ယန်မိသားစု၏ ယာယီစခန်းနှင့် မိုင်ငါးရာကျော်ကွာဝေးသောနေရာတွင် အနက်ရောင်ဝတ်လူဆယ်ဦးရှိနေ၏။
သူတို့က အမှောင်ထုနှင့် တသားတည်းဖြစ်နေကြသည်။
သာမန်မျက်စိနှင့်ကြည့်လျှင် ထိုသူများကို မြင်နိုင်မည်မဟုတ်ပေ။
သူတို့၏ ဝတ်ရုံနက်များပင်လျှင် ဖုံးကွယ်အစီအရင်ဖြင့် အားဖြည့်ထားလေသည်။
သာမန်လူများက ဘယ်လိုမှ ရှာတွေ့နိုင်မည်မထင်။
ထပ်ပေါင်းပြောရလျှင် သူတို့တည်ရှိသည့်နေရာက ယန်မိသားစု၏ ယာယီစခန်းနှင့် လွန်စွာဝေးကွာလေသည်။
ထို့ကြောင့် ယဲ့ချိုးပိုင်နှင့်အခြားသူများက သူတို့မှု့ကို သတိထားမိရန်မှာ မဖြစ်နိုင်ပေ။
သူတို့က ကောင်းစွာ ပြင်ဆင်လာခဲ့၏။
သူတို့အတွက် ထိုသို့လုပ်သည်မှာ ပထမဆုံးအကြိမ် မဟုတ်မှန်း သိသာသည်။
သူတို့ထဲမှ တစ်ဦးက ပြော၏ “ဆရာ၊ ဘာလို့ ကျွန်တော်တို့က သတိထားနေရတာလဲ။ တစ်ဖက်မှာ အာကာသနတ်ဘုရားနယ်ပယ် အထွတ်အထိပ်အဆင့်တောင်မရှိတာကို။ ဒီအတိုင်းသွားသတ်လိုက်လို့မရဘူးလား”
ခေါင်းဆောင်ဖြစ်သူက ခေါင်းခါကာ ပြော၏။ “သတင်းတွေအရတော့ ကြေးခွံချပ်ဝတ်ကြေးစားအဖွဲ့က ယန်မိသားစုကို စောင့်ကြပ်ပေးဖို့တာဝန်ကို လက်ခံခဲ့တယ်တဲ့”
“တစ်ခြားလူတွေက အဆင်ပြေတယ်။ ဟော်လင်းက အာကာသနတ်ဘုရားနယ်ပယ် အလယ်အလတ်အဆင့်မှာ ပြီးတော့ အတွေ့အကြုံများကြီးရှိတယ်”
“ဒီကိစ္စက မိသားစုခေါင်းဆောင်အတွက် အရမ်းအရေးကြီးတယ်။ ဒါကြောင့် ပေါ့ပေါ့တန်တန်လုပ်လို့မရဘူး”
ထိုအခိုက် အနက်ရောင်ဝတ်ရုံနှင့်လူနှစ်ဦးက သူ့ရှေ့တွင်ပေါ်လာ၏။
သူက ခေါင်းဆောင်ရှေ့သို့ လျှောက်လာကည ပြောလိုက်သည်။ “ဆရာရဲ့ ညွန်ကြားချက်အတိုင်း ကျွန်တော် အကုန်လုပ်ခဲ့ပြီးပါပြီ”
ခေါင်းဆောင်ဖြစ်သူက ခေါင်းညိမ့်၏။
“ကောင်းပြီ။ ကြေးခွံချပ်ဝတ်ကြေးစားအဖွဲ့က ကင်းသမားနှစ်ယောက်ကို ရှောင်ပြီး သွားကြမယ်”
တစ်ယောက် နားမလည်နိုင်စွာမေး၏။ “သူတို့ကို ရှင်းထုတ်ပြစ်လိုက်လို့မရဘူးလား။ သူ့တို့ရဲ့ ကျင့်ကြံခြင်းကလည်း မမြင့်ဘူးလေ”
ခေါင်းဆောင်က ခေါင်းခါကာပြော၏။ “သူတို့ကို ရှင်းထုတ်ပြစ်လိုက်ရင် ငါတို့တည်ရှိနေတာကို ဖော်ပြသလိုဖြစ်သွားလိမ့်မယ်”
“သူတို့နဲ့ ဟော်လင်းက အဆက်သွယ်ရှိတယ်။ ရုတ်တရက် အဆက်သွယ်ပျက်သွားရင် တဖက်လူက သေချာပေါက် သတိထားနေတော့မှာ။ အကျိုးအမြတ်ထဲမှာ အရှုံးတွေရှိနေတက်တယ်”
ထိုသူက နားလည်သွားဟန်ဖြင့် ခေါင်းညိမ့်၏။
လုချန်ရှန်းသာ သူပြောသည့်စကားကိုကြားပါက သေချာပေါက် ထိုသူကို ကျွမ်းကျင်သူဟုခေါ်လိမ့်မည်ပင်။
ကြိုတင်ပြင်ဆင်ခြင်း။
သူတကယ်လုံလောက်သည်လား။
ဦးနောက်မရှိသည့်လူရိုင်းများနှင့်စာလျှင် သူက အဆပေါင်းများစွာသန်မာ၏။
ကံကောင်းသည်က သူ့ခွန်အားသည့် အနည်းငယ် ချို့တဲ့နေခဲ့သည်။
အခြားအဖွဲ့အစည်းများက ကျွမ်းကျင်သူများကို မစည်းရုံးချင်သည်မဟုတ်။
ကျွမ်းကျင်သူများကို ငှားရမ်းလိုက်ပါက ယန်မိသားစု၏ အမြင့်ပိုင်းအကြီးအကဲများက သေချာပေါက်သိရှိသွားလိမ့်မည်ပင်။
တစ်ချိန်တည်းမှာ ဉာဏ်အလင်း နဂါးမြို့မှ မြို့အရှင်၏ အိမ်တော်မှလည်း သူတို့ကိုစောင့်ကြည့်နေလေသည်။
မည်သို့ဆိုစေကာမူ ၎င်းက ဉာဏ်အလင်းနဂါးမြို့အရှင်အိမ်တော်နှင့် မဟာမိတ်လက်ထပ်ပွဲပင်ဖြစ်သည်။
သူတို့က ဤလျို့ဝှက်စွာ ဟန့်တားသည့် နောက်ကွယ်က သူကို သိပါလျှင်…
ဖြစ်နိုင်သည်ကတော့ သူတို့၏ ဂုဏ်သတင်းအတွက်တင်မဟုတ်ပါက နောက်ကွယ်ကလူများကို သုတ်သင်ရန် စဥ်းစားကြလိမ့်မည်။
သံသယမရှိစွာပင်။
ဉာဏ်အလင်းနဂါးမြို့တော်က နယ်စပ်မြို့များတွင် အသန်မာဆုံးသော မြို့များမှ တစ်ခုဖြစ်လေသည်။
မြို့အရှင်အိမ်တော်၏ ခွန်အားက နောက်ကွယ်ကလူထက်ပင် သန်မာ၏။
ထို့ကြောင့် ထိုကိစ္စကို လျှပ်စီးအလျှင်နှင့် ပြုလုပ်မှရပေမည်။
သူတို့က တိတ်တဆိတ်ဖြင့် အလျှင်အမြန် သတ်ဖြတ်ရမည်ဖြစ်၏။
၎င်းကသာ တစ်ဖက်လူ၏ ရှာတွေ့ခြင်းကို ရှောင်လွှဲနိုင်မည်ဖြစ်သည်။
“ကောင်းပြီ နိုးနိုးကြားကြားနေကြ။ တဖက်လူရဲ့ အစီအရင်ထဲရောက်မသွားအောင် ဂရုစိုက်။ ကဲ့ သွားကြမယ်”
လူဆယ့်နှစ်ဦးက အမှောင်ထုကို အမှီပြုကာ ညနက်ထဲတွင် ပျောက်ကွယ်သွားကြတော့သည်။
ယန်မိသားစု ယာယီစခန်းတွင်။
ဟော်လင်းက အသံပို့ကျောက်စိမ်းပြားကို ကိုင်ထားကာ မူမမှန်သည်များရှိလားဟု မေးမြန်းနေသည်။
ယဲ့ချိုးပိုင်၏စကားများကို သံသယရှိသော်လည်း သူက ကြေးစားတစ်ဦးဖြစ်ကာ အတိမ်းအစောင်းမခံနိုင်သောအချိန်ဖြစ်နေလေသည်။
အကုန်လုံးက ဤတာဝန်အပေါ်တွင် အခြေခံနေလေသည်။
ထို့ကြောင့် သူက ပို၍ သတိထားရန်လိုအပ်၏။
ယန်ချီလည်း ဘေးပတ်ဝန်းကျင်ကို စောင့်ကြပ်ရန် အစောင့်များကို ညွန်ကြားလိုက်သည်။
ဤအဆင့်သို့ရောက်နေသော ကျင့်ကြံသူများလောက် သူတို့ကမသန်မာသော်လည်း အနည်းဆုံးတော့ သူက မတွေးတောဘဲ ပြောတက်သူတော့မဟုတ်လောက်ပေ။ ယန်ချီက ရထားလုံးဆီသွားကာ အတွင်းမှ မိန်းကလေးကို ပြောလိုက်လေသည်။ “ညီမလေး၊ တခုခုဖြစ်ရင် ထွက်မလာခဲ့နဲ့။ ရထားလုံးထဲမှာဘဲနေ”
“ရန်သူတွေ့လို့လား အကိုကြီး”
ယန်ချီက ခေါင်းခါကာ ပြောလိုက်လေသည်။ “မူမမှန်တာ ဘာမှတော့ မတွေ့ဘူး။ ဒါကို စံအိမ်တော်ကြေးစားအဖွဲ့ကလူတွေ ပြောတာ”
“ငါက နည်းနည်းတော့ သံသယရှိပေမဲ့ ပေါ့ပေါ့တန်တန်နေလို့မဖြစ်ဘူး။ ဂရုစိုက်ရတယ်”
ထိုအခိုက်တွင် ယဲ့ချိုးပိုင်တို့က စိတ်ဝိဉာဏ်ချီများကို ထုတ်လွှတ်ကာ တိုက်ခိုက်ရန်ရန် အချိန်မရွေးပြင်ဆင်ထားလေသည်။
ဓားပိုင်နက်အကျယ်အဝန်းကို တိတ်တဆိတ် ဖြန့်ကျဲထားလေသည်။
ရှောင်ဟေးလည်း မျက်မှောင်ကြုတ်ကာ လေထဲရှိ သတ်ဖြတ်ခြင်းဆန္ဒများကို အာရုံခံနေသည်။
ရှစ်ရှန်းကလည်း ကြယ်စွမ်းအားများကို ထုတ်ဖော်ထား၏။
၎င်းစွမ်းအားများက ကောင်းကင်ရှိ ကြယ်များဖြင့် ချိတ်ဆက်သွားသည်။
ညက နက်သထက် နက်လာလေသည်။
၎င်းက အလွန်မူမမှန်ဖြစ်နေကာ လေထဲရှိ သစ်ရွက်ပွတ်တိုက်သံများသာ ကြားနေရသည်။
ထို့ပြင် မီးတောက်များတစ်ဖျစ်ဖျစ်မြည်နေသောအသံများလည်းရှိနေ၏။
ထိုအသံများမှလွဲ၍ မည်သည့်လှုပ်ရှားမှု့ကိုမှ မတွေ့ရပေ။
အချိန်က တဖြေးဖြေးချင်း ကုန်ဆုံးလာသည်။
အမွေးတိုင်တစ်တိုင်ခန့်အကြာတွင်…
ရှစ်ရှန်း၊ ရှောင်ဟေးနှင့် ယဲ့ချိုးပိုင်တို့က ပတ်ဝန်းကျင်ကို တစ်ပြိုင်တည်း လိုက်ကြည့်လိုက်၏။
“လာနေပြီ”
“ရှစ်ရှုံး၊ သတ်ဖြတ်ခြင်းဆန္ဒတွေက နီးသထက်နီးလာပြီ”
“အနက်ရှောင်ဝတ်လူဆယ်ဦးက ဒီဘက်ကို ပြေးလာနေတယ်”
ရှင်းလင်းစွာပင် သူတို့သုံးယောက်က တစ်ပြိုင်တည်းရန်သူ၏ တည်ရှိမှု့ကို ရှာတွေ့လိုက်ကြသည်။
ယဲ့ချိုးပိုင်တို့က အသံကို နှိမ့်၍မပြောပေ။
ယန်ချီနှင့် ဟော်လင်းတို့က ရှင်းလင်းစွာ ကြားလိုက်ရသည်။
ဟော်လင်းက သူတို့သုံးယောက်ကြည့်နေသော နေရာကို လိုက်ကြည့်ရာ ဘာကိုမှရှာမတွေ့ပေ။
ဟော်လင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “ကောင်းယွင်၊ တောက်ပေး၊ မြောက်ဘက်နဲ့ အရှေ့တောင်ဘက်ကို အာရုံစိုက်ပြီး စစ်ဆေးပါ”
ယန်ချီလည်း အစောင့်များကို တိုက်ခိုက်ရန် အသင့်ထားခိုင်းလိုက်သည်။
သူလည်း စိတ်ဝိဉာည်ချီများကို ထုတ်လွှတ်ထားလေသည်။
သူက တိုက်ခိုက်ရန် အသင့်ပြင်ထားလေသည်။
သို့သော်လည်း ခဏအကြာအထိ ဘာလုပ်ရှားမှု့မှမရှိသေးပေ။
၎င်းကြောင့် ယန်ချီကို သံသယများပိုဝင်လာစေသည်။ ယဲ့ချိုးပိုင်က သူတို့ကို နှောက်ယှက်နေခြင်းပင်လော။က
သူကက လျှောက်လာကာ အသံတိုးတိုးဖြင့်မေးလိုက်သည်။ “တစ်ယောက်ယောက်ရှိနေတာသေချာလား”
ယဲ့ချိုးပိုင်က သူ့ကိုကြည့်ကာ ခေါင်းညိမ့်လိုက်သည်။
“ဒါဆို ဘာလို့ပေါ်မလာသေးတာလဲ”
သို့သော်လည်း ထိုစကားများကို ပြောပြီးနောက်တွင်။
ဘေးပတ်ဝန်းကျင်တွင် အစီအရင်အရှိုန်အဝါများ မြင့်တက်လာသည်။
သတ်ဖြတ်ခြင်းအစီအရင်သုံးခုဖြစ်၏။
တစ်ချိန်တည်းမှာ ထိုအစီအရင်များက အစောင့်များဆီသို့ တိုးဝင်လာ၏။
ဟော်လင်းနှင့် ကြေးခွံချပ်ဝတ်ကြေးစားအဖွဲ့က လူများက တခဏကြာ ကြောင်အနေပြီးမှ သူတို့ဧ ကျင့်ကြံခြင်းများကို ထုတ်လွှတ်လိုက်လေသည်။
သူတို့က သတ်ဖြတ်ခြင်းအစီအရင်မှ တိုက်ခိုရ်က်ခြင်းများကို စတင်၍ ခုခံတော့လေသည်။
ယန်ချီ၏ အမူအရာကလည်း ချက်ချင်းဆိုသလို ပြောင်းလဲသွားပြီး ဒေါသတကြီးနှင့် အော်ဟစ်လိုက်၏။ “သခင်မလေးကို ကာကွယ်ကြ”
သို့သော်လည်း သူ့စကားမဆုံးခင် သတ်ဖြတ်ခြင်းအစီအရင်က ယန်မိသားစု၏အစောင့်များအားလုံးကို သတ်ဖြတ်လိုက်လေသည်။
ကြေးခွံချပ်ဝတ်ကြေးစားအဖွဲ့မှ လူနှစ်ဦးပင် အချိန်မှီခုခံကာကွယ်နိုင်ဘဲ ဒဏ်ရာများဖြင့် မြေပြင်ပေါ်လဲကျကုန်၏။
ယဲ့ချိုးပိုင်က ချက်ချင်း ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။
ဓားနယ်ပယ်ကို တိတ်တဆိတ် ထုတ်မလွှတ်တော့ဘဲ တိုက်ရိုက်ပင် ထုတ်ဖော်လိုက်၏။
ဓားဘိုးဘေးဓားဆန္ဒက လေထုထဲတွင် ပြည့်နက်သွားလေသည်။
၎င်းက သတ်ဖြတ်ခြင်းအစီအရင်မှ တိုက်ခိုက်မှု့များနှင့် တွေ့ဆုံသွား၏။
ထိုမြင်ကွင်းက ဟော်လင်း၊ ယန်ချီတို့ကို ထိတ်လန့်သွားစေသည်။
ဓားဘိုးဘေးနယ်ပယ်။
သူတို့နှိမ့်ချစွာကြည့်ခဲ့သော ချန်းယွမ်နယ်ပယ်မှ အငယ်တစ်ဦးက အမှန်ပင် ဓားဘိုးဘေးနယ်ပယ်လား။
ဓားဘိုးဘေးနယ်ပယ်က အကန့်သတ်မဲ့ကမ္ဘာတွင် မရှားပါးသော်လည်း သူက အလွန်ငယ်ရွယ်နေသော်လည်း ချန်းယွမ်နယ်ပယ်ကဖြစ်နေသည်လော။
သူ၏ ဓားတာအို ပါရမီကို တွေးကြည့်နိုင်လေသည်။
တစ်ချိန်တည်းမှာ ရှစ်ရှန်းကိုယ်မှ ကြယ်စွမ်းအားများက ထိုးထွက်လာလေသည်။
ရုတ်ချည်းပင် လေထုထဲ၌ ကြယ်အလင်းများတောက်ပလာလေသည်။
ကြယ်အလင်းများတောက်ပလာသည်နှင့် ၎င်းတို့က အလွန်အမင်းလေးလံလာသည်။
ရှောင်ဟေး၏ ခန္ဒာကိုယ်တွင် မျဉ်းကြောင်းသုံးခုလင်းလက်လာသည်။
သူက ရှေ့တိုးလိုက်၏။
ကမ္ဘာဦးသားရဲတစ်ကောင်လိုပင် စခန်းနှင့်အနီးဆုံး သတ်ဖြတ်ခြင်းအစီအရင်ရှိရာသို့ ပြေးဝင်သွားသည်။
သူက လေထုတုန်ခါသွားစေမည့် လက်သီးချက်တစ်ခုကို ပြစ်သွင်းလိုက်သည်။
ဘေးပတ်ဝန်းကျင်ရှိ မြေပြင်နှင့် သစ်ပင်များက အစိတ်စိတ်အမွှာမွာဖြစ်ကုန်သည်။
ထိုလက်သီးချက်ကြောင့် ကျယ်လောင်သော အသံကြီးတစ်ခုကို ဖြစ်ပေါ်စေ၏။
သတ်ဖြတ်ခြင်းအစီအရင်က အမှန်ပင် ပျက်ဆီးသွားလေသည်။