အပိုင်း(၁၃၃)-စိတ်စွမ်းအားပြိုင်ဆိုင်ခြင်း

ရှီမာယူယူမျက်လုံးထဲမှ အလွန်အံ့အားသင့်မှုများကို ရှီမာလိုင်မြင်သည်နှင့် သူမနားမလည်သေးကြောင်းကို သူသိသည်။ သူပြောလိုက်သည် “ယူယူ အဘိုးတို့တစ်ဘဝလုံးပြေးလို့မရဘူး၊ အဘိုးတို့ တခြားသူတွေကို ဝင်မပါခိုင်းစေချင်တဲ့ အရာတွေရှိတယ်”

ရှီမာယူယူသည် မြို့တစ်မြို့လုံးနီးပါး ပျက်စီးနေသော မြေပြင်အားကြည့်လိုက်သည်။ သူမ ရိုးသားသော မြို့သားများကို ကြည့်ကာ ရှီမာလိုင်၏ အပြုအမူကို အနည်းငယ် နားလည်သွားသည်။

“ဒါပေမယ့် အဘိုး၊ သမီးတို့သူတို့နောက်ကို လိုက်သွားရင် တရားမျှတမှုကို ရလာမှလား” ရှီမာယူယူ ရှီမာလင်းနှင့် တခြားသူများကို သံသယဝင်စွာပြောလိုက်သည်။ ရှီမာခိုင်၏ ကိစ္စကြောင့် တစ်မျိုးနွယ်လုံးအား သူမ မယုံတော့ပေ။

“ယူယူ သမီးအစ်ကိုတွေနဲ့ အဘိုးပဲသွားမှာ သမီးမလိုက်ရဘူး” ရှီမာလိုင် ချီတုံချတုံပြောလိုက်သည်။

“အဘိုး” ရှီမာယူယူ အလွန်အံ့သြသွားရသည်။

“ရှီမာမျိုးနွယ်က လူတွေအကုန်လုံးကို ပြန်ခေါ်သွားမှာ” ရှီမာလင်းပြောလိုက်သည်။

“တကယ်တော့ အဘိုး သမီးကိုဒီအကြောင်းတွေမပြောချင်ဘူး၊ ဒါပေမယ့် မပြောလို့မဖြစ်တော့ဘူး၊ သမီးက အဘိုးတို့ ရှီမာမျိုးနွယ်ကမဟုတ်ဘူး၊ သမီးကို မွေးစားထားရုံပဲ” ရှီမာလိုင်ပြောလိုက်သည်။ “ဒါကြောင့်ပဲ ရှီမာနဲ့ ပတ်သတ်တဲ့ ကိစ္စတွေကို သမီးဝင်ပါဖို့မလိုဘူး”

“အဘိုး သမီးသိတာကြာပါပြီ၊ အဘိုးတို့က သမီးကို အခုအရွယ်ထိမွေးလာတာ အဘိုးတို့အကုန်လုံးက သမီးမိသားစုပဲ” ရှီမာယူယူ သေချာစွာပြောလိုက်သည်။

“သမီး..သမီးသိနေတာလား” ဒီတစ်ကြိမ်တွင် အံ့သြသွားသူမှာ ရှီမာလိုင်ဖြစ်သည်။

ရှီမာယူမင်နှင့် တခြားသူများက သူမကို ပြောပြလိုက်တာလား။

“ကိစ္စတွေဖြစ်လာခဲ့တော့ သမီးအရင်ကတည်းက သံသယဝင်ခဲ့တာ ပြီးတော့ သမီး ဆရာ့ကိုမေးပြီး အတည်ပြုခဲ့တာပဲ” ရှီမာယူယူမေးလိုက်သည်။

“သမီးသိနေမှတော့ ဒီကိုမလာသင့်ဘူး” ရှီမာလိုင်သည် တည်ငြိမ်စွာပြောင်းပြောလိုက်သည်။

“အဘိုး၊ အဘိုးက အရင်ကရော အခုရော နောက်ရော သမီးအဘိုးပဲ၊ သမီးက ရှီမာမျိုးနွယ်ကလူဖြစ်နေပြီ၊ အမြဲတမ်းလည်းဖြစ်သွားမှာ၊ အဲအချက်က ဘယ်တော့မှ ပြောင်းမသွားဘူး” ရှီမာလိုင်အားကြည့်ကာ ရှီမာယူယူ သူမအတွေးအားပြောပြလိုက်သည်။

ရှီမာလိုင်သည် စိတ်လှုပ်ရှားသွားကာ ရှီမာယူယူအားကြည့်လိုက်သည်။ သူမသည် သူမသရုပ်မှန်ကို သိနေလိမ့်မည်ဟု ထင်မထားပေ၊ ထိုအရာသည် သူ့အားဒေါသထွက်သည်ကို ရုပ်သိမ်းသွားစေသည်။

သို့သော် သူတို့နှင့်အတူ သူမအားခေါ်မသွားနိုင်ပေ။ အနာဂတ်သည် မသေချာလွန်းပေ။ သူ ရှီမာလင်းအားကြည့်ကာ ပြောလိုက်သည် “သူမက ရှီမာမျိုးနွယ်ကလူမဟုတ်ဘူး၊ မင်းတို့သူမကို ပြန်ခေါ်သွားလို့မရဘူး”

ရှီမာလင်းသည် ရှီမာယူယူအားကြည့်ကာ ဘာထင်မြင်ချက်မှမပေးပေ။

“ဒီလိုဖြစ်လာမှတော့ ငါတို့အရင်ဆင်းနှင့်မယ်၊ ငါတို့အောက်ရောက်မှ သူမကို ပြန်ခေါ်သွားမလား မခေါ်သွားဘူးလား ဆွေးနွေးမယ်” ရှီမာရှင်းပြောလိုက်သည်။

သူတို့အုပ်စုသည် မြေပေါ်သို့ရောက်သည်နှင့် ရှီမာလိုင်သည် ရှီမာယူမင်နှင့် တခြားသူများကို စိုးရိမ်စွာကြည့်လိုက်သည်။ သူတို့အဆင်ပြေနေသည်ကို တွေ့မှသာ အသက်ရှုနိုင်တော့သည်။

“ယူယူ အဘိုးတို့ထွက်သွားတာနဲ့ သမီးသေသေချာချာ ကျင့်ကြံရမယ်၊ အဲလမ်းကိုရောက်ဖို့ သမီးဘယ်လောက်မှ မလိုတော့ဘူးလို့အဘိုးယုံတယ်” ရှီမာလိုင်သည် ရှီမာယူယူပခုံးအားပုတ်ကာ ပြောလိုက်သည်။ နောက်တွင် သူမသည် ဟိန်းသံလေး၏ ကျောမှ ဆင်းလိုက်သည်။

“အဘိုး….”

“အဘိုးပြောစကားကို နားထောင်မှာလား နားမထောင်ဘူးလား” ရှီမာလိုင်သည် ရှီမာယူယူအားကြည့်လိုက်သည်။

“မင်းက တည်ဆောက်မှုသခင်လား” ရှီမာလင်းသည် ရုတ်တရက်မေးလိုက်သည်။

“အခုတော့မဟုတ်သေးဘူး” ရှီမာယူယူပြောလိုက်သည်။

“ဒါဆို မင်းရဲ့ စိတ်စွမ်းအင်က တကယ်သန်မာတာပဲ” ရှီမာလင်းပြောလိုက်သည်။ “ဒီလိုဖြစ်လာမှတော့ ငါမင်းကို အခွင့်အရေးပေးမယ်၊ မင်း ငါရဲ့ စိတ်တိုက်ခိုက်တာကို သုံးခါခံနိုင်ရင် မင်းငါတို့နဲ့လိုက်ခဲ့ရမယ်၊ မင်းမခံနိုင်ရင် မင်းသွားလို့မရတဲ့အပြင် သူတို့သွားတာကို မတားရဘူး”

“ကောင်းပြီ” ရှီမာယူယူချက်ချင်းသဘောတူလိုက်သည်။

“ဒါက…” ရှီမာယူယူသည် အနည်းငယ် တုန့်ဆိုင်းသွားကာ ရှီမာယူယူ ထိခိုက်သွားမည်ကို စိုးရိမ်သွားသည်။

“အစ်ကိုကြီးလိုင် အစ်ကိုကြီးကိုယုံလိုက်ပါ” ရှီမာရှင်းပြောလိုက်သည်။

“ဒါဆိုလည်းလာလေ” ရှီမာယူယူ ဘေးသို့လျှောက်သွားကာ ရှီမာလင်းဘက် မျက်နှာလှည့်လိုက်သည်။

ထိုအချိန်တွင် ရှီမာယူမင်နှင့် တခြားသူများသည် ရုတ်တရက် သတိပြန်ရလာသည်။ သူတို့ရှေ့ရှိ အပျက်အဆီးများကို မြင်သော်အခါ တစ်ခဏမျှ မှင်တက်သွးာသည်။ ထိုနေရာသည် သူတို့နေခဲ့သော နေရာပင် ဟုတ်ရဲ့လား။

ရှီမာလင်းသည် ရှီမာယူယူအားကြည့်ကာ ပြောလိုက်သည် “မင်းစဉ်းစားပြီးပြီလား၊ ငါ သုံးချုက်တောင်မရိုက်ရသေးခင် မင်းဒဏ်ရာရသွားနိုင်တယ်”

“ကျွန်တော်စဉ်းစားပြီးသားပါ” ရှီမာယူယူ ပြန်ပြောလိုက်သည်။

“စရအောင်”

ရှီမာလင်းသည် ရှီမာယူယူအားကြည့်သည်နှင့် အတွေးတစ်ချက်နှင့်ပင် ရှီမာယူယူ ခေါင်းထဲစူးတက်သွားလေသည်။ သူမ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့လာသည်။

သူမ တစ်ခဏမျှမေ့မောသွားသော်လည်း လဲကျမသွားပေ။ သို့သော် သူမစိတ်စွမ်းအင် သည်အနည်းငယ် လျော့နည်းလာသည်။

ရှီမာယူယူအား အံ့အားသင့်သော မျက်လုံးတစ်စုံဖြင့် ရှီမာလင်းကြည့်လိုက်သည်။ ရှီမာယူယူ၏ စိတ်စွမ်းအားသည် ထိုမျှလောက်အားကောင်းမည်ဟု သူထင်မထားပေ။ ထိုတိုက်ခိုက်မှုသည် သူမအား မေ့မြောသွားစေနိုင်လောက်သည်။

“အဘိုး၊ ညီလေး၅က ဘာလုပ်နေတာလဲ” ရှီမာယူရန်သည် ရှီမာယူယူနှင့် ရှီမာလင်းအားကြည့်ကာ မေးလိုက်သည်။

ရှီမာလိုင်သည် သက်ပြင်းရှည်ချလိုက်ကာ လက်ရှိအခြေအနေကို ရှင်းပြလိုက်သည်။

“ငါ့ နှစ်ကြိမ်မြောက်တိုက်ကွက်အတွက် ပြင်ထားလိုက်” ရှီမာလင်း စကားပြောပြီးနောက် သူမနောက်ကျော ပေါ်သို့တောင်ကြီးတစ်တောင်တင်ထားသကဲ့သို့ ရှီမာယူယူ ခံစားလိုက်ရသည်။ သူမ ခန္ဓာကိုယ်သည် တဖြည်းဖြည်း နိမ့်ကျလာခဲ့သည်။

ရှီမာယူယူသည် သူမစွမ်းအင်အသုံးပြုကာ ခံနိုင်ရန်ကြိုးစားသော်လည်း တစ်ဖက်လူ၏ အားအင်သည် အလွန်ကြီးမားလှသဖြင့် သူမ ခုခံမှုသည် အချည်းနှီးပင်ဖြစ်သည်။

“အား…”

ရှီမာယူယူ သူမသည် စိတ်စွမ်းအား၏ ဖိအားကြောင့် ခန္ဓာကိုယ်တစ်ခုလုံးသည် ချွေးများစိုရွဲနေကာ မြေပေါ်သို့ ဒူးထောက်လျက်သားဖြစ်သွားသည်။

“ညီလေး၅”

ရှီမာယူမင်နှင့် တခြားသူများသည် ရှီမာယူယူ၏အခြေအနေကို မြင်သော် ကူညီချင်ကြသော်လည်း ရှီမာလိုင်ဆွဲထားသဖြင့် နေရာတွင်သာရပ်နေခဲ့ရသည်။

သူတို့အား ရှီမာလိုင်ခေါင်းရမ်းပြသော်လည်း ရှီမာယူမင်နှင့် တခြားသူများသည် နားမလည်ကြပေ။ သူတို့သည် မလှုပ်မယှက်ရှိနေကြသည်။ သူတို့သည် ရှီမာယူယူအားစိုးရိမ်စွာကြည့်နေယုံပင် တတ်နိုင်ကြသည်။

သူမ နည်းနည်းချင်းစီ မတ်တတ်ရပ်ရန်ကြိုးစားသော်လည်း သူမသည် မြေပေါ်သို့ထပ်လဲကျသွားတော့သည်။ သူမဒူးသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာကျသွားသဖြင့် သူမ ဒူးကွဲသွားသည့်အသံကို အားလုံးကြားလိုက်ရသည်။

“ညီလေး၅”

ရှီမာလိုင်သည် ရှီမာလင်းအားအော်လိုက်သည် “မင်းဘာလုပ်တာလဲ၊ ဘာလို့သူမကို ခက်ခဲအောင်လုပ်တာလဲ”

ရှီမာလိုင်တားလိုသော်လည်း ရှီမာရှင်းသည် သူ့လက်ကိုဆွဲလိုက်ကာပြောလိုက်သည် “အစ်ကိုကြီးလီ အစ်ကိုကြီးက သူမအလားအလာကို ဖွင့်ပေးနေတာ”

ရှီမာလိုင်ကြည့်ရာ ရှီမာယူယူ၏အရည်အချင်းသည် အရင်ကထက်ပိုကောင်းလာသည်ကို သတိပြုမိလိုက်သည်။ သူမြှောက်ထားသော လက်ကိုချလိုက်သည်။

၁၀မိနစ်၊ ၁၂မိနစ်အကြတွင် ရှီမာယူယူ ရှုံးနိမ့်သွားရသည်။ သူမခန္ဓာကိုယ်မှ အားအင်များသည် ကုန်ခမ်းသွားကာ အရိုးအမြောက်အပြားသည်လည်း ကျိုးကြေသွားတော့သည်။ ရှီမာလင်း သူ၏ စိတ်စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်ချိန်တွင် ရှီမာယူယူသည် သတိမေ့မြောသွားရတော့သည်။ သူမသည် မြေပေါ်တွင်မလှုပ်မယှက်လဲကျသွားတော့သည်။

“အဘိုး ညီလေး၅ ဘာမှမဖြစ်လောက်ဘူးမလား” ရှီမာယူလီသည် ရှီမာယူယူအားကြည့်ကာ မေးလိုက်သည်။

ရှီမာလိုင်လည်း မသိပါ၊ သူနှုတ်ခမ်းတွန့်ကာ တိတ်ဆိတ်နေခဲ့သည်။

“မင်းရှုံးသွားပြီ” မြေပေါ်တွင်လဲနေသော ရှီမာယူယူအားကြည့်ကာ သူတို့နှစ်ယောက်ကြားက ရလဒ်ကို ရှီမာလင်းပြောလိုက်သည်။

ရှီမာယူယူည်မြေပေါ်တွင်လဲနေကာ သူမတစ်ကိုယ်လုံးသည် ကားတစ်စင်းတိုက်ခံထားရသလိုပင် ခံစားနေရသည်။ ဒီဟာက ဝိညာဉ်သူတော်စင်ရဲ့အားပေါ့ ဟုတ်လား။

ရှီမာလိုင်အား ရှီမာလင်းကြည့်ပြီးနောက်တွင် ရှီမာလိုင်သည် အိမ်တော်ထိန်းအားခေါ်ကာ ပြောလိုက်သည် “နောက်ဆို စစ်သူကြီးအိမ်တော်ဆိုတာမရှိတော့ဘူး၊ မျိုးနွယ်ရဲ့ပိုင်ဆိုင်တာတွေကို အားလုံးကိုပေးလိုက်တော့၊ နောက်ကို မင်းတို့ကိုယ့်လမ်းကိုသွားလို့ရပြီ”

“စစ်သူကြီး တကယ်သွားတော့မလို့လား” အိမ်တော်ထိန်းသည် ရှီမာလိုင်အား စိုးရိမ်စွာကြည့်လိုက်သည်။

“ငါမသွားလို့မရ….” ရှီမာလိုင်သည် အိမ်တော်ထိန်းပခုံးအားပုတ်လိုက်ကာ “ဒီအချိန်အတောအတွင်း သခင်လေးကိုစောင့်ရှောက်ပေးဖို့ကို မင်းကိုပဲဒုက္ခပေးရတော့မှာပဲ၊ သူသက်သာလာရင် သူလုပ်ချင်တာ လုပ်ပါစေ”

“ဟုတ်ကဲ့ပါ စစ်သူကြီး” အိမ်တော်ထိန်းသည် စိတ်မပါပဲ ကတိပေးလိုက်ရသည်။

ရှီမာလိုင်၏ ဆုံးဖြတ်ချက်ကို သဘောမတူရဲသည့်သူ မရှိမှန်း ရှီမာယူမင်နှင့် ကျန်သုံးယောက်သိသည်။ ရှီမာလိုင်သာ သွားချင်လျှင် သူတို့လည်းသွားရမည်မှာ အသေအချာပင်။

“ယူလန် မင်းရွှေမြွေအသီးပင်ကို အာရုံခံလို့မရတုန်းလား”

“မရဘူး” ရှီမာယူလန် ခေါင်းခါလိုက်သည်။

“ငါတို့အချိန်ဖြုန်းလို့မဖြစ်တော့ဘူး၊ မရှာနိုင်ဘူးဆိုရင် လက်လျော့လိုက်တော့မယ်၊ ငါတို့အခုပြန်ကြမယ်”

ထိုအချိန်တွင် မြေပြင်ပေါ်မှ အားနည်းသော အသံတစ်သံထွက်လာသည်။

“သုံးနှစ်…”


Comment

Leave a Reply


Options

not work with dark mode
Reset