အနိမ့်ပိုင်းနယ်မြေများထဲတွင် သိမြင်နိုင်သော အန္တရာယ်နှစ်ခုရှိလေသည်။
ပထမတစ်မျိုးက လေဟာနယ်လှိုင်းများဖြစ်ပြီး ထို အာကာသသင်္ဘောအမျိုးအစားက လေဟာနယ်အစီအရင်တပ်ဆင်ထားသော အတော်သင့်အာကာသသင်္ဘောတစ်စီးကိုသာ လိုအပ်လေသည်။
ထိုသို့ဖြင့် သူတို့က ရှေ့ဆက်ပြီးသွားနိုင်မှာဖြစ်သည်
ဒုတိယအမျိုးအစားက လေဟာနယ်လှိုင်းများကြောင့်ဖြစ်ပေါ်လာသော လေဟာနယ်မုန်တိုင်းများဖြစ်သည်။
အာကာသကိုဖြတ်သန်းသွားလာနိုင်သော သိုင်းကျင့်ကြံသူများထဲကြားတွင် စကားတစ်ခွန်းရှိခဲ့သည်။
လူတစ်ယောက်က လေဟာနယ်မုန်တိုင်းတစ်ခုနဲ့ကြုံကြိုက်လိုက်ပါက ထိုသူသည် ဆယ်ခါပြန်သေသည်ထက်ဆိုးလိမ့်မည်ပင်။
အခွန်အမင်းကို အန္တရာယ်များ၏။
အခွမ်အလမ်းကောင်းများမရှိပါက ကျွမ်းကျင်သူတစ်ဦး သိုမဟုတ် ထိပ်တန်းလေဟာနယ်အစီအရင်ပါသော ထိပ်တန်းအာကာသသင်္ဘောများအကူအညီဖြင့်သာဖြတ်ကျော်နိုင်လိမ့်မည်။
မဟုတ်လျှင် လေဟာနယ်မုန်တိုင်းများကြောင့် အမှုန့်ဖြစ်သွားအောင် ဖိချေခံလိုက်ရမည်ပင်။
အသက်ရှင်သန်ရန်လုံးဝ မဖြစ်နိုင်ချေ။
ယခုအချိန် ယဲ့ချိုးပိုင်တို့က လေဟာနယ်မုန်တိုင်းနှင့် ရင်ဆိုင်တွေ့နေရလေသည်။
မုဖုရှန်းပင် အကာကွယ်အစီအရင်များရေးဆွဲထားသော အဆောင်များကို လိပ်တစ်ကောင်လိုဖြစ်အောင် တပ်ဆင်ထားရလောက်အောင် သတိထားနေ၏။
၎င်းအာကာသသင်္ဘောက လေဟာနယ်မုန်တိုင်းအတွင်းသို့ ဝင်ရောက်နေတော့သည်။
ချက်ချင်းဆိုသလို လေဟာနယ်အစီအရင်တွင် မရေတွက်နိုင်သော အက်ကြောင်းများပေါ်လာလေသည်။
ဖန်ခွက်တစ်ခုလိုပင် အချိန်မရွေးအက်ကွဲသွားနိုင်၏။
လေဟာနယ်အစီအရင်က လေဟာနယ်မုန်တိုင်းကို လုံးဝ မခုခံနိုင်ပေ။
လေဟာနယ်လှိုင်းများက လေဟာနယ်အကာအကွယ်၏ အက်ကြောင်းများအတွင်းမှ ဝင်ရောက်ကာ အာကာသသင်္ဘော၏ အစိတ်အပိုင်းအမျိုးမျိုးကို ဖျက်ဆီးနေလေသည်။
ယဲ့ချိုးပိုင်တို့သည်ပင် သူတို့အစွမ်းရှိသလောက်တိုက်ခိုက်နေကြသည်။
သူတို့က အာကာသသင်္ဘောကိုယ်ထည်ကို မပျက်ဆီးစေရန်သာ ကာကွယ်နိုင်ကြသည်။
အာကာသသင်္ဘောက လုံးဝပျက်ဆီးတော့မည်အချိန်တွင် ပုံရိပ်တစ်ခုက အာကာသသင်္ဘောပေါ်သို့ ကျရောက်လာသည်။
ယဲ့ချိုးပိုင်က မော့ကြည့်လိုက်သည်။
ထိုပုံရိပ်က သက်လတ်ပိုင်းလူတစ်ဦးဖြစ်လေသည်။
ထိုလူက အမူအရာက တည်တံ့နေကာ ခန့်ညားသောပုံရှိလေသည်။
သူ၏ အရှိုန်အဝါက အလွန်သိမ်မွေ့လေသည်။
သူ၏ အရှိုန်အဝါက ထွက်ပေါ်မလာသော်လည်း ယဲ့ချိုးပိုင်တို့က ခုခံရန်မစွမ်းသာပေ။
ထိုလူက သူ့ကို လက်တစ်ချောင်းတည်းဖြင့်ပင် ဖိခြေနိုင်သည်ဟု ခံစားနေရသည်။
ထိုလူက အလွန်စွမ်းအားကြီးလေသည်။
သူက ယဲ့ချိုးပိုင်တို့ယခင်ကရင်ဆိုင်ခဲ့ဖူးသောသူများနှင့် လုံးဝခြားနားလေသည်။
လုချန်ရှန်းကတော့ ခြွင်းချက်ဖြစ်သည်။
လုချန်ရှန်းက သူတို့ကို ခုခံတားဆီးမနိုင်သည့်ခံစားချက်မျိုးမပေး။
ရုတ်တရက်ကြည့်လိုက်ပါက သူသည် သာမန်သေမျိုးတစ်ဦးလိုပင်။
သို့သော်လည်း လုချန်ရှန်းနှင့်ဆက်ဆံမိပါက သူသည် ဖော်ပြမနိုင်အောင်စွမ်းအားကြီးမားကြောင်းသူ ခံစားလာရသည်။
တစ်ဖက်တွင်မူ မုဖုရှန်းက ထိုသက်လတ်ပိုင်းလူကြီးကို သိနေဟန်ရသည်။ သူက စိတ်သက်သာရာရဟန်ဖြင့်ဘသက်ပြင်းချလိုက်ပြီး ပြောလိုက်လေသည်။ လူအိုကြီးမု၊ နောက်ဆုံးတော့ရောက်လာပြီဘဲ။ မြန်မြန် မြန်မြန်၊ ဒီလေဟာနယ်မုန်တိုင်းကို လာဖြေရှင်းပေးပါဦး”
သက်လတ်ပိုင်းကျင့်ကြံသူ၏ မူလက တည်ငြိမ်နေသောအမူအရာမှာ မုဖုရှန်း၏စကားကိုကြားလိုက်ရပြီး သူ၏ အမြင်ကတ်ဖွယ်မောက်မာနေပုံကိုကြည့်ပြီး သည်းခံနိုင်စွမ်းတွေပျောက်ကွယ်သွားဟန်ရသည်။
သူက အံကြိတ်ကာ မကျေမချမ်းပြောလေသည်။ “မင်းက တစ်နေကုန် ဟန်ဆောင်နေတာဘဲ။ မင်းကိုကောင်းကောင်းကျင့်ကြံဖို့ပြောတာလည်း အခြားနယ်မြေဆီသွားပြီး ဂလေရိုက်နေတယ်။ အခုမှ ဒုက္ခရောက်တော့မှ ဖအေကိုတတယ်ပေါ့လေ”
မုဖုရှန်းက ပခုံးတွန့်ပြပြွး အရိုက်ခံချင်နေဟန်ရသည်။ သူက ပြုံးကာ ပြောလိုက်၏။ “အိုက်ယား၊ လူအိုကြီးမုကလည်း ကိုယ့်သားကိုတော့ ဒုက္ခရောက်အောင်တော့ မပြစ်ထားဘူးမလား”
အစောင့် ရှောင်စစ်က သူဘာမှမကြားသည့်အတိုင်း ခေါင်းငုံကာ နေလေသည်။
သို့သော်လည်း သူပါးစပ်ထောင့်က တွန့်ကွေးနေသည်က သူ၏လက်ရှိခံစားချက်ကိုပြနေသည်။
ယဲ့ချိုးပိုင်၊ ရှောင်ဟေး နှင့် ရှစ်ရှန်းတို့ တစ်ယောက်ကိုတစ်ယောက် အကူညီမဲ့စွာ ကြည့်လိုက်ကြသည်။
ထိုသူက အရိုက်ခံဖို့ သက်သက် တောင်းဆိုနေတာဘဲ။
မုကျန်းယန်က သူ့နှလုံးသားထဲရှိ ဒေါသများကို ဖိနှိပ်ထားသည့်နှယ် အသက်ပြင်းပြင်းရှုသွင်းလိုက်၏။
ထို့နောက်သူက လေဟာနယ်မုန်တိုင်းကို လှမ်းကြည့်လိုက်လေသည်။
သူက လက်ရမ်းပြကာ မည်သည့်အရှိုန်အဝါကိုမှ ထွက်ပေါ်မနေပေ။
သူက လက်ကို အကြောင်းမဲ့သက်သက် ဝှေ့ရမ်းလိုက်ဟန်ပင်။
သို့သော်လည်း သူ့ရှေ့ရှိ လေဟာနယ်မုန်တိုင်းက ချက်ချင်းဆိုသလိုဘဲ ပျောက်ကွယ်သွားလေသည်။
ထို့နောက် သူက လက်ကိုထပ်မံဝှေ့ရမ်းလိုက်ရာ အာကာသသင်္ဘောရှိ ပျက်ဆီးနေသည့် လေဟာနယ်အစီအရင်က ပြန်လည် ကောင်းမွန်သွားလေသည်။
ထိုမှသာ သူက မုဖုရှန်းကို လှည့်ကြည့်ပြီး “ပြန်ရောက်မှ မင်းတွေ့မယ်”
ထိုသို့ပြောပြီးနောက် သူက ပျောက်ကွယ်သွားလေသည်။
သူပျောက်ကွယ်သွားချိန်တွင် မုကျန်းယန်က သူတို့ကို ကြည့်သွားကြောင်း ယဲ့ချိုးပိုင် လုံးဝခံစားမိလိုက်လေသည်။
ထိုအကြည့်ကြောင့် ယဲ့ချိုးပိုင်သည် သူတွင် ခေါင်းမှ ခြေမထိ လျှို့ဝှက်ချက်များ မရှိတော့သလိုပင်။
အကြည့်တစ်ချက်ဖြင့် အကုန်လုံးကို ဖောက်မြင်သွားဟန်ရ၏။
မုကျန်းယန်ပျောက်ကွယ်သွားချိန်တွင် မုဖုရှန်းက ပုခုံးတွန့်ကာ ပြောလိုက်၏။ “ကောင်းပြီ။ ကောင်းပြီ။ ဘာအန္တရာယ်မှမရှိတော့ဘူး”
“ကံကောင်းတာက ငါတို့ လေဟာနယ်မုန်တိုင်းအသေးလေးနဲ့တွေ့လို့၊ အကယ်၍ အလတ်ဆိုဒ်နဲ့ ဧရာမမုန်တိုင်းကြီးတစ်ခုကိုသာ ရင်ဆိုင်ရလိုက်ရင်…”
“လူအိုကြီးမုရဲ့ ခန္ဓာကိုယ်က ခံနိုင်ရည်ရှိပါ့မလားဘဲ”
ရှစ်ရှန်းက သိလိုစိတ်ဖြင့်မေးလိုက်သည်။ “ဒါက အသေးစားလေးလား”
မုဖုရှန်းက ခေါင်းညိမ့်၏။ ထိုသို့ အဓိပ္ပါယ်ရှိသည့်အမြင်ဖြေရန် စိတ်မရှည်ခြင်းမရှိပေ။
“အလယ်အလတ် လေဟာနယ်မုန်တိုင်းက ဒီထက် ပိုကြီးတယ်”
“ဒါတွေက ရှားတယ်”
“ဧရာမမုန်တိုင်းတွေဆိုရင်ရော။ ဒါဆိုရင်တော့ မင်းကတော့ အကုသိုလ်တော်တော်များတဲ့ကောင်ဘဲ။ ကောင်ကင်ဘုံတောင် မင်းကိုကယ်နိုင်မှာမဟုတ်တော့ဘူး”
ယဲ့ချိုးပိုင်က ပြောစရာစကားမဲ့သွား၏။ “ဒါဆို ခင်ဗျားက လေဟာနယ်မုန်တိုင်းကြီးနဲ့မကြုံဘူးသေးဘူးပေါ့”
၎င်းကိုကြားသော် မုဖုရှန်းက အတန်ငယ်မှင်သက်သွားသည်။
“ဘာလို့လဲ။ ငါဘာမှ မကောင်းတာမလုပ်ဖူးပါဘူး”
ယဲ့ချိုးပိုင်က မျက်လုံးစွေကြည့်လိုက်သည်။
မင်းကိုမင်းဘာလုပ်နေတာလဲဆိုတာသိလား။ မင်းက အရိုက်ခံရဖို့ကို လုံလောက်အောင် မကောင်းတဲ့သူဘဲ။
လေဟာနယ်မုန်တိုင်းပျောက်ကွယ်သွားသောအခါ ယဲ့ချိုးပိုင်တို့ခရီးလမ်းတွင် အတားအဆီးများမရှိတော့ပေ။
အချို့ သာမန်လေဟာနယ်မုန်တိုင်းများက ကိုင်တွယ်ရလွယ်ကူလေသည်။
သိပ်မကြာခင်တွင် အကန့်သတ်မဲ့ကမ္ဘာသို့ ဝင်ရောက်လာကြသည်။
သူတို့က တီတွင်းများကို ဖြတ်သန်းသွားပြီးသောအခါ ယဲ့ချိုးပိုင်တို့ကို အထင်ကြီးသွားစေသည်။
စိတ်ဝိဉာည်ချီများက အလွန်သိပ်သည်းနေသည်။
အလွန်ထူထပ်သောကြောင့် စေးကပ်နေသလိုပင်ဖြစ်နေသည်။
ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာရှိ စိတ်ဝိဉာည်ချီများပင် ထိုမျှလောက် မသိပ်သည်းပေ။
ပြောရလျှင် သူတို့က အကန့်သတ်မဲ့ကမ္ဘာသို့ ဝင်ရောက်လာစပင်ဖြစ်သည်။
ယဲ့ချိုးပိုင်က သူဖိနှိပ်ထားသောနယ်ပယ်က ဖိနှိပ်ရန်မလိုတော့သည်ကို ခံစားလိုက်ရသည်။
သူက အာကာသနတ်ဘုရားနယ်ပယ်ကို အချိန်မရွေးချိုးဖြတ်သွားနိုင်လေသည်။
ရှောင်ဟေးနှင့် ရှစ်ရှန်းက ၎င်းသည် သိသာနေသည်ဟု မထင်မပေ။
ရှောင်ဟေးက ခန္ဓာကိုယ်ကျင့်ကြံသူကဖြစ်ကာ စိတ်ဝိဉာည်ချီကို မလိုအပ်ပေ။
တစ်ဖက်တွင် ရှစ်ရှန်းက ကြယ်စွမ်းအားကို မှီခို၍ ကျင့်ကြံရသည်။
ကြယ်ကောင်းကင်တန်းထျန်တွင် မည်သည်စိတ်ဝိဉာည်ချီကိုမှ မှီခိုရန်မလိုပေ။
မုဖုရှန်းက ပြုံးကာ ပြောလေသည်။ “ကောင်းပြီ ငါတို့ရောက်ပြီဆိုတော့ ဘယ်ကိုသွားကြမလဲ”
“သွားစရာနေရာမရှိဘူးဆိုရင် ငါနဲ့လိုက်ခဲ့မလား”
“ဘာမှမပြောနဲ့ဦး။ ငါနောက်လိုက်မယ်ဆိုရင် အကန့်သတ်မဲ့ကမ္ဘာမှာ ဘယ်သူကမှ မင်းတို့ကို အနိုင်ကျင့်ရဲမှာမဟုတ်ဘူး”
စကားက အလွန်ကြီးကျယ်ဟန်ရသော်လည်း ယဲ့ချိုးပိုင်က သံသယမရှိပေ။
ယဲ့ချိုးပိုင်က သူ၏ သရုပ်မှန်ကို ခပ်ရေးရေးခန့်မှန်းနိုင်ခဲ့ပြီဖြစ်သည်။
အကန့်သတ်မဲ့ကမ္ဘာတွင် အင်ပါယာတစ်ခုသာရှိသည်။
အကန့်သတ်မဲ့မင်းဆက်ပင်။
မုဖုရှန်းက အင်ပါယာ၏ မင်းသားဖြစ်နိုင်လေသည်။
ယဲ့ချိုးပိုင်က ခေါင်းရမ်းကာ မုဖုရှန်း၏ စေတနာကိုငြင်းပယ်လိုက်သည်။
သူကပြော၏။ “ထားလိုက်ပါတော့၊ ကျွန်တော်တို့ ခင်ဗျားနောက်ကိုလိုက်ရင် အသေမြန်လိမ့်မယ်”
မုဖုရှန်းက ရယ်မောလိုက်၏။
သို့သော်လည်း သူက ယဲ့ချိုးပိုင်နှင့်အခြားနှစ်ဦးကို သဘောကျသည့်ဟန်ဖြင့် ကြည့်နေလေသည်။
“ကောင်းပြီ၊ ဒါဆို ညီအကိုယဲ့ ကံကောင်းပါစေ။ နောင်ကျရင် ငါ့ကို အံ့သြအောင်လုပ်ဖို့ မမေ့နဲ့”
“အချိန်တစ်ခုရောက်လာရင် အတူတူသောက်ကျတာပေါ့”
ယဲ့ချိုးပိုင်က မုဖုရှန်းနှင့်လက်ဆွဲနှုတ်ဆက်လိုက်သည်။
မုဖုရှန်းက ကျောက်စိမ်းလည်ဆွဲနှင့် အကန့်သတ်မဲ့ကမ္ဘာ၏ မြေပုံကို ထားခဲ့ပြီးနောက် ယဲ့ချိုးပိုင်တို့ကိုထားကာ ထွက်သွားတော့သည်။
ယဲ့ချိုးပိုင်က မုဖုရှန်းထွက်သွားသည်ကို ကြည်ကာ ပြုံးနေ၏။
ဘေးက ရှစ်ရှန်းက ပြုံးပြီး ပြောလိုက်၏။ “သူက စိတ်ဝင်စားစရာကောင်းတဲ့လူပဲ”
အမြဲရှက်တက်သော ရှောင်ဟေးကလည်း ခေါင်းညိမ့်ကာ သဘောတူ၏။
“မိတ်ဆွေဖြစ်ဖို့ ထိုက်တန်တဲ့သူဘဲ”
ယဲ့ချိုးပိုင်က ရယ်မောကာ ခေါင်းခါလိုက်၏။ “ကောင်းပြီ။ ငါတို့ အကန့်သတ်မဲ့နယ်မြေမှာ ဘယ်လိုနေထိုင်ကြမယ်ဆိုတာ စဥ်းစားကြရအောင်”