Switch Mode

အခန်း (၂၈၀)

သိုင်းဧကရာဇ်နယ်ပယ် တစ်ပိုင်းအဆင့်ကို တိုက်ခိုက်ခြင်း။

မျက်တစ်ခတ်အတွင်း၌ ရထားလုံးရှေ့တွင် လူအိုကြီးတစ်ယောက်က ပိတ်ရပ်နေသည်။ 

လူအိုကြီးက အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ အဖြူရောင်ဆံပင်နှစ်စက နှဖူးထက်တွင်ကျနေကာ လေထဲတွင် လွင့်နေ၏။

သူ၏ အရှိုန်အဝါက ထွက်ပေါ်မနေပေ။

စိတ်ဝိဉာည်စွမ်းအားတစ်မျှတစ်လေကိုမှကို ထွက်မနေပေ။

သူပုံစံက သာမန်လူအိုကြီးတစ်ယောက်လိုပင်။

သို့သော်လည်း လူတိုင်းကို မမြင်နိုင်သော ဖိအားတစ်ခုက ဖိနှိပ်နေ၏။

အတိအကျပြောရလျှင် ယန်ချီနှင့် ဟော်လင်း၏ အမူအရာများပြောင်းလဲသွားခြင်းပင်။

ယဲ့ချိုးပိုင်ပင် အတန်ငယ် မျက်မှောင်ကြုတ်သွား၏။

ထိုသို့လုပ်နိုင်သူများက အနည်းဆုံး သိုင်းဧကရာဇ်နယ်ပယ်နှင့်အထက်သာဖြစ်ကြသည်။

သို့သော်လည်း ယဲ့ချိုးပိုင်၏ ဓားပိုင်နက်က အာရုံခံနိုင်လေသည်။

ထိုအဓိပ္ပါယ်က…

တစ်ဖက်သူသည် သိုင်းဧကရာဇ်အဆင့်မဖြစ်နိူင်ပေ။

ထို့ကြောင့် သူ့ရှေ့ရှိသူက သိုင်းဧကရာဇ်နယ်ပယ် တစ်ပိုင်းအဆင့်သာဖြစ်ရမည်။

လူအိုကြီးက ပုခုံးတွန့်ကာ “ငါလူအများကြီးမသတ်ချင်ဘူး။ တစ်စုံတစ်ယောက်က လာအပ်ထားလို့လုပ်ရတာ”

“ဒါကြောင့် ရထားလုံးပေါ်က မိန်းကလေးကို လွဲပေးတာဖြစ်ဖြစ် သူ(မ)ကို သတ်သေခိုင်းတာ​ဖြစ်ဖြစ်လုပ်ခိုင်းလိုက်။ အရမ်းကြီး ခက်ခဲတာတွေမလုပ်ခိုင်ဘူး။ အဆင်ပြေလား”

ထင်သည့်အတိုင်း သူတို့က ယန်ယွိ့ဝမ်အတွက်ရောက်လာကြခြင်းပင်။

ယန်ချီ၏အမူအရာက အရုပ်ဆိုးသွားလေသည်။ “ချန်းပေ့က ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီးတော့ ဘာလို့တခြားသူတွေစကားကိုနားထောင်နေရတာလဲ”

လူအိုကြီးက ယန်ချီကို ကြည့်ကာ ထူးမခြားနားပြောသည်။ “ငါအရင်တုန်းက သူတို့အပေါ်အကြွေးတင်ခဲ့ဖူးတယ်လေ။ အခုတော့ ပြန်ဆပ်ရတာပေါ့”

“ကံကောင်းတယ်လို့ ထင်မနေနဲ့။ ငါက ဒီကိစ္စကိုပြီးဆုံးအောင်လုပ်မှာ။ မဟုတ်ရင် စိတ်ထဲတစ်ခုခုကျန်ရစ်ပြီး သိုင်းဧကရာဇ်နယ်ပယ်ကို ချိုးဖြတ်မရဘဲဖြစ်နေလိမ့်မယ်”

သိုင်းဧကရာဇ်နယ်ပယ်ကို ချိုးဖြတ်မယ်။

တစ်နည်းဆိုသော် သူတို့ရှေ့ရှိလူအိုကြီးက ဧကရာဇ်နယ်ပယ်သို့ချိုးဖြတ်နိုင်သော ကျွမ်းကျင်သူတစ်ဦးဖြစ်ပေသည်။

သိုင်းဧကရာဇ်နယ်ပယ်သို့ရောက်ရှိသွားပါက ပါရမီနှင့် အခွင့်အလမ်းများက မလုံလောက်တော့ကာ ဤနယ်ပယ်တွင်ဘဲ သေသည်တိုင်တစ်ဆို့နေလိမ့်မည်ဖြစ်သည်။

ဤနေရာတွင် မတူညီသည့်အရာ နှစ်ခုရှိသည်။

သူ၏ ခွန်အားက သာမန် သိုင်းဧကရာဇ်နယ်ပယ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများထက် ပို၍သန်မာပေသည်။

ယန်ချီအမူအရာက ပို၍ပင် ရုပ်ဆိုးသွားကာ “လုံမိသားစုလက်တုံ့ပြန်မှာကို မကြောက်ဘူးပေါ့။ သိရမှာက ကျုပ်ညီမလေးရဲ့ သတို့သားက ဉာဏ်အလင်းနဂါးမြို့တော်က လုံမိသားစုကဘဲ”

“ချန်းပေ့ကသာ ကျုပ် ညီမလေးကို သတ်လိုက်မယ်ဆိုရင် လုံမိသားစုက အလွတ်ပေးမှာမဟုတ်တော့ဘူး”

လူအိုကြီးက ခေါင်းညိမ့်ကာ အလေးအနက်ထား၍ ​ပြောလေသည်။ “လုံမိသားစုလား။ တကယ်ကို့ ပြဿနာရှိတယ်။ ဒါပေမယ့် ငါထွက်သွားချင်ရင် လုံမိသားစုက ဘာမှလုပ်နိုင်မှာမဟုတ်ဘူး”

သိုင်းဧကရာဇ်နယ်ပယ် တစ်ပိုင်းအဆင့်ကျွမ်းကျင်သူက ထွက်ပြေးချင်လျှင် လုံမိသားစု၏ မဟာဧကရာဇ်ပင် ဘာမှလုပ်လို့ရမည်မဟုတ်ပေ။

၎င်းက အမှန်တရားဖြစ်သည်။

ထိုစကားကြားသော် ယန်ချီအမူအရာက ပို၍ပင် ပျက်ယွင်းသွားပေသည်။

 ကြေးခွံချပ်ဝတ်ကြေးစားအဖွဲ့သားများ၏ မျက်နှာများဖြူဖျော့သွားကြ၏။

သိုင်းဧကရာဇ်နယ်ပယ် တစ်ပိုင်းအဆင့်ကျွမ်းကျင်သူတစ်ဦး။

သူတို့အတူပူးပေါင်း၍ တိုက်ခိုက်မည်ဆိုလျှင်ပင် တစ်ဖက်လူကို သတ်နိုင်မည်မထင်။

“ညီအကိုယန်၊ ဒီတာဝန်ကို မြေကြီးအဆင့် ကြေးစားအဖွဲ့ကို ကိုင်တွယ်ခိုင်းသင့်တယ်”

ယန်ချီက ခါးသီးစွာပြုံးလိုက်၏။

တစ်ဖက်လူက သိုင်းဧကရာဇ်နယ်ပယ် တစ်ပိုင်းအဆင့်ကျွမ်းကျင်သူကို စေလွှတ်မယ်ဆိုတာ သူဘယ်လိုသိနိုင်မလဲ။

ထို့ပြင် သူက သိုင်းဧကရာဇ်နယ်ပယ်ကို ချိုးဖြတ်ဝင်ရောက်နိုင်သော ကျွမ်းကျင်သူဖြစ်လေသည်။

သူက သာမန် သိုင်းဧကရာဇ်နယ်ပယ်များထက် ပို၍အစွမ်းထက်လေသည်။

ယန်ချီက တစ်ခဏတာစဥ်းစားပြီးနောက် ပြောလိုက်လေသည်။ “ဒါကမတွေးလိုက်မိဘူး။ ဟော်လင်း မင်းတို့ ဆက်မလုပ်ပေးချင်တော့ရင် ကြေးခွံချပ်ဝတ်ကြေးစားအဖွဲ့က နောက်ဆုတ်လို့ရတယ်။ တစ်ဖက်လူက တားမယ်တော့မထင်ဘူး”

လူအိုကြီးက ဟော်လင်းကိုကြည့်ကာခေါင်းညိမ့်ပြသည်။ “ရထားလုံးပေါ်က မိန်းကလေးကလွဲရင် ဘယ်သူမဆိုထွက်သွားလို့ရတယ်”

ဟော်လင်းက ခဏလောက်စဉ်းစားပြီး သူ့နောက်က ကြေးခွံချပ်ဝတ်ကြေးစားအဖွဲ့ ၏ အခြားအဖွဲ့ဝင်ငါးယောက်ကို ကြည့်လိုက်သည်။

သူ သက်ပြင်းချလိုက်ပြီး “ကျူပ်တို့ ကြေးခွံချပ်ဝတ်ကြေးစားအဖွဲ့က ဒီတာဝန်ကနေ နုတ်ထွက်ပါတယ်”

ထို့နောက် သူက ယန်ချီကိုကြည့်ကာ တောင်းပန်စကားဆိုလိုက်သည်။ “ညီအကိုယန်၊ နားလည်မယ်လို့ထင်ပါတယ်”

သူတို့၏ဆက်ဆံရေးက အလုပ်ရှင်နှင့် အလုပ်သမား ဆက်ဆံရေးသာဖြစ်သည်။

အကယ်၍ အကျိုးအမြတ်က အသက်အန္တရာယ်ရှိလာပါက ကြေးစားအဖွဲ့သည် တာဝန်ကို တစ်ဖက်သတ် ဖျက်သိမ်းနိုင်လေသည်။

ယန်ချိ၏ အမူအရာက နက်မှောင်သွားကာ ခေါင်းညိမ့်ပြလိုက်သည်။

သူက အကူညီမဲ့သလိုခံစားလိုက်ရသည်။

တစ်ဖက်လူက သိုင်းဧကရာဇ်နယ်ပယ် တစ်ပိုင်းအဆင့်ဖြစ်လေသည်။

ရထားလုံးအတွင်းမှ ယန်ယွိ့ဝမ်၏ ခါးသီးသောအသံက ထွက်ပေါ်လာသည်။

“အကိုကြီး၊ အကိုရှောင်ဟေးတို့လည်း ထွက်သွားသင့်တယ်။ သူ့ပြစ်မှတ်က ညီမဘဲ”

သို့သော်လည်း သိုင်းဧကရာဇ်နယ်ပယ်ကို ချိုးဖြတ်နိုင်စွမ်းရှိသော သိုင်းဧကရာဇ်နယ်ပယ် တစ်ပိုင်းအဆင့်ဖြစ်သည်။

သူမက ဘယ်သူမှ ထိုလူအိုကြီးကို ယှဥ်နိုင်မည်မဟုတ်ကြောင်း ယုံကြည်နေမိသည်။

သူတို့၏ အသက်ကို ဤနေရာတွင် မဆုံးရှုံးစေချင်ပေ။

သို့သော်လည်း ယန်ချီက ခေါင်းခါကာပြောသည်။ “ညီမ​လေး၊ နင့်ကိုခေါ်သွားချင်ရင် သူက ငါ့အလောင်းကို ကျော်သွားမှရမယ်”

ယန်ချီက ဓားဆွဲထုတ်ကာ လူအိုကြီးကို ရင်ဆိုင်လိုက်လေသည်။

၎င်းကိုမြင်သော် လူအိုကြီးက ခေါင်းညိမ့်ကာ ပြောလေသည်။ “မင်းက အတော့်ကို သစ္စာရှိသားဘဲ။ တစ်စုံတစ်ယောက်ကို သစ္စာစောင့်သိဖို့ မလုပ်ထားဘူးဆိုရင် ငါမင်းကိုလွှတ်ပေးလောက်တယ်။ ဒါပေမယ့်…”

ထိုသို့ဖြင့် လူအိုကြီးက လက်ညိုးဖြင့် ထိုးလိုက်လေသည်။

အလွန်သိပ်သည်းသော စိတ်ဝိဉာည်ချီများက ယန်ချီဆီသို့ တိုးဝင်သွားသည်။

ယန်ချီက သိုင်းဧရာဇ်နယ်ပယ်ပင် တစ်ပိုင်းအဆင့်၏ ပြစ်မှတ်ထားခြင်းကို ခံနေရသည်။ သူက ဓားကိုကိုင်ဆွဲထားသော်လည်း လုံးဝမလှုပ်ရှားနိုင်ပေ။

သူက ထိုနေရာတွင် အကျဥ်းကျခံထားရသလိုပင်။ သူက တိုက်ခိုက်လာသော စိတ်ဝိဉာည်ချီအတန်းကို ကြည်နေရုံသာတက်နိုင်တော့သည်။

သို့သော်လည်း ထိုအခိုက် ယန်ချီ၏ အရှေ့ဘက်တွင်။

ထက်ရှသော ဓားဘိုးဘေး ဓားဆန္ဒတစ်ခုက လေဟာနယ်ဓားတစ်ချောင်းအသွင်သိပ်သည်းလာပြီး အလွန်သိပ်သည်းသောစိတ်ဝိဉာည်ချီ၏ရှေ့တွင် ကာဆီးထားလိုက်သည်။

စိတ်ဝိဉာည်ချီက ကွဲကြေသွားကာ ထက်ရှသောဓားသည်လည်း ပျောက်ကွယ်သွား၏။

ယဲ့ချိုးပိုင်၏ ခန္ဓာကိုယ်သည်ပင် တုန်ယင်သွားသည်။

ယန်ချီက ကြောင်အသွားလေသည်။ သူက ယဲ့ချိုးပိုင်ကိုကြည့်ကာ မေးလိုက်၏။ “မင်းတို့ ထွက်မသွားဘူးလား”

ယဲ့ချိုးပိုင်က မဟူရာမိစ္ဆာဓားကို မြှောက်ကာ မေးလိုက်သည်။ “ဘာလို့ ထွက်သွားခိုင်ချင်တာလဲ”

“ဒါက ကျုပ်တို့တာဝန်လေ။ ပြီးဆုံးအောင်တော့ လုပ်ရမှာပေါ့”

ယန်ယွိ့ဝမ်၏ အသံက ထွက်ပေါ်လာလေသည်။ “ဒါပေမဲ့ အကိုတို့က သူနဲ့ပြိုင်ဘက်မဟုတ်ဘူးလေ”

ယဲ့ချိုးပိုင်က ပြုံးကာ ပြောသည်။ “ဒါက ကိစ္စမရှိပါဘူး”

အဆင့်ကျော်တိုက်ခိုက်ခြင်း။

မေ့လိုက်တော့။

စံအိမ်တော်က တပည့်တွေက အဆင့်ကျော်မတိုက်ခိုက်ဖူးလို့လဲ။

ယဲ့ချိုးပိုင်ပင်လျှင် အဆင့်ကြီး နှစ်ဆင့်ကျော်ကာ တစ်ဖက်ရန်သူကို သတ်ဖြတ်ခဲ့ဖူးသည်။

ယခု အဆင့်က ပိုကြီးရုံဘဲရှိလေသည်။

လူအိုကြီးက မျက်မှောင်ကြုတ်လိုက်သည်။

“ချန်းယွမ်နယ်ပယ် ဓားဘိုးဘေးလား။ ဒါပေမဲ့ ငါ့စွမ်းအားကို သူဘယ်လိုလုပ်ခုခံနိုင်မှာလဲ”

ယဲ့ချိုးပိုင်က ပြုံးလျှက် ပြောလေသည်။ “ဘယ်သူက ခင်ဗျားနဲ့ တစ်ယောက်ချင်းတိုက်မယ်ပြောလို့လဲ”

သူကပြောပြီးသည်နှင့် ရှစ်ရှန်းသည် မင်ဧကရာဇ်၏ ပုဆိန်ကိုထုတ်ယူလိုက်သည်။

ကြယ်စွမ်းအားများက သူ့နားတွင် ဝန်းရံလာ၏။

၎င်းက အလွန်အမင်း သိပ်သည်း၏။

လူအိုကြီးကမျက်မှောင်ကြုတ်လိုက်သည်။ “ပျောက်ဆုံးနေတဲ့ ကြယ်စွမ်းအားလား”

တစ်ဖက်တွင် ရှောင်ဟေး၏ ခန္ဓာကိုယ်တွင် မျဥ်းကြောင်းသုံးခုပေါ်လာသည်။

သူ၏ ပြင်ပခွန်အားက အဆမတန်တိုးလာ၏။

“ခန္ဓာကိုယ်ကျင့်ကြံသူ”

“မင်းတို့သုံးယောက်က အတော်လေးပါရမီရှိတယ်။ ဒီလိုပါရမီမျိုးနဲ့ ဘာကြောင့် ကြေးစားလုပ်နေရတာလဲ”

ထိုသို့ပါရမီမျိုးနှင့်ဆို သူတို့က စိတ်ကြိုက်အဖွဲ့အစည်းကို ဝင်ရောက်နိုင်ကြသည်။

ယဲ့ချိုးပိုင်က ပြုံးကာ ပြောလေသည်။ “စိတ်ပူစရာမလိုပါဘူး။ ဒီနေ့ ခင်ဗျားထွက်သွားရင် ထွက်သွား မသွားရင်တော့ ကျုပ်တို့လက်ထဲမှာ ခင်ဗျားရှုံးနိမ့်လိမ့်မယ်”

လူအိုကြီးက ၎င်းကိုကြားသောအခါ ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

ယဲ့ချိုးပိုင်နှင့်အခြားနှစ်ဦးကို သတ်ရန်သာ သူရွေးချယ်ရတော့မည်။

“လူသာငယ်တယ် လေသံက အတော်မောက်မာတာဘဲ”

“မင်းတို့ ငါ့ကိုယှဥ်နိုင်ဖို့ ခွန်အားရှိပါစေ မျှော်လင့်ရတာပေါ့”

လူအိုကြီးက စကားလည်းဆုံးရော လက်ကိုမြှောက်လိုက်သည်။

သိုင်းဧကရာဇ်နယ်ပယ် တစ်ပိုင်းအဆင့်၏ အရှိုန်အဝါက ထိုးထွက်လာသည်။

အလွန်အစွမ်းထက်သော ဖိအားများက ယဲ့ချိုးပိုင်တို့ကို ဖိနှိပ့်လာသည်။

တစ်ချိန်တည်းမှာ လူအိုကြီးက ထိန်းထားမည့်ပုံအပေါ်တော့ပေ။

သူက ရုတ်တရက် လူ့နှစ်ဖက်ကို ဖိချလိုက်သည်။

လေဟာနယ်လက်ဝါးရာနှစ်ဖက်က ယဲ့ချိုးပိုင်တို့အပေါ် ကျရောက်လာလေသည်။ ထို့နောက် ထိုလက်ဝါးနှစ်ဖက်က သူတို့သုံးရောက်အပေါ် ဖိချလိုက်သည်။ 

Comment

Leave a Reply

Options

not work with dark mode
Reset