ညက ကုန်ဆုံးသွားပြီး မနက်စောစောတွင်၊
ယဲ့ချိုးပိုင်တို့က ကြေးစားအစည်းအရုံး၏ ဝင်ပေါက်သို့ ရောက်ရှိလာကြသည်။
ဟော်လင်းဦးဆောင်သည့် ကြေးခွံချပ်ဝတ်ကြေးစားအဖွဲ့က ဖြေးညှင်းစွာလျှောက်လာကြသည်။
သူ၏ မျက်လုံးထဲတွင် လှောင်ပြောင်မှု့များပါဝင်နေသည်။
သူက ပြုံးကာ ပြောလိုက်သည်။ “ကောင်လေး၊ နောက်ဆုံးအနေနဲ့ အကြံပေးလိုက်မယ်။ မင်းလက်ရှိခွန်အားနဲ့ လူကြားထဲမှာ ကိုယ်အရှက်ကိုခွဲမနေနဲ”
“မင်းတို့က လူသစ်တွေဆိုတော့ ဖြစ်ပြီးခဲ့တာတွေကို ထားလိုက်တော့မယ်”
“မသကာ ငါမင်းတို့ကို တခြားမစ်ရှစ်တွေကို ညွန်းပေးလိုက်ပါမယ်”
ယဲ့ချိုးပိုင်က ပြုံးကာ ခေါင်းခါပြီး “ကျူပ်တို့ကို ညွန်းပေးမယ်။ ဒီအဓိပ္ပါယ်က ဆုငွေကို ခွဲယူရမယ်ဆိုတဲ့ သဘောပေါ့”
ယဲ့ချိုးပိုင်က ပွင့်လင်းစွာငြင်းဆိုလိုက်သည်။
ဟောလင်း၏နောက်ရှိ ငယ်သားတစ်ဦးက အော်ဟစ်လိုက်လေသည်။ “အရှက်မရှိလိုက်တာ။ မင်းတို့က လူသစ်အဖွဲ့လေးဘဲ။ ငါတို့ခေါင်းဆောင်က သဘောကောင်းလို့ မင်းတို့ ကံကောင်းတယ်။ စိတ်ထားမကောင်းတဲ့ အခြားကြေးစားအဖွဲ့တွေနဲ့သာဆိုရင် ကြေးစားအစည်းရုံးရဲ့ စည်းကမ်းတွေကို လိုက်နာနေမယ်လို့ ထင်နေလား”
“မင်းတို့တွေ ကြေးစားအစည်းအရုံးကနေ ထွက်သွားနိုင်မယ်လို့မထင်ဘူး”
ထိုစကားကြားသော် ရှောင်ဟေးက ရှေ့ထွက်လာပြီး သတ်ဖြတ်ခြင်းဆန္ဒများကို ထုတ်ဖော်လိုက်သည်။
တစ်ဖက်ရှိ ဟော်လင်းက သူ့နောက်လိုက်ကို တားလိုက်ပြီး “အငယ်တွေနဲ့ ပြိုင်ပြီး ဘာလို့ ရန်ဖြစ်နေမှာလဲ။ သိုင်းကျင့်ကြံသူတွေလို မနေနိုင်ဘူးလား”
၎င်းကိုကြားသောခါ နောက်လိုက်လူက ပါးစပ်ပိတ်လိုက်ပြီး နောက်ပြန်ဆုတ်သွားသည်။
သို့သော်လည်း ဟော်လင်း၏စကားက ယဲ့ချိုးပိုင်တို့ကို အထင်သေးနေသည်မှာ သိသာသည်။
သူတို့က ယဲ့ချိုးပိုင်တို့ကို အငယ်များဟုသာတွေးနေကြသည်။
“ကောင်းပြီ သွားကြစို့”
ထိုသို့ဖြင့် အကြေးခွံချပ်ဝတ်ကြေးစားအဖွဲ့က အရှေ့ဘက်ကို ဦးတည်ကာ ထွက်သွားတော့သည်။
တိမ်တိုက်မြို့တော်ရှိ အကြီးဆုံးအင်အားစုက မြို့အရှင် အိမ်တော်ပင်။
မြို့အရှင်အိမ်တော်လက်အောက်တွင် အထက်တန်းလွှာမိသားစု သုံးစုရှိလေသည်။
ယန်မိသားစု၊ လီမိသားစုနှင့် ခန်းမိသားစုတို့ဖြစ်ကြသည်။
ဤအချိန်တွင် ယန်မိသားစုကက အလုပ်ရှင်ဖြစ်လေသည်။
သူတို့က ယန်မိသားစုဆီသို့ရောက်လာသောအခါ အဝင်ဝတွင် မြင်းလှည်းနှစ်စီးက အသင့်ကြိုစောင့်နေလေသည်။
မြင်းလှည်းဘေးတွင် အစောင့်ဆယ်ယောက်ရှိနေသည်။
အစောင့်များအားလုံးက ချင်းယွမ်နယ်ပယ် အထွတ်အထပ်အဆင့် တွင်ရှိကြသည်။
အကြီးအကဲတစ်ဦးသည်ပင် အာကာသနတ်ဘုရားနယ်ပယ်တစ်ပိုင်းအဆင့်ရှိလေသည်။
အစောင့်များနှင့်ပင် ထိုသို့ခွန်အားမျိုးရှိနေပြီဖြစ်သည်။
ထို့ပြင် ၎င်းက နယ်စပ်မြို့လေး၏ အထက်တန်းလွှာမိသားစုတစ်စုသာဖြစ်လေသည်။
ကန္တာရဒေသနှင့် အကန့်သတ်မဲ့ကမ္ဘာက မည်မျှကွာခြားကြောင်းသိနိုင်လေသည်။
အနိမ့်ပိုင်းလတ္တီတွဒ်၏ ထိပ်တန်းနယ်မြေ ပိသပေသည်။
တံခါးရှေ့တွင် လူငယ်လေးက ဟော်လင်းနှင့်အခြားသူများကိုမြင်လိုက်ရသည်။
သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။ “ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ။ ကြေးစားအစည်းအရုံးက လုပ်ဆောင်နိုင်စွမ်းတွေမရှိတော့ဘူးလား”
ဟော်လင်းက ဒေါသမထွက်။ သူက ရှေ့ထွက်ကာ ပခုံးတွန့်ပြပြီး “သခင်လေးယန်၊ ကျုပ်ကို ခွင့်လွတ်ပါ။ လမ်းမှာ ကိစ္စတစ်ခုရှိနေလို့ နောက်ကျသွားတယ်”
သိသာစွာပင် ဟော်လင်းက သခင်လေးယန်ဟုခေါ်သောလူကို သိနေဟန်ရသည်။
ယန်ချီက သိလိုစိတ်ဖြင့်မေးလိုက်သည်။ “တာဝန်ထက် ဘာက အရေးကြီးနေတာလဲ”
ထိုအခါ ဟော်လင်းက သူတို့နှင့် စံအိမ်တော်ကြေးစားအဖွဲ့ကြားဖြစ်ပျက်သမျှကို ပြန်ပြောလိုက်သည်။
တစ်ချိန်တည်းမှာ သူက ပြော၏။ “သခင်လေးယန်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပါတယ်။ ကျုပ်တို့ ကြေးခွံချပ်ဝတ်ကြေးစားအဖွဲ့ကိုလား၊ လူသစ်လေးတွေကိုလား”
ယဲ့ချိုးပိုင်က တိတ်ဆိတ်မနေပေ။ သူက ရှေ့ထွက်လာပြီး ကျိုးနွံခြင်းလည်းမရှိ မောက်မာခြင်းလည်းမရှိသောလေသံဖြင့် “ကျုပ်တို့က တာဝန်ကိုအရင်လက်ခံခဲ့တာပါ။ စည်းမျဥ်းအရ ကျုပ်တို့ကသာ ခင်ဗျားတို့ကို အစောင့်အကြပ်လုပ်ပေးရမှာ”
“ဒါပေါ့ ကျုပ်တို့ရဲ့ခွန်အားကို စိတ်ပူစရာမလိုပါဘူး”
၎င်းကိုကြားသော် ယန်ချီက ယဲ့ချိုးပိုင်ကို စုံချည်ဆန်ချည်ကြည့်ကာ နှာခေါင်းရှုံ့ကာ “ချင်းယွမ်နယ်ပယ်ကသူကများ စိတ်ပူစရာမရှိဘူတဲ့လား။ သူတို့က ငါတို့ယန်မိသားစုရဲ့ အစောင့်တွေထက်တောင် အားနည်းသေးတယ်”
“ကောင်းပြီ၊ ငါမင်းတို့ကို ယွမ်သလင်းကျောက် ဆယ်ခုပေးမယ်။ ထွက်သွားလိုက်တော့…” ဟော်လင်းကလည်း ပြုံးလိုက်သည်။
ယဲ့ချိုးပိုင်က စိတ်မဝင်စားဟန်ဖြင့် ပခုံးတွန့်ကာ ရှောင်ဟေးနှင့် ရှစ်ရှန်းတို့ကိုခေါ်ကာ ထွက်သွားရန်ပြင်လိုက်သည်။
တစ်ဖက်လူက ပြောနေမှတော့ သူသည်လည်း အောက်ကျခံ၍တောင်းဆိုနေစရာမရှိပေ။
ယန်ချီက ယွမ်သလင်းကျောက်များသွားယူခိုင်းရန်လုပ်နေစဥ်…
သာယာဖွယ်ကောင်းသော မိန်းကလေးအသံတစ်သံက ရထားလုံးအတွင်းမှ ထွက်ပေါ်လာသည်။
“အကိုကြီး၊ ထားလိုက်ပါတော့။ သူတို့ကိုလည်း ညီမတို့ကို လိုက်စောင့်ရှောက်ခိုင်းလိုက်ပါ။ လူပိုများတော့ ညီမတို့ ပိုလုံခြုံတာပေါ့”
ယန်ချီက မျက်မှောင် အတန်ငယ်ကုတ်ကာ ရထားလုံးဘေးနားသို့သွားကာ “ညီမလေး၊ ဒီလိုဆိုရင်တောင် ငွေကိုဘယ်လိုတွက်ပေးရမလဲ”
“ပိုပြီးအကျိုးပြုနိုင်တဲ့သူက ယွမ်သလင်းကျောက် တစ်ရာကို ယူပေါ့။ ကန့်ကွက်မဲ့သူရှိသေးလား”
ထိုနောက်ဆုံးစကားက ယဲ့ချိုးပိုင်နှင့် ဟော်လင်တို့ကိုမေးလိုက်ခြင်းပင်။
သာမန်အခြေအနေတွင် ဟော်လင်းက ဤအနေအထားမျိုးကို လက်ခံမည်မဟုတ်ပေ။
မင်းနောက်နေတာလား။ ကြေးစားတွေကို အလကားခိုင်းရအောင်လုပ်နေတာနဲ့တူတူဘဲမလား။
သို့သော်လည်း ယဲ့ချိုးပိုင်တို့လူသစ်များက သူ့ကိုလှောင်ရယ်နေမည်ကို လက်မခံချင်သောကြောင့် သူက ပြုံးကာ ခေါင်းညိမ့်လိုက်လေသည်။ “သခင်မလေးယန်က အစီအစဥ်ဆွဲတဲ့နေရာမှာတော်သားဘဲ”
ယဲ့ချိုးပိုင်ကလည်း ခေါင်းညိမ့်၏။
ယန်ချီက ရလဒ်ကို သဘောကျနေသည်။
နောက်ထပ်လူရမ်းကားသုံးယောက် ထပ်ရလဲ မဆိုးပါဘူး။
သူတို့က မသန်မာပေမဲ့လည်း အနဘ်းဆုံးတော့ ဒိုင်းကာအနေနဲ့သုံးနိုင်တယ်။
ထိုသို့တွေးတောပြီး ယန်ချီက နှုာမှုတ်ကာ ပြောလိုက်လေသည်။ “မင်းတို့သဘောတူတယ်ဆိုမှတော့ ငါတို့ရဲ့အမိန့်နဲ့ အစီအစဥ်တွေကို နာခံရမယ်။ နားလည်လား”
ယဲ့ချိုးပိုင်တို့က ပြန်မဖြေ။
ယန်ချီက သူတို့သဘောတူသည်ဟု သတ်မှတ်လိုက်သည်။
“ကောင်းပြီ သွားမယ်”
လူတစ်စုက တိမ်တိုက်မြို့ပြင်သို့ ထွက်သွားတော့သည်။
အကန့်သတ်မဲ့ကမ္ဘာက လက်တ္တီတွဒ်အနိမ့်ပိုင်းနယ်မြေများ၏ နံပါတ်တစ်ဖြစ်သော်လည်း လုပ်ကြံသတ်ဖြတ်သူနှင့် ဓားပြများရှိနေသေး၏။
တိမ်တိုက်မြို့တော်၏ အပြင်ဘက်တွင် အချို့သော ဓားပြအဖွဲ့များရှိလေသည်။
၎င်းတို့သည် တိမ်တိုက်မြို့တော်မှ ကုန်သည်များ သို့မဟုတ် မြို့အတွင်း ဝင်ရောက်လိုသော ကုန်သည်များကို ကြားဖြတ်တိုက်ခိုက်လေ့ရှိသည်။
သည်အတွက်ကြောင့်ပင် ကြေးစားအစည်းအရုံးတွင် အစောင့်အကြပ်တာဝန်ရှိနေရခြင်းဖြစ်သည်။ သို့သော်လည်း ယန်မိသားစုက ကုန်သည်မိသားစုမဟုတ်ဘဲ၊ ကျင့်ကြံသူမိသားစုဖြစ်၏။
သူတို့က ဓားပြများရန်ကို မကြောက်ပေ။
သူတို့က အခြားမိသားစုများနှင့် အဖွဲ့အစည်းများ၏ ရန်ကိုသာကြောက်ရ၏။
သူတို့ခရီးစဥ်၏ ရည်ရွယ်ချက်က တိမ်တိုက်မြို့တော်အနီးရှိ ဉာဏ်အလင်းနဂါးမြို့တော်သို့ သွားရန်ဖြစ်လေသည်။
ယန်မိသားစုက ဉာဏ်အလင်းနဂါးမြို့တော်၏ လုံမိသားစုနှင့် မဟာမိတ် လက်ထပ်ပွဲရှိလေသည်။
ယန်မိသားစုနှင့် လုံမိသားစုတို့၏ လက်ထပ်ပွဲပြီးမြှောက်သွားပါက ယန်မိသားစု၏ ခွန်အားသည် သေချာပေါက် မြင့်တက်သွားမှာ အမှန်ပင်။
လုံမိသားစု၏ ခွန်အားက နယ်စပ်မြို့များထပ်သာလွန်လေသည်။
ထိပ်တန်းအဆင့် နှစ်ဝင်သော မြို့ဖြစ်၏။
ထို့ကြောင့် အထက်တန်းလွှာမိသားစုများက ထိုလက်ထပ်ပွဲပျက်အောင် ကြိုးစားကြလိမ့်မည်ပင်။
သာမန်အားဖြင့် တိမ်တိုက်မြို့အပြင်ရောက်မှ ကြားဖြတ်တိုက်ခိုက်လိမ့်မည်ဖြစ်သည်။
ဤအကြောင်းကြောင့်ပင် ကျင့်ကြံခြင်းမိသားစုဖြစ်သည် ယန်မိသားစုက ကြေးစားအစည်းအရုံးထံမှ ကြေးစားများကို ငှားရမ်းရခြင်းဖြစ်လေသည်။
တိမ်တိုက်မြို့တွင် မြို့အရှင်အိမ်တော်၏ အကူညီဖြင့် ဘယ်သူမှ တိုက်ခိုက်ရဲမည်မဟုတ်ပေ။
မြို့မှထွက်လာသောအခါ အစောင့်များက ရင်တထိတ်ထိတ်ဖြစ်နေကြသည်။
ကြေးစားအတွေ့အကြုံရင့်၍ အမြဲမောက်မာနေတက်သော ဟော်လင်းပင် မြို့မှထွက်လာသောအခါ တိုက်ခိုက်ခြင်းအနေအထားကို ပြင်ထားလေသည်။
ကြေးခွံချပ်ဝတ်ကြေးစားအဖွဲ့မှ အဖွဲ့ဝင်ခြောက်ဦးသည်လည်း စိတ်ဝိဉာည်ချီများကို ထုတ်လွှတ်ထားကာ ရန်သူအလစ်တိုက်ခြင်းမှ ကာကွယ်ရန် စောင့်ကြပ်နေသည်။
ယဲ့ချိုးပိုင်တို့သာလျှင် တည်ငြိမ်သောအမူအရာနှင့်ရှိနေကြသည်။
သူတို့က လုချန်ရှန်းအကြောင်းကိုပင်ပြောနေကြသေးသည်။
“ရှစ်စွင်းဘယ်လိုနေမလဲမသိဘူး”
“ကျွန်တော်တို့ကို လွမ်းနေလောက်ပြီ”
“ငါလည်း ဒီအတိုင်းဘဲ ထင်တယ်”
ဟော်လင်းက ၎င်းကိုမြင်သော် နှာခေါင်းရှုံ့လိုက်သည်။
လူသစ်တွေကတော့ တကယ်ပါဘဲ။
ယန်ချီက ထိုမြင်ကွင်းကိုမြင်သောအခါ ဒေါသတကြီး အော်ဟစ်လိုက်သည်။ “မင်းတို့ဘာလုပ်နေတာလဲ။ ဒီလိုနဲ့မင်းတို့ ကြေးစားတွေဖြစ်လာတာလဲ။ တစ်ယောက်ယောက်က အလစ်တိုက်ခိုက်လာရင် ဘယ်လိုလုပ်မလဲ။ မင်းတို့တာဝန်ယူနိုင်လား”
ယဲ့ချိုးပိုင်က ယန်ချီကိုကြည့်ကာ အေးဆေးစွာပြန်ပြောလိုက်သည်။ “အခုချိန်မှာ ဘယ်သူမှ အလစ်မတိုက်ပါဘူး”
ယဲ့ချိုးပိုင်တို့က စကားပြောနေသော်လည်း ဓားပိုင်နက်ကိုသုံးကာ လျှို့ဝှက်အရှိုန်အဝါများကို အာရုံခံနေသည်။
ထို့ကြောင့် သူက အေးဆေးနေခြင်းဖြစ်သည်။
ယန်ချီက ဒေါသတကြီးပြော၏။ “တခုခုမှားသွားရင် ခေါင်းပြတ်ဖို့သာပြင်ထားပေတော့”
ထိုသို့ဖြင့် သူတို့က ဆက်လျှောက်လာကြတော့သည်။
ညအချိန်က တစ်ဖြေးဖြေးချင်း ကျရောက်လာ၏။