တိမ်တိုက်မြို့က အကန့်သတ်မဲ့ကမ္ဘာ၏ နယ်စက်မြို့တစ်မြို့ဖြစ်သည်။
အမှန်ပင် သူတို့က ရင်းမြစ်များရှားပါးသောကြောင့် အခြားမြို့များအပေါ်တွင် မှီခိုနေရသည်။
ထို့ကြောင့် ရင်းမြစ်များနှင့် အဖွဲ့အစည်းများက ထိန်းချုပ်ထားသည့် သွင်းကုန်တင်ပို့ လမ်းကြောင်းများကို တိမ်တိုက်မြို့ မြို့အရှင်အိမ်တော်က ၅၀ ရာခိုင်နှုန်းယူ၏။
ကျန်သည့် ၅၀ ရာခိုင်နှုန်းကို တိမ်တိုက်မြို့ရှိ အထက်တန်းလွှာမိသားစုများကို ခွဲဝေပေး၏။
၎င်းမိသားစုများက လီမိသားစု၊ ခန်းမိသားစုနှင့် ယန်မိသားစုတို့ဖြစ်လေသည်။
လီမိသားနှင့် ခန်းမိသားစုတို့တွင် စွမ်းရည်ရှိသော လူများရှိသောကြောင့် ပြင်ပလောကရှိ ဂိုဏ်းကြီးများနှင့်ပူးပေါင်းထားကြ၏။
ဤအကြောင်းကြောင့်ပင် သူတို့က မိသားစုနှစ်စုက ၂၀ ရာခိုင်နှုန်းစီရကြသည်။
ကျန်သည့် ၁၀ ရာခိုင်နှုန်းကတော့ ယန်မိသားစုက ရရှိသည်။
ယခုတော့…
လီမိသားစုနှင့် ခန်းမိသားစုက မကျေနပ်ကြသေးပေ။ သူတို့က ယန်မိသားစု၏ ကျန်ရှိသော ၁၀ ရာခိုင်နှုန်းကို ဝါးမျိုချင်ကြပြန်သည်။
ထိုသို့ဖြင့် ယန်မိသားစုက ရွေးချယ်စရာမရှိဘဲ လက်ထပ်ပွဲ၏ အကျိုးအမြတ်ကိုသာအားကိုးရတော့သည်။
လက်ရှိ ယန်မိသားစု၏ မင်းသမီးလေး ယန်ယွိ့ဝမ်က ဉာဏ်အလင်းနဂါးမြို့တော်၏ မြို့အရှင်အိမ်တော်နှင့် လက်ထပ်ရမည်ဖြစ်သည်။
တစ်နည်းအားဖြင့် လုံမိသားစုနှင့်ဖြစ်သည်။
ထိုမှသာ ရပိုင်ခွင့်များကို လက်လွတ်မဆုံးရှုံးရကာ ဉာဏ်အလင်းနဂါး မြို့အရှင်အိမ်တော်၏ အထောက်အပံကိုလည်း ရရှိနိုင်မည်ဖြစ်လေသည်။
၎င်းက လီမိသားစုရော ခန်းမိသားစုရော မမြင်ချင်သည့်အရာဖြစ်လေသည်။
လက်ရှိယန်မိသားစုခေါင်းဆောင် ယန်ကျန်းဝှိုက်သည် နယ်နမိတ်တောင်တန်းရှိ ချိမ့်ဝှမ်းတစ်ခုတွင် ယန်ချီတို့တိုက်ခိုက်ခံခဲရကြောင်း ကျောက်စိမ်းဆွဲပြား၏ အသံထုတ်လွှတ်မှု့မှတဆင့်သိရှိထားပြီးဖြစ်လေသည်။
ကံကောင်းစွာဖြင့် တစ်ဖက်အဖွဲ့က မအောင်မြင်ခဲ့ပေ။
ယန်ကျန်းဝှိုက်က သက်ပြင်ရှည်တစ်ခုချလိုက်ကာ သူ့အမူအရာက အရုပ်ဆိုးသွားလေသည်။
တစ်ဖက်အဖွဲ့က ရဲတင်းလွန်းနေသည်။
ယန်ကျန်းဝှိုက်က ခေါင်းမော့ကာ သူ့ရှေ့ရှိ လက်ဖက်ရည်ကြမ်းသောက်နေသော သက်လက်ပိုင်းလူနှစ်ယောက်ကို ကြည့်လိုက်သည်။
သူက လှောင်ပြောလိုက်လေသည်။ “ကြည့်ရတာ တစ်စုံတစ်ယောက်ကတော့ ငါတို့ယန်မိသားနဲ့ လုံမိသားစုလက်ထပ်မှာကို ကြောက်နေပုံရတယ်”
ထိုသက်လတ်ပိုင်းလူနှစ်ဦးက တိမ်တိုက်မြို့တွင် နာမည်ကြီးသောသူများဖြစ်သည်။
တိမ်တိုက်မြို့ရှိလူအနည်းငယ်သာ သူတို့ကို မသိချင်မသိကြလိမ့်မည်ဟုပြော၍ရလေသည်။
သူတို့က လီမိသားစုနှင့် ခန်းမိသားစုက လူများဖြစ်ကြသည်။
လီမန်နှင့် ခန်းရှစ်ချန်းတို့ပင်။
ယန်ကျန်းဝှိုက်ကဲ့သို့ပင် သူတို့ကလည်း သိုင်းဧကရာဇ်တစ်ပိုင်းအဆင့်များဖြစ်လေသည်။
ယန်ကျန်းဝှိုက်၏ သရော်သံကိုကြားသောအခါ လီမန်နှင့် ခန်းရှစ်ချန်းတို့၏ အမူအရာက မပြောင်းလဲသွားပေ။
သို့သော်လည်း လက်ဖက်ရည်ခွက်ကိုင်ထားသောလက်မှာ လေထဲတွင် တခဏမျှရပ်တန့်သွားလေသည်။
ခန်းရှစ်ချန်းက ပြုံးကာ ထူးမခြားနားစွာပြောလိုက်လေသည်။ “ဒါက တစ်ပါးသူရဲ့ အကျိုးစီးပွားတွေကို ပျက်ဆီးစေတာဘဲ။ အကိုယန် ကျုပ်တို့ ဘယ်သူလုပ်တာလဲဆိုတာကို စုံစမ်းပေးရမလား”
ခန်းရှစ်ချန်း၏ အပြုအမူကိုမြင်သော် ယန်ကျန်းဝှိုက်က သစ်သားစားပွဲကို တတောက်တောက်ခေါက်နေ၏။
“အိုး၊ မင်းတို့က ကြင်နာလှချည်လား”
လီမန်က ရယ်မောလိုက်ကာ ပြောလိုက်သည်။ “ညီအကိုယန်၊ ခင်ဗျားမှားနေပြီ။ ကျုပ်တို့မိသားစုသုံးစုက ပုံမှန်ဆို ကတောကဆတွေဖြစ်ကြပေမဲ့ ဒီအခါမှာတော့ အပြင်လောကကို ဆန့်ကျင်ဖို့ အတူပူးပေါင်းကြတာပေါ့”
“ဒါကြောင့် ခင်ဗျား ယဥ်ကျေးနေစရာမလိုပါဘူး”
သိသာစွာပင် လီမန်က နောက်ကွယ်ကလူဖြစ်ကြောင်းကို ဝန်မခံချင်ပေ။
ခန်းရှစ်ချန်းနှင့် လီမန်က တစ်ယောက်ကိုတစ်ယောက်မဖော်မချင်း ဝန်ခံမည်မဟုတ်ပေ။
ထိုသတင်းသာအပြင်သို့ပြန့်သွားခဲ့လျှင် မိသားစုနှစ်စု၏ ဂုဏ်သတင်းက ရစရာရှိတော့မည်မဟုတ်။
ထို့ပြင် ၎င်းက ဉာဏ်အလင်းနဂါးမြို့တော်ရှိ လုံမိသားစု၏ မျက်နှာကို ပိတ်ရိုက်လိုက်သလိုဖြစ်သွားပေမည်။
လုံမိသားစုက ဉာဏ်အလင်းနဂါးမြို့တော်၏ မြို့အရှင်ဖြစ်လေသည်။
သူတို့၏အင်အားက ၎င်းတို့မိသားစုနှစ်စုထက် သန်မာလေသည်။
ယန်ကျန်းဝှိုက်က သူတို့ ဝန်ခံမည်ကိုလည်း မမျှော်မှန်းထားပေ။
သူ့မျက်လုံးထဲတွင် အေးစက်စက်အလင်းများတောက်ပသွားပြီး မဲ့ပြုံးပြုံးလိုက်၏။
သူ၏ အေးစက်သောအကြည့်များဖြင့် ရှေ့ရှိမြေခွေးအိုကြီးနှစ်ကောင်ကိုကြည့်လိုက်ပြီး ထူးမခြားစွာပြောလိုက်လေသည်။ “မင်းတို့ရဲ့ ကြင်နာမှု့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဘယ်လုပ်တာလဲကို ရှာတွေ့တာဘဲဖြစ်ဖြစ် ယွိ့ဝမ်သာ တစ်ခုခုဖြစ်သွားတာဘဲဖြစ်သွားခဲ့ရင်…”
“ငါတို့ယန်မိသားက မင်းတို့နဲ့အဆုံးထိအဖော်လိုက်ပေးမယ်။ မိသားစုပျက်ဆီးသွားရင်တောင် ငါတို့က တုံ့ဆိုင်းနေမှာမဟုတ်ဘူး”
လီမန်နှင့် ခန်းရှစ်ချန်းတို့က မော့ကြည့်လိုက်သည်။
သူတို့မျက်လုံးများက ယန်ကျန်းဝှိုက်၏ အေးစက်သောအကြည့်များနှင့် တွေ့ဆုံသွား၏။
မည်သည့်အရှိုန်အဝါကိုမှ ထုတ်ဖော်မထားသော်လည်း ထိုအခိုက် ယန်မိသားစုတစ်စုလုံးရှိ လေထုက အနည်းငယ် အေးစက်စက်ဖြစ်နေဟန်ရလေသည်။
တစ်ဖက်တွင် ယန်ယွိ့ဝမ်တို့အဖွဲ့က အစောင့်များအားလုံသေဆုံးကုန်သောကြောင့် ဉာဏ်အလင်းနဂါးမြို့တော်သို့ရောက်ရန် နှစ်ရက်ခန့်လိုသေးသည်။
ထို့ကြောင့် ကြေးခွံချပ်ဝတ်ကြေးစားအဖွဲ့က အနားပတ်ဝန်းကျင်ကို ကင်းထောက်ပေးနေရသည်။
ယဲ့ချိုးပိုင်နှင့်အခြားနှစ်ဦးသည်လည်း ပေါ့ပေါ့လျှော့လျှော့မနေသေးပေ။ သူတို့၏အရှိုန်အဝါများကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးနေသည်။
သိုင်းဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူမဟုတ်ပါက သူတို့ရှာတွေ့နိုင်လေသည်။
ရထားလုံးထဲတွင် ဉာဏ်အလင်းနဂါးမြို့တော်၏ နီးလာလေလေ သူမမျက်နှာလေးက ပို၍နက်နဲလာလေသည်။
သူမ၏ မျက်ဝန်းများတွင် မသက်သာမှု့များကရှိနေသော်လည်း သူမက လက်ထပ်ရန်သဘောတူခဲ့သူဖြစ်သည်။
သို့သော်လည်း အနားကပ်လာလေ သူမကိုယ် သူမတွေးမိလာသည်။ သူမအနာဂတ်က မည်သို့ဖြစ်သွားမည်နည်း။
ရှေ့ဆက်ရမည်လမ်းက မီးခိုးရောင် မြူခိုးများဖြင့် ဖုံးလွှမ်းနေပြီဖြစ်သောကြောင့် သူမ မမြင်နိုင်တော့ပေ။
သူမစိတ်နှလုံးမှ ပူပန်မှု့များကို ဖိနှိပ်ရန် စကားစလိုက်သည်။ “အကိုရှောင်ဟေးတို့က ဘယ်ကလာတာလဲ”
ရှောင်ဟေးက မျက်လုံးမှိတ်ထားကာ သတ်ဖြတ်ခြင်းဆန္ဒများရှိမရှိကို အာရုံခံနေလေသည်။
သူ ယန်ယွိ့ဝမ်၏ စကားကြားသောအခါ သူက မျက်လုံးဖွင့်လိုက်၍ “အကိုတို့က ကန္တာရဒေသလို့ခေါ်တဲ့နေရာက လာတာပါ”
အပြင်လူတွေ။
ယန်ချီက အကူညီမဲ့စွာဖြင့် ရှောင်ဟေးတို့ကို ကြည့်လိုက်၏။
ဘာလို့ အပြင်လူတွေရဲ့ ပါရမီက တအားမြင့်နေပါလား။
သူတို့၏အတွေးထဲတွင် အမြင်တစ်ခုက စွဲမြဲနေခဲ့သည်။
၎င်းက အကန့်သတ်မဲ့နယ်မြေက အခြားသောနယ်မြေများထက် ပို၍ သာလွန်သည်ဟု၍ပင်။
ပါရမီရှင်ဟုခေါ်သော သူများက အကန့်သတ်မဲ့ကမ္ဘာကိုရောက်လာကြသောအခါ သူတို့က သာမန်စွမ်းရည်ရှိသော သာမန်ကျင့်ကြံသူများနှင့်အခြားပေ။
ယဲ့ချိုးပိုင်တို့က ထိုထက်သာလွန်ကြောင်း သိသာလေသည်။
ယန်ချီက တိမ်တိုက်မြို့ရှိ ပါရမီရှင်လူငယ်များပင် သူတို့နှင့် မယှဥ်သာမှန် ဝန်ခံရပေမည်။
သို့သော်လည်း ယန်ယွိ့ဝမ်က ထိုသို့ခွဲခြားသောအကြည့်မျိုးမပြဘဲ သိချင်စိတ်ဖြင့် မေးလိုက်လေသည်။ “ကန္တာရဒေသ။ ဒီနာမည်ကို တစ်ခါမှမကြားဖူးဘူး။ ဘယ်လိုနေရာမျိုးလဲ”
“ဘယ်လိုနေရာမျိုးလဲ”
ရှောင်ဟေးက အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။ “ကွာခြားမှု့က… သိပ်တော့ မကြီးမားလောက်ပါဘူးနော်”
သိပ်ကွာခြားမှု့မရှိဘူးလား။
ယန်ချီက ကြောင်အသွားသည်။ “ကန္တာရဒေသရဲ့ခွန်အားက အဆုံးမဲ့ဒေသရဲ့ ခွန်အားနဲ့တူညီနေနိုင်မလား။ ဒီလိုတည်ရှိမှု့များက အနိမ့်ပိုင်းနယ်မြေတွေမှာ တည်ရှိနေနိုင်လို့လား”
ယဲ့ချိုးပိုင်က မျက်လုံးကိုစွေကြည့်လိုက်သည်။
ရှောင်ဟေးက ခန္ဓာကိုယ်ကျင့်ကြံသူဖြစ်လေသည်။
သူတို့က စိတ်ဝိဉာည်ချီအပေါ်တွင် မှီခိုရန်မလိုအပ်ပေ။
ထို့ကြောင့် မည်သို့ပင် စိတ်ဝိဉာည်ချီများပေါများနေပါစေ ဘယ်လိုမှမနေပေ။
သို့သော်လည်း သူက ရှင်းပြရန် အလွန်ပျင်းရိနေသည်။
၎င်းက သူ့ကိစ္စမဟုတ်ပေ။
လမ်းတစ်လျှောက်တွင် ယန်ယွိ့ဝမ်က ရှောင်ဟေးနှင့် စကားပြောနေသည်။
သို့သော်လည်း ယန်ယွိ့ဝမ်က ရှောင်ဟေးကို မေးနေသည်သာ များလေသည်။
ရှောင်ဟေးက သစ်သားတုံးကြီးလိုပင်။
သူက စကားစပြောရန်ထက် မှော်သားရဲများကိုသတ်ရန်သာ ရွေးချယ်လိမ့်မည်။
သိပ်မကြာခင် ဉာဏ်အလင်းနဂါးမြို့တော်ရောက်ရန် တစ်ရက်ခန့်သာလိုတော့သည်။
ယန်ယွိ့ဝမ်က သက်ပြင်းချ၏။ “ညီမတို့ရောက်တော့မယ်”
ရှောင်ဟေးက မေးလိုက်သည်။ “မင်းလက်မထပ်ချင်ရင် ဘာလို့လက်ခံခဲ့ရတာလဲ”
ယန်ယွိ့ဝမ်က ခါးသက်သက်ပြုံး၍ ပြောလိုက်၏။ “အကိုရှောင်ဟေး၊ အချို့အရာတွေက ပြောသလို မရိုးရှင်းဘူး။ ညီမတို့သာ အကိုတို့လို စွမ်းရည်ရှိရင် ဒီလောက်ထိဖြစ်စရာမလိုဘူး”
ယဲ့ချိုးပိုင်နှင့် ရှစ်ရှန်းက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
သူတို့က ထရပ်လိုက်သည်။
ယန်ချီနှင့် ဟော်လင်းက တစ်ပြိုင်တည်းမေးလိုက်သည်။ “ဘာဖြစ်လို့လဲ”
ယဲ့ချိုးပိုင်က ရှေ့ကိုကြည့်ကာ ညင်သာစွာပြောလိုက်သည်။ “အသင့်ပြင်ထားတော့၊ စွမ်းအားကြီးကျင့်ကြံသူတစ်ယောက်က ဒီကိုလာနေသည်။ သူက… အိုး ရောက်တောင်ရောက်နေပြီဘဲ”