ယဲ့ချိုးပိုင်၏ ရည်ရွယ်ချက်က မုကျစ်ချင်းကိုရှာဖွေရန်နှင့် လေ့ကျင့်ရန်ဖြစ်သည်။
ရှောင်ဟေးက မိစ္ဆာချောက်နက်တွင် မှတ်ဉာဏ်အပိုင်းအစများကို ရှာဖွေပြီးကျင့်ကြံရန်လည်းဖြစ်လေသည်။
ရှစ်ရှန်းကတော့ ကျင့်ကြံရန်သာဖြစ်လေသည်။
ထို့ကြောင့် သူတို့သုံးယောက်က တစ်စီတစ်ညွတ်ထဲ သဘောတူလိုက်ကြသည်။
အရေးကြီးဆုံးအချက်က သူတို့၏ ခွန်အားကို မြှင့်တင်ရန်ပင်။
လေ့ကျင့်နေချိန်တွင် သူက သဲလွန်စ အဖြေရှာရမည်ဖြစ်သည်။
မုဖုရှန်း၏ ပြောစကားအရ ယခုတွင် ယဲ့ချိုးပိုင်၏ရှေ့တွင် လမ်းကြောင်းသုံးခုရှိနေ၏။
ပထမအချက်က သိုင်းကျင့်ကြံသူများ အကန့်သတ်မဲ့ကမ်ဘာကိုရောက်လာချိန်တွင် အများဆုံးပြုလုပ်သည့် ဆုံးဖြတ်ချက်ဖြစ်သည်။
၎င်းက အခြားအဖွဲ့အစည်းများ၏ ကာကွယ်မှု့အပေါ်မှီခိုရလေသည်။
ဂိုဏ်းတစ်ခုကိုဝင်ရောက်ပြီး ကျင့်ကြံကြသည်။
သို့သော်လည်း ထိုလမ်းကြောင်းက လျှောက်လှမ်းရသည်မှာမလွယ်ကူပေ။
အကန့်သတ်မဲ့နယ်မြေ၏ အင်အားစုများက အပြင်လူများကို သဘောမကျ၊ အခြားနယ်မြေမှလူများကို အထင်သေးကြ၏။
ထို့ပြင် ထိုတစ်ခုကို ယဲ့ချိုးပိုင်တို့က စစချင်းပင် ငြင်းပယ်လိုက်ကြသည်။
ပထမဆုံးက သူတို့သည် အခြားအင်အားစုများကို မမှီခိုကြပေ။
ဒုတိယက သူတို့သည် စံအိမ်တော်မှလာခဲ့ခြင်းဖြစ်သည်။
အခြားအဖွဲ့အစည်းများကို မပူးပေါင်းချင်ကြပေ။
ပြောရလျှင် သူတို့က လုချန်ရှန်းတပည့်ဖြစ်လာပြီးနောက်တွင် အခြားအဖွဲ့အစည်းများကို အထင်သေးလာကြသည်။
ဒုတိယရွေးချယ်မှု့က လေ့လွင့်ကျင့်ကြံသူတစ်ယောက်ဖြစ်လာကာ အကန့်သတ်မဲ့ကမ်ဘာတွင် ခြေဦးတည့်ရာသွားလာခြင်ဖြစ်သည်။
ထိုရွေးချယ်မှု့က ဆိုးဝါးသည်ဟုပြောနိုင်သည်။
အပြင်ဘက်နယ်မြေရှိသူများက ဤကမ်ဘာနှင့် မရင်းနှီးသေးပေ။
ပထမတစ်ခုက ရင်းမြစ်များရှားပါးပေသည်။
မှားယွင်းကာ တားမြစ်နေရာများကိုဝင်ရောက်မိခြင်း သို့မဟုတ် နောက်ခံမရှိ၍ အခြားသူများ၏ သတ်ခြင်းကို ခံရနိုင်လေသည်။
နောက်ဆုံးရွေးချယ်မှု့က ကြေးစားလုပ်ရန်ဖြစ်သည်။
အကန့်သတ်မဲ့ကမ်ဘာတွင် ဂိုဏ်းများ အဖွဲ့အစည်းများက လွတ်လပ်စွာ လှည့်လည်နိုင်ကြသည်။
၎င်းက ကြေးစားအစည်းရုံးပင်။
ထိုအဖွဲ့အစည်းက မည်သည့်အဖွဲ့အစည်း၏ တရားစီရင်ပိုင်ခွင့်အောက်တွင် ရှိမနေပေ။
အကန့်သတ်မဲ့အင်ပါယာပင် ဝင်စွက်မဖက်ပေ။ ၎င်းက ဤနယ်မြေတွင် အထူးအဖွဲ့အစည်းတစ်ခုဖြစ်သည်။
ကြေးစားအစည်းရုံး။
သူတို့က အကန့်သတ်မဲ့ကမ်ဘာအနှံ့တွင် ဖြန့်ကျက်ထား၏။
အစည်းအရုံးတွင် မစ်ရှင်များက နေ့တိုင်းရှိလေသည်။
စုဆောင်းရေးမစ်ရှင်။
သဲလွန်စရှာသော မစ်ရှင်။
ဒါမှမဟုတ်၊ လမ်းပြမစ်ရှင်တို့ပင်။
တစ်ချိန်တည်းတွင် သတ်ဖြတ်ရန် မစ်ရှင်လည်းရှိပေသည်။
မစ်ရှင်များကိုပြီးမြောက်ပါက ဆုလဒ်များရပေမည်။
ထိုမစ်ရှင်များက အမျိုးမျိုးသော ဂိုဏ်းကြီးများ အဖွဲ့အစည်းများက ပေးအပ်ထားခြင်းဖြစ်ကာ ကြေးစားအစည်းရုံးက စုဆောင်းကာ ဖော်ပြပေးထားခြင်းဖြစ်သည်။
ကြေးစားများရရှိသော ဆုလဒ်များတွင် ကြေးစားအစည်းရုံးက ၂၀ ရာခိုင်နှုန်းကောက်ခံ၏။
သိုင်းကျင့်ကြံသူဖြစ်ပါက ကြေးစားများအဖြစ်လုပ်ကိုင်၍ရသည်။
ကြေးစားအစည်းရုံးနှင့် ကြေးစားများအကြားဆက်ဆံရေးက အလုပ်ရှင်နှင့်အလုပ်သမားကြားဆက်ဆံရေးမျိုးဖြစ်သည်။
ယဲ့ချိုးပိုင်နှင့်အခြားနှစ်ယောက်က ရွေးချယ်ခြင်းပင်။
လွတ်လပ်ခြင်း။
အခြားအဖွဲ့စည်းများ၏ လက်အောက်သို့ ဝင်ရောက်ရန်မလိုပေ။
သူက မြေပုံကို ထုတ်ယူလိုက်သည်။
ယဲ့ချိူးပိုင်တို့က သူတို့နှင့်အနီးဆုံးဖြစ်သည့် ကြေးစားအစည်းရုံးသို့ ဦးတည်လိုက်လေသည်။
သူတို့က အကန့်သတ်မဲ့ကမ္ဘာ၏ နယ်စပ်တွင်ရောက်နေသည်။
၎င်းက တိမ်တိုက်မြို့တော်ဟုခေါ်သည်။
ယဲ့ချိုးပိုင်တို့က ထိုမြို့၏ ကြေးစားအစည်းအရုံးသို့ဝင်ရောက်လာ၏။
သိုင်းကျင့်ကြံသူများစွာက ထိုနေရာတွင် စုဝေးနေကြသည်။
ထိုသူများက ကြေးစားများဖြစ်ကြ၏။
သူတို့က လေလွင့်ကျင့်ကြံသူများဟု ဆိုနိုင်လေသည်။
ယဲ့ချိုးပိုင်တို့ရှေ့ရှိ ကြေးစားအစည်းရုံးတည်ရှိသောနေရာမှာ ခမ်းခမ်းနားနားမဟုတ်ပေ။
သာမန်ကျောက်တုံးအိမ်လေးသာဖြစ်လေသည်။
သို့သော်လည်း ထိုကျောက်တုံးအိမ်က အခြားအိမ်များထက် အနည်းငယ်သာကြီးလေသည်။
ကျောက်တုံးအိမ်၏အပေါ်တွင် ဓားနှစ်ချောင်းကြက်ခြေထားသည့် တံဆိပ်တစ်ခုရှိလေသည်။
အဝေးတွင်ရပ်နေသော ယဲ့ချိုးပိုင်တို့က သတ်ဖြတ်လိုသောအရှိုန်အဝါများကို အာရုံခံမိနေ၏။
ထိုတံဆိပ်က ကြေးစားအစည်းရုံး၏ သင်္ကေတဖြစ်သည်။
ထို့နောက် သူတို့သုံးယောက်က သစ်သားတံခါးကို တွန်းဖွင့်၍ ဝင်လာလိုက်ကြသည်။
ကြေးစားအစည်းရုံးက အပြင်ထက်စာလျှင် ပိုမိုစည်ကားနေလေသည်။
ကြေးစားများစွာက သုံးဦးတစ်စု ငါးဦးတစ်စုနှင့် စကားပြောနေကြသည်။
သူတို့၏ ခန္ဓာကိုယ်များတွင် အမာရွတ်များက အနည်းနှင့်အများတော့ရှိကြသည်။
တစ်ချိန်တည်းမှာ သူတို့၏ အရှိုန်အဝါများက မရိုးရှင်းပေ။
ထိုနေရာတွင်ရှိနေသော သူများက အနည်းဆုံးတော့ အာကာသနတ်ဘုရားနယ်ပယ်တွင်ဖြစ်သည်။
ချင်းယွမ်နယ်ပယ်ရှိ လူအနည်းတော့ရှိနေလေသည်။
ယဲ့ချိုးပိုင်က တံခါးကိုတွန်းဖွင့်၍ ဝင်လိုက်သည်နှင့် အမှောင်ထဲက မျက်လုံးများက သူ့ဆီသို့ကျရောက်လာ၏။
သူက ချင်းယွမ်နယ်ပယ်ရှိ အငယ်တစ်ဦးမှန်းသိသွားသောအခါ သူတို့က လှည့်မကြည့်တော့ပေ။
ဟာသဘဲ။
ကိုယ်ပိုင်ခွန်အားအပေါ်လုံးလုံးမှီခိုနေသည့် ကြေးစားအစည်းအရုံးဆိုသည်မှာမရှိပေ။
သူတို့က လုံလောက်အောင် သန်မာမှု့မရှိသေးချေ။
သူတို့က မစ်ရှစ်ကို ပြီးဆုံးအောင်မလုပ်နိုင်ပါက ကြေးစားအစည်းအရုံးတွင် ရှင်သန်နိုင်မည်မဟုတ်ပေ။
ယဲ့ချိုးပိုင်က ရှစ်ရှန်းနှင့် ရှောင်ဟေးကိုခေါ်ကာ ကြေးစားအစည်းအရုံး၏ စာရင်းသွင်းနေရာသို့ရောက်လာသည်။
စာရင်းသွင်းနေရာတွင် သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးရှိနေသည်။
အမျိုးသမီးက သာမန်ဝတ်စုံကိုဝတ်ဆင်ထားကာ ကျစ်ဆံမြီးနှစ်ဖက်ကို ရှေ့ကိုချထား၏။
သူမပါးနှစ်ဖက်တွင် ကျောက်ပေါက်မာများနှင့်ပြည့်နေလေသည်။
သူမက ကြည့်ကောင်းသည့်ထဲမပါဟုပြောလို့ရသည်။
သို့သော်လည်း မျက်စိကျစေသော လူမျိုးဟုပြောလို့ရသည်။
သက်လတ်ပိုင်းအမျိုးသမီးက ယဲ့ချိုးပိုင်နှင့် အခြားနှစ်ယောက် လမ်းလျှောက်လာသည်ကို မြင်သောအခါတွင် သူတို့၏ကျင့်ကြံခြင်းအဆင့်ကို သတိမထားမိသည့်ဟန်ဖြင့် သူမ အမူအရာက မပြောင်းလဲပေ။
အပြုံးတစ်ခုနှင့် သူမကမေးလိုက်သည်။ “ရှင်တို့က မျက်နှာစိမ်းတွေဘဲ။ ဒီလို အခုမှရောက်ဖူးတာလား”
ယဲ့ချိုးပိုင်က ခေါင်းညိမ့်ကာ လိုရင်းကိုပြောလိုက်သည်။ “ကျုပ်တို့ ကြေးစားအဖွဲ့ မှတ်ပုံတင်ချင်လို့ပါ”
လူနှစ်ဦးနှင့်အထက်ရှိမှ ကြေးစားအဖွဲ့ဟုသတ်မှတ်လေသည်။
သက်လတ်ပိုင်းအမျိုးသမီးက နွေးထွေးသောအပြုံးတစ်ခုကို ဆင်မြန်းကာ ပြောလိုက်၏။ “မောင်လေးတို့ ကျင့်ကြံခြင်းအဆင့်နဲ့ဆို အခြားကြေးစားအဖွဲ့တွေနဲ့ ပူးပေါင်းသင့်တာမဟုတ်လား”
“မဟုတ်ရင်တော့ တာဝန်တွေကို ပြီးဆုံးအောင်လုပ်နိုင်မှာမဟုတ်ဘူး”
ကြေးစားအဖွဲ့အသစ်များက လဝက်အတွင်း တာဝန်များကိုမအောင်မြင်လျှင် အဖွဲ့ကို ပြန်လည်ဖျက်သိမ်းခြင်းခံရလိမ့်မည်။
လက်တွေ့တွင် သက်လက်ပိုင်းအမျိူးသမီးက ယဲ့ချိုးပိုင်၏ ကျင့်ကြံခြင်းအဆင့်ကို မြင်နေရဟန်ရသည်။
သူမက သူ့ကို ကြင်နာစွာ သတိပေးခြင်းပင်။
ယဲ့ချိုးပိုင်က ပြုံးကာ ခေါင်းခါ၏။ သူက စိုးရိမ်မနေပေ။
၎င်းကိုမြင်သော် သက်လက်ပိုင်းအမျိုးသမီးက စိတ်မဝင်စားဟန်ဖြင့် ပုခုံးတွန့်၏။
ဘေးရှိရပ်နေသော ရုပ်ကြမ်းကြမ်းနှင့်လူတစ်ဦးက ပြုံးကာ ပြောလိုက်သည်။ “ညီမလော့၊ သူတို့ကို ဖျောင်းဖျမနေနဲ့တော့။ ဒီရှောင်ပေ့တို့ကို နည်းနည်းခံစားခိုင်းလိုက်ပါဦး။ အချိန်တစ်ခုရောက်လာရင်တော့ ညီမရဲ့ စေတနာကိုနားလည်သွားလိမ့်မယ်”
လော့ယွင်က ပြုံးလိုက်သည်။
သူမက ယဲ့ချိုးပိုင်တို့လို လူများကို တွေ့နေကြဖြစ်သည်။
သူတို့က ကိုယ့်အားကိုယ်ကိုးကာ ကြေးစားအစည်းအရုံးတွင် နာမည်တစ်ခုချန်ထားချင်ကြသည်။
သို့သော်လည်း သူတို့က အဖွဲ့ကွဲခြင်း သို့မဟုတ် တိုက်ပွဲအတွင်း သေဆုံးသွားကြရ၏။
သူမက သူ့ကို ဆက်လက်၍ ဖျောင်းဖျရန် ဝတ္တရားမရှိသောကြောင့် သူမက အကူညီမဲ့စွာပြောလေသည်။ “ကောင်းပြီလေ။ သလင်းကျောက်ဆယ်ခုပေးပါ။ ပြီးရင် အဖွဲ့နာမည်ကိုပြောပါ”
ယွမ်သလင်းကျောက်က အကန့်သတ်မဲ့ကမ္ဘာ၏ ငွေကြေးဖြစ်နေသည်။
ကုန်သွယ်မှု့လုပ်ရာတွင် သူတို့က ယွမ်သလင်းကျောက်များဖြင့် အလဲအလှယ်ပြုလုပ်ကြသည်။
၎င်းက ရွှေပြားများနှင့် တူညီလေသည်။
သို့သော်လည်း ယွမ်သလင်းကျောက်များဖြင့် ဝယ်လို့မရနိုင်သည်များလည်း ရှိသေးသည်။
အကန့်သတ်မဲ့ကမ္ဘာသို့ မလာရောက်ခင်က ခုန်းကျန့်ဟန်သည် သူတို့အား ယွမ်သလင်းကျောက် သုံးဆယ်ကို ပေးခဲ့၏။
အခုတော့ ၎င်းတို့က အသုံးဝင်နေပြီဖြစ်သည်။
အဖွဲ့၏နာမည်ကိုမူ မတွေးတောဘဲ ယဲ့ချိုးပိုင်က ပြုံးကာပြောလိုက်သည်။ “စံအိမ်တော်လို့ဘဲ ခေါ်ကြတာပေါ့”
ရှစ်ရှန်းနှင့် ရှောင်ဟေးသည်လည်း ပြုံးလိုက်မိသည်။
သူတို့က စံအိမ်တော်၏ အမည်ကို အသုံးပြုကာ အကန့်သတ်မဲ့ကမ္ဘာတွင် သူတို့၏နာမည်ကို ရေးထိုးခဲ့မည်ဖြစ်သည်။
အနည်းဆုံးတော့ သူတို့၏ ရှစ်စွင်းကို စိတ်မပျက်စေနိုင်ခဲ့ပေ။
ဝေးကွာလှသော ကန္တာရဒေသတွင် လုချန်ရှန်းက နှာချေလိုက်၏။
“ဝါး၊ ဒီကောင်စုတ်လေးတွေ ပြဿနာရှာပြန်ပြီလား မသိဘူး”
“ဟူး၊ စဥ်းစားနေစရာတောင်မလိုဘူး။ ဒီကောင်သေချာပေါက်ကို ပြဿနာရှာဦးမှာ”
လုချန်ရှန်းက ခေါင်းကို အကူညီမဲ့စွာ ယမ်းခါလိုက်သည်။
သူက ဆက်လက်၍ အစီရင်များကို တပ်ဆင်နေတော့သည်။
မုဝမ်အာက စပ်စပ်စုစုနှင့်မေးလိုက်၏။ “ဦးလေး၊ ဘာအစီအရင်ကို တပ်နေတာလဲ”
“နေရာရွှေ့ပြောင်းအစီအရင်”
လုချန်ရှန်းက အံကြိတ်ကာ ပြောလိုက်သည်။ “ဒီကောင်စုတ်လေးတွေပြဿနာရှာတဲ့အခါ ငါရှေ့နဲနောက်နဲ့ပြေးနေရတာမျိုးမဖြစ်ချင်ဘူး”
ထို့နောက် စံအိမ်တော်ကြေးစားအဖွဲ့က တည်ထောင်ပြီးသွားပြီဖြစ်သည်။
ယဲ့ချိုးပိုင်တို့ရ သစ်သားသင်ပုန်းရှေ့ကို လျှောက်လာခဲ့သည်။
ကြေးစားဆယ်လေးငါးယောက်လောက်က ထိုနေရာတွင် စုဝေးနေကြသည်။
သူတို့က သစ်သားသင်ပုန်းပေါ်သို့ အာရုံရောက်နေကြသည်။
အဘယ်ကြောင့်ဆိုသော် တာဝန်အမျိုးမျိုးက သစ်သားသင်ပုန်းပေါ်တွင် ကပ်ထားသောကြောင့်ပင်။
အကယ်၍ တာဝန်ကိုလက်ခံချင်ပါက သစ်သားသင်ပုန်းပေါ်ရှိ စာရွက်ကို ဖြုတ်ယူသွားရုံပင်ဖြစ်သည်။