အပိုင်း(၁၁၆)-အားလုံးသံသယဝင်ခြင်း

ရှီမာယူယူ ဝမ်ဝူဖန်အားအရိုအသေပေးကာပြောလိုက်သည် “ဒီနိမ့်ကျတဲ့ရှီမာယူယူက ဘုရင်ကြီးကိုနှုတ်ဆက်ပါတယ်၊ သက်တော်ရှည်ပြီး ချမ်းသာကြွယ်ဝပါစေ”

ရှီမာယူယူ၏ ယဉ်ကျေးပြောအပြုအမှုအား ဝမ်ဝူဖန်မြင်သောအခါ အသိအမှတ်ပြုကာ ပြောလိုက်သည် “ရှီမာမျိုးနွယ်က လျှို့ဝှက်လူက မင်းဆိုတာဘာအဓိပ္ပာယ်လဲ”

“အလေးထားအပ်သော ဘုရင်ကြီးခင်ဗျာ့၊ လျှို့ဝှက်လူဆိုတာ မရှိပါဘူး၊ အဲဒါတွေက အားလုံးကထင်ကြေးပေးနေကြတာပါ” ရှီမာယူယူပြုံးကာပြောလိုက်သည် “သူုတို့က ကျွန်တော်တို့မျိုးနွယ်ကဆေးတွေက ဘယ်ကရလဲဆိုတာမသိလို့ ထင်ရာတွေးလိုက်ကြတာပါ”

“အခုတလော ရှီမာမျိုးနွယ်ကရောင်းနေတဲ့ဆေးတွေက မင်းဖော်ထားတာလား” ဝမ်ဝူဖန်အံ့သြစွာဖြင့်ပြောလိုက်သည်။

“ဒီနိမ့်ကျတဲ့သူမှာ အဲလိုအရည်အချင်းမရှိပါဘူး၊ ဆရာဖန်ရဲ့ ညွှန်ကြားမှုအောက်မှာ ကျွန်တော်အဂ္ဂိရတ်ပညာကို နည်းနည်းသင်ကြားရုံပါ” ရှီမာယူယူပြန်ဖြေသည်။

“ဆရာဖန်ဟုတ်လား” ဝမ်ဝူဖန်သည် ကျောင်းအုပ်ကြီးအားကြည့်လိုက်သည်။

ကျောင်းအုပ်ကြီးသည် ရှီမာယူယူအား အချိန်အတော်ကြာကြည့်ပြီးမှ ပြောလိုက်သည် “ကျွန်တော်လည်း သေချာမသိပါဘူး၊ ဆရာဖန်ရဲ့သရုပ်မှန်က ပဟေဠိဆန်ပြီး သူအဂ္ဂိရတ်ပညာကိုသိတယ်ဆိုတာကိုတောင် မပြောပါဘူး၊ အဲဒါကြောင့် ကျွန်တော်လည်းသေချာမသိပါဘူး၊ ဒါပေမယ့် သူကရှီမာယူယူကိုတော့ သာမာန်ထက်ဂရုစိုက်ပါတယ်”

ဝမ်ဝူဖန်ခေါင်းညိတ်လိုက်သည်။ ကျောင်းအုပ်ကြီးသည် ဖန်ကျိရှင်းကျောင်းသို့ရောက်လာပုံအကြောင်းကို သူ့အားပြောပြဖူးသည်။ သူ့သရုပ်မှန်အကြောင်းကိုရှင်းရှင်းလင်းလင်းမပြောပြပဲ သူသည် အထက်တန်းလွှာမှ လာကြောင်းကိုသာပြောဖူးသည်။ ထို့ကြောင့်သူကိုယ်တိုင်ပင်လျှင် အလျော့ပေးထားရသည်။

“ဒါပေမယ့် ရှီမာယူယူ မင်းဆေးတွေကိုဘယ်တုန်းကစပြီးဖော်ခဲ့တာလဲ”

အမှိုက်အကြောင်းကိုပြောမသွားသော်လည်း သူ့မျက်နှာအမူအရာသည် ထိုအရာအားဖော်ပြနေခဲ့သည်။

“ဘုရင်ကြီး ဒီနိမ့်ကျတဲ့သူက ဆေးဖော်တာတစ်နှစ်တောင်မရှိသေးပါဘူး” ရှီမာယူယူပြောလိုက်သည်။ ထို့နောက် သူမ ရှီလေအားအရိုအသေပြုကာ “ကျွန်တော့်အဘိုးက နှစ်တစ်ရာဂျင်ဆင်းနဲ့ ဆရာကြီးဆီက အဆင့်သုံးဆေး နှစ်လုံးနဲ့ လဲခဲ့တဲ့အချိန်ကို ဆရာကြီးရှီမှတ်မိဦးမယ်ထင်ပါတယ်၊ အဲအချိန်တုန်းက ကျွန်တော်အဂ္ဂိရတ်ပညာကို စသင်ခဲ့ပါတယ်၊ ပြောရမယ်ဆိုရင် ကျွန်တော်ဆရာကြီးှရှီရဲ့ဆေးကို ချီးကျူးပါတယ်၊ ဒီလိုမှမဟုတ်ရင် ကျွန်တော်က တစ်သက်လုံးအမှိုက်ဖြစ်နေဦးမှာပဲ”

“ဒါဆို ငါမင်းကိုတကယ်ဂုဏ်ပြုပါတယ်” ဆရာကြီးရှီသည် နားလည်ရခက်စွာပြောလေသည်။

သူသည် တခြားသူများ သူ့ဆေးအားချီးကျူးခန်းဖွင့်လျင် တကယ်ကြိုက်နှစ်သက်သည်၊ သို့သော် ရှီမာမျိုးနွယ်မှ ပြောလာသောအခါတွင်တော့ နှစ်မြို့ခြင်းမရှိပေ။ သူတို့ထက် ဝိညာဉ်သခင်ကမှကောင်းဦးမည်။

“မျိုးနွယ်ခေါင်းဆောင် နာလန်…. မေးခွန်းရှိသေးတာလား” ဝမ်ဝူဖန်သည် နာလန်ဟီအားကြည့်ကာမေးလိုက်သည်။

ရှီမာမျိုးနွယ်၏ လျှို့ဝှက်လူသည် ရှီမာယူယူဖြစ်လိမ့်မည်ဟု နာလန်ဟီလုံးဝထင်မထားပေ။ ထိုအကြောင်းအရာသည် သူ့အားတုန်လှုပ်သွားစေသည်။

သူသည် လွန်ခဲ့သည့်တစ်နှစ်ကပင် ကျင့်ကြံနိုင်ခြင်းမရှိခဲ့ပေ၊ သို့သော် အခုတော့ အဂ္ဂိရတ်ပညာရှင်အဖြစ် ဒီနေရာတွင်ရပ်နေခဲ့သည်။ ထိုအရာသည် အများနည်းတူ သူ့အား လုံးဝယုံကြည်နိုင်ခြင်းမရှိခဲ့ပေ။

“ဘုရင်ကြီး ကျွန်တော်နားလည်သလောက်ကတော့ ဒီအဂ္ဂိရတ်ပညာရှင်က ဒုတိယအဆင့်ရှိတယ်၊ ရှီမာယူယူက အဂ္ဂိရတ်ပညာကို လွန်ခဲ့တဲ့တစ်နှစ်ကတောင်သိခဲ့တာ မဟုတ်ဘူး၊ သူ အနည်းဆုံးအဆင့်နှစ်ရှိတဲ့အဂ္ဂိရတ်ပညာရှင် ဖြစ်လာတယ်ဆိုတာ မဖြစ်နိုင်ဘူး၊ တစ်ခုခုကို သံသယဝင်မိတာ ကျွန်တော်တစ်ယောက်တည်းတော့မဟုတ်နိုင်ဘူး ဟုတ်တယ်မလား”

နာလန်ဟီပြောသောစကားများကို ဝမ်ဝူဖန်ကြားသောအခါ မဖြစ်နိုင်သည့်အခြေအနေကို သတိရသွားသည်။ တစ်နှစ်တောင်မပြည့်သေးပဲနဲ့ အဂ္ဂိရတ်ပညာကိုသင်ပြီး ဒုတိယအဆင့် အဂ္ဂိရတ်ပညာရှင်ဖြစ်လာတာ ဘယ်သူရှိလို့လဲ။

“ရှီမာယူယူ မျိုးနွယ်ခေါင်းဆောင် နာလန်ပြောတာမှန်တယ်၊ မင်းအဂ္ဂိရတ်ပညာသခင်တာ တစ်နှစ်ပဲရှိသေးတာမလား” ဝမ်ဝူဖန်မေးလိုက်သည်။

“ကျွန်တော်အရိုက်ခံရတုန်းက အသက်လုရတဲ့အခြေအနေကို အားလုံးသိကြမယ်ထင်ပါတယ်၊ ကျွန်တော်သာ အဂ္ဂိရတ်ပညာကို သိရင်၊ အဲအချိန်တုန်းက ကျွန်တော်အဲလောက်အရိုက်ခံရမှာမဟုတ်ပါဘူး” ရှီမာယူယူပြောလိုက်သည် “မူရုန်အန်းနဲ့ နာလန်လန်က အဲတုန်းကမျက်မြင်သက်သေပါပဲ၊ ကျွန်တော်အရိုက်ခံနေရာတာကို သူတို့မျက်လုံးနဲ့တပ်အပ်ကြည့်မယ်လို့တောင် ပြောပါသေးတယ်”

ရှီမာယူယူယုံကြည်ချက်အပြည့်ဖြင့်ပြောနေသည်ကို ကြည့်ခြင်းအားဖြင့် သူမသည် အဂ္ဂိရတ်ပညာကို သင်ယူဖူးခြင်းမရှိခဲ့သည်ကို ယုံကြည်သွားကြသည်။ ထို့အပြင် တခြားအဖွဲ့အားညွှန်းဆိုခြင်းသည် အမှန်ကိုဖုံးထား၍မရပေ။ သူမလိမ်လည်နေသည်မှာ မဖြစ်နိုင်ပေ။

ရှီမာယူယူထိုလူနှစ်ယောက်အကြောင်းပြောမှပင် ရှီမိုလီသည် မူရန်အန်းနှင့် နာလန်လန်တို့ ခန်းမထဲတွင်မရှိကြောင်းကို သတိထားမိတော့သည်။

“ဒါဆိုမင်းက တစ်နှစ်အတွင်းမှာ အင်း.. သာမာန်လူကနေ ဆေးဖော်နိုင်ပြီး အဂ္ဂိရတ်ပညာရှင်ဖြစ်လာတယ်၊ ပြီးတော့ အဆင့်နှစ်ပညာရှင်လေ” နာလန်ဟီပြောလိုက်သည်။

ရှီမာယူယူ သူမပါးအားကိုင်ကာ မတတ်သာသလိုပြောလေသည် “သြော် အဲဒါကတော့ ကျွန်တော့်ရဲ့ အရည်အချင်းပဲ အဲဒါနဲ့ပတ်သတ်လို့ကတော့ ဘာမှမလုပ်နိုင်ဘူး”

“ကျွတ်…” သူမအစ်ကိုများသည် သူလက်ရှိအခြေအနေအားကြည့်ကာ အူမြူးနေကြလေသည်။

“မဖြစ်နိုင်တာ” ရှီလေကျယ်လောင်စွာပြောလိုက်သည် “သာမန်လူက နှစ်နည်းနည်းလောက်ပေးရင်တောင် အဂ္ဂိရတ်ပညာရှင်ဖြစ်မလာနိုင်ဘူး၊ တစ်ဆင့်နဲ့တစ်ဆင့်ကြားမှ ကွာခြားချက်ကြီးပြီး တစ်ဆင့်ချင်းမှာ အခက်အခဲတွေရှိတယ်၊ တစ်နှစ်လောက်နဲ့ မင်းဘယ်လိုလုပ် ဒုတိယအဆင့် အဂ္ဂိရတ်ပညာရှင်ဖြစ်လာမှာလဲ”

သူအဂ္ဂိရတ်ပညာကို စသင်ခါစက ဒုတိယအဆင့်အဂ္ဂိရတ်ပညာရှင်ဖြစ်ရန် ဆယ်နှစ်အချိန်ယူခဲ့ရသည်။ ထိုအချိန်လောက်ကုန်ဆုံးမှပင် နောက်ထပ် တတိယအဆင့် အဂ္ဂိရတ်ပညာရှင်ဖြစ်ခဲ့ရသည်။ ရှီမာယူယူသာ တစ်နှစ်အတွင်း ဒုတိယအဆင့်အဂ္ဂိရတ်ပညာရှင်ဖြစ်သည်ဆိုပါက သူဘာဖြစ်သွားမလဲ။

ရှီမာယူယူ အမှုမထားသလို ပခုံးတွန့်လိုက်ကာ ပြောလိုက်သည် “မင်းမလုပ်နိုင်ရင် ဘယ်သူမှမလုပ်နိုင်ဘူးလို့ ဆိုလိုတာမဟုတ်ဘူးလေ”

ရှီမိုလီ…သူမသည် အဆင့်နှစ်အဂ္ဂိရတ်ပညာရှင်ဟူသော တံခါးကို နှစ်အနည်းငယ်အတွင်း ရောက်ရှိခြင်းသည် သူမသည် အရည်ချင်းရှိသူထဲမှ အရည်အချင်းရှိသူဖြစ်သည်ကို ရှီမိုလီအမြဲခံစားခဲ့ရသည်။ ရှီမာယူယူ မည်မျှ အချိန်ယူရကြောင်းကို သူမကြားရချိန်တွင် ရှီမာယူယူသည် သူမထက်ပင်သာလွန်လိမ့်မည်ကို လုံးဝထင်မထားခဲ့ပေ။ သူမ မခံချင်အောင်ပြောလိုက်သည် “ရှီမာယူယူ မင်းက ဒုတိယအဆင့်အဂ္ဂိရတ်ပညာရှင်လို့ပြောနေမှတော့ အားလုံးရဲ့ရှေ့မှာ ဒုတိယအဆင့် ဆေးကိုမင်းဖော်ရဲလား”

“ငါ့ကိုကစားဖို့ကြိုးစားနေတာလား” ရှီမာယူယူသည် မျက်ခုံးပင့်လိုက်သည် “ဒါပေမယ့် အဲဒါအကျိုးမရှိပါဘူး”

ရှီမာယူယူမတုန်လှုပ်သည်ကို ရှီမိုလီမြင်သည်နှင့် ပြောလိုက်သည် “ဘုရင်ကြီးရှင့် မျိုးနွယ်သခင်နာလန်က ရှီမာမျိုးနွယ်ရဲ့အဂ္ဂိရတ်ဆရာက အဆင့်နှစ်အဂ္ဂိရတ်ပညာရှင်ဖြစ်ကြောင်းကို ပြောနေပါတယ်၊ ရှီမာယူယူက အဲဒါသူဖြစ်ကြောင်းကိုလဲ သူကိုယ်တိုင်ပြောနေပါတယ်၊ ဒါပေမယ့် သူဒုတိယအဆင့် ဆေးကိုမဖော်နိုင်ရင် ဘာဖြစ်မလဲ… လျှို့ဝှက်လူက တခြားတစ်ယောက်ဆိုတာကို ပြနေတာပဲမလား.. အဲဒါဆိုရင် စစ်သူကြီးရှီမာနဲ့ တခြားသူတွေက ဘုရင်ကြီးကိုလိမ်နေတယ်ဆိုတဲ့သဘောပါပဲ”

ဝမ်ဝူဖန်သည် ထိုစကားအားကြားသည်နှင့် မျက်နှာအရောင်ပြောင်းသွားခဲ့သည်။ သူကဲ့သို့အပြင်လူတောင်မှ အဂ္ဂိရတ်ပညာရှင်ဖြစ်ရန်ခက်ခဲကြောင်းကို သိသည်။ ဒုတိယအဆင့် အဂ္ဂိရတ်ပညာရှင်ဖြစ်ရခြင်းမှာ ပိုခက်ခဲသည်။ ထိုကဲ့သို့ပြောနေသည်ကို ကြားရခြင်းသည် ရှီမာယူယူက သူ့အားလိမ်နေသည်နှင့် တကယ်တူသည်။

“ရှီမာယူယူ ဒီအချက်ကိုထောက်ရင် မင်းဒုတိယအဆင့်ဆေးကို အားလုံးရဲ့ရှေ့မှာဖော်ရမယ်၊ မင်းဖော်နိုင်ရင် အဆင်ပြေပေမယ့် မင်းမဖော်နိုင်ရင်တော့ မင်းကအဂ္ဂိရတ်ပညာရှင်မဟုတ်ဘူးဆိုတဲ့သဘောပဲ.. အဲတော့မှ မင်းတို့ှရှီမာမျိုးနွယ်အပေါ်ချမှတ်တဲ့ ဆုံးဖြစ်ချက်ကို အပြစ်မတင်နဲ့”

ထိုအရာသည် ဆွေးနွေးမှုမဟုတ်ပေ..အမိန့်ဖြစ်ခဲ့သည်။

ရှီမာလိုင်သည် တစ်စုံတစ်ခုအားပြောရန်ဟန်ပြင်လိုက်စဉ် ရှီမာယူယူသည် သူ့အားတားထားလေသည်။

သူမပြုံးကာပြောလိုက်သည် “အားလုံးက စိတ်ထဲမှာ သံသယတွေဖြစ်နေမှာတော့ ကျွန်တော်ဆေးကို လုပ်ဇာတ်ခင်းလည်း ပြဿနာမရှိပါဘူး၊ ဒါပေမယ့် ဘုရင်ကြီး… ကျွန်တော်သ ဒုတိယအဆင့်ဆေးကိုဖော်နိုင်ရင် နာလန်မျိုးနွယ်က ဒီကိစ္စကိုတာဝန်ယူတဲ့အနေနဲ့ တောင်းပန်တဲ့သဘောနဲ့ လက်ဆောင်မပေးသင့်ဘူးလား”

ဝမ်ဝူဖန်သည် နာလန်ဟီအားတစ်ချက်ကြည့်လိုက်ကာ သူတို့နှစ်ယောက်သည် ချက်ချင်းပင်ပြန်ဖြေလေသည် “မင်းသာဒုတိယအဆင့် ဆေးကိုဖော်နိုင်ရင် ငါတို့နာလန်မျိုးနွယ်က မင်းကို အားလုံးရဲ့ရှေ့မှာတောင်းပန်မယ်”

“ကောင်းပြီ” ရှီမာယူယူပြောလိုက်သည် “အဘိုး နေရာကိုအရင်ပြန်နှင့်ပါ၊ ယူယူဆေးဖော်တာကို ကြည့်ပဲကြည့်နေပါ”

“အင်း… မင်းကောင်းကောင်းလုပ်ပြလိုက်ပါ” ရှီမာလိုင်ပြောလိုက်သည်။

သူသာအောင်မြင်ခဲ့လျှင် ရှီမာမျိုးနွယ်သည် ထိုစစ်ဆေးမှုအား ကျော်ဖြတ်နိုင်မည်ဖြစ်သည်။ သို့သော် ကျရှုံးပါက ရလဒ်အရဖြစ်လာသောအရာများကို လက်ခံရမည်။ သူမ ဖိအားကိုခံစားနေရန်မလိုပါ၊ ဆေးသေချာဖော်ရန်သာ လိုအပ်သည်။

သူဆိုလိုချင်သည့်သဘောကို ရှီမာယူယူနားလည်ကာ ပြုံးပြပြီး ခေါင်းညိတ်လိုက်သည်။

“ဆေးဖိုတို့ ဘာတို့လိုသေးတာလား” ကျောင်းအုပ်ကြီးသည် အသံထွက်ကာမေးလိုက်သည်။

“ဂရုစိုက်တဲ့အတွက်ကျေးဇူးပါ ကျောင်းအုပ်ကြီး၊ အဂ္ဂိရတ်ဆရာဖြစ်မှတော့ အဲလိုအရာတွေက လိုအပ်တော့ သယ်သွားရတာပဲ၊ ဘုရင်ကြီး စားပွဲရှည်တစ်ခုကို သုံးခွင့်ပြုပါ”

ရှီမာယူယူပြောပြီးသည်နှင့် ဆေးဖိုသည် အားလုံးရှေ့တွင်ပေါ်လာတော့သည်။


Comment

Leave a Reply


Options

not work with dark mode
Reset