စံအိမ်တော်မှ သုံးယောက်က ပြောင်ပြောင်တင်းတင်းပင်တိုက်ခိုက်နေသည်။
၎င်းက ယန်ချီ၊ ဟော်လင်းနှင့် ကြေးခွံချပ်ဝတ်ကြေးစားအဖွဲ့ကို မှင်သက်သွားစေသည်။
သူတို့ ၃ ယောက်က ဒီလောက် အစွမ်းထက်တာလား။
ယဲ့ချိုးပိုင်၏ ဓားဘိုးဘေး ဓားဆန္ဒ ဖြစ်စေ ထုတ်လွှတ်ထားသော ဓားနယ်မြေမှလွဲ၍ ဓားနယ်မြေမှာ ဆန္ဒနယ်မြေများစွာလည်းရှိလေသည်။
ရှစ်ရှန်းတွင် ထူးထဲ သိပ်သည်းလှသော ကြယ်စွမ်းအားများရှိ၏။
ကျောက်တုံးမှ မွေးဖွာလာသော ရှောင်ဟေးတွင် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားလည်းရှိလေသည်။
၎င်းက သူတို့ကို ခုခံရန်ခက်ခဲစေသည်။
ဟော်လင်းက ခါးသက်စွာပြုံးလေသည်။
ကြည့်ရသည်မှာ သူက မျက်နှာကို ပိတ်ရိုက်ခံလိုက်ရသလိုပင်။
အာကာသနတ်ဘုရားနယ်ပယ်အလယ်အလတ်အဆင့်ဖြစ်သော သူပင် ထိုတိုက်ခိုက်မှု့ကို ထိပ်တိုက်ရင်ဆိုင်နိုင်မည်မဟုတ်ပေ။
ဒီမကောင်းဆိုးဝါးတွေက ဘယ်ကရောက်လာကြတာလဲ။
တိမ်တိုက်မြို့တော်တွင် ထိုသို့လူမျိုးက ရှားပါးလေသည်။
ရှစ်ရှန်းက သူ့လက်ကို မြင့်မြင့််မြှောက်လိုက်လေသည်။
ကြယ်စွမ်းအားများက လျှင်မြန်သော အရှိုန်ဖြင့် သူ့လက်အပေါ်သို့ စုဝေးလာလေသည်။
အလွန်ကြီးမားသော ကြယ်အလင်းများက ရုပ်လုံးပေါ်လာဟန်ရ၏။
၎င်းက ကြယ်တစ်လုံးအဖြစ်ပြောင်းလဲသွားပြီး နောက်ထပ် သတ်ဖြတ်ခြင်းအစီအရင်ဆီသို့ တိုးဝင်သွားလေသည်။
ဥက္ကာခဲပျံတစ်ခုလိုပင်။
တစ်ဖက်တွင် ယဲ့ချိုးပိုင်က မဟူရာမိစ္ဆာဓားကို လက်တစ်ဖက်နဲ့ ကိုင်ထားလေသည်။
သူက ဓားကို လွဲမခုတ်စဉ်တွင် သူက ဓားပိုင်နက်ကို တိတ်တဆိတ် ထိန်းချုပ်နေခြင်းကြောင့် နေရာတိုင်းတွင်ရှိနေသော ဓားဘိုးဘေး ဓားဆန္ဒက စုဝေးလာကာ ဓားအကြီးကြီးတစ်ခုအဖြစ်ပြောင်းလဲသွားလေသည်။
ဓားရှည်က အနက်ရောင်အရှိုန်ဝါက ဖုံးလွှမ်းနေလေသည်။
ထိုအနက်ရောင်အရှိုန်အဝါများတွင် ရေခဲဆန္ဒနယ်ပယ်အယူအဆအနည်းငယ်ပါဝင်နေသည်။
ထို့နောက် သူက လက်ချောင်းများကို ဆန့်ထုတ်လိုက်လေသည်။
ကောင်းကင်ကိုးခု မိစ္ဆာဓားရှစ်ကွက်။
ဓားပိုက်နက်၏ စွမ်းအားများကို ချေးယူသုံးစွဲခြင်းဖြစ်လေသည်။
သူက ကောင်းကင်ကိုးခုမိစ္ဆာဓားမှ အသုံးပြုထားခြင်းဖြစ်သည်။
သူတို့နှစ်ယောက်တိုက်ခိုက်လိုက်ကာ သတ်ဖြတ်ခြင်းအစီအရင်နှစ်ခုက တစ်ချိန်တည်းမှာ ထိပ်တိုက်တွေ့ဆုံသွားကြလေသည်။
ထိုအခိုက်တွင် သတ်ဖြတ်ခြင်းအစီအရင်နှစ်ခုက ကြေကွဲသွားလေသည်။
ယန်ချီက ထိုမြင်ကွင်းကို မြင်သောအခါ သူက အနည်းငယ်ကြောင်အသွားသည်။
သတ်ဖြတ်ခြင်းအစီအရင်များ၏ တိုက်ခိုက်ခြင်းက သူနှင့် ဤနေရာတွင် ကျင့်ကြံခြင်းအမြင့်ဆုံးဖြစ်သည့်ကြေးခွံချပ်ဝတ်ကြေးစားအဖွဲ့၏ ခေါင်းဆောင် ဟော်လင်းသည်ပင် အသက်အန္တရာယ်ကင်းကင်းအောင် ခုခံနိုင်ရန် အာမခံနိုင်ပေ။
အစီအရင်ကိုဘယ်လိုဖျက်ဆီးရမည်ကိုပင် မတွေးထားခဲ့ဘူးပေ။
သို့သော်လည်း စံအိမ်တော်ကြေးစားအဖွဲ့၏ အဖွဲ့ဝင်သုံးဦးက သတ်ဖြတ်ခြင်းအစီအရင်ကို ခုခံနေလေသည်။
သူတို့က သတ်ဖြတ်ခြင်းအစီအရင်ကို တစ်ချက်တည်းဖြင့် ဖျက်ဆီးလိုက်နိုင်သည်။
သူက အရင်က အချိန်များကို ပြန်တွေးလိုက်လေသည်။
ထိုသူများက သူများပြဿနာဖြစ်နေချိန်တွင် အခွင့်ရေးယူကာ တာဝန်မှ ဆုလဒ်များကို ရချင်ခဲ့သည်ဟု ထင်ခဲ့မိသည်။
ထို့ပြင် သူက ယဲ့ချိုးပိုင်သည် အစွမ်းထက်သယောင်ဟန်ဆောင်ခဲ့သည်ဟုထင်ခဲ့လေသည်။
သူက အတော်ပင် အမြင်ကျဉ်းခဲ့လေသည်။
သို့သော်လည်း ကံကောင်းသည်က သူက ယဲ့ချိုးပိုင်၏ စကားများကို လုံးလုံးလစ်လျှုမရှုခဲ့ဘဲ ကြိုတင်ပြင်ဆင်ခဲ့မိ၏။
မဟုတ်ပါက အပျက်အဆီးများသည် သေချာပေါက်ဆိုးဝါးမည်ဖြစ်သည်။
ထိုအခိုက်တွင် ယန်ချီက ယဲ့ချိုးပိုင်အနီးသို့သွားကာ လေးနက်သောအမူအရာဖြင့်ပြောလိုက်လေသည်။ “မိတ်ဆွေလေးယဲ့၊ ကျုပ် ညီမလေးကို ကာကွယ်ပေးပါ”
ယဲ့ချိုးပိုင်က ယန်ချီကို ကြည့်လိုက်သည်။
“ဒါက ကျုပ်တို့ တာဝန်ဘဲလေ။ အစွမ်းကုန်ကြိုးစားပေးပါမယ်”
၎င်းကို ကြားသော် ယန်ချီက ခေါင်းညိမ့်လိုက်သည်။
တစ်ချိန်တည်းတွင် သူက သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။
သူ၏ သဘောထားကို ကျင့်ကြံခြင်းနိမ့်ပါးဟန်ရသော ထိုလူငယ်လေးက စိတ်ဆိုးသွားမည်ကို ကြောက်မိလေသည်။
လက်ရှိအခြေအနေကိုကြည့်ခြင်းဖြင့် စံအိမ်တော်ကြေးစားအဖွဲ့၏ သုံးယောက်က ဟော်လင်းထက်ပင် သန်မာပုံရလေသည်။
ထိုအခိုက်၊
တစ်ဖက်လူများက အစီအရင် ကျိုးပျက်သွားသည်ကို ဂရုစိုက်ဟန်မရပေ။
အနက်ရောင်ဝတ်စုံနှင့် လူ ၁၂ ဦးက မြောက်ဘက်နှင့် အရှေ့တောင်ဘက်က ပြေးဝင်လာကြသည်။
သူတို့က အလယ်ရှိ ရထားလုံးကို ဓားဖြင့် ခုတ်ပိုင်းလိုက်ကြသည်။
ထိုလူများက အာကာသနတ်ဘုရားနယ်ပယ် စဦးအဆင့််များဖြစ်ကြလေသည်။
သူတို့ထဲမှတစ်ဦးက အာကာသနတ်ဘုရားနယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်နေပြီဖြစ်၏။
ထိုသတ်ဖြတ်ခြင်းအစီအရင်များက ငါးစာသက်သက်သာ ဖြစ်ကြောင့် သိသာလေသည်။
အမှန်တော့ ၎င်းတို့က အာရုံလွဲခြင်းတစ်ခုပင်။ တစ်ဖက်လူက သတ်ဖြတ်ခြင်းအစီအရင်များကို ရင်ဆိုင်နေချိန်တွင် သူတို့က ပြစ်မှတ်ကို တိုက်ခိုက်မည်ဖြစ်လေသည်။
ထိုနေရာတွင် အာကာသနတ်ဘုရားနယ်ပယ် စဦးအဆင့် ၁၁ ဦးနှင့် အာကာသနတ်ဘုရားနယ်ပယ် အထွတ်အထိပ်အဆင့် ၁ ဦးရှိလေသည်။
ထိုအင်အားက ကန္တာရဒေသရှိ မည်သည့် အဖွဲ့အစည်းကို မဆို ချေမှုန်းလို့ရသည့် အနေအထားဖြစ်သည်။
ဟုတ်ပေသည်၊ စံအိမ်တော်တော့ ထိုထဲတွင် ပါမည်မဟုတ်ပေ။
သို့သော်လည်း သူတို့ ရထားလုံးဆီသို့ ပြေးဝင်သွားချိန်တွင် ယဲ့ချိုးပိုင်၊ ရှောင်ဟေးနှင့် ရှစ်ရှန်းတို့က မျက်စိတစ်မိတ်အတွင်း သူတို့ရှေ့သို့ ရောက်လာလေသည်။
လမ်းတစ်လျှောက်တွင် မလိုအပ်သည့် အရာများကို မလုပ်ခဲ့ပေ။
အနက်ရောင်ဝတ်စုံနှင့်လူ ၁၂ ယောက်က တစ်ပြိုင်နက်တိုက်ခိုက်လိုက်ကြသည်။
စိတ်ဝိဉာည်ချီအမျှင်တန်းများက သူတို့ ၃ ဦးဆီသို့ တိုးဝင်သွားလေသည်။
အလွန်တိတ်ဆိတ်သောညတွင် ဆူညံပွတ်လောရိုက်ကုန်သည်။
မှောင်မိုက်နေသောညတွင် နေ့အချိန်လိုဖြစ်နေလေသည်။
ယဲ့ချိုးပိုင်က သူထက် နယ်ပယ်မြင့်မားသော လူ ၁၂ ဦးကို ရင်ဆိုင်နေသည်။
သူက အထိတ်တလန့်ဖြစ်နေပုံမရ။
သူက အမူအရာက တည်ငြိမ်နေကာ ပုံမှန်အတိုင်းရှိနေ၏။
ယဲ့ချိုးပိုင်၏ မျက်လုံးထဲတွင် ကျင့်ကြံခြင်းနယ်ပယ်က ဘာမှ ထူးမခြားသည့်နှယ်ပင်။
သူက လက်တစ်ဖက်တွင် ဓားကို ကိုင်ကာ အခြားတစ်ဖက်တွင်တော့ စည်းတံဆိပ်တစ်ခုကို ဖော်နေသည်။
ဓားနယ်မြေထဲရှိ ဓားဘိုးဘေး ဓားဆန္ဒက စုဝေးလာကာ ဓားမြစ်အတွင်းသို့ ပေါင်းစည်းသွားလေသည်။
၎င်းတို့က ထိုသူများထံ တိုးဝင်သွား၏။
ရှစ်ရှန်းက ဧကရာဇ်မင်၏ မှော် ပုဆိန်ကို ဆွဲကိုင်ထားကာ လွဲရမ်းခုတ်ပိုင်းလိုက်လေသည်။
ထိုပြင်းထန်သော စွမ်းအားများကို ကြယ်စွမ်းအားများက တောက်ပံ့ပေးထား၏။
ထိုစွမ်းအားများက ကြောက်မက်ဖွယ်ကောင်းလေသည်။
တစ်ဖက်ရှိ ရှောင်ဟေးက ပို၍ ရိုးရှင်းကာ ရက်စက်၏။
သူက တစ်ဖက်အဖွဲ့၏ အာကာသနတ်ဘုရားနယ်ပယ် အထွတ်အထိပ်အဆင့်ကို တွေ့သွားပြီး မျဉ်းကြောင်းသုံးခုက ထွက်ပေါ်လာလေသည်။
မီးစွမ်းအား၊ ရေခဲစွမ်းအား၊ သတ်ဖြတ်ခြင်းဆန္ဒများဖြစ်ကြသည်။
ထိုအခိုက်တွင် ရှောင်ဟေး၏ လက်သီးတွင် တစ်ချိန်တည်းလာရောက်စုဝေးကြ၏။
မူလက ထိန်းထားခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများက ဤအချိန်တွင် ပေါက်ကွဲထွက်သွားသည်။
လက်သီးချက်ရောက်မလာခင် ဖြစ်ပေါ်လာလှိုင်းများက အာကာသနတ်ဘုရားနယ်ပယ် အထွတ်အထိပ်အဆင့်ကို တုန်လှုပ်သွားစေသည်။
တိမ်တိုက်မြို့ ကြေးစားအဖွဲ့မှာ ဘယ်တုန်းက ဒီလောက် ကြောက်ဖို့ကောင်းတဲ့ ခန္ဓာကိုယ်ကျင့်ကြံသူရှိသွားရတာလဲ။
သူဘာလို့ ဒီလူ့အကြောင်းတစ်ခါမှ မကြားဖူးရတာလဲ။
တွေးနေရန် အချိန်မရှိပေ။
အနက်ဝတ်နှင့် လူက ရက်စက်ကြမ်းကြုတ်သော အမူအရာနှင့် အစိမ်းရောင်အလင်းများ တောက်ပနေသော စည်းတံဆိပ်တစ်ခုကို ထုတ်ဖော်လိုက်လေသည်။
သူက ရှောင်ဟေး၏ လက်သီးချက်ကို ခုခံချင်၏။
သို့သော် ရှောင်ဟေး၏ လက်သီးချက်က အာကာသနတ်ဘုရားနယ်ပယ် အထွတ်အထိပ်အဆင့်တစ်ယောက်က ခုခံနိုင်သည့် အရာမျိုးမဟုတ်ပေ။
ချက်ချင်းဆိုသလိုပင် လူတိုင်း၏ ထိတ်လန့်နေသော အကြည့်များ အောက်တွင် အစိမ်းရောင်အလင်းက ကြေမွ ပျက်ဆီးသွားလေသည်။
အရှိုန်က နှေးမသွားသလို ရှောင်ဟေးသည်လည်း မရပ်တန့်ပေ။
ကြောက်မက်ဖွယ် ခွန်အားက လေထုကို ထိုခွဲသွားလေသည်။
လက်သီးချက်က အနက်ဝတ်လူ၏ မျက်နှာပေါ်သို့ ပြင်းထန်စွာ ကျရောက်သွား၏။
ထိုအခိုက် သူ၏ စိတ်ထဲတွင် ဗလာကျင်းနေပြီး နာကျင်မှုနှင့် ဘာအာရုံကို မှမခံစားနိုင်တော့ပေ။
သူ့မျက်နှာက ရှောင်ဟေး၏ လက်သီးနှင့် ကပ်နေသည်။
ရှောင်ဟေးက အော်ဟစ်လိုက်သည်။
မူလက သာမန်လက်သီးချက်တစ်ခုပင်။
သူက အနက်ဝတ်လူကို ဆွဲခေါ်လာကာ မြေပြင်ပေါ်သို့ ကိုင်ပေါက်ချလိုက်သည်။
ဝုန်း။
ထိုအခါ တောင်ကြားရှိ မြေပြင်က အက်ကြောင်းများဖြစ်ပေါ်လာလေသည်။
မရေတွက်နိုင်သောအက်ကြောင်းများက ပြန့်ကားလာကာ ဘေးပတ်ဝန်းကျင်ကို ပြိုကျသွားစေသည်။
ဖုန်မှုန့်များက နေရာတိုင်းတွင်ရှိနေကာ သစ်ပင်များက တစ်ပင်ပြီး တစ်ပင် လဲကျကုန်သည်။
အာကာသနတ်ဘုရာနယ်ပယ် အထွတ်အထိပ်အဆင့်၏ ဦးခေါင်းကမှု မြေကြီးထဲတွင် နက်ရှိုင်းစွာ နှစ်မြှုပ်နေ၏။ သူ၏ ခန္ဓာကိုယ်က အပြင်ဘက်တွင်ရှိနေသည်။ အရိုးမရှိသလိုပင် လည်ပင်းမှ ၉၀ ဒီဂရီ စောင်းကာနေသည်။
သူက အသက်ရှိတော့ဟန်မရပေ။
တစ်ဖက်တွင် ဧကရာဇ်မင်၏ ပုဆိန်ကို ဆွဲကိုင်ထားသော ရှစ်ရှန်းသည် ပုဆိန်ကို လွဲခုတ်လိုက်ကာ ကြယ်စွမ်းအားများက ထွက်ပေါ်လာလေသည်။
အာကာသနတ်ဘုရားနယ်ကျင့်ကြံသူ ၄ ဦးက လွင့်ထွက်သွားလေသည်။
လုံဝခုခံနိုင်ရန် အခွင့်ရေးမရှိပေ။
ညအချိန်ဖြစ်သည်။
ကြယ်စွမ်းအားများကို ပိုင်ဆိုင်ထားသော ရှစ်ရှန်းက ဤတိုက်ပွဲတွင် စိုးမိုးထားလေသည်။
အာကာသနတ်ဘုရားနယ်ပယ် စဦးအဆင့်ဖြင့် လူလေးဦးကို သတ်နိုင်သည့်က စကားထဲ ထည့်ပြောစရာမလိုပေ။
တစ်ဖက်တွင် ယဲ့ချိုးပိုင်က လက်တစ်ဖက်တည်းဖြင့် စည်းတံဆိပ်ကို ပြုလုပ်ပြီးသွားပြီဖြစ်သည်။
ဓားဘိုးဘေး ဓားဆန္ဒများပါဝင်သော ဓားမြစ်ကြီးတစ်ဖြစ်ပေါ်လာလေသည်။
ချက်ချင်းဆိုသလိုပင် ၎င်းဓားမြစ်ကြီးက လူခုနှစ်ဦးဆီ တိုးဝင်သွား၏။
ထိုခုနှစ်ယောက် ခုခံချင်သော်လည်း မတက်နိုင်ပေ။
သူတို့က ဓားမြစ်နှင့်အတူ မျောပါသွားတော့သည်။
မည်သည့်တိုက်ခိုက်မှု့ကမှ ဓားမြစ်ကို ချိုးဖြတ်မနိုင်ပေ။
သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးကို ထိုးဖောက်ဝင်ရောက်လာသော ဓားဆန္ဒများကိုသာ အကူညီမဲ့စွာဖြင့်သာ ကြည့်နေနိုင်တော့သည်။
၁၂ ယောက်သော အနက်ဝတ်လူများက အသက်ဆယ်ရှိုက်အကြာတွေ သေဆုံးသွားကြသည်။
အစီအစဉ်က မဆိုးပေ။
ကံမကောင်းစွာဖြင့် သူတို့က လုံလောက်အောင် မသန်မာချေ။
အခန်း (၂၇၇)
အစီအစဉ်ကောင်းဘဲ ဒါပေမဲ့ လုံလောက်အောင် မသန်မာသေးဘူး။
? Views, on July 12, 2024