငါတို့ရဲ့ လူကြီးဖြစ်ကြောင်းအားလုံးကို ကြေညာမယ် ဒါဆိုလုံလောက်ပြီလေ”
“ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌကို ကျေးဇူးတင်ပါတယ်” ရှီမာယူယူ ကျောက်စိမ်းနာမည်ပြားအား သူမမှော်ဝင်လက်စွပ်အတွင်းထည့်ကာ သူမနေရာတွင် ပြန်ထိုင်လိုက်သည်။
“ဝိညာဉ် သားရဲတွေရဖို့ကတော့ အချိန်ကျရင် ငါတို့အသင်းကတာဝန်ယူပြီး ဖြေရှင်းပေးမှာပါ၊ ငါတို့မင်းအတွက် အကုန်စီစဉ်ပေးပါမယ်” ဥက္ကဋ္ဌပြောလိုက်သည်။
“ဥက္ကဋ္ဌကို ကျေးဇူးတင်ပါတယ်”
……
သားရဲထိန်းကျောင်းသူ အသင်းမှပြန်လာချိန်မှစ၍ ရှီမာယူယူ အထူးတဆန်းဖြစ်နေတုန်းပင်ဖြစ်သည်။ သူမသည် အမှန်တကယ်ပဲ သားရဲထိန်းကျောင်းသူအသင်း၏ လူကြီးဖြစ်နေလေပြီ။
“မင်းမသိလောက်ဘူး၊ ဒါပေမယ့် ပြောရေးဆိုခွင့်ရှိတဲ့ လူကြီးဖြစ်ဖို့ဆိုရင် ရွေးချယ်တဲ့အဆင့်တွေအများကြီး ဖြတ်ရတယ်၊ အတည်ပြုပြီးရင်တောင် သူတို့ပွဲသုံးခုလုပ်သေးတယ်၊ အရမ်းဒုက္ခများတာပဲ” ဝေကျိရွှီရှင်းပြသည်။ “ဒီလိုအထူးတလည်ကမ်းလှမ်းခံရတာ မင်းတစ်ယောက်ပဲရှိမယ်ထင်တာပဲ”
“ဟေးဟေး မရှိတာမှကောင်းသေးတယ်” ရှီမာယူယူပြောလိုက်သည် “ဒီနေ့အတွက် ငါမင်းကို ကျေးဇူးတင်တယ်၊ မင်းသာမဟုတ်ရင် ဥက္ကဋ္ဌကိုတွေ့ဖို့ကြိုးစားမယ့်ဟာကို ငါခေါင်းကိုက်ရမှာ” ရှီမာယူယူပြောလိုက်သည်။
“ဘာတွေယဉ်ကျေးနေတာလဲ” ဝေကျိရွှီပြုံးလိုက်သည် “ဟုတ်တယ်၊ ငါတို့လေးယောက် ကျောင်းကိုအရင်ပြန်နှင့်မယ်၊ မင်းလိုအပ်တာရှိရင် ငါတို့ကိုရှာဖို့ လူလွှတ်လိုက်”
“အင်း အဲလိုလုပ်လိုက်မယ်”
သူတို့နှင့် လမ်းခွဲပြီးနောက် သူမရှီမာအိမ်တော်သို့ပြန်လာလိုက်သည်။ ထိုနေ့မှစ၍ သူမနာမည်သည် ပျံ့နှံ့သွားလေသည်။ လျင်မြန်စွာပင် သူမသည် သားရဲထိန်းကျောင်းသူအသင်း၏အကြီးအကဲဖြစ်ကြောင်း သတင်းမှာ ပျံ့နှံ့သွားလေသည်။ ဝိညာဉ်သားရဲထောက်ပံ့ပေးမည့်ပြဿနာမှာ ဖြေရှင်းပြီးဖြစ်သွားသည်။ အခု နောက်လုပ်ရမည့်တစ်ခုအတွက် အိမ်တော်ထိန်းနှင့် ဆွေးနွေးရမည်။
သူမသည် အရင်ကရှိခဲ့သော မိန်းအဝင်ပေါက်ကို လျှောက်လာမိတုန်းပဲဖြစ်သည်။ သူမ ပြန်ကြည့်တုန်းမှာပင် ထိဝင်ပေါက် မရှိတော့သည်ကို သူမသတိရသွားသည်။
အရင်က အဝင်ပေါက်ရှိခဲ့သောနေရာတွင် သူမတရစ်ရစ်ဝဲနေခဲ့သည်။ ဒီနေရာတွင် အချိန်အကြာကြီး စစ်သူကြီးအိမ်တော်ဖြစ်ခဲ့သည်ကို တွေးကာ သူမ စိတ်များနာကျင်လာရသည်။
အဘိုး၊ အစ်ကိုတွေ…. ယူယူကိုစောင့်ပါ၊ ကျွန်တော်သေချာပေါက်လာကယ်ပါမယ်…..