Switch Mode

အပိုင်း(၁၃၄)-သုံးနှစ် ချိန်းဆိုခြင်း

ရှီမာယူယူ၏ အသံသည် အားနည်းလွန်းလှသည်။ သို့သော် အားလုံးကြားနိုင်လောက်သည်။

“သုံးနှစ်….”

ရှီမာယူယူ၏ အသံသည် နောက်တစ်ခေါက်ထွက်လာပြန်သည်။ ထို့အပြင် သတိမေ့နေသော ခန္ဓာကိုယ်လှုပ်ရှားနေသည်ကို အားလုံးတွေ့လိုက်ရသည်။

“ယူယူ”

“အဟွတ် အဟွတ်…”

ရှီမာယူယူ ခေါင်းနှစ်ခါဆိုးလိုက်ကာ မြေပေါ်သို့ လက်နှစ်ဖက်ထောက်ကာ တွန်းလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။

“သုံးနှစ်….” သူမ ထပ်ပြောပြန်သည်။

ရှီမာယူယူ မတ်တတ်ရပ်နေသည်ကိုကြည့်ကာ ရှီမာရှင်းနှင့် ရှီမာလင်းတို့နှစ်ယောက်လုံး အံ့သြသွားရသည်။ အထူးသဖြင့် သူမဒဏ်ရာအတိုင်းအတာကို ရှင်းလင်းစွာသိနေသော ရှီမာလင်းပိုအံ့သြရသည်။ သူမ သတိပြန်ရရုံသာမက မတ်တတ်ပင်ရပ်နိုင်မည်ဟု ထင်မထားပေ။

“သုံးနှစ်ဆိုတာ ဘာပြောတာလဲ” ရှီမာယူလန်သည် ရှီမာယူယူအား ကြောင်ကြည့်ကာ မေးလိုက်သည်။

“ရွှေမြွေအသီးဘယ်မှာလဲဆိုတာ ကျွန်တော်သိတယ်၊ သုံးနှစ်အတွင်းကို ခင်ဗျားတို့အဘိုးနဲ့ တခြားသူတွေကို စောင့်ရှောက်ပေးကြပါ။ အဟွတ် အဟွတ်၊ သူတို့သေချာလုံခြုံပါစေ။ နောက်သုံးနှစ်နေရင် ကျွန်တော်ရှီမာမျိုးနွယ်ကိုလာပြီး အဘိုးနဲ့ တခြားသူတွေကို ရွှေမြွေအသီးနဲ့လာလဲမယ်” ရှီမာယူယူ၏ ခန္ဓာကိုယ်သည် နှစ်ခါယိမ်းယိုင်ကာ လဲကျသွားတော့သည်။ သူမသည် စကားမပြောနိုင်သော်လည်း သူမအကြည့်များသည် ပြတ်သားနေခဲ့သည်။

နေရာတွင်ရှိနေကြသော လူများသည်ကြက်သေသေကာ တစ်ခဏမျှ စကားမပြောနိုင်ကြပေ။

“ညီလေး၅…” ရှီမာယူမင်နှင့် တခြားသူများ၏ မျက်လုံးများသည် နီရဲလာကြသည်။

ရှီမာယူရန်သည် ရှီမာယူယူအားပြေးထူကာ ရှီမာယူလီသည် သူမအား ဆေးတိုက်လိုက်သည်။

ရှီမာလင်းသည် မျက်တောင်ခတ်ကာ ပြောလိုက်သည် “မင်း ရွှေမြွေအသီးဘယ်မှာရှိတယ်ဆိုတာ သိတယ်လို့ပြောခဲ့တယ်နော်”

“ဘယ်သူ့လက်ထဲမှာလဲဆိုတာတော့သိတယ် ဒါပေမယ့် သူဘယ်မှာလဲဆိုတာမသိဘူး” ရှီမာယူယူ အနည်းငယ်ဖုံးကွယ်ကာ ပြောလိုက်သည် “ဒီရွှေမြွေအသီးက ခင်ဗျားတို့အတွက်အရေးကြီးတာဖြစ်ရမယ်၊ အဘိုးနဲ့ ပြိုင်ပြီးယူပုံထောက်ရင် အဲဒါအရေးပါတဲ့ပုံပဲ”

“ဘာလို့အဲလိုထင်တာလဲ” ရှီမာလင်းသည် မျက်ခုံးပင့်ကာ ရှီမာယူယူအပေါ်စိတ်ဝင်စားမှု မြင့်တက်လာသည်။

ရှီမာယူယူသည် ရှီမာယူရန်အားမတွဲပဲ သူမဘာသာမတ်တတ်ရပ်လိုက်သည်။ သူမ ရှီမာလင်းအားကြည့်ကာ ဖြည်းညင်းစွာပြောလိုက်သည် “အဲလူတွေပြန်လာတဲ့အချိန်မှာ ရွှေမြွေအသီးအကြောင်းကို သူတို့ပြောကြမှာပဲ၊ ခင်ဗျားတို့အတွက် အဲဒါကအရေးမကြီးရင် ခင်ဗျားတို့ဒီလောက်မြန်မြန်ရောက်လာစရာအကြောင်းမရှိဘူး၊ ခင်ဗျားတို့မှာ လိပ်ပြာထိခိုက်ထားတဲ့ အရေးကြီးတဲ့သူရှိကို ရှိရမယ်၊ ရွှေမြွေအသီးအကြောင်းသိရုံပဲသိရတာကို ဒီအထိရောက်လာတယ်လေ”

ရှီမာလင်းသည် ရှီမာယူယူအပေါ် စိတ်ဝင်စားမှုပိုရှိလာသည်။ သူမသည် ဉာဏ်ကောင်းသည်၊ အကြောင်းအရာတစ်ခုလုံးကို ကွက်တိပြောနိုင်သည်။

ရှီမာယူယူ ချောင်းနှစ်ခါဆိုးလိုက်သဖြင့် ရှီမာလင်းဘာမှမပြောပေ။ နောက်မှ သူမဆက်ပြောသည် “အဲဒါကြောင့် ရွှေမြွေအသီးက ခင်ဗျားတို့အတွက်အရေးကြီးတာလေ၊ ကျွန်တော်မမှားဘူးမလား၊ နောက်သုံးနှစ်နေရင် ရွှေမြွေအသီးနဲ့ အဘိုးနဲ့တစ်ခြားသူတွေကို လဲမယ်၊ ဒီဟာကို အကျိုးမဖြစ်အောင်မလုပ်ပါနဲ့”

“ငါ မင်းနဲ့ဘာလို့ဒီအပေးအယူကို လုပ်ရမှာလဲ” ရှီမာလင်းပြောလိုက်သည် “ငါတို့ သုံးနှစ်စောင့်နိုင်မလားဆိုတာတောင် ငါတို့မသိတာ၊ နောက်သုံးနှစ်နေရင် ငါတို့ရွှေမြွေအသီးမလိုတာလည်းဖြစ်နိုင်တာပဲ”

“လိပ်ပြာထိခိုက်တာက ဝိညာဉ်ထိခိုက်တာပဲလေ၊ သူတို့ခန္ဓာကိုယ်ထိခိုက်တာမှမဟုတ်တာ၊ သူတို့သုံးနှစ်မပြောနဲ့ နောက်ထပ်အနှစ်သုံးဆယ်နေရင်တောင် ပြဿနာမရှိဘူး” ရှီမာယူူယူပြောလိုက်သည်။

“မင်း ဆေးပညာအကြောင်းသိတာလား” ရှီမာရှင်းမေးလိုက်သည်။

ရှီမာယူယူပြန်မဖြေပေ။ သူမ ရှီမာလင်းအားကြည့်ကာ ပြောလိုက်သည် “အဲလိုဆိုရင်ရော”

“မင်းအဲအချက်ကို မှန်အောင်ပြောနိုင်တာနဲ့ပဲ မင်း နောက်သုံးနှစ်နေရင် ရွှေ့မြွေအသီးကို ယူလာမယ်ဆိုတာ ငါတို့က ဘယ်လိုလုပ်ယုံရမှာလဲ၊ အပြင်မှာ အဲလောက်အန္တရာယ်တွေဝိုင်းနေတာ ဝိညာဉ်သူတော်စင် တောင်အဲနေရာကို အေးအေးဆေးဆေးဖြတ်လို့ရတာမဟုတ်ဘူး၊ မင်းကို ဝိညာဉ်သခင်အသေးစားလေးက ဘယ်လိုလုပ်သုံးနှစ်အတွင်း ဝိညာဉ်သူတော်စင်အဆင့်ကို ရောကမှာလဲ” ရှီမာလင်းပြောလိုက်သည်။

“ကျွန်တော့မှာနည်းလမ်းရှိပါတယ်” ရှီမာယူယူပြောလိုက်သည် “ရွှေမြွေအသီးကိုရှာပြီး အပြင်ကအတားအဆီးကို ဘယ်လိုဖြတ်ရမလဲဆိုတာ ကျွန်တော့်ပြဿနာပါ၊ ခင်ဗျားတို့က အဘိုးနဲ့ကျန်တဲ့သူတွေကို သုံးနှစ်အတွင်းကာကွယ်ပေးရုံပဲ၊ နောက်သုံးနှစ်နေလို့ ဒီနေ့မှာ ကျွန်တော် ခင်ဗျားတို့ရှီမာမျိုးနွယ် ဂိတ်ပေါက်ကို လာခဲ့မယ်၊ အဲအချိန်ကျမှ ကျွန်တော့်ကို လဲမပေးလို့ကတော့”

“ယူယူ ငါတို့ကို ဂရုမစိုက်နဲ့၊ ရှေ့လျောက် မင်းရဲ့ကိစ္စကိုပဲစိတ်ပူ ငါတို့ကို စိတ်ပူဖို့မလိုဘူး” ရှီမာလိုင်သည် သဘောမတူသည့်မျက်လုံးများဖြင့်ကြည့်ကာ ရှီမာယူယူအားပြောလိုက်သည်။

ရှီမာယူယူ ရှီမာလင်းအားကြည့်ကာ သူ့အဖြေကိုစောင့်နေခဲ့သည်။

“ကောင်းပြီ ငါမင်းနဲ့အပေးအယူလုပ်မယ်” ရှီမာလင်းပြောလိုက်သည် “သုံးနှစ်အတွင်း ငါသူတို့ကို အသားကျအောင်ကူညီပေးပါမယ်၊ ဒါပေမယ့် မင်းနောက်သုံးနှစ်နေလို့မှ မလာရင် သူတို့ကို ငါတို့မျိုးနွယ်က အဆုံးအဖြတ်အတိုင်းလိုက်နာခိုင်းရလိမ့်မယ်”

“ကောင်းပြီ” ရှီမာယူယူပြောလိုက်သည် “ခင်ဗျားက ကိုယ့်စကားကိုယ်တည်တဲ့လူလို့ယုံလိုက်ပါမယ် ခင်ဗျားတို့ ကျွန်တော့်အဘိုးနဲ့ ကျန်တဲ့သူတွေကို သေချာပေါက်ကာကွယ်ပေးပါ၊ ဒါမှမဟုတ်ရင် ခင်ဗျားတို့ှရှီမာမျိုးနွယ်တစ်ခုလုံး နောင်တရအောင်လုပ်ရလိမ့်မယ်…”

သူမ အသံသည် နူးညံ့လာကာ နောက်ဆုံးတွင်ရှင်းလင်းပြတ်သားနေခဲ့သည်။ သူမ စကားပြောပြီးနောက် မေ့လဲသွားတော့သည်။

“ညီလေး၅”

“ယူယူ”

“ငါးယောက်မြောက်သခင်လေး”

ရှီမာယူယူသည် ရှီမာယူရန်၏ ကိုယ်ပေါ်တွင် မှီကာ မေ့မြောသွားတော့သည်။

ရှီမာရှင်းသည် ရှီမာယူယူအားကြည့်ကာ ရှီမာလိုင်သို့ သက်ပြင်းချပြလိုက်လေသည် “မင်းမှာ မြေးကို ကောင်းကောင်းမွေးခဲ့တာပဲ”

ရှီမာလိုင်သည် လျှောက်သွားကာ ရှီမာယူယူအားပွေ့ဖက်လိုက်သည်။ သူသည် သူမအား ကြင်နာစွာကြည့်ပြီးနောက် သူမအား အိမ်တော်ထိန်းလက်ထဲသို့ထည့်လိုက်သည်။

“သခင်လေးကို ကောင်းကောင်းဂရုစိုက်ပါ”

“ဟုတ်ကဲ့ပါ စစ်သူကြီး၊ ဒီအစေခံအိုကြီးက သူ့ကို အသက်စွန့်ပြီးစောင့်ရှောက်ပါမယ်” အိမ်တော်ထိန်းသည် ရှီမာယူယူအား ယူကာ ကတိပေးလိုက်သည်။

သူသည် ရှီမာယူယူ၏ သရုပ်မှန်ကို သိထားကာ သူမအား အရမ်းချစ်ခဲ့သည်။ အခုတော့ သူမသည် ရှီမာမျိုးနွယ်၏ တစ်ယောက်တည်းသောသူ၊ သူသေချာပေါက် သူမအား ဂရုစိုက်ရမည်။

ရှီမာလိုင်သည် အိမ်တော်ထိန်း ပခုံးပုတ်လိုက်ကာ ရှီမာလင်းအားပြောလိုက်သည် “သွားရအောင်”

ရှီမာလင်းသည် လင်းယုန်အားဆင့်ခေါ်ကာ ထိုကြီးမားသောငှက်သည် ကြီးမားသောအသွင်ပြောင်းကာ အိမ်ထဲသို့ဝင်လာသည်။

“အံ့ဖွယ်သားရဲ” လူတစ်ချို့သည် လင်းယုန်၏ အဆင့်ကို သတိထားမိကာ အံ့သြစွာပြောမိလိုက်ကြသည်။

ရှီမာယူလန်သည် တစ်ခဏမျှ တုန့်ဆိုင်းကာ အိမ်တော်ထိန်းဘေးသွားကာ သူ့အား ဆေးပုလင်းတစ်ခုအား ပေးကာပြောလိုက်သည် “ဒါက အဆင့်လေးဆေးပဲ သူ့ဒဏ်ရာတွေကုဖို့ အကျိုးရှိမှာပါ၊ ခဏနေရင် သူ့ကိုပေးလိုက်ပါ”

သူမပြောပြီးသည်နှင့် ရှီမာယူယူ၏ ရင်ခွင်ထဲသို့ဆေးပုလင်းထည့်ကာ လှည့်ပြီး လင်းယုန်၏ ကျောပေါ်သို့ပျံတက်သွားတော့သည်။

ကျောင်းအုပ်ကြီးသည် တစ်ချိန်လုံးလေပေါ်တွင်ရှိနေကာ ရှီမာလိုင် သူတို့နှင့် ပြန်လိုက်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။ သူ သက်ပြင်းချကာ မြေပေါ်သို့ဆင်းပြီး အိမ်တော်ထိန်းကိုပြောလိုက်သည် “သူ့ကို ငါ့ကိုပေး၊ မင်း ရှီမာမျိုးနွယ်က ကျန်ခဲ့တဲ့ ကိစ္စတွေကိုရှင်းလိုက်၊ အခြေကျသွားရင် ကျောင်းကိုလာပြီး သူ့ကိုရှာလိုက်”

ရှီမာလိုင် ကျောင်းအုပ်ကြီးကို ယုံသည်ကို ကြားပြီးဖြစ်သဖြင့် အိမ်တော်ထိန်းသည် ရှီမာယူယူအား ကျောင်းအုပ်ကြီးဆီသို့လက်လွှဲပေးလိုက်သည်။

ရှီမာမျိုးနွယ်သာ စစ်ဆေးခြင်းခံရပါက သူတို့ပိုင်ဆိုင်မှုမှာ ဝရုန်းသုန်းကားဖြစ်မည့်အခြေအနေဖြစ်နေသည်။ ရှေ့လျှောက် ရှီမာယူယူ မည်သို့ပင်ဆုံးဖြတ်စေကာမူ သူ သူမအား ထောက်ပံ့ပေးမည်ဖြစ်သည်။ သူမ မနိုးခင် သူတို့ပိုင်ဆိုင်မှုများကို ဖြေရှင်းရမည်။

ကျောင်းအုပ်ကြီးသည် ရှီမာယူယူအားကြည့်လိုက်သည်။ သူသည် သူမလုပ်သမျှအားလုံးကို မြင်ပြီးဖြစ်၍ သူမ အပြုအမူများအပေါ်တွင် စိတ်မကောင်းဖြစ်မိသည်။ သူမ လျှောက်ရမည့်လမ်းအားတွေးလိုက်သည်နှင့် သူသက်ပြင်းမချပဲမနေနိုင်တော့ပါ။

သူ ရှီမာယူယူအား ပွေ့ချီကာ ကျောင်းအပေါ်သို့ ပျံသန်းသွားလိုက်သည်။ ဂိတ်စောင့် ညွှန်ကြားသူသည် လက်ဝေ့ပြလိုက်သည်နှင့် အစောင့်များသည် ကျောင်းအားကာကွယ်ထားသော တည်ဆောက်မှုအား ပယ်ဖျက်လိုက်သည်။

သူ ရှီမာယူယူအား ပွေ့ဖက်ကာ သူနေသော အိမ်သို့ဦးတည်သွားလိုက်သည်။ ဘေဂုံထန်နှင့် တခြားသူများသည် သတိမေ့နေသော သူမခန္ဓာကိုယ်အားတွေ့သော် သူမနေသော နေရာသို့မြန်မြန်ပြေးသွားလို်က်သည်။ ကျန်ကျောင်းသားများမှာ ဖြစ်ပွားခဲ့သော ပွဲအကြောင်းကို ဆွေးနွေးနေဆဲဖြစ်သည်။

လူများသည် သူတို့အိမ်သို့ပြန်သွားကြသော်လည်း ထိုစွမ်းအားများသည် မြို့တော်ကို ကွဲလောက်အောင် မည်ကဲ့သို့ အင်အားကြီးပုံကို ဆွေးနွေးကြသည်။

အခုတော့ ရှီမာမျိုးနွယ်၏ စွမ်းအားသည် နာမည်သာကျန်ရှိတော့သည်။ မြို့တော်မှ လွှမ်းမိုးထားသော စွမ်းအင်များကို အားလုံးက ခွဲဝေယူလိုကြသည်။

များစွာသော အရပ်သူအရပ်သားများသည် စစ်သူကြီးအိမ်တော်သို့လာရောက်ကြရာ မူလက ခံ့ညားထယ်ဝါသော တစ်အိမ်လုံးသည် အခုတော့ အပျက်အဆီးများစုပုံရာဖြစ်နေခဲ့သည်။ နေထိုင်မှုတွင် ဆိုးဝါးသော မြင်ကွင်းဖြစ်ခဲ့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset