Switch Mode

အခန်း (၂၇၃)

ရေးမထားသော စည်းမျဉ်း။

ကြေးစားအဖွဲ့ကို အဆင့်ခြောက်ဆင့်ဖြင့် ခွဲခြားထားလေသည်။
အဝါရောင်အဆင့်၊ ရွှမ်အဆင့်၊ မြေကမ္ဘာအဆင့်၊ ကောင်းကင်အဆင့်၊ အင်ပါယာအဆင့်ဟူ၍ပင်။
အမြင့်ဆုံးအဆင့်က အင်ပါယာအဆင့်ကျော်လွန်ကာ ဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိနိုင်သည်။
ထိုဘွဲ့ကို ကြေးစားအစည်းအရှုံး၏ ဥက္ကဌကိုယ်တိုင်ပေးအပ်ခြင်းဖြစ်သည်။ ထိုဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိထားသည့် ကြေးစားအဖွဲ့များက အင်မတန် ရှားပါးသည့်အတွက်ကြောင့် အကန့်သတ်မဲ့ကမ္ဘာတစ်ခုလုံးတွင်ပင် သုံးဖွဲ့သာရှိလေသည်။
တစ်ချိန်မှာပင် ကြေးစားအဖွဲ့၏အဆင့်က           တာဝန်ဘယ်လောက်များများယူနိုင်သည်ကို ကိုယ်စားပြုနေသည်။
၎င်းက သင်၏ ခွန်အားနှင့် မသက်ဆိုင်ပေ။
တာဝန်ပြီးမြောက်ခြင်း၊ တာဝန်ပြီးမြောက်သည့်နှုန်းနှင့် သင်ရရှိသည့် အခကြေးငွေပမာဏနှင့် သက်ဆိုင်လေသည်။
ဥပမာဆိုရလျှင် အဝါရောင်အဆင့် ကြေးစားအဖွဲ့က ရွှမ်အဆင့်သို့ တိုးမြှင့်လိုပါက သူတို့က အဝါရောင်အဆင့်တာဝန် ၁၀ ခုကို ပြီးမြောက်ရန်လိုလေသည်။
နောက်ဆုံးတွင် သင်က ရွှမ်အဆင့်တာဝန် တစ်စိတ်တစ်ပိုင်းကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်ပါက ရွှမ်အဆင့် ကြေးစားအဖွဲ့အဖြစ်သို့ တိုးမြှင့်ရန် လျှောက်ထားနိုင်လေသည်။
ယခု ယဲ့ချိုးပိုင်၊ ရှောင်ဟေးနှင့် ရှစ်ရှန်းတို့တည်ထောင်ထားသော စံအိမ်တော်ကြေးစားအဖွဲ့က အနိမ့်ဆုံးအဝါရောင်အဆင့်တွင်သာရှိသေးသည်။
ပုံမှန်အားဖြင့် သူတို့က အဝါရောင်အဆင့်တာဝန်များကိုသာ လက်ခံနိုင်လေသည်။
သို့သော်လည်း အဝါရောက်အဆင့်တာဝန်ဖြစ်သော်လည်း အချို့တာဝန်များက အာကာသနတ်ဘုရားနယ်ပယ်ရှိ လူများသာ တာဝန်ယူလက်ခံနိုင်လေသည်။
ဥပမာ အာကာသနတ်ဘုရားနယ်ပယ် စဦးအဆင့် မှော်သားရဲတစ်ကောင်ကို အမဲလိုက်၍ အမြူတေကို အရယူရန်ဖြစ်သည်။
ပြဿနာသည် အာကာသနတ်ဘုရားနယ်ပယ် စဦးအဆင့်ရှိ မှော်သားရဲမဟုတ်။
စာရွက်ဗြောင်အောက်တွင် မှတ်စုများရှိနေလေသည်။
ထိုမှော်သားရဲက အုပ်စုဖွဲ့နေရသည်ကို နှစ်သက်လေသည်။
ပြောရလျှင် လိုအပ်သည်က အမြူတေတစ်ခုသာဖြစ်သော်လည်း အာကာသနတ်ဘုရားနယ်ပယ် မှော်သားရဲအုပ်ကြီးနှင့် ရင်ဆိုင်ရပေမည်။
သေသေချာချာမကိုင်တွယ်နိုင်ပါက အာကာသနတ်ဘုရားနယ်ပယ် ကျင့်ကြံသူပင် အန္တရာယ်ကျရောက်သွားနိုင်၏။
အခြားဥပမာတစ်ခုမှာ အန္တရာယ်နည်းသော စုဆောင်းရေးတာဝန်ဖြစ်လေသည်။
စုဆောင်းရေးတာဝန်များတွင် ယေဘုယအားဖြင့် ကောင်းကင်ရတနာအချို့၊ ဆေးဖက်ဝင်အပင်များနှင့် အထူး သွန်းလုပ်ရမည့် ပစ္စည်းများပါဝင်လေသည်။
အဝါရောင်တာဝန်မျာပြထားသော သင်ပုန်း၏ရှေ့တွင်၊
ရှစ်ရှန်းက မေးလိုက်သည်။ “ဘယ်လိုလဲ၊ ရှစ်ရှုံး? ကျွန်တော်တို့ ဘယ်တာဝန်ကို အရင်လက်ခံရမလဲ?”
ရှောင်ဟေးက ခေါင်းကုတ်ကာ ပြုံး၍ ပြောလိုက်၏။ “ရှစ်ရှုံး၊ မှော်သားရဲတွေ အမဲလိုက်တဲ့ တာဝန်ကို လက်ခံချင်လား?”
ယဲ့ချိုးပိုင်က စာရွက်များကို လိုက်ကြည့်နေလေသည်။
သူက ဆုလဒ်များကို သေချာလိုက်ကြည့်နေ၏။
သူတို့ အခုချိန် အလိုအပ်ဆုံးက ဘာလဲ။
ယွမ်သလင်းကျောက်ပင်။
၎င်းက အကန့်သတ်မဲ့ကမ္ဘာ၏ ငွေကြေးဖြစ်လေသည်။
ယွမ်သလင်းကျောက်သာမရှိပါက ဘာမှလုပ်၍မရနိုင်ပေ။
နေစရာငှားရန်ပင်မရနိုင်ပေ။
ယဲ့ချိုးပိုင်က ပြောလိုက်လေသည်။ “ငါတို့မှာ ၂၀ ယွမ်ကျင်း ရှိသေးတယ်။ အခုအရေးကြီးဆုံးက ယွမ်ကျင်းရနိုင်မဲ့ တာဝန်ကို လက်ခံဖို့ဘဲ”
အခုတွင် ယွမ်သလင်းကျောက် ပေးထားသော တာဝန်နှစ်ခုရှိလေသည်။
ပထမတစ်ခုက ဗလာမြက်ဟုခေါ်သော မှော်ဆေးအမယ်များကို စုဆောင်းရန်ဖြစ်လေသည်။
ဆုကြေးက ယွမ်သလင်းကျောက် ၅၀ ဖြစ်သည်။
ဒုတိယတစ်ခုက တိမ်တိုက်မြို့တော်ရှိ အထက်တန်းလွှာမိသားစု၏ သမီးကို အစောင့်ကြပ်လုပ်ပေးရန်ဖြစ်လေသည်။
ဆုလဒ်က ယွမ်သလင်းကျောက် ၁၀၀ ရမည်ဖြစ်သည်။
သေချာသည်က နောက်ထပ်အခြေအနေတစ်ရပ်လည်းရှိသေးသည်။
ထိုသူက အလယ်အလတ်အဆင့် အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူကို တိုက်ခိုက်နိုင်သည့် ခွန်အားရှိရပေမည်။
ယဲ့ချိုးပိုင်က ထိုတာဝန်ကို အလွန်စိတ်ဝင်စားနေသည်။
ယွမ်သလင်းကျောက်လည်းရရှိနိုင်သလို သဲလွန်စလည်း မေးမြန်းနိုင်မည့်အခွင့်ရေးပင်။
သူက အထက်တန်းလွှာမိသားစု၏ သမီးတစ်ဦးဖြစ်သည် မဟုတ်ပါလား။
သူမက တစ်ခုခုသိရမည်။
ထို့ကြောင့် ယဲ့ချိုးပိုင်က စာရွက်ကို ဖြုတ်ယူလိုက်လေသည်။
သူက စာရင်းသွင်းနေရာသို့ သွားကာ သူလက်ခံသည့် တာဝန်ကို မှတ်တမ်းတင်လိုက်လေသည်။
သူတွင် အာကာသနတ်ဘုရားနယ်ပယ် အလယ်အလတ်အဆင့်ကို တိုက်ခိုက်နိုင်သည့် ခွန်အားမျိုးရှိလေသည်။
သူတို့ စာရင်းသွင်းနေချိန်တွင် ယောက်ျား ငါးဦးနှင့် အမျိုးသမီးတစ်ဦးက တံခါးကိုတွန်းဖွင့်ကာ ဝင်လာပြီး အော်ပြောလိုက်လေသည်။ “ငါတို့ တာဝန်ကို ခိုးတာ ဘယ်ကောင်တွေလဲ?”
အဝါရောင်အဆင့် တာဝန် သင်ပုန်းရှေ့တွင် ထိုလူခြောက်ဦးကို တစ်ယောက်ယောက်က သိနေသည်မှာ ထင်ရှားနေလေသည်။
သူက ယဲ့ချိုးပိုင်တို့ရှိနေသော နေရာကို လက်ညိုးထိုးပြလိုက်သည်။
ဦးဆောင်လာသူက မျက်နှာတွင် အမာရွတ်သုံးခုရှိနေသော သက်လတ်ပိုင်းလူတစ်ဦးဖြစ်လေသည်။
ထိုလူ၏ မျက်နှာရှိ ကန့်လန့်ဖြတ်အမာရွတ်သုံးခုကြောင့် အလွန်ရက်စက်ကြမ်းကြုတ်ပုံရလေသည်။
ထိုလူက လူငါးဦးကို ခေါ်လာ၍ ယဲ့ချိုးပိုင်ဘေးသို့ ရောက်လာကာ မျက်မှောင်ကြုတ်၍ “ငါတို့ အကြေးခွံချပ်ဝတ်အဖွဲ့က ဒီတာဝန်ကို ကြိုတင်စာရင်းပေးထားတယ်ဆိုတာ မသိဘူးလား?”
လော့ယွင်လည်း ထိုလူကို ကြည့်ကာ မျက်မှောင်အတန်ငယ်ကုတ်သွားသည်။
ကြေးစားအစည်းအရုံးတွင် မဖော်ပြထားသော စည်းမျဉ်းတစ်ခုရှိသည်။
တာဝန်ကို ကြိုတင်စာရင်းသွင်းခွင့်ရှိလေသည်။
၎င်းက ကြေးစားအဖွဲ့များအကြားထားရှိသော စည်းမျဉ်းတစ်ခုဖြစ်လေသည်။
ကြေးစားအဖွဲ့တစ်ခုက တာဝန်ကို ကြိုတင်စာရင်းပေးထားချိန် အခြားတစ်ဖွဲ့က ကြားဖြတ်ယူသွားပါက ထိုကြေးစားအဖွဲ့နှစ်ဖွဲ့ကြားတွင် တင်းမာကာ အခြေအတင်ဖြစ်ပြီး ရန်ငြိုးများဖြစ်ပေါ်လာလိမ့်မည်။
ကြေးစားအဖွဲ့တစ်ခုက တစ်ကြိမ်လျှင် တာဝန်တစ်ခုသာ လက်ခံနိုင်လေသည်။
တာဝန်ချိန်အတွင်း အခြားဆွဲဆောင်မှု့ရှိသော တာဝန်များကို တွေ့ရပါက အခြားကြေးစားအဖွဲ့များကို အကြောင်းကြားကာ ကြိုတင်စာရင်းသွင်းထားရန် ရွေးချယ်နိုင်သည်။
သာမန်အခြေအနေဆိုလျှင် အခြားသူများ ကြိုတင်စားရင်းပေးထားသော တာဝန်များကို ဘယ်သူကမှ မရွေးချယ်ကြပေ။
သူတို့က ဝမ်းစာရှာဖွေနေရသည်မဟုတ်ပါလား။ အခြားသူများကို စော်ကားနေစရာမလိုပေ။ ရွေးချယ်စရာတာဝန်မရှိသလိုဖြစ်မနေပေ။
လော့ယွင်က ယဲ့ချိုးပိုင်တို့ကို စိုးရိမ်တကြီးကြည့်လိုက်လေသည်။ ထိုကိစ္စကို ရှင်းပြပြီးနောက် သူမက တောင်းပန်သည့်အနေနှင့် “ကျွန်မတောင်းပန်ပါတယ်။ ဒီရေးမထားတဲ့စည်းမျဉ်အကြောင်းကို မပြောပြမိလိုက်ဘူး”
ယဲ့ချိုးပိုင်က ကြေးခွံချပ်ဝတ်ကြေးစားအဖွဲ့ကို လျှစ်လျှုရှု့ထားပြီး လော့ယွင်ကို ကြည့်လိုက်သည်။ သူက ရယ်မောကာ ပြောလိုက်လေသည်။ “ဒါက ကြေးစားအစည်းအရုံးရဲ့ စည်းမျဉ်းလား?”
လော့ယွင်က မှင်သက်သွားကာ ခေါင်းခါလိုက်လေသည်။
“ဒါဘဲလေ”
ယဲ့ချိုးပိုင်က ထိခိုက်မှု့မရှိသော အပြုံးနှင့် ပြောလိုက်လေသည်။ “ကျုပ်က ဒီတာဝန်ကို အရင်လက်ခံခဲ့တာ။ ဒါကြောင့် ကျုပ်တို့ကဘဲ ပြီးဆုံးအောင်လုပ်နိုင်တယ်”
၎င်းကိုပြောပြီးနောက် ဘေးမှ ပွဲကြည့်သူများက ပြုံးကာ၊ “ဒီလူငယ်လေးသုံးဦးက အသစ်တွေထင်တယ်? သူတို့ထဲက တစ်ယောက်က ချင်းယွမ်နယ်ပယ်မှာဘဲ ရှိသေးတယ်ထင်တယ်”
“ဒီခွန်အားနဲ့ဆို သူတို့က အကြေးခွံချပ်ဝတ်အဖွဲ့ကို မယှဉ်နိုင်မှာ စိုးရတယ်”
“ကြေးခွံချပ်ဝတ်အဖွဲ့က ရွှမ်အဆင့် ကြေးစားအဖွဲ့ဖြစ်ဖို့ တာဝန်တစ်ခုဘဲ လိုတော့တာလေ။ ငါးယောက်က အာကာသနတ်ဘုရားနယ်ပယ် စဦးအဆင့်တွေ” “ခေါင်းဆောင်ရဲ့ခွန်အားကလည်း အာကာသနတ်ဘုရားနယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်နေပြီ။ ကျုပ်တို့တောင် သူတို့ကို ဆန့်ကျင်ဖို့ မရဲသေးဘူး”
ကြေးခွံချပ်ဝတ်ကြေးစားအဖွဲ့၏ ခေါင်းဆောင် ဟော်လင်းက ယဲ့ချိုးပိုင်၏ စကားကို ကြားလိုက်ရသော် သူက စိတ်မဆိုးဘဲ ပြုံးလိုက်သည်။
“ကောင်လေး၊ မင်းက သတ္တိရှိသားဘဲ”
“ကောင်းပြီလေ၊ ဒီလိုဆိုမှတော့ ငါတို့ ကြေးခွံချပ်ဝတ်ကြေးစားအဖွဲ့က လူသစ်လေးတွေကို အနိုင်ကျင့်တယ်လို့ မပြောနဲ့။ ကြေးစားအစည်းအရုံးရဲ့ စည်းမျဉ်းအတိုင်း လိုက်နာကြတာပေါ့။ ဘယ်လိုလဲ?”
ယဲ့ချိုးပိုင်က လော့ယွင်ကို ကြည့်လိုက်သည်။
အခြားစည်မျဉ်းတွေရှိသေးလားဟူ၍ မေးနေသည်မှာ အသိအသာပင်။
လော့ယွင်က ရှင်းပြလေသည်၊ “စည်းမျဉ်းတွေအရ နှစ်ဖက်စလုံးက တူညီတဲ့တာဝန်ကို လက်ခံချင်တယ်ဆိုရင်တော့ တာဝန်ကို ထုတ်ပေးတဲ့ အလုပ်ရှင်ဆီ အတူတူသွားပြီး သူ့ကို ရွေးချယ်ခိုင်းရတယ်”
ဟော်လင်းက နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်၊ “အဲဒါဆိုရင် ဖြစ်နိုင်ပါ့မလား?”
ယဲ့ချိုးပိုင်က တခဏမျှစဉ်းစားလိုက်သည်။ ကြေးစားအစည်းအရုံး၏ စည်းမျဉ်းဖြစ်သောကြောင့် ချိုးဖောက်၍ မရပေ။
သူက ခေါင်းညိမ့်ကာ သဘောတူလိုက်သည်။
တာဝန်ကို စတင်ရန် မနက်ဖြန် တွေ့ရန် သဘောတူလိုက်သည်။
နှစ်ဖက်စလုံးက အလုပ်ရှင်မိသားစုထံသို့ တစ်ချိန်တည်းသွားရောက်ရမည်ဖြစ်သည်။
ညအချိန်တွင်၊ ယဲ့ချိုးပိုင်က ကျင့်ကြံမနေ ထိုအစား သူက တဲအပြင်ထွက်ကာ ကြယ်ကောင်းကင်ကြီးကို ငေးကြည့်နေ၏။
ရှစ်ရှန်းက ကြယ်ကောင်းကင်ရှိ ကြယ်စွမ်းအားမျာကို စုပ်ယူကာ ကျင့်ကြံနေသည်။
ယဲ့ချိုးပိုင်က သူရင်ဘက်ပေါ်သို့တွဲလောင်ကျနေသော ကျောက်စိမ်းဆွဲသီးကို ထုတ်ယူလိုက်၏။
သူက လက်ဖဝါးထက်တွင် တင်ထားကာ ရီဝေသော အကြည့်ဖြင့် ကျောက်စိမ်းဆွဲသီးကို ငေးကြည့်နေသည်။
၎င်းက မုကျစ်ချင်းက သူ့ကို ပေးခဲ့သော အရာဖြစ်သည်။
ယခုတော့ သူသည် အကန့်သတ်မဲ့ကမ္ဘာကို ရောက်နေပြီဖြစ်သည်။
ကျောက်စိမ်းဆွဲသီးမှ အေးစက်စက် အရောင်အဝါတစ်ခုထွက်ပေါ်နေလေသည်။
ထိုအဓိပ္ပာယ်သည်၊
မုကျစ်ချင်းက အကန့်သတ်မဲ့ကမ္ဘာတွင် ရှိနေ၏။
သို့သော်လည်း ကြည့်လိုက်ရုံဖြင့် မုကျစ်ချင်း၏ နောက်ခံသည် အကန့်သတ်မဲ့ကမ္ဘာရှိ ထိပ်တန်းတည်ရှိမှု့များမှ တစ်ခုဖြစ်ဟန်ရလေသည်။
‘မုမိသားစုနဲ့ မုကျစ်ချင်းက ဆက်နွယ်မှု့ရှိနိုင်မလား…’
ထိုသို့တွေးပြီးနောက် ယဲ့ချိုးပိုင်က ခပ်ဖွဖွ သက်ပြင်းချလိုက်သည်။
အများကြီးတွေးနေလည်း ဘာမှမထူးဘူး။
သူ၏ လက်ရှိခွန်အားနှင့်ဆို မလုံလောက်နိုင်သေးပေ။
ကြည့်ရသည်မှာ သူတော့ ကြေးစားအစည်းအရုံးတွင် ကျင့်ကြံခြင်းကို မြှင့်တင်မှရတော့မည်ပင်။
တစ်ချိန်တည်းမှာပင် သူက မုကျစ်ချင်း၏ တည်နေရာကို စုံစမ်းရပေမည်။
သူလုံလောက်အောင်သန်မာမှ မုကျစ်ချင်းကို  ပွင့်ပွင့်လင်းလင်း ကြိုဆိုနိုင်မည်ဖြစ်လေသည်။
 

Comment

Leave a Reply

Options

not work with dark mode
Reset