အပိုင်း(၁၂၀)-ဆန့်ကျင်ရေးဆေးတစ်ရာ

“ယူယူ အဘိုး နာလန်မျိုးနွယ်ကို မျိုးဖြုတ်ဖို့အကြံကို လက်လျော့တော့မလို့” ရှီမာလိုင်ပြောလိုက်သည်။

“ဘာလို့လဲ” ရှီမာယူယူ ရှီမာလိုင်အား အံ့အားသင့်စွာကြည့်လိုက်သည်။ “ပူလွောင်တောင်တန်းက လူကြောင့်လား”

ရှီမာလိုင်ခေါင်းညိတ်ကာ ပြောလိုက်သည် “ဘုရင်ကြီးက နာလန်မျိုးနွယ်ကြောင့် သံသယတွေပိုကြီးလာတယ်၊ အဘိုးတို့ နာလန်မျိုးနွယ်နဲ့ ဆက်တိုက်ခိုက်နေရင် အဘိုးတို့မိသားစုနိုင်လည်း အဲအတွက် တန်ရာတန်ကြေးပေးရလိမ့်မယ်၊ အဲလိုဖြစ်လာရင် အဘိုးတို့စွမ်းအားတွေနဲ့ လွှမ်းမိုးတာတွေအတွက် အားသုံးဖို့ကို ခက်ခဲလာနိုင်တယ်”

ရှီမာလိုင်၏ မျက်နှာမှ စိုးရိမ်မှုကိုကြည့်ကာ ရှီမာယူယူ အနည်းငယ်ရှုပ်ထွေးလာသည်။ အဲမျိုးနွယ်က ဘယ်လောက်တောင် စွမ်းအားတွေနဲ့ လွှမ်းမိုးမှုတွေရှိနေလို့ အဘိုးက အဲလောက်စိတ်ပူနေရတာလဲ။

“ဒါပေမယ့် အဘိုး၊ သမီးတို့ ခြေတစ်လှမ်းဆုတ်ရင်တောင် နာလန်မျိးနွယ်က ဆုတ်မှမဟုတ်…”

“နာလန်မျိုးနွယ်က ခြေတစ်လှမ်းဆုတ်သွားပြီ” ရှီမာလိုင်ပြောလိုက်သည် “အဲဒါသမီးကြောင့်ပဲလေ၊ အဘိုးတို့နဲ့ လာတိုက်လည်း မကောင်းဘူးဆိုတာ သူတို့သိသွားကြပြီ၊ နောက်နှစ်ရက်ကြတော့ သူတို့လက်လျော့တဲအကြောင်းကို လူလွှတ်ပြီးပြောတယ်၊ အဘိုးတို့ကို လက်ဆောင်တော့နည်းနည်းပေးတာပေါ့လေ”

“သမီးကြောင့်ဟုတ်လား” ရှီမာယူယူ မျက်တောင်ခတ်လိုက်ကာ ပြောလိုက်သည် “သမီးက သူတို့မျိုးနွယ်က အ၈္ဂိရတ်ပညာရှင်နဲ့ အတူတူပဲမဟုတ်ဘူးလား ဘာလို့ သူတို့က စပြီးနောက်ဆုတ်တာလဲ”

“သမီးက မြို့တော်တစ်ခုလုံးကို ဘယ်လောက်တောင်ကိုင်လှုပ်တာလဲ မသိဘူးလား” ရှီမာလိုင် ရှုပ်ထွေးနေပုံပေါ်သော ရှီမာယူယူအားကြည့်လိုက်သည် “သမီး အဆင့်နှစ် အဂ္ဂိရတ်ပညာရှင်ဖြစ်တဲ့အကြောင်းကို ထုတ်ဖော်လိုက်တဲ့အချိန်ကစပြီး တစ်နှစ်လောက်နဲ့ အဆင့်နှစ်အဂ္ဂိရတ်ပညာရှင်ဖြစ်တာကို အားလုံးကသိသွားကြတဲ့အခါမှာ သမီးကို တစ္ဆေတစ်ကောင်လို ဆက်ဆံကြလိမ့်မယ် သမီးသိလား”

“သမီးက ဘယ်မှာတစ္ဆေနဲ့တူလို့လဲ” ရှီမာယူယူ သူမနှာခေါင်းအားထိလိုက်ကာ လူတွေရဲ့ ဝေဖန်မှုကို အံ့သြသွားလေသည်။

ရှီမာလိုင်ပြုံးလိုက်သည် “အဲဒီနာလန်မျိုးနွယ်နဲ့ အဘိုးတို့နဲ့က သူမသာ ကိုယ်မသာပါပဲ၊ သမီးတို့နှစ်ယောက်လုံး ဒုတိယအဆင့်အဂ္ဂိရတ်ပညာရှင်တွေ… ဒါပေမယ့် အားလုံးရဲ့မျက်စိထဲမှာ သမီးကပိုပြီးထူးချွန်နေတယ်၊ ပြီးတော့ သမီးရဲ့အရည်အချင်းကို ထောက်ပံ့မယ့်သူတွေက သူတို့မျိုးနွယ်ကအဂ္ဂိရတ်ဆရာတွေထက်များမှာပဲ၊ အဲဒါက သမီးရဲ့အခုလက်ရှိအရည်အချင်းကြောင့်မဟုတ်ဘူး သမီးရဲ့ဖြစ်နိုင်တဲ့အလားအလာတွေကြောင့်ပဲ”

“ဟေး.. သမီးဘယ်လောက်အားရှိတာလဲ သမီးကိုယ်တိုင်တောင်မသိဘူး” ရှီမာယူယူပြုံးကာပြောလိုက်သည် “အဘိုးက လက်လျော့ချင်တယ်ဆိုလည်း လက်လျော့လိုက်ပါ၊ သမီးကတော့ နာလန်ရွှီကိုလည်း ဖြေရှင်းပြီးပြီ၊ နာလန်လန်ကလည်းကျောင်းထုတ်ခံလိုက်ရပြီ၊ မူရုန်အန်းလည်း နှင်ထုတ်ခံရပြီးပြီ၊ ဟုတ်သားပဲ အစ်ကိုတွေရောအဲဒါသိပြီးပြီလား”

“သူတို့ကိုမပြောရသေးဘူး” ရှီမာလိုင်ပြောလိုက်သည် “သမီးသဘောတူမှ သူတို့ကိုအဖိုးပြောမလို့၊ သမီးသဘောတူရင် သူတို့လည်းဘာမှပြောစရာမရှိမှာမဟုတ်ပါဘူး”

“အင်း… အဘိုးပြောသလိုပဲ သမီးတို့လုပ်ကြတာပေါ့” ရှီမာယူယူပြောလိုက်သည်။

“ကောင်းပြီ”

“ဒါဆို တခြားပြောစရာမရှိတော့ရင် သမီးသွားတော့မယ်နော်” ရှီမာယူယူပြောပြီးသည်နှင့် မတ်တတ်ရပ်လိုက်သည်။

သူမပြန်သွားသောအခါ ရှီမာလိုင်လက်ဝေ့ပြလိုက်သည်။ သူမနောက်ကျောအားကြည့်ကာ ဖော်ပြ၍မရသော စိတ်ခံစားချက်ရင်ထဲတွင် စွဲကျန်နေခဲ့သည်။ ထိုစိတ်ခံစားချက်ကပင် နာလန်မျိုးနွယ်နှင့် သဘောတူညီချက်ရရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ဒ

သူမ အိမ်သို့ပြန်ရောက်သောအခါ ချွန်ဂျီအန်းနှင့်တခြားသူများကို ပြန်လွှတ်ကာ တစ်ယောက်တည်းရှိချိန်တွင် ဝိညာဉ်ပုလဲအတွင်းဝင်ခဲ့လေသည်။

“ဘာလဲ” သူ့ရှေ့တွင် ပေါ်လာသော လူတစ်ယောက်အားခံစားမိသဖြင့် မိုရှားမျက်လုံးဖွင့်ကာ မေးလိုက်သည်။

ရှီမာယူယူ ရွှေမြွေအသီးပင်အား ကြည့်ပြီးပြောလိုက်သည် “ရွှေမြွေအသီးကို ဆေးဘယ်လိုဖော်ရတာလဲသိလား”

မိုရှားမျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “အကောင်းဆုံးကတော့ ဆန့်ကျင်ရေးဆေးတစ်ရာဖော်ရတာပဲ”

“ဆန့်ကျင်ရေးဆေးတစ်ရာဟုတ်လား၊ အဲဒါဘယ်လိုဆေးမျိုးလဲ” ရှီမာယူယူမေးလိုက်သည်။

“ဆန့်ကျင်ရေးဆေးတစ်ရာရဲ့ အဆင့်ကတော့ သိပ်မမြင့်ဘူး၊ သူတို့ကတစ်ခါတည်းတော့ စွမ်းအားမတိုးစေဘူး၊ ဒါပေမယ့် သူတို့က ကြွက်သားတွေကို သန့်ရှင်းစေပြီး ခြင်ဆီအားကိုမြှင့်ပေးတယ်၊ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အားပြည့်လာတယ်ဆိုရင် နောက်ကျင့်စဉ်တွေမှာ ပိုပြီးအကျိုးရှိတယ်” မိုရှားပြောလိုက်သည်။

“ဆေးဖော်ဖို့ကရောလွယ်လား”

“မခက်ပါဘူး” မိုရှားပြောလိုက်သည် “အဲဒါက ရှေးတုန်းကဆေးအမျိုးအစားပဲ၊ နောက်မှ ရွှေမြွေအသီးရှာရတာ ခက်တော့ ဆေးဖော်တဲ့နည်းလမ်းလည်းတဖြည်းဖြည်းပျောက်ကွယ်သွားတာ”

“ငါအဲဆေးဖော်ရင် ဘယ်လောက်လောက်အောင်မြင်နိုင်မလဲ”

“ငါ့အရင်ဘဝမှာဆိုရင်တော့ အောင်မြင်ဖို့ရာနှုန်းပြည့်ပဲ၊ မင်း ဝိညာဉ်ချီကိုထပ်ဖြည့်မယ်ဆိုရင်တော့ အောင်မြင်ဖို့ ရှစ်ဆယ်ရာခိုင်နှုန်းပဲ”

ရှီမာယူယူ သက်ပြင်းချလိုက်သည်။ ဆေးဖော်ဖို့ ရာနှုန်းပြည့်ဆိုတော့… ဆေးကပဲဖော်ဖို့လွယ်လွန်းနေတာလား၊ ဒါမှမဟုတ် သူကပဲအားကောင်းလွန်းနေတာလား။

“တခြားပါဝင်ပစ္စည်းတွေကရောဘယ်လိုလဲ”

“ဒီမှာရှိတယ်လေ” မိုရှားပြောလိုက်သည် “ဒါပေမယ့် ဒီဆေးဖော်တာက အားအရမ်းကုန်တယ်၊ အခုလက်ရှိငါ့ရဲ့ အခြေအနေနဲ့တော့ မလုပ်နိုင်ဘူး”

“မင်းဘယ်လောက်လိုတာလဲ”

မိုရှားသူမအားကြည့်ကာ ပြောလိုက်သည် “မင်းဘယ်လောက်ဖော်ချင်တာလဲ ဆိုတာအပေါ်မှာမူတည်တယ်၊ ရွှေမြွေအသီးတစ်လုံးကို ရှစ်လုံးကနေ ဆယ်လုံးထိရတယ်၊ မင်းမှာ အခုရွှေမြွေအသီးက လေးလုံးရှိတော့ မင်းဘယ်လောက်လိုချင်လဲဆိုတာအပေါ်မှာမူတည်တယ်၊ ကောင်းပြီ ဒီလိုဆိုရင်ရော လူတစ်ယောက်ဆို အများဆုံးဆေးနှစ်လုံးပဲ စားရတယ်၊ သူတို့ခန္ဓာကိုယ်ကြံ့ခိုင်မှုက ဘယ်လောက်လိုမှာလဲ၊ နှစ်လုံးထက်ပိုစားဖို့မလိုဘူး”

ရှီမာယူယူ အရေအတွက် တွက်ကြည့်သည်။ သူမအပါအဝင် ဆယ်ယောက်ရှိသည်၊ သူမ ဆေးအလုံးနှစ်ဆယ်လိုအပ်သည်။

သူမအတွေးများကို သူတစ်ခါတည်းခံစားမိသဖြင့် မိုရှားတိုက်ရိုက်ပင်ပြောလိုက်သည် “ဒီ ဆန့်ကျင်ရေးဆေးတစ်ရာက မင်းအတွက်အသုံးမဝင်ဘူး၊ မင်းကိုယ်မင်း ထည့်တွက်ဖို့မလိုဘူး”

“ဘာလို့လဲ” ရှီမာယူယူအလွန်အမင်းအံ့သြသွားသည်။

“မင်းနဲ့ အဲဥနဲ့စာချုပ်ချုပ်တုန်းက သူကမင်းရဲ့ခန္ဓာကိုယ်ထဲကို နိဗ္ဗာန်မီးထည့်ပေးလိုက်ပြီးသား၊ ဒီဆန့်ကျင်ရေးဆေးတစ်ရာက မင်းအတွက်အသုံးမဝင်ဘူး” မိုရှားပြောလိုက်သည်။

“အင်… မင်းသတိမပေးရင် ငါလည်းအဲကောင်ကိုမေ့တော့မလို့၊ ကြက်သွေးရောင်မီးတောက်” ရှီမာယူယူပြောလိုက်သည်။

ပူလွောင်တောင်တန်းတွင် သူမ ကြက်သွေးရောင်မီးတောက်နှင့် စာချုပ်ချုပ်ပြီးချိန်မှစ၍ သူသည် စာချုပ်နေရာတွင်သာ တိတ်ဆိတ်စွာနေခဲ့သည်။ သူက စပြီးစကားမပြောခဲ့ပေ။ သူမ သူ့အားအာရုံခံရန် ကြိုးစားတိုင်းပင် သူအိပ်နေသည်ကိုသာ အမြဲတမ်းတွေ့ခဲ့သည်။ အချိန်ကြာလာသောအခါ သူမသည်ပင်လျှင် သူ့အားလျစ်လျူရှုထားလိုက်တော့သည်။

ပြီးခဲ့သည့်တစ်ခေါက် သူမနိဗ္ဗာန်မီးမှ အလွန်နာကြင်မှုကိုခံစားခဲ့ရသည် အေးစက်စွာတုန်ယင်ကာ သတိပင်မေ့မြောသွားခဲ့ရသည်။

ရှီမာယူယူ၏ ရုတ်တရက် ဝန်ခံလိုက်သည့် အကြည့်ကို မိုရှားသတိထားမိလိုက်သည်နှင့် ထိုလူ၏ အလွန်ကံကောင်းလှသည်ကို တွေးလိုက်မိသည်။ လူအများစုသည် နိဗ္ဗာန်မီးကိုကြားရုံသာကြားဖူးသည်၊ သူမကဲ့သို့ အံ့ဖွယ်အဆင့်သားရဲပိုင်ဆိုင်ရသည့်သူတစ်ယောက်မှမရှိပေ။ သူတောင်မှပင် ထိုအရာကို ရှာဖွေရန် အားထုတ်ခဲ့ရသော်လည်း အရိပ်ယောင်တစ်ခုမှ မတွေ့ခဲ့ရပေ။

သူသည် ထိုအံ့ဖွယ်သားရဲနှင့် နှစ်များစွာ နီးကပ်စွာနေခဲ့ရသည်ကို ထင်တောင်မထင်ထားခဲ့ပေ။ ပိုပြီးမယုံကြည်နိုင်သောအချက်မှာ ဒီကောင်လေးသည် ထိုသားရဲနှင့် စာချုပ်ချုပ်လိုက်သည်ပင်…

မဟုတ်သေးဘူး၊ ဒီလိုပြောရင်ပိုမှန်မှာပေါ့.. အဲသားရဲက သူ့ကိုသခင်အဖြစ်သတ်မှတ်တာလေ၊ အရင်တောင် ကမ်းလှမ်းလိုက်သေးတယ်…

သူမ ထိုသို့တုန့်ပြန်သည်ကိုကြည့်ပြီး သူမ ထိုသားရဲအားမေ့ထားကာ တစ်တစ်ရာတွင်ပစ်ထားသည်ကို သိသွားသည်။ တစ်စုံတစ်ယောက်သည် ကြက်သွေးရောင်မီးတောက်အား ထိုကဲ့သို့ပြုမူပါက ထိုတစ်စုံတစ်ယောက်သည် သူမသည်သာ…

“အဲဆေးက ငါ့အတွက်အသုံးမဝင်ဘူးဆိုမှတော့ ငါ့ကိုထည့်မတွက်တော့ပါဘူး၊ ဒါဆို ဆေးနှစ်လုံးဖယ်လိုက်မယ်၊ ငါဆေးဆယ့်ရှစ်လုံးပဲလိုမယ်၊ ဒါဆို ငါတို့အသီးနှစ်လုံးဖော်ဖို့လိုတာပေါ့ အဲဒါမလောက်ဘူးဆိုရင်လည်း ထပ်လုပ်ကြတာပေါ့” ရှီမာယူယူပြောလိုက်သည်။

“မင်း လတစ်ဝက်ကြာမှဖော်လေ” မိုရှားပြောလိုက်သည်။

“ကောင်းပြီ”

မိုရှားဆေးဖော်တိုင်းတွင် သူ့စိတ်စွမ်းအားကိုပါ ထည့်ပေးကြောင်းသူမသိသည်။ ထို့ကြောင့် လတစ်ဝက်အချိန်ယူရန်ပြောသော်လည်း သူဆန့်ကျင်ရန်စိတ်ကူးမရှိပေ။

မိုရှားနှင့် ကိစ္စများဖြေရှင်းပြီးသော် ဆေးဖော်ခန်းသို့သွားကာ ရှီမာမျိုးနွယ်၏ဆိုင်အတွက် ဆေးများဖော်တော့သည်။ သူမဆေးဖော်နေသည်မှာ နှစ်ရက်ကုန်ဆုံးသွားသော်လည်း သူမအတွက်တော့ အချိန်ခဏလေးပင်။

သူမ ချွန်ဂျီအန်းအား ရှီမာလိုင်ဆီသို့ ဆေးများပို့ခိုင်းလိုက်ပြီး သူမစွမ်းအားများကို ပြန်ဖြည့်တင်းတော့သည်။ သူမဖော်သော ဆေးသည် တခြားတစ်ယောက်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ပြောင်းလဲပေးနိုင်သည်ဆိုသောကြောင့် အချိန်တိုင်းတွင် သူမကိုယ်ပိုင်အားများကို တိုးရန်လိုအပ်သည်။

အစပိုင်းတွင် ဆယ့်ငါးရက်သည် အမြန်ကုန်လွန်မည်ဟုထင်ထားသော်လည်း ရုတ်တရက်ထင်မထားသော ကိစ္စများပေါ်ပေါက်လာခဲ့သည်။ ရှီမာလိုင်နှင့် တခြားသူများသည် သူမဆန့်ကျင်ရေးဆေးတစ်ရာကို ဖော်သည့်အချိန်ကိုပင် မစောင့်နိုင်တော့ပေ။


Comment

Leave a Reply


Options

not work with dark mode
Reset