လေဟာနယ်လှိုင်းများက တစ်နေကုန်ပင်ဖြစ်သည်။
ထိုနေ့တွင် ရှောင်ဟေး၏ ညာဘက်လက်တွင် စတုတ္တမြောက်မျဉ်းကြောင်းက ပေါ်လာခဲ့လေသည်။
ထိုအခြေအနေတွင် ရှောင်ဟေးက မုဖုရှန်းကို ရင်းနှီးသွားလေသည်။
မုဖုရှန်းက ယဲ့ချိုးပိုင်တို့အား အကန့်သတ်မဲ့ကမ္ဘာ၏ အခြေခံအကြောင်းများကို ပြောပြထားလေသည်။
လက်ရှိ အကန်သတ်မဲ့နယ်မြေက နယ်မြေအနိမ့်များတွင် အားအကောင်းဆုံးဖြစ်လေသည်။
ကိုယ်ပိုင်နေရာတစ်ခုရရှိထားသော ပါရမီရှင်များက ထိုနေရာတွင် စုဝေးနေကြလေသည်။
မည်သို့ပင်ဖြစ်စေကာမူ အခြားနယ်မြေများရှိ ပါရမီရှင်များက အကန့်သတ်မဲ့ကမ္ဘာ၏ နယ်ခံများကို မချိုးဖောက်နိုင်သေးပေ။
တစ်ချိန်တည်းမှာ အကန့်သတ်မဲ့ကမ္ဘာတွင် အဖွဲ့များစွာ ပိုင်းခြားထားလေသည်။
ထိုနိုင်ငံက အကန်သတ်မဲ့ဧကရာဇ်နိုင်ငံတော်ပင်။
၎င်းတို့က အကန့်သတ်မဲ့နယ်မြေကို အကြွင်းမဲ့ အုပ်စိုးသူများဖြစ်ကြသည်။
သို့သော်လည်း အကန့်သတ်မဲ့ဧကရာဇ်နိုင်ငံတော်က အကန့်သတ်မဲ့နယ်မြေကို အုပ်စိုးသော်လည်း အဖွဲ့အစည်းများအပေါ်ကြားဝင်စွက်ဖက်ခြင်းမရှိပေ။
ထို့ကြောင့် အကန့်သတ်မဲ့ဧကရာဇ်နိုင်ငံတော်၏လက်အောက်တွင် အဖွဲ့အစည်းများက ကောင်းမွန်စွာရှိနေကြသည်။
ထိုအဖွဲ့အစည်းများထဲတွင် အကျော်ကြားဆုံး အထက်တန်းလွှာမိသားစုလေးစုရှိသည်။
ထိုမိသားစုလေးစုက ဟွာ၊ လန်၊ လီ နှင့် မု မိသားစုတို့ဖြစ်ကြ၏။
မျိုးနွယ်စုလေးစုလက်အောက်တွင် ဂိုဏ်းများက အကန့်သတ်မဲ့ကမ္ဘာအနှံ့တွင် ရှိနေလေသည်။
အဆင့်အလိုက်ခွဲခြားထားခြင်းမျိုးမရှိဘဲ ပထမတန်းစားအဖွဲ့၊ ဒုတိယတန်းစားအဖွဲ့နှင့် တတိယတန်းစားအဖွဲ့ဟူ၍ သာရှိလေသည်။
အပြင်လူများထူထောင်ထားသော ဂိုဏ်းများမှာ အလွန်ဆုံး ဒုတိယတန်းစားအဖွဲ့များအဖြစ်သာရောက်ရှိကြသည်။
သို့သော် ခြွင်းချက်တစ်ခုရှိလေသည်။
ထိုလူက အပြင်ဘက်နယ်မြေက လာသူဖြစ်လေသည်။
သို့သော်လည်း သူ၏ ထိတ်လန့်ဖွယ် ပါရမီစွမ်းရည်နှင့် ခွန်အားဖြင့် လူတစ်စုကို ဦးဆောင်ကာ ကောင်းကင်ဘုံသတ်ဖြတ်ခြင်းဂိုဏ်းကို တည်ထောင်ခဲ့သည်။
ကောင်းကင်ဘုံသတ်ဖြတ်ခြင်းဂိုဏ်းချုပ်အကြောင်းပြောနေစဥ် မုဖုရှန်း၏ လေးစားသောအကြည့်များပေါ်လာပြီး အပြုံးနှင့်ပြောလေသည်။ “ကောင်းကင်ဘုံသတ်ဖြတ်ခြင်းဂိုဏ်းချုပ်က လှံတစ်ချောင်းနဲ့ သူ့နာမည်ကို အကန့်သတ်မဲ့ကမ္ဘာမှာ ရေးထိုးနိုင်ခဲ့တယ်”
“အဖေကတောင် ဂိုဏ်းချုပ်အောင်းထျန်းကို တန်ဖိုးကြီးရတနာတွေနဲ့ ဆွဲဆောင်သိမ်းသွင်းတာတောင် မအောင်မြင်ခဲ့ဘူး”
ယဲ့ချိုးပိုင်က ပြုံး၍ ပြောလေသည်။ “ဒါဆို အကိုမုရဲ့အဖေက အကန့်သတ်မဲ့ဧကရာဇ်နိုင်ငံရဲ့ ဧကရာဇ်ပေါ့”
မုဖုရှန်းက ဖုန်းကွယ်မနေပေ။ သူက ခေါင်းညိမ့်ကာ ပြုံး၍ နောက်လိုက်၏။ “ဘာလို့လဲ။ ညီအကိုယဲ့က ကျုပ်သရုပ်မှန်ကိုသိသွားတော့ အကွာအဝေးတစ်ခုထားပြီးနေတော့မလို့လား”
“မဟုတ်ပါဘူး”
ယဲ့ချိုးပိုင်က မျက်လုံးတစ်ဖက်မှိတ်ကာ ပြော၏။ “ဧကရာဇ်နိုင်ငံရဲ့ ဝိုင်က ကောင်းမကောင်းသိချင်မိပါရဲ့။ ကျွန်တော်သောက်လို့ရပါ့မလား”
၎င်းကိုကြားသော် မုဖုရှန်းက ယဲ့ချိုးပိုင်ကို မတူကွဲပြားစွာကြည့်ပြီး သူ့ပုခုံးကိုဖက်ကာ ရယ်မောလိုက်၏။
“ရတာပေါ့၊ ရတာပေါ့။ ကောင်းလားမကောင်းလားဆိုရင်တော့ ငါတို့နယ်မြေက ဒေသမျိုးစုံရဲ့ ဝိုင်ကောင်းတွေကို စုစည်းထားတယ်”
ဒေသမျိုးစုံရဲ့ ဝိုင်ကောင်းတွေဆိုပါလား။
ယဲ့ချိုးပိုင်က ပြုံးလိုက်သည်။
သူ့ဆရာချက်ထားသည့် ဝိုင်ဖြူလောက် ကောင်းတာရှိမည်မဟုတ်ပေ။
စကားပြောနေရင်း မုဖုရှန်း၏ အမူအရာက ရုတ်တရက်ပြောင်းလဲသွားသည်။
လှံရှည်တစ်ချောင်းကို ကိုင်ထားသော အစောင့်၊ ရှောင်စစ်က လေးနက်သောအမူအရာဖြင့် ပြောလိုက်၏။ “အရှင့်သား”
မုဖုရှန်းက ခေါင်းညိမ့်ကာ ကြည့်လိုက်သည်။
ဧရာမမုန်တိုင်းကြီးတစ်ခုက သူတို့ကို တိုက်ခိုက်လာတော့သည်။
“လေဟာနယ် မုန်တိုင်း…”
“ငါတို့ ကံက သိပ်ကောင်းပုံမရဘူး”
ယဲ့ချိုးပိုင်တို့လည်း လှမ်းကြည့်လိုက်ကြသည်။
လေဟာနယ်မုန်တိုင်းများက အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလေသည်။
၎င်းက များပြားလှသော လေဟာနယ်လှိုင်းများကြောင့် ဖြစ်ပေါ်လာရခြင်းပင်။
လမ်းတစ်လျှောက်တွင် လေဟာနယ်မုန်တိုင်းက ဥက္ကာခဲများများနှင့်ဝင်တိုက်မိ၏။
ဥက္ကခဲများလွင့်ထွက်မသွားခင် စိမ့်ထွက်နေသော လေဟာနယ်စွမ်းအားကြောင့် ၎င်းတို့က အမှုန့်အဖြစ်ပြောင်းလဲသွားလေသည်။
ယဲ့ချိုးပိုင်က မဟူရာမိစ္ဆာဓားကိုဆွဲထုတ်ကာ မေးလိုက်သည်။ “လေဟာနယ်မုန်တိုင်းတွေကို သာမန်ဆို ဘယ်လိုကိုင်တွယ်လဲ”
မုဖုရှန်းက မေးစေ့ကိုပွတ်ကာ အလေးအနက်ပြောလိုက်သည်။ “မင်းက ဒါဆို ဘယ်လိုရင်ဆိုင်ရမလဲလို့ မေးတာလား”
ယဲ့ချိုးပိုင်၊ ရှစ်ရှန်းနှင့် ရှောင်ဟေးတို့က မုဖုရှန်းကို သိချင်ဇောဖြင့်ဝိုင်းကြည့်နေကြသည်။
မုဖုရှန်းက မိစ္ဆာဆန်ဆန်ပြုံးကာ၊ “ဒါပေါ့ ပြေးကြမယ်လေ”
ယဲ့ချိုးပိုင်:”…”
ရှစ်ရှန်း:”…”
ရှောင်ဟေး:”…”
ဘယ်လိုလုပ်ရမလဲ။ ဒီလိုက ရိုက်သတ်ဖို့ကောင်းတယ်။
မုဖုရှန်းက ရှောင်စစ်ကို အာကာသသင်္ဘောကို ထိန်းချုပ်ရန် ချက်ချင်းအမိန့်ပေးလိုက်လေသည်။
တစ်ချိန်တည်းမှာ သူက ကျောက်စိမ်းစည်းတံဆိပ်ကို ထုတ်ယူလိုက်သည်။
ထိုကျောက်စိမ်းစည်းတံဆိပ်က အာကာသသင်္ဘောတစ်စင်းလုံးကို ဖုံးလွှမ်းသွားသည်။
၎င်းတွင် ခုခံကာကွယ်ရေးအစီအရင်ပါဝင်လေသည်။
ထို့ပြင် သင်္ဘောကိုယ်ထည်တစ်ခုလုံးတွင် အဆောင်လက်ဖွဲ့များဖြင့်ပြည့်နေ၏။
ထိုအဆောင်များက အလွန်အဆင့်မြင့်သော ခုခံကာကွယ်ရေးအဆောင်များဖြစ်သည်မှာ အရှင်းအလင်းပင်။
အဆောင်တစ်ခုချင်းဆီတွင် အစီအရင်အသေးစားတစ်ခုစီပါဝင်သည်။
သူက ဖက်ထုတ်လိုဖြစ်နေသော မုဖုရှန်းကိုမြင်လိုက်ရလေသည်။
ယဲ့ချိုးပိုင်က ကြောင်အသွားကာ “ခင်ဗျား… ဘာတွေလုပ်နေတာလဲ”
သို့သော်လည်း မုဖုရှန်းက အပြစ်ကင်းစွာပြောလေသည်။ “ငါဘာလုပ်ရမှာလဲ။ ချပ်ဝတ်တွေဝတ်နေတာလေ”
“မဟုတ်ရင် လေဟာနယ်မုန်တိုင်းကြောင့် အပိုင်းပိုင်းပြတ်သွားလိမ့်မယ်”
မုဖုရှန်းက ပြောရင်း ယဲ့ချိုးပိုင်အား အရူးတစ်ယောက်လိုပင် ကြည့်နေလေသည်။
ယဲ့ချိုးပိုင် မျက်ခုံးများ တွန့်သွား၏။
သူ့ရှေ့က လူကို အနည်းငယ် ရင်းနှီးနေသလို ရုတ်တရက်ခံစားလိုက်ရ၏။
ဒီလို အကျင့်မျိုးကို အရင်က မြင်ဖူးသလိုဘဲနော်။
သို့သော်လည်း အစောင့်၏ အမူအရာက အသားနေသလို တည်ငြိမ်နေလေသည်။
လေဟာနယ်မုန်တိုင်းက ချဉ်းကပ်လာလေပြီ။
အာကာသသင်္ဘောတစ်ခုလုံးက ထိန်းမနိုင်သိမ်းမရ လှုပ်ခါနေတော့သည်။
ကျောက်စိမ်းစည်းတံဆိပ်၏ အစီအရင်ကလည်း အပေါက်များဖြစ်လာ၏။
၎င်းက အချိန်မရွေးကျိုးပျက်သွားမည့်ပုံပင်။
ရုတ်တရက် အစောင့်က အာကာသသင်္ဘောကို ထိန်းချုပ်ကာ ဦးတည်ရာကို ပြောင်းလဲလိုက်သည်။
ဦးတည်ရာက လေဟာနယ်မုန်တိုင်း၏ လေလာရာဆန့်ကျင်ဘက်သို့ဖြစ်လေသည်။
ကျွီ။
လေဟာနယ်မုန်တိုင်းတိုက်ခတ်မှု့အောက်တွင် အာကာသသင်္ဘောက ဆန့်ကျင်ဘက်ကိုရွက်လွှင့်လိုက်သောအခါ ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာ၏။
မုဖုရှန်းက စောဒကတက်လိုက်သည်။ “မင်းရဲ့ အာကာသသင်္ဘောကလည်း အားနည်းလိုက်တာ”
ထို့အခါ ယဲ့ချိုးပိုင်က ထိုလူ့ကို အာကာသသင်္ဘောပေါ်မှ ကန်ချချင်စိတ်ကို မနည်းထိန်းထားရလေသည်။
ထိုအချိန် ရှောင်စစ်က သူ့ကို သတိပေးလိုက်သည်။ “အာကာသသင်္ဘောကို ကာကွယ်ဖို့ အာရုံစိုက်ထားပါ။ လေဟာနယ်မုန်တိုင်းကို အာကာသသင်္ဘောကိုယ်ထည်ကို မတိုက်မစေနဲ့”
သူလည်းစကားဆုံးသည်နှင့် လေဟာနယ်လှိုင်းတစ်ခုက ဓားတစ်ချောင်းလို သူတို့ဆီတိုးဝင်လာလေသည်။
ကျောက်စိမ်းစည်းတံဆိပ်၏ အကာကွယ်အစီရင်က လေဟာနယ်မုန်တိုင်းတိုက်ခိုက်ခြင်းမှ အမှုန့်မဖြစ်သွားစေရန် တားဆီးပေးခြင်းဖြစ်သည်။
ပိုက်ကွန်မှလွတ်လာသော ငါးများကို ခုခံကာကွယ်မည်မဟုတ်ပေ။
ယဲ့ချိုးပိုင်က သူ့ဓားကိုဆွဲကာ မတ်တပ်ရပ်လိုက်သည်။
ဓားဆန္ဒတစ်မျှင်က ကောင်းကင်ထက်သို့ ထိုးတက်သွားလေသည်။
ကောင်းကင်ကိုးဆင့်မိစ္ဆာဓားရှစ်ကွက်ပင်။
ဓားဘိုးဘေး ဓားဆန္ဒက ကောင်းကင်ကိုးဆင့်မိစ္ဆာဓားနှင့်ပေါင်းစပ်သွားပြီး မဆုံးသောစွမ်းအားများကို ထုတ်လွှတ်နေလေသည်။
ယဲ့ချိုးပိုင် လေဟာနယ်လှိုင်းကို ပျောက်ကွယ်သွားစေလိုက်သည်ကို ကြည့်ကာ မုဖုရှန်းက ခေါင်းအသာညိမ့်လိုက်သည်။
“သူက ချင်းယွမ်းနယ်ပယ်ထပ်ဆုံးအဆင့်ကိုမှာ ဓားဘိုးဘေးနယ်ပယ်ကိုရောက်နေပြီ။ သူက အကန့်သတ်မဲ့နယ်မြေက ဓားကျင့်ကြံသူတွေကြားမှာတောင် မဆိုးဘူးပြောရမယ်”
သို့သော်လည်း ယဲ့ချိုးပိုင်က ကျင့်ကြံခြင်းအဆင့်အတန်းအလွန်နိမ့်ကျသော နေရာတွင် မွေးဖွားလာခဲ့သူဖြစ်လေသည်။
ကျင့်ကြံခြင်းအဆင့်အတန်း နိမ့်ကျသောနေရာတွင် ထိုသို့မြင့်မားသောအဆင့်ကိုရောက်အောင်ကျင့်ကြံနိုင်လျှင် အကန့်သတ်မဲ့ကမ္ဘာသို့ရောက်ပါက သူသည် ကောင်းကင်သို့ ထိုးတက်သွားအောင်ပင်ဖြစ်သွားလိမ့်မည်။
သို့သော်လည်း အကန့်သတ်မဲ့ကမ္ဘာတွင် ထိုသို့သော ကျင့်ကြံသူများစွာရှိလေသည်။
အဆုံးတွင်တော့ ၉၉% က နာမည်ပင်မသိရှိဘဲ တိမ်မြုပ်သွားရလေသည်။
အနိမ့်ပိုင်းနယ်မြေများထဲတွင် အကန့်သတ်မဲ့ကမ္ဘာက အားအကောင်းဆုံး နယ်မြေတစ်ခုဖြစ်လေသည်။
ပါရမီရှင်လား။
မကောင်းဆိုးဝါးတစ်ယောက်လား။
သူတို့က အကန့်သတ်မဲ့ကမ္ဘာတွင် တန်ဖိုးမရှိသော အရာများပင်။
နောက်ဆုံးချိန်ထိရပ်တည်နိုင်သော ပါရမီရှင်ကသာ ရယ်မော၍ကျန်ရစ်နိုင်မည်။
၎င်းကြောင့်ပင် မုဖုရှန်းက ထိုသို့ အကျင့်မျိုးပေါ်လာခြင်းဖြစ်သည်။
သို့သော်လည်း လေဟာနယ်မုန်တိုင်းမြင်ရသည့်အတိုင်း မရိုးရှင်းပေ။
လူတိုင်းက အစွမ်းကုန်ခုခံနေကြသော်လည်း မုန်တိုင်းအတွင်းသို့ စုပ်ယူခံလိုက်ရလေသည်။
မုန်တိုင်းက အဆုံးမဲ့ပင်လယ်ပြင်ကြီးရှိ လှိုင်းလုံးများသဖွယ် ရိုက်ခတ်လေသည်။
သူတို့ထဲမှ လှေငယ်လေးတစ်စင်းသည် အန္တရာယ်ကျရောက်ခုဆဲဆဲတွင်ဖြစ်နေသည်။
ရှောင်စစ်က အလေးနက်ပြောလိုက်သည်။ “ဒီအာကာသသင်္ဘောအဆင့်က အရမ်းနိမ့်တယ်။ ကြာကြာထိန်းထားနိုင်မလားတောင်မသိဘူး”
ရှစ်ရှန်းက မေးလိုက်သည်။ “ဒါဆို ကျွန်တော်တို့ လဲလိုက်မလား”
မုဖုရှန်းက ခေါင်းခါကာ “ငါတို့လဲလို့ရမယ်မထင်ဘူး။ အကယ်၍ လဲလိုက်မယ်ဆို ဒီအာကာသ သင်္ဘောက အကာကွယ်တွေက ပျက်ဆီးသွားလိမ့်မယ်။ အဲ့အချိန်ကျရင် လဲနေတုန်း ငါတို့က လေဟာနယ်မုန်တိုင်းထဲ စုပ်ယူခံလိုက်ရမယ်”
ထိုစကားကိုကြားသော် ယဲ့ချိုးပိုင်က လက်ထဲရှိ ကျောက်စိမ်းလည်ဆွဲကို ဆုပ်ကိုင်ထားကာ တိုက်ခိုက်ရန်ပြင်နေသည်။
ရုတ်တရက် ပုံရိပ်တစ်ခုက အာကာသသင်္ဘောပေါ်သို့ သက်ဆင်းလာလေသည်။