Switch Mode

အခန်း (၂၇၅)

မှောင်မိုက်လေထန်သောည။

နယ်နမိတ် တောင်တန်း။
အကန့်သတ်မဲ့ကမ္ဘာ၏ နယ်စပ်တွင်။
နယ်နမိတ်တောင်တန်း၏အပြင်ဘက်တွင် သက်ရှိများအတွက် မရေတွက်နိုင်သော တားမြစ်နယ်မြေများရှိလေသည်။
တစ်ချိန်းတည်းမှာ အကန့်သတ်မဲ့မင်းဆက်သည်လည်း ကျင့်ကြံသူများကို တောင်တန်းများအား ဖြတ်ကျော်ခြင်းမပြုရန် တင်းကျပ်စွာ တားမြစ်ထားလေသည်။
ထို့ကြောင့် သာမန်လူများက နယ်နမိတ်တောင်တန်းများ၏ အပြင်ဘက်တွင် မည်သည့်အရာများရှိသည်ကို မသိရှိကြပေ။
နှစ်ထောင်ပေါင်းများစွာက ပထမတန်းစားဂိုဏ်းတစ်ခုက နယ်နမိတ်တောင်တန်းအပြင်ဘက်တွင် ရတနာများစွာရှိသည်ဟု ယုံကြည်ခဲ့လေသည်။
အကန့်သတ်မဲ့မင်းဆက်က ထိုရတနာများကို လက်ဝါးကြီးအုပ်ချင်သောကြောင့် အခြားသူများကို တာမြစ်ထားခြင်းဖြစ်ရမည်ဟု ထင်ခဲ့ကြသည်။
သို့သော်လည်း ထိုပထမတန်းစားဂိုဏ်းက နယ်နမိတ်တောင်တန်းကို ဖြတ်ကျော်သွားပြီးနောက် မည်သူကမှ ပြန်မလာခဲ့ပေ။
တစ်ချိန်တည်းမှာပင် ထိုဂိုဏ်းသည် ထိုသို့ဖြင့် ပျက်ဆီးသွားရပေသည်။
မည်သူကမှ ဘာဖြစ်သွားမှန်း မသိလိုက်ကြပေ။
 သို့သော်လည်း ထိုကိစ္စကြောင့်ပင် နယ်နမိတ်တောင်တန်းအပြင်ဘက်တွင် မည်သည့်အရာများရှိကြောင်း ဘယ်သူကမှ မတွေးရဲတော့ပေ။
ခွေး၏အသက်လည်း အရေးကြီးပေသည်။
ညအချိန်က ကျရောက်လာလေပြီ။
ယန်မိသားစုဝင်များက နယ်နမိတ်တောင်ကြားတွင် အနားယူနေကြပြီဖြစ်လေသည်။
သူတို့က နောက်တစ်ရက်မှ ထွက်ခွာမည်ဖြစ်လေသည်။
မီးမွေးပြီးနောက် ယန်မိသားစု အစောင့်များက အခြားမိသားစုများ ခြုံခိုတိုက်ခိုက်ခြင်းမှ ကာကွယ်နိုင်ရန် အနီးတဝိုက်တွင် ဖြန့်ကျက်စောင့်ကြပ်နေ၏။
ဟော်လင်းက အခြား ကြေးခွံချပ်ဝတ်အဖွဲ့သား ၅ ဦးကို တာဝန်အသီးသီးခွဲဝေပေးနေလေသည်။
“ကောင်းယွင်၊ မင်းရဲ့ လှုပ်ရှားမှု့နည်းစနစ်က အသွက်ဆုံးဘဲ၊ ချိုမ့်ဝှမ်းပတ်ပတ်လည်ကို သွားထောက်လှမ်းထား”
“တောက်ပေ့၊ ဒီနေရာမှာ အစီအရင်အချို့ တပ်ဆင်ထားလိုက်”
“ပြီးတော့ မင်း…”
ကြေးစားတစ်ဦးအနေနှင့် သူက တာဝန်ကို လက်ခံလိုက်သည်နှင့် ပြီးဆုံးအောင် အစွမ်းကုန်ဆောင်ရွက်ရပေမည်။
ကြေးစားအဖွဲ့အနေနှင့်ဆိုလည်း ဟော်လင်းက အလွန်ပညာရှင်ပီသသည်။
ထိရောက်သည်ဖြစ်စေ မထိရောက်သည်ဖြစ်စေ ၎င်းက အခြားကိစ္စဖြစ်သွားပေသည်။
ယန်ချီက ၎င်းတို့ကို မြင်သော် သူက မနေနိုင်ဘဲ ခေါင်းညိမ့်လိုက်၏။ သူက ရထားလုံးကို မှီကာ ပြုံး၍ ပြောလိုက်သည်။ “ဟော်လင်းတို့က အားကိုးရတယ်။ ကြေးခွံချပ်ဝတ်အဖွဲ့ကို ဒီတာဝန်ပေးလိုက်တာ မှန်သွားတယ်။ နောက်ကျရင် သူတို့နဲ့ဘဲ အလုပ်လုပ်ရတယ်”
“ညီမလေး၊ နင်လည်း နားသင့်တယ်” သာယာနာပျော်ဖွယ်အသံတစ်ခုက ရထားလုံးအတွင်းမှ ထွက်ပေါ်လာသည်။
“အကိုကြီး၊ ညီမကလည်း သိုင်းကျင့်ကြံသူဘဲလေ။ အားမနည်းပါဘူး”
“စံအိမ်တော်ကြေးစားအဖွဲ့ကရော ဘယ်လိုလဲ။ ဘာလို့ သူတို့ကိုကျတော့ မပြောတာလဲ”
စံအိမ်တော်ကြေးစားအဖွဲ့ဆိုပြောမှ ယန်ချီက ယဲ့ချိုးပိုင်တို့ရှိရာသို့ လှမ်းကြည့်လိုက်လေသည်။
ချက်ချင်းဆိုသလို သူက ဒေါသထွက်သွား၏။
ယဲ့ချိုးပိုင်နှင့် အခြားနှစ်ဦးက မျက်လုံးများပိတ်ကာ ကျင့်ကြံနေကြလေသည်။
သူတို့က ကာကွယ်ဖို့ ရည်ရွယ်ချက်လုံးဝမရှိပေ။
ယန်ချီက ဒေါသထွက်နေသော အမူအရာနှင့် အော်ဟစ်လိုက်လေသည်။ “မင်းတို့ ဘာလုပ်နေတာလဲ”
“မင်းတို့ တာဝန်ကို မေ့နေကြတာလား”
ယဲ့ချိုးပိုင်က မျက်လုံးမဖွင့်ဘဲ ထူးမခြားနားစွာပြောလိုက်လေသည်။ “စိတ်မပူပါနဲ့။ ပတ်ဝန်းကျင်မှာ တစ်ခုခုလှုပ်လှုပ်ရှားရှားဖြစ်တာနဲ့ ကျုပ်အရင်သိမှာပါ”
ဟုတ်ပေသည်၊ ယဲ့ချိုးပိုင်ပင် ချက်ချင်းသတိမထားမိပါက ဤနေရာရှိ လူများလည်း သိနိုင်မည်မဟုတ်ပေ။
သို့သော်လည်း ယဲ့ချိုးပိုင်က ထုတ်မပြောပေ။
ဟော်လင်းက ယဲ့ချိုးပိုင်၏စကားကို အရှင်းအလင်းကြီးကြားလိုက်ရလေသည်။
သူက မျက်မှောင်ကြုတ်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “ကောင်လေး၊ ငါတို့က သက်သောင့်သက်သာဖြစ်ဖို့ အနားပတ်ဝန်းကျင်ကို သေချာစီမံနေပေမဲ့လည်း မင်းတို့က အေးအေးဆေးဆေးကျင့်ကြံနေနိုင်တာလဲ”
ယဲ့ချိုးပိုင်က ပြန်မဖြေပေ။
ထိုသုံးဦး၏ ခေါင်းမာပုံကို ကြည့်ကာ ယန်ချီက သူ့အင်္ကျီလက်အိုးကို ဝှေ့ရမ်းကာ ဒေါသတကြီး နှာမှုတ်လိုက်လေသည်။ “မင်းတို့ ပိုက်ဆံရဖို့တော့ မျှော်လင့်မနေနဲ့တော့”
“အချိန်တစ်ခုရောက်ရင် ကြေးစားအစည်းအရုံးကို သတင်းပို့မယ်။ မင်းတို့ အထုတ်ခံထားဖို့သာ ပြင်ထားပေတော့”
ယဲ့ချိုးပိုင်က အကူညီမဲ့သလိုဖြစ်သွားသည်။
သူက ဘာလို့ မယုံကြည်ရတာလဲ။
သို့သော်လည်း ၎င်းကို နားလည်လေသည်။
သူတို့က ချင်းယွမ်နယ်ပယ်အထွတ်အထိပ်အဆင့်ခွန်အားကိုသာ ထုတ်ဖော်ပြထားခြင်းဖြစ်လေသည်။
သူ့စကားကို သာမန်အားဖြင့် မယုံကြည်နိုင်သည်မှာ ထင်ရှားလေသည်။
ဤကမ္ဘာကြီးသည် ခွန်အားကြီးသူများသာ လေးစားခံရသော ကမ္ဘာတစ်ခုဖြစ်သည်။
သန်မာသူများသာ အခြားသူများကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။
နယ်နိမိတ်တောင်တန်းမှာ ညဘက်တွင် လွန်စွာတိတ်ဆိတ်နေသည်။
အင်းစက်များက ပတ်ဝန်းကျင်တွင် အော်မြည်နေကာ လေပြေလေညင်းများက ရံဖန်ရံခါတိုက်ခတ်လိုက်သောအခါ သစ်ရွက်များက ကြွေကျလာတက်သည်။
ယန်မိသားစု စခန်းချရာနေရာတွင် မီးတောက်တစ်ခုကသာ ထိုနေရာကို အလင်းပေးနေသော  တစ်ခုတည်းသောအလင်းရောင်ဖြစ်သည်။
မီးတောက်များလေထဲဝှေ့ရမ်းနေသည်က အလွန်လှပသော မြင်ကွင်းတစ်ခုကို ဖြစ်စေခဲ့သည်။
သစ်ပင်မီးဆွဲနေသည့်အသံများလည်း ထွက်ပေါ်နေသည်။
ရှဲ။
ရံဖန်ရံခါတွင် မီးပွားလွင့်စင်သံများလဲထွက်ပေါ်နေတက်သည်။
သို့သော်လည်း ထူးထူးခြားခြား တိတ်ဆိတ်လွန်းနေသည်။
ယဲ့ချိုးပိုင်က မျက်လုံးဖွင့်ကြည့်လိုက်လေသည်။
ရှစ်ရှန်းနှင့် ရှောင်ဟေးလည်း တစ်ပြိုင်တည်း မျက်လုံးဖွင့်ကြည့်လိုက်၏။
“တစ်ခုခုသတိထားမိလား”
ဓားပိုင်နက်၏ အကာအကွယ်အောက်တွင် ယဲ့ချိုးပိုင် မူမမှန်တာ တစ်ခုမှ ရှာမတွေ့ပေ။
 သို့သော်လည်း ဘေးပတ်ဝန်းကျင်က တခုခုမှားယွင်းနေသည်မှာ အမှန်ဖြစ်လေသည်။
ရှောင်ဟေးက လိုက်ကြည့်လိုက်ပြီး အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ “လေထဲမှာ သတ်ဖြတ်ခြင်းဆန္ဒ ခပ်ဖျော့ဖျော့ရှိနေတယ်”
တတိယအဆင့် အတွင်းမိစ္ဆာခန္ဓာက သတ်ဖြတ်ခြင်းဆန္ဒများမှ သိပ်သည်းထားခြင်းဖြစ်သည်။
ထို့နောက် သတ်ဖြတ်ခြင်းဆန္ဒများအပေါ် သိမြင်နားလည်ခြင်းက တစ်ခြားသူများထက် ပိုအားကောင်းလေသည်။
ရှစ်ရှန်းက ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။
ကောင်းကင်ယံ၌ ကြယ်များဖြင့် ပြည့်နက်နေသည်။
သူ ကျင့်ကြံသည့်နည်းစနစ်က ကြယ်များ၏ စွမ်းအားမှ လာခြင်းဖြစ်လေသည်။
ညအချိန်ဆိုလျှင် သူ၏ နားလည်သိမြင်ခြင်းက နေ့အချိန်ထက် ပို၍ အားကောင်း၏။
“ကျွန်တော်တို့ အစီအရင်ထဲ ကျရောက်နေပြီ…”
ယဲ့ချိုးပိုင်က ခေါင်းညိမ့်ကာ ပြောလိုက်လေသည်။ “တော်တော့်ကို ကောင်းမွန်တဲ့ အကာအကွယ်အစီအရင်ဘဲ။ ဒီအစီအရင်ကို တပ်ဆင်တဲ့သူက ခွန်အားအချို့ရှိရမယ်”
“ပြီးတော့လဲ တစ်ဖက်လူက ကျောက်စိမ်းဆွဲပြားကို ကြားခံအနေနဲ့သုံးပြီး အစီအရင်ကို ကြိုတင်ပြင်ဆင်ပြီးမှ ဒီနေရာမှာ ထုတ်လွှတ်ထားတာဘဲ”
ယဲ့ချိုးပိုင်တို့ရှေ့တွင် အကာအကွယ်အစီအရင်ကို လာရောက်တည်ဆောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
သို့မဟုတ်ပါက တစ်ဖက်လူ၏ ခွန်အားက သူတို့ထက်များစွာ ကျော်လွန်ပြီး သိုင်းဧကရာဇ်နယ်ပယ်ကို ရောက်မှသာဖြစ်နိုင်မည်။ ထိုအစီအရင်က သိုင်းဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူတစ်ဦးတည်ဆောက်ထားသည်မှာ မဖြစ်နိုင်ပေ။
ထို့ကြောင့် ယဲ့ချိုးပိုင်ပြောသည်မှာ ဖြစ်နိုင်ပေသည်။
ရှောင်ဟေးက ယဲ့ချိုးပိုင်ကို လှမ်းကြည့်လိုက်သည်။
“ရှစ်ရှုံး၊ ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲ”
ရှစ်ရှန်းကလည်း ယဲ့ချိုးပိုင်ကို ၁၀၀ ရာခိုင်နှုန်း ယုံကြည်သော အကြည့်နှင့် ကြည့်လိုက်လေသည်။
ယဲ့ချိုးပိုင်က တစ်ခဏမျှတွေးတောပြီး ယန်ချီအနားသို့ သွားလိုက်လေသည်။ သူက ပြောလိုက်၏။ “ဒီနေရာက အစီအရင်တစ်ခုနဲ့ အပြင်လောကကို သီးခြားခွဲထားဖို့က ဖြစ်နိုင်တယ်”
ယန်ချီက အနည်းငယ် ကြောင်အသွားသည်။
ထို့နောက်က သူက နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။ “မင်းက ချင်းယွမ်နယ်ပယ်က အငယ်တစ်ယောက်ဟာ၊ ဒါကို ဘယ်လိုလုပ်သိတာလဲ”
ယဲ့ချိုးပိုင်ကလည်း အနည်းငယ် အကျပ်ရိုက်သွား၏။ သူက ထပ်မံ၍ သတိပေးလိုက်ပြန်သည်။ “ပတ်ဝန်းကျင်ကို စောင့်ကြည့်ဖို့ ကျုပ်ရဲ့ နည်းစနစ်ကို သုံးထားတာ။ တစ်ယောက်ယောက်က နာရီဝက်လောက်ကြာရင် လာတိုက်ခိုက်လိမ့်မယ်”
ယန်ချီက ယဲ့ချိုးပိုင်၏အမူအရာကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
သူက အခြားသူများကို ခြိမ်းခြောက်ဖို့ လုပ်နေဟန်နှင့် မတူပေ။
သူက ကြေးစားတစ်ဦးဖြစ်ချင်ပြီး အကန့်သတ်မဲ့ကမ္ဘာတွင် ရှင်သန်နေရန်  ထိုသို့သော အဓိပ္ပါယ်မဲ့သောအရာကို ပြုလုပ်ဖို့ မဖြစ်နိုင်ပေ။
အထက်တန်းလွှာမိသားစု၏ သားတစ်ဦအနေနှင့် ယန်ချီက ဦးနောက်မရှိသူမဟုတ်ပေ။
ထို့ပြင် ၎င်းက အကျပ်တည်းနှင့် ကြုံနေရသော အချိန်ဖြစ်ပေသည်။
သူ့ညီမလေး လုံခြုံရေးအတွက် မည်သည်မှ မှားယွင်း၍ မရပေ။
ထိုသို့ ဆိုလျှင် ယန်မိသားစု၏ အစီအစဉ်က ကျဆုံးသွားလိမ့်မည်။
လက်ရှိ ယန်မိသားစုအတွက်တော့ ၎င်းဟာ လုံးဝ သည်းမခံနိုင်စရာပင်။
ထိုအကြောင်းပြချက်များကြောင့် ယန်ချီက ဟော်လင်းနှင့် ဆွေးနွေးကာ ဆုံးဖြတ်ချက်ချရဦးမည်ဖြစ်သည်။
ထို့ကြောင့် သူက ဟော်လင်းဘေးသို့ ရောက်လာ၏။
သူက ယဲ့ချိုးပိုင်ပြောသမျှကို ပြန်ပြောပြလိုက်သည်။
ထိုအချိန်တွင် ဟော်လင်းက ယဲ့ချိုးပိုင်ကို မျက်မှောင်ကြုတ်၍ လှမ်းကြည့်လိုက်လေသည်။
ထို့နောက် သူက အသံပို့ကျောက်စိမ်းပြားကို ထုတ်ယူကာ “ကောင်းယွင်၊ တောက်ပေး မူမမှန်တာတွေ တွေ့လား”
“မတွေ့ဘူး”
ဟော်လင်းက ခေါင်းညိမ့်လိုက်သည်။ “ကောင်ပြီ ဆက်ပြီး စောင့်ကြည့်ထား”
ထိုသို့ပြောပြီးနောက် သူက ယဲ့ချိုးပိုင်ကို လှည့်ကြည့်ပြီး ပြောလိုက်လေသည်။ “မင်းဘယ်လိုလုပ် ရှာတွေ့တာလဲ”
သူက လုံးဝ ယုံကြည်ပုံ မရပေ။
ဒီ ချင်းယွမ်နယ်ပယ်က ကောင်တွေ။
သူတို့က မလှုပ်ရှားဘဲ ထိုင်နေကြပြီး ဟော်လင်းတို့ ရှာမတွေ့သည့် အစီအရင်ကို ရှာတွေ့ခဲ့သည်။
ယန်ချီလည်း အနည်းငယ် သံသယရှိနေ၏။
သူရောက်ရှိနေတာကို သိစေဖို့ ကျားတစ်ကောင်ရဲ့ စွမ်းအားကို အမှန်တကယ် ချေးငှားနေတာ ဖြစ်နိုင်လား။
ထိုနှစ်ယောက်က သူ့စကားကို မယုံသည်ကို မြင်လိုက်ရသော် ယဲ့ချိုးပိုင် ဆက်လက်မစည်းရုံးဘဲ ခေါင်းသာခါလိုက်တော့သည်။
သူက ရှောင်ဟေးနှင့် ရှစ်ရှန်းကို တိုက်ခိုက်ရန် အသင့်ပြင်ထားခိုင်းလိုက်သည်။
သူလည်းဘဲ မဟူရာမိစ္ဆာဓားကို ဆွဲထုတ်လိုက်လေသည်။
 

Comment

Leave a Reply

Options

not work with dark mode
Reset