Switch Mode

အခန်း (၂၆၉)

မုဖူရှန်း။ 

ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာနှင့် အကန့်အသတ်မဲ့နယ်​မြေက အလွန်ဝေးကွာ၏။

အကန့်အသတ်မဲ့နယ်မြေသို့သွားရောက်ရန် အာကာသနတ်သင်္ဘောများစီးရန်လိုသည်။

အနည်းဆုံး အချိန်ခုနှစ်ရက်ခန့်ကြာနိုင်၏။

ထို့ပြင် ၎င်းအချိန်က အာကာသမုန်တိုင်းများနှင့် လေဟာနယ်လှိုင်းများနှင့်မကြုံမှ ဖြစ်နိုင်မည်။

အချိန်အတန်ကြာ အာကာသခရီးနှင်မှု့က လေဟာနယ်မုန်တိုင်းများနှင့်ကြုံတွေ့ရန်မှာ အလွန်ဖြစ်နိုင်ချေများသည်။

ထိုအချိန်တွင် ယဲ့ချိုးပိုင်တို့က အာကာသသင်္ဘောပေါ်တွင်ရောက်နေသည်မှာ သုံးရက်ခန့်ကြာမြင့်နေပြီဖြစ်သည်။

လက်တလောတွင် မည်သည့် မတော်တဆဖြစ်ရပ်မှ မကြုံရသေးပေ။

သို့သော်လည်း လေးရက်​မြောက်နေ့တွင် လေဟာနယ်မုန်တိုင်းကြီးတစ်ခုနှင့် ပက်ပင်းတိုးခဲ့ရသည်။

အခြားနှစ်ဦးက ကျင့်ကြံခြင်းကိုရပ်တန့်ကာ အာကာသသင်္ဘောာခေါင်းပိုင်းသို့သွားရောက်လိုက်ကြသည်။

သိူ့သော်လည်း သူတို့၏ မျက်နှာတွင် ကြောက်လန့်ခြင်းများရှိမနေပေ။

ယဲ့ချိုးပိုင်က ပြုံး၍ ပြောသည်။ “ဒါ ပထမဆုံး လေဟာနယ်မုန်တိုင်းနဲ့ကြုံဖူးတာဘဲ။ ဘယ်လောက်အားကောင်းလဲကြည့်ရသေးတာပေါ့”

ရှစ်ရှန်းက ခေါင်းကုတ်၍ ပြောလိုက်သည်။ “လေဟာနယ်လှိုင်းတွေက အရမ်းကြောက်ဖို့ကောင်းတယ်လို့ပြောကြတယ်။ တော်တော်တော့ အားကောင်းတယ်ဆိုဘဲ”

တစ်ဖက်တွင်တော့ ရှောင်ဟေးက စိတ်လှုပ်ရှားနေသည်။

“ကျွန်တော် ဒီကိလေဟာနယ်လှိုင်းကို ရင်ဆိုင်ကြည့်ချင်တယ်”

အတွင်းမိစ္ဆာခန္ဓာကိုယ်၏ စတုတ္တအဆင့်က လေဟာနယ်မှော်အက္ခရာများပင်။

လေဟာနယ်လှိုင်းများဖြင့် ခန္ဓာကိုယ်ကို သန့်စင်လိုက်ပါက စတုတ္တအဆင့်ကိုမြန်နိုင်သမျှမြန်သွားစေနိုင်သည်မှာ သံသယရှိစရာမလိုပေ။

မည်သို့ဆိုစေကာမူ ရှောင်ဟေး၏ စိတ်ကူးအရ လေဟာနယ်မုန်တိုင်းများကြားတွင် သန့်စင်နိုင်ပါက အကောင်းဆုံးဖြစ်နိုင်သည်ဟုပင်။

ခုန်းကျန့်ဟန်တို့သာ ရှောင်ဟေး၏ အတွေးများကို သိပါက ပြောစရာစကားမဲ့သွားကြလိမ့်မည်။

မဟာဧကရာဇ်ပင် လေဟာနယ်မုန်တိုင်းများကို တောင်ခံနိုင်စွမ်းမရှိပေ။

ယဲ့ချိုးပိုင်က သူ့ကိုမတား။

ရှောင်ဟေးက လုပ်ချင်သည်ဆိုမှတော့ သူယုံကြည်ချက်ရှိရမည်ဖြစ်သည်။

ရှောင်ဟေးက အာကာသသင်္ဘော၏ အကာကအကွယ်အစီအရင်မှ ခုန်ကျော်ကာ လေဟာနယ်မုန်တိုင်းများဆီသို့ ဦးတည်သွားတော့သည်။

ရှောင်ဟေးက လွယ်လွယ်ကူကူ သတိလက်လွှတ်မနေပေ။

အတွင်းမိစ္ဆာခန္ဓာကိုယ်၏ မျဥ်းကြောင်းသုံးခုက ရုတ်တရက် ထွက်ပေါ်လာပြီး ရှောင်ဟေးခန္ဓာကိုယ်တွင် လင်းလက်လာသည်။

မီးမျဥ်းများ၊ ရေခဲမျဥ်းများနှင့် သတ်ဖြတ်ခြင်းဆန္ဒမျဥ်းများပင်။

ထိုမျဥ်းသုံးခုက တစ်ချိန်တည်းတွင် ပို၍ လင်းလက်လာသည်။

မည်သို့ပင်ဆိုစေကာမူ လေဟာနယ်လှိုင်းများက ရှောင်ဟေးခန္ဓာကိုယ်သို့ရိုက်ခတ်သွားသောအခါ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။

၎င်းက ထက်ရှသော ဓားများလိုပင်။ 

၎င်းတို့က ရှောင်ဟေးခန္ဓာကိုယ်ကို ဆက်လက်ထိုးဖောက်နေသည်။

မည်သို့ဆိုစေကာမူ ၎င်းက သူ၏ခန္ဓာကိုယ်ကို သန့်စင်နိုင်သောကြောင့်ဖြစ်သည်။

ခန္ဓာကိုယ်ကိုတိုးတက်အောင် တိုက်ရိုက်အဆန်ဆုံးနည်းလမ်းက နာကျင်မှု့ကို ရင်ဆိုင်ရန်ပင်။

နာကျင်မှု့ကို ပေါင်းစပ်ပြီး လိုက်လျှောညီထွေဖြစ်ပြီးနောက် ​ပြင်ပခွန်အားသည် စတင်၍ တိုးတက်လာမည်ဖြစ်သည်။

ခန္ဓာကိုယ်ကျင့်ကြံခြင်းလမ်းကြောင်းက ကျင့်ကြံရန်ခက်ခဲသော လမ်းကြောင်းဖြစ်လေသည်။

ရှေးယခင်အချိန်တုန်းက ခန္ဓာကိုယ်ကျင့်ကြံခြင်းလမ်းကြောင်းကိုစတင်ခဲ့သူမှာ အယောက်တစ်သောင်းတွင် တစ်ယောက်ပင်မရှိခဲ့ပေ။

၎င်းက အဓိပ္ပါယ်ရှိလေသည်။

ထိုသူများက ရင်းမြစ်များစွာကို လိုအပ်သည်သာမက သာမန်လူများတောင့်မခံနိုင်သော နာကျင်မှု့များကိုပင် တောင့်ခံနိုင်ရမည်ပင်။

ဟုတ်ပေသည်၊ တစ်ခါအောင်မြင်သွားပြီးသည်နှင့် ခန္ဓာကိုယ်ကျင့်ကြံသူများက ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်လွှတ်နိုင်ကြတော့မည်ဖြစ်သည်။

လေဟာနယ်မုန်တိုင်းထဲတွင် ရှောင်ဟေး၏ ခန္ဓာကိုယ်က တုန်ယင်နေလေသည်။

သူ သိသာစွာပင် နာကျင်မှု့ဒဏ်ကို တောင့်ခံနေရသည်။

သို့သော်လည်း အသံတစ်ချက်မှပင်မထွက်ဘဲ အံ့ကြိတ်ကာနေလေသည်။

သူ့ခန္ဓာကိုယ်၌ စတုတ္တမျဥ်းတစ်ကြောင်းက ပေါ်လာလေသည်။

အနာခံမှ အသာစံရမည်ဖြစ်သည်။

အာကာသသင်္ဘောထဲမှ ယဲ့ချိုးပိုင်က ထိုမြင်ကွင်းကို လေးနက်သောအမူအရာဖြင့် ကြည့်နေတော့သည်။ 

ရှောင်ဟေးက ယုံကြည်ချက်ရှိသည်ဘဲပြောပြော အာကာသထဲတွင် အန္တရာယ်များက နေရာတိုင်းတွင်ရှိနေသည်။

မည်သူကမှ ဘယ်လိုအန္တရာယ်မျိုးမှန်းမသိကြချေ။

တစ်ခုခုမှားယွင်းသွားပါက ယဲ့ချိုးပိုင်က ရှောင်ဟေးကို ပြန်ခေါ်ရန်လုပ်ဆောင်မည်ဖြစ်သည်။

ထိုအခိုက် သူတို့ဘေးနားသို့ အာကာသသင်္ဘောတစ်စီးက ရွက်လွင့်လာခဲ့သည်။

ယဲ့ချိုးပိုင်နှင့် ရှစ်ရှန်းတို့ကို ၎င်းက ဆွဲဆောင်လိုက်၏။

ထိုအာကာသသင်္ဘောက သူတို့နှင့် အရွယ်စားတူတူဖြစ်လေသည်။

သို့သော်လည်း အတွင်းရှိ အစီအရင်မှာ ခိုင်ခံပုံရသည်။

ယဲ့ချိုးပိုင်တို့ခြေထောက်အောက်ရှိ အာကာသသင်္ဘောနှင့် နှိုင်းယှဥ်၍မရနိုင်ပေ။

အာကာသသင်္ဘောထိပ်တွင် လူနှစ်ဦးက ရှိနေလေသည်။

ဦးဆောင်လာသူက အဖြူရောက်ဝတ်စုံကိုဝတ်ထားပြီး ခပ်ပြုံးပြုံးနှင့်ရှိနေလေသည်။

“အိုး၊ ခန္ဓာကိုယ်ကျင့်ကြံသူလား။ လေဟာနယ်လှိုင်းတွေကြားမှာ ခန္ဓာကိုယ်သန့်စင်နိုင်ရဲတဲ့ သတ္တိက တော်တော် လေးစားဖို့ကောင်းတာဘဲ”

ထိုလူက ထိုသို့ပြောလိုက်သော်လည်း သူ့မျက်လုံးများထဲတွင် အမှန်အတိုင်းလေးစားနေ၏။

ထိုသူက သူတို့ကို လှောင်ပြောင်နေဟန်မရဘဲ သူ၏ ရင်ထဲမှ လေးစာနေဟန်ရသည်။

သူနောက်ရှိ အစောင့်များကလည်း သဘောတူသည့်ပုံနှင့် ခေါင်းညိမ့်၏။

သူက ယဲ့ချိုးပိုင်ကို ကြည့်ကာ ယဥ်ကျေးစွာမေးလိုက်၏။ “ဆရာတို့က ဘယ်နယ်မြေကလဲမသိဘူး”

တစ်ဖက်လူက မကောင်းကြံလိုစိတ်မရှိသည်ကိုမြင်သော်အခါ ယဲ့ချိုးပိုင်က ပြုံး၍ပြန်ဖြေသည်။ “ကန္တာရဒေသကပါ”

“ကန္တာရဒေသ”

ထိုလူက ကြောင်အသွားသည်။ ထို့နောက် သူ့နောက်ရှိ အစောင့်တစ်ယောက်ကိုလှည့်ကြည့်ကာမေးလိုက်သည်။ “ရှောင်စစ် သူတို့ကိုသိလား”

အစောင့်က တစ်ခဏမျှတွေးတောပြီး ပြန်ဖြေ၏။ “ကျင့်ကြံခြင်းအဆင့်အတန်းနောက်ကျကျန်ခဲ့တဲ့ နယ်မြေတစ်ခုဖြစ်မည်ထင်ပါတယ်”

“အိုး၊ စိတ်ဝင်စားစရာဘဲ”

“ဒါဆို ဘယ်သွားမလို့လဲ”

အကန့်သတ်မဲ့ကမ္ဘာကိုသွားနေ​ကြောင့် ဖုံးကွယ်ရန်မရှိပေ။

ယဲ့ချိုးပိုင်က အမှန်တိုင်းဖြေလိုက်သည်။ “အကန့်သတ်မဲ့ကမ္ဘာ”

“အိုး၊ ဒါဆို ကျူပ်တို့ရဲ့ခရီးက တူတူဘဲ။ တူတူသွားချင်လား”

ရှောင်စစ်က ချက်ချင်း တာဆီးရန်ကြိုးစားလိုက်သည်။ “အရှင့်သား…”

ထိုလူက လက်ခါပြကာ “ရတယ်”

၎င်းကိုမြင်သော် ရှောင်စစ်က ခေါင်းခါရမ်းလိုက်သည်။

ယဲ့ချိုးပိုင်က ရှစ်ရှန်းကို ကြည့်လိုက်သည်။

ရှစ်ရှန်းက ပြုံးကာ ပြောလိုက်သည်။ “အကို ဘယ်လိုလုပ်လုပ်ရတယ်”

ယဲ့ချိုးပိုင်က ထိုလူ၏ နာမည်ကို မိတ်ဆက်တုန်းက သိလိုက်ရသည်။

မုဖုရှန်း။

မုဖုရှန်းက လေဟာနယ်လှိုင်းများကြားရှိ ရှောင်ဟေးကို ကြည့်ကာ အပြုံးနှင့် ပြောလိုက်လေသည်။ “ညီအကိုယဲ့၊ ဘာဖြစ်လို့ အကန့်သတ်မဲ့ကမ္ဘာကိုသွားချင်ရတာလဲ”

“ဒီက ကျင့်ကြံခြင်းအဆင့်အတန်းက ညီအကိုတို့လာတဲ့နေရာနဲ့ မတူဘူးနော်”

မုဖုရှန်း၏ စကားများက ပညာသားပါလေသည်။

မင်းက ကန္တာရဒေသမှာ ပါရမီရှင်ဖြစ်ချင်ဖြစ်မယ် ဒါပေမဲ့ အကန့်သတ်မဲ့ကမ္ဘာကိုသွားမယ်ဆိုရင် ပြောင်းပြန်လည်ဖြစ်သွားနိုင်တယ်။

သို့သော်လည်း သူတို့၏ ခံစားချက်အပေါ်မူတည်ပြီး မုဖုရှန်းက ပါးနပ်စွာပြောလိုက်လေသည်။

ယဲ့ချိုးပိုင်က ဒေါသမဖြစ်ပေ။ သူက ခပ်ဖျော့ဖျော့ပြုံး၍ ပြောလိုက်သည်။ “ဒါပေါ့ ကျွန်တော်က လေ့ကျင့်ဖို့ သွားမှာ။ ကျွန်တော် မရဲရင့်လာခင်မှာ ကျွန်တော့်ရဲ့ရှက်စိတ်ကို သိရမယ်။ ဒီလိုဘဲ ကြိုးကြိုးစားစားကျင့်ကြံမှ ခြားနားချက်ကိုသိရမှာပေါ့”

၎င်းကိုကြားသော် မုဖုရှန်းက အော်ရယ်လိုက်သည်။

“ဟုတ်တယ်။ ဟုတ်တယ်။”

“ငါ့အမြင်မှတော့ ကျင့်ကြံခြင်းအဆင့်အတန်းနိမ့်ပါးတဲ့နေရာကနေ ဒီအဆင့်ကို တက်နိုင်တာက ဒီပါရမီရှင်တွေထက် ပိုချီးကျူးစရာပဲ”

“ငါက ညီအကိုယဲ့တို့နဲ့ သူငယ်ချင်းပိုဖြစ်ချင်သွားပြီ”

ယဲ့ချိုးပိုင်က ပြုံး၍ မုဖုရှန်းကို ကိုင်ကာ “ကျွန်တော်လည်း ဒီလိုဖြစ်တာကို သဘောကျပါတယ်”

“ဒါဆို ညီအကိုယဲ့ စိတ်ချပါ။ ငါက ဟန်ဆောင်ရတာမကြိုက်ဘူး။ ပင်ပန်းတယ်” သူတို့က လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။

မုဖုရှန်းက ပြုံး၍ “နောင်ကျ အကန့်သတ်မဲ့ကမ္ဘာမှာ အကူညီလိုရင် ငါကို လာရှာလှည့်။ ဒါပေမဲ့ မင်းလိုဓားကျင့်ကြံသူက အကြောင်းမရှိဘဲလာရှာမှာတော့မဟုတ်ဘူး။ ဒါဆို မင်းသောချင်တဲ့အခါကျရင် လာရှာကွာ”

မုဖုရှန်းက သူဓားကျင့်ကြံသူမှန်းရှာတွေ့သွားသည်ကို မအံ့သြပေ။

သူက မနေနိုင်ဘဲ ပြုံးလိုက်သည်။ 

ထိုလူက ထူးဆန်းသော်လည်း တည့်တိုးဆန်လှသည်။ 

သူက မိတ်ဆွေဖြစ်ရန် ထိုက်တန်သောလူဖြစ်လေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset