အာကာသနတ်ဘုရားနယ်ပယ်ကျင့်ကြံသူ ဆယ့်နှစ်ယောက်ကို ကိုင်တွယ်ပြီးနောက် ယဲ့ချိုးပိုင်တို့သုံးဦးက ပေါ့ပေါ့လျှော့လျှော့မနေသေးပေ။
သူ့အရှိုန်အဝါများကို ဘေးပတ်လည်တွင် ဖြန့်ကားထားပြီး ပုန်းကွယ်နေသော လုပ်ကြံသူများရှိမရှိကို စစ်ဆေးနေသည်။
ကြေးခွံချပ်ဝတ်ကြေးစားအဖွဲ့က အမှန်ပင် ကြေးစားများဖြစ်ကြ၏။ သူတို့၏ တာဝန်က ပထမသာဖြစ်လေသည်။
သူက ထိတ်လန့်နေသော်လည်း သူ၏နောက်လိုက်များကို အနီးအနားကို စစ်ဆေးရန်ပို့လိုက်၏။
ကောင်းယွင်နှင့် တောက်ပေးသည်လည်း အလျှင်အမြန်ပြန်သွားကာ အစီအရင်များကို တပ်ဆင်လိုက်သည်။ ပိုက်ကွန်အတွင်းမှ ငါးဘယ်လောက်လွတ်သွားသေးမှန်းသူတို့မသိပေ။
ထိုသို့ပြုလုပ်ပြီးနောက် ရန်သူများ၏ခြေရာ လက်ရာများကို လုံးဝရှာမတွေ့တော့မှ ရပ်လိုက်တော့သည်။
ထိုအခိုက်တွင် ဟော်လင်းက ကြေးခွံချပ်ဝတ်ကြေးစားအဖွဲ့ကလူများကို ယဲ့ချိုးပိုင်တို့သုံးဦးဆီခေါ်လာခဲ့သည်။
သူ့အမူအရာက လွန်စွာရှုပ်ထွေးနေသည်။
သူတို့၏အမြင်တွင် စံအိမ်တော်ကြေးစားအဖွဲ့က ယဲ့ချိုးပိုင်တို့ သုံးဦးဖွဲ့စည်းထားသည်။
သူတို့က လူသစ်လေးများသာ။
ထိုသုံးဦးထဲတွင် ယဲ့ချိုးပိုင်၏ ခွန်အားက ချန်းယွမ်နယ်ပယ်သာဖြစ်လေသည်။
၎င်းကြောင့် သူ့အပေါ်တွင် အထင်သေးခဲ့လေသည်။
ဤအခါတွင် လူတိုင်း၏အကြည့်များက သူ့အပေါ်ရောက်နေသည်။
သို့သော်လည်း သူတို့က ကိုယ်ပိုင်ခွန်အားဖြင့် ကြေးခွံချပ်ဝတ်ကြေးစားအဖွဲ့ကို မျက်နှာဖြတ်ရိုက်ခဲ့လေသည်။
သူတို့က ချန်းယွမ်နယ်ပယ်ဆိုရင်ရော၊
သူတို့က သုံးယောက်တည်းဖြစ်နေရင်ရော၊
သူတို့က လူသစ်များသာဖြစ်နေရင်ရော၊
သူတို့က ရန်သူ၏ သတ်ဖြတ်ခြင်းအစီအရင်ကို ဖျက်ဆီးနိုင်ခဲ့ကြသည်မဟုတ်လော။
သူတို့က အာကာသနတ်ဘုရားနယ်ပယ် ကျင့်ကြံသူ ၁၂ ယောက်ကိုလည်း လျှပ်စီးအလျှင်နှင့် ကိုင်တွယ်ခဲ့သေးသည်။
ထိုသို့ခွန်အားက သူတို့ထက် အများကြီးသန်မာလေသည်။
သတ်ခြင်းအစီရင်များပေါ်ထွက်လာပြီးနောက်တွင် ထိုအစီအရင်များ၏ တိုက်ခိုက်မှု့ကို ခုခံရန်မှာ အလွန်ခက်ခဲလေသည်။
ထို အာကာသနတ်ဘုရားနယ်ပယ်ကျင့်ကြံသူ ၁၂ ဦးကို တိုက်ခိုက်ရန်ရန်မှာ မဖြစ်နိုင်ပေ။
ဘေးရှိ ယန်ချီသည်လည်း ထိုသို့တွေးနေလေသည်။
သူ၏ အမူအရာက အလွန်အမင်းရှုပ်ထွေးနေသည်။
ထိုအချိန်တွင် သူ၏ ညီမေလးကသာ ထိုလူမ်ားကို ပူးပေါင်းရန်မပြောပါက ဒီနေ့အဆုံးသတ်က ကောင်းနိုင်မည်မဟုတ်ပေ။
သူက ယဲ့ချိုးပိုင်တို့ ၃ ဦးသည် အခြေအနေကိုအခွင့်ကောင်းယူကာ အမြတ်ထုတ်ကြလိမ့်မည်ဟုယူဆခဲ့သည်။
တစ်ဖက်က အမှန်ပြောနေသည်မှန်း ဘယ်သူက သိမည်နည်း။
ရန်သူကိုထောက်လှမ်းခြင်းဖြစ်စေ ခွန်အားအရာတွင်ဖြစ်စေ သူတို့က လူတိုင်းထက် သာလွန်ခဲ့၏။
သူတို့သုံးယောက်တည်းဖြင့် ရန်သူကို ရင်ဆိုင်နိူင်လေသည်။
၎င်းကိုကြည့်လျှင် ယန်မိသားစု၏ အစောင့်များနှင့် ကြေးခွံချပ်ဝတ်ကြေးစားအဖွဲ့ကလူများသည် အသုံးမဝင်သော သူများဖြစ်ကုန်ကြသည်။
ဟော်လင်းက အားတင်း၍ ခါးသက်သက်ပြုံးကာ “ညီအကိုယဲ့၊ ကျုပ်မှားသွားတယ်။ တောင်းပန်ပါတယ်”
ယဲ့ချိုးပိုင်က လက်ကာပြကာ ပြုံး၍ “ရပါတယ်။ ကျူပ် ချန်းယွမ်နယ်ပယ်ဘဲရှိသေးတော့ ခင်ဗျားတို့ အထင်သေးတာ ပုံမှန်ပါဘဲ”
ဟော်လင်း “…”
ယန်ချီ “…”
ကြေးခွံချပ်ဝတ်ကြေးစားအဖွဲ့ “…”
ချန်းယွမ်နယ်ပယ်ကဘဲလား။
သူတို့စိတ်ထဲတွင် ခံစားချက်တစ်ခုသာရှိလေသည်။
သူတို့ အီဆိမ့်နေအောင် ပါးရိုက်ခံလိုက်ရသည်။
ဟော်လင်းက ခြောက်ကပ်ကပ်ရယ်ကာ ပြောလိုက်သည်။ “ညီအကိုယဲ့က အာကာသနတ်ဘုရားနယ်ပယ်က ကျုပ်လိုလူထက်အောင် တိုက်ခိုက်ရေးခွန်အားမှာ အစစအရာရာသာလွန်ပါတယ်ဗျာ”
“ဒီလိုလုပ်ပါလား။ ကျုပ်တို့ ကြေးခွံချပ်ဝတ်ကြေးစားအဖွဲ့က ဒီတာဝန်ကရတဲ့ ဆုကြေးကို မယူတော့ပါဘူး”
ထိုအခိုက် ဟော်လင်းက ယန်ချီကိုကြည့်ကာ “ကျူပ်တို့ရဲ့ ဝေစုကို စံအိမ်တော်ကြေးစားအဖွဲ့ကို ပေးချင်ပါတယ်”
သူတို့နောက်ရှိ ကောင်းယွင်နှင့် တောက်ပေးက တစ်ခုခုပြောချင်သော်လည်း အမျိုးသမီးတစ်ဦးက တားလိုက်လေသည်။
“နင်တို့ မမြင်ဘူးလား။ ဆရာက အဲ့လူငယ်လေးသုံးဦးနဲ့ ဆက်ဆံရေးကောင်းတစ်ခုတည်ဆောက်ချင်နေတာလေ”
“အထူးသဖြင့် ယဲ့ချိုးပိုင်ဘဲ။ သူရဲ့ဓားတာအိုက အစွမ်းထက်တယ်။ ကြယ်တွေရဲ့စွမ်းအားကို ပိုင်ဆိုင်တဲ့သူရယ်။ ပြင်ပခွန်အားအစွမ်းထက်တဲ့ ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦးလည်းရှိသေးတယ်။ ဒီလိုလူတွေက သေရင်သေ မသေရင် သူတို့အနာဂတ်က အကန့်အသတ်မရှိဘူး”
သူတို့နှစ်ဦးက ထိုအမျိူးသမီး၏ စကားကိုကြားတော့မှ အသံတိတ်သွားလေသည်။
ထိုရှင်းပြချက်အရ တာဝန်၏ ဆုကြေးသည် အရေးမပါသယောင်ဖြစ်သွားစေသည်။
ယန်ချီက ရထားလုံးဘေးသို့သွားကာ နူးညံ့စွာမေးလိုက်လေသည်။ “ညီမလေး အဆင်ပြေရဲ့လား”
ရထားလုံးအတွင်းမှ ချိုသာသော အသံလေးတစ်ခုက ပြန်လည်ထွက်ပေါ်လာ၏။
“ပြေပါတယ်။ အကိုကြီးရဲ့လေသံအရဆို အပြင်မှာ ပြဿနာတွေပြေလည်သွားပြီမလား”
ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ သူက ပြုံးပြီးပြောလိုက်သည်။” ဟုတ်တယ်၊ ဒီတစ်ခါတော့ အကိုမှားသွားတယ်။ အဲဒီ့ ကြေးစားအသစ် သုံးယောက်ကြောင့်သာမဟုတ်ရင် အကိုတို့ ဒုက္ခရောက်ပြီဘဲ”
မိန်းကလေးက ပြုံးကာ ပြော၏။ “ဒါဆို ညီမဆုံးဖြတ်ချက်က မှန်သွားတယ်ပေါ့”
“ဒါပေါ့။ အချိန်တစ်ခုရောက်လာရင် အကိုက သူတို့ကို ငွေများများပေးပြီး စည်းရုံးကြည့်ရမယ်”
“ဒီလိုဆိုရင် အကိုတို့ယန်မိသားစုက နောက်ကျရင် စွမ်းအားကြီးပါရမီရှင်တွေနဲ့ မဟာမိတ်ဖြစ်သွားလိမ့်မယ်”
သို့သော်လည်း မိန်းကလေးက ထိုသို့မထင်။ သူမက သူ့ကိုသတိပေးလိုက်၏။ “အကိုကြီးရဲ့ ရည်ရွယ်ချက်ကို မသိသာစေနဲ့ဦး။ ဒီအတိုင်းရေလိုက်ငါးလိုက်ဘဲနေ”
ထိုသိုပါရမီရှင်မျိုးက အကျိုးအမြတ်နည်းနည်းဖြင့် သိမ်းသွင်းလို့ရမည့်သူမျိုးမဟုတ်ပေ။
၎င်းကိုကြားသော် ယန်ချီက တခဏမျှတွေးကာ ခေါင်းညိမ့်ပြ၏။
ညမှောင်မှောင်တွင် ကြယ်များက ကောင်းကင်ယံတွင် ချိတ်ဆွဲထားသလိုရှိနေသည်။
မှိန်ပျပျအလင်းရောင်က နယ်နမိတ်တောင်တန်းကို အလင်းပေးထား၏။
အရာအားလုံးက ပြန်လည်တည်ငြိမ်သွားပြီဖြစ်သည်။
ယန်မိသားစုက ဉာဏ်အလင်းနဂါးမြို့တော်၏ ဆက်သွားကြသည်။
ယန်မိသားစု၏ အစောင့်များအားလုံး သေဆုံးသွားကြသောကြောင့် ထိုတာဝန်က ကြေးခွံချပ်ဝတ်ကြေးစားအဖွဲ့နှင့် စံအိမ်တော်ကြေးစားအဖွဲ့ဆီသို့ ကျရောက်သွားသည်။
ကြေးခွံချပ်ဝတ်ကြေးစားအဖွဲ့ အပြင်ဘက်တွင် စောင့်ကြပ်နေချိန် ယန်ချီက ယဲ့ချိုးပိုင်နှင့်အခြားနှစ်ယောက်ကို ရထားလုံးအပြင်ဘက်တွင် သူနှင့်အတူတူထိုင်စေ၏။
မနေ့ညက တိုက်ပွဲပြီးနောက် သူတို့အပေါ် ယန်ချီ၏ သဘောထားက လုံးဝပြောင်းလဲသွားသည်။
ဟော်လင်းတို့က မအံ့သြပေ။
သန်မာသူသာ ထိုသို့ဆက်ဆံခံရမည်ဖြစ်သည်။
မတရားသလိုဖြစ်နေသည်လား။
လက်တွေ့တွင် မတရားမှု့က ဤကမ္ဘာတွင် လုံးဝတရားမျှတမှု့ကြီးဖြစ်သည်။
ထိုအချိန်တွင် ရထားလုံးအတွင်းမှ မိန်းကလေးက မေးလိုက်သည်။ “အကိုကြီး၊ ဉာဏ်အလင်းနဂါးမြို့တော်ကိုရောက်ဖို့ ဘယ်လောက်လိုသေးလဲ”
ယန်ချီက ရထားလုံးကိုမောင်းနေရင်း အပြုံးနှင့် ပြန်ဖြေလေသည်။ “အကိုတို့ သုံးရက်လောက်နေရင်ရောက်မယ်”
“ဟင်း”
ယန်ချီက သက်ပြင်းချသံကိုကြားလိုက်ရသောအခါ သူ့မျက်နှာက မဲမှောင်သွားပြီး တိတ်ဆိတ်သွားတော့သည်။
ယဲ့ချိုးပိုင်က ထိုမြင်ကွင်းကိုမြင်လိုက်သောအခါ တိတ်တဆိတ်ခေါင်းသာခါရမ်းလိုက်သည်။
နောက်ထပ် နိုင်ငံရေးလက်ထပ်မှု့တစ်ပင်။ မိန်းကလေးကသဘောမကျသော်လည်း သူ့မိသားစုအတွက် ရွေးချယ်စရာမရှိဘဲ လက်ထပ်ရန်လက်ခံခဲ့ရသည်။
ထိုသို့ ဇာတ်လမ်းများက တကယ့်ကို မရှားပေ။
သူတို့က တော်ဝင်မိသားစုများနှင့် အထက်တန်းလွှာမိသားစုများဖြစ်ပါက ၎င်းက သာမန်သာဖြစ်လေသည်။
သင်မသန်မာသေးပါက ကိုယ့်ကြမ္မာကိုယ်ဖန်တီးလို့မရပေ။
လွတ်လပ်သော ချမ်းသာမှု့ဟု ပြော၍ရလေသည်။
၎င်းက ငွေအများကြီးရှာနိုင်သော်လည်း ရရှိနိုင်သည်မဟုတ်ပေ။
သင်ငွေကြေးအများကြီးရရှိပါက ဘယ်လောက်ရနိုင်မည်နည်း။
သင်မလုပ်ချင်သည့်အရာကို မလုပ်ချင်ဟုပြော၍ရအောင်များပြားသည်လား။
၎င်းကို လွတ်လပ်ခြင်းဟုခေါ်လေသည်။
ကံကောင်းသည်က
သူတို့က ထိုသို့လုပ်နိုင်သော အင်အားမရှိပေ။
ထို့ကြောင့် မိသားစု၏ အသုံးချခံပစ္စည်းတစ်ခုအဖြစ်သာ အသုံးချခံလိုက်သည်။
ယဲ့ချိုးပိုင်က ထိုသို့သံသယရှိနေသော်လည်း ဝင်မစွက်ဖက်ချင်ပေ။
၎င်းက သူများမိသားစုကိစ္စဖြစ်လေသည်။
ယဲ့ချိုးပိုင်က သူတို့နှင့် မရင်းနှီးပေ။ သူဘာကြောင့် ဂရုစိုက်ရမည်နည်း။
သိုသော် ထင်မှတ်မထားသည်က…
ရှောင်ဟေးက မကျင့်ကြံဘဲ ပျင်းရိနေလေသည်။
သူက ရိုးသားစွာမေးလိုက်သည်။ “အယ်၊ ခင်ဗျားတို့က တကယ်ဘဲ အဲ့လိုလုပ်ချင်ကြတာလား”
ယဲ့ချိုးပိုင်က သူ့မျက်နှာကို လက်ဖြင့်ကာလိုက်မိသည်။
ရှစ်ရှန်းလည်း ခေါင်းလွှဲထားလေသည်။
ဒီ ရှစ်ရှုံး (ရှစ်တိ) က တကယ်ရူးနေတာဘဲ။
ယန်ချီက ခါးသီးစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။ “ညီအကို ရှောင်ဟေး၊ မင်းမသိလို့ပါ။ ငါတို့ ယန်မိသားစုက လုံမိသားစုရဲ့ အကူညီကိုလိုအပ်နေတာ”
ရထားလုံးထဲရှိ မိန်းကလေးက လိုက်ကာစကိုတစ်ဖက်ဆွဲလိုက်ပြီး သေးသွယ်ချောမောလှသော မျက်နှာလေးကို ဖော်ထုတ်ပြလိုက်သည်။
သူမ၏ မျက်နှာလေးက ခေါင်းရန်းပန်းသဖွယ်စိုးရိမ်မှု့များနှင့် ပြည့်နက်နေလေသည်။
“ယန်မိသားစုရဲ့မျိုးဆက်တစ်ယောက်အနေနဲ့ မိသားစုဒုက္ခရောက်နေချိန်မှာ ကျွန်မလုပ်ပေးနိုင်တာ ဒါလေးဘဲရှိတာပါ”
ရှောင်ဟေးက ခေါင်းကုတ်ကာ စိတ်ရှုပ်ထွေးစွာပြောလေသည်။ “ဒါက မိသားစုကိစ္စဆိုရင် သူတို့ အားနည်းနေတုန်း ဘာလို့ မင်းကို စတေးရတာလဲ။ ယန်မိသားစုမှာ ယောက်ျားတွေမရှိတော့ဘူးလား”
ထိုအခိုက်တွင် ယဲ့ချိုးပိုင်က လုချန်ရှန်း၏ အတွေးများကို နားလည်သွားချေပြီ။
သူသည်လည်း ရှောင်ဟေးကို ကန်ထုတ်ချင်လာသည်။