Switch Mode

အခန်း (၂၆၈)

ထွက်သွားကြပြိ။

အတွင်းမိစ္ဆာခန္ဓာကိုယ် အဆင့်သုံးက သတ်ဖြတ်ခြင်းဆန္ဒများလမ်းပြခြင်းနှင့်အတူ ရှောင်ဟေး၏ ခန္ဓာကိုယ်တွင် သတ်ဖြတ်ခြင်းဆန္ဒမျဉ်းများက ဖြစ်တည်လာသည်။

ထိုမျဥ်းများတွင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းဆန္ဒများပါဝင်နေသည်။

သူက လက်သီးချက်တစ်ခုပြစ်သွင်းလိုက်သည်။

၎င်းက တစ်ဖက်သူ၏ စိတ်အခြေအနေကို သက်ရောက်စေသလို သူ့လက်ရှိတွင်ဖုံးလွှမ်းနေသော သတ်ဖြတ်ခြင်းဆန္ဒများကိုလည်း နှစ်ဆမြှင့်တက်သွားစေသည်။

ဟို့ထူဂိုဏ်းချုပ်၏ တိုက်ခိုက်မှု့ကြောင့်ဖြစ်ပေါ်လာသော  သဲမုန်တိုင်းသည် ရှောင်ဟေးကို တိုက်ခိုက်လိုက်သည်။

ရှောင်ဟေးက နောက်မဆုတ်ပေ။

ထိုအစား သူမျက်လုံးထဲတွင် စိတ်လှုပ်ရှားမှု့များဖြစ်ပေါ်နေသည်။

ရှောင်ဟေးအတွက်မူ စံအိမ်တော်နှင့် မှတ်ဉာဏ်အပိုင်းအစများမှလွဲ၍ သူစိတ်ဝင်စားသည့် တစ်ခုတည်းသောအရာက တိုက်ပွဲဖြစ်သည်။

သတ်ဖြတ်ခြင်းတိုက်ပွဲများတွင်း လွတ်လပ်သောခံစားချက်က ရှောင်ဟေးတောင့်တနေသောအရာပင်။

ထိုအခိုက် ရှောင်ဟေးက နောက်ဆုတ်ရမည့်အစား ရှေ့တက်လိုက်သည်။

သူက ရုတ်တရက် လေပေါ်သို့ ခြေချလိုက်သည်။

လေထုက တုန်ခါသွား၏။

ကန္တာရဒေသသာဆိုလျှင် ရှောင်ဟေး၏ ကန်ချက်ကြောင့် လေထုက ကွဲကြေသွားမည်ဖြစ်သည်။

သို့သော်လည်း ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေ၏ လေထုက ကန္တာရဒေသ၏ လေထုက အများကြီးပို၍တည်ငြိမ်လေသည်။

ရှောင်ဟေးက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

သူ၏ ခန္ဓာကိုယ်က အမြောက်ဆန်လိုပင် သဲမုန်တိုင်းအတွင်းသို့တိုးဝင်သွားသည်။

ဟို့ထူဂိုဏ်းတပည့်များ၏ ရှော့ရနေသော အကြည့်အောက်တွင် ရှောင်ဟေး၏ လက်သီးက သတ်ဖြတ်ခြင်းဆန္ဒမျဉ်းများက ဖုံးလွှမ်းသွားကာ လက်သီးတစ်ချက်ကို ပြစ်လွှတ်လိုက်သည်။

သူက သွေးနတ်ဘုရား အသူရာတစ်ပါးလိုပင်။

လက်သီးချက်က သဲမုန်တိုင်းနှင့် ထိခိုက်မိသွားကြသည်။

ဝုန်း။

ရှောင်ဟေး၏ လက်ရှိခွန်အားပင်။

အာကာသနတ်ဘုရားနယ်ပယ် ထိပ်ပိုင်းအဆင့်ကျွမ်းကျင်သူတစ်ဦး၏ သာမန်ကာရှန်ကာ တိုက်ခိုက်မှု့ကိုပင် လျှစ်လျှုရှုထားနိုင်သည်ဟုပြောလို့ရမည်ပင်။ 

သဲမုန်တိုင်းက ရှောင်ဟေး၏ ကိုယ်တွင် အဖြူအစင်းကြောင်းတစ်ခုသာ ထင်အောင်လုပ်နိုင်သည်။

၎င်းအကုန်ပင်ဖြစ်သည်။

ရှောင်ဟေး၏ လက်သီးချက်အောက်တွင် သဲမုန်တိုင်းက အတွင်းမှလှိုက်၍ ပေါက်ကွဲထွက်သွားတော့သည်။

ထိုအချိန်တွင် သဲမုန်တိုင်းက အစိတ်စိတ်အမွှာမွှာကွဲကြေသွား၏။

ကျောက်ခဲ ကျောက်မှုန်များက ဤကမ္ဘာကြီးပေါ်သို့ ကျရောက်ကုန်သည်။

ဟို့ထူဂိုဏ်းချုပ်လည်း အတန်ငယ်အံ့သြသွားသည်။

တိမ်ဖီးနစ်အင်ပါယာက ကောင်းကင်ဘုံစိတ်ဝိဉာည်ဂိုဏ်းကို ချေမှုန်းခဲ့ကာ မဟာဧကရာဇ်ခုန်းကျန့်ဟန်၏ ထိန်းချုပ်မှု့အောက်တွင် ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေကို သိမ်းပိုင်းခဲ့သည်ကို သူသိလေသည်။

သူက ရှိသင့်ရှိထိုက်သော ခွန်အာရှိသည်မှာသေချာသော်လည်း ထိုမျှလောက်အစွမ်းထက်မည်ကိုတော့ ဟို့ထူဂိုဏ်းချုပ်လည်းထင်မထားခဲ့ပေ။

ထိုလူက လျှို့ဝှက်ဆန်းကြယ်သည်။

သူတို့က တိမ်ဖီးနစ်အင်ပါယာ၏ အဓိကအင်အားစုနှင့်မတူပေ။

သို့သော်လည်း သူက ထိုသို့စွမ်းအားကြီးမားသော ပြင်ပခွန်အားကို ပြသခဲ့သည်။

ကန္တာရဒေသက ကျင့်ကြံမှု့အဆင့်အတန်းက အလွန်ကျဆင်းနေသည်မဟုတ်ပါလား။

ဘယ်လိုကြောင့် လူတစ်ဦးက ထိုသို့သန်မာသော ခန္ဓာကိုယ်ရှိနေရသလဲ။

မည်သို့ဆိုစေကာမူ ဟို့ထူဂိုဏ်းချုပ်က များများစားစားတွေးတောရန်အချိန်မရှိပေ။

ရှောင်ဟေးက သဲမုန်တိုင်းကိုကျော်ဖြတ်လာကာ သူထံလက်သီးတစ်ချက်ပြစ်သွင်းလိုက်သည်။

လက်သီး၏ပြင်းအားနှင့် ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းဆန္ဒများပြည့်နေသည်။

ပွင့်လင်းစွာပြောရလျှင် ဟို့ထူဂိုဏ်းချုပ်က ထိုလက်သီးချက်ကို ရင်ဆိုင်နိုင်မည်ဟု ယုံကြည်ချက်မရှိပေ။

ဟို့ထူဂိုဏ်းချုပ်က မြေပြင်သို့ ဆင်းလိုက်သည်။

သူက မြေကြီးသို့ လက်ဖြင့် ရိုက်ချလိုက်၏။

မြေအကာအရံများက ကောင်းကင်မှမြေကြီးအထိ ပြည့်သွား၏ ရှောင်ဟေး၏ ရှေ့တွင် ပိတ်ဆို့လိုက်လေသည်။

ရှောင်ဟေးက တုံ့ဆိုင်းခြင်းမရှိပေ။

ထူထဲသော မြေနံရံများကို လက်သီးဖြင့် တစ်ချက်ပြီးတစ်ချက်ထိုးတော့လေသည်။

လက်သီးချက်​ကြောင့် မြေနံရံများက ကွဲ​ကြေလာ၏။

ထိုနည်းလမ်းက ရှောင်ဟေး၏ အရှိုန်ကိုသာ သက်ရောက်စေလေသည်။

သို့သော်လည်း ၎င်းက ဟို့ထူဂိုဏ်းချုပ်၏ ရည်ရွယ်ချက်ဖြစ်သည်။

သူက ထိုသို့ဘယ်သောအခါမှမတွေးခဲ့ဖူးပေ။

ထိုမြေနံရံအနည်းငယ်က ရှောင်ဟေး၏ တိုက်ခိုက်မှု့ကို ဟန့်တားနိုင်လေသည်။

သို့သော်လည်း ၎င်းက ထိုအခိုက်တန့်လေးတွင် တိုက်ခိုက်ရန်ဖြစ်သည်။

ကျွမ်းကျင်သူနှစ်ဦးကြားရှိတိုက်ပွဲက တစ်မိနစ်နှစ်မိနစ်လေးဖြင့် အကြီးကြီးပြောင်းလဲသွားနိုင်သည်။

ရှောင်းဟေးက မြေနံရံများကို ချေမွပြီးနောက် သူ့၏ရှေ့သို့ ဟို့ထူဂိုဏ်းချုပ်၏ ပုံရိပ်က ပေါ်လာလေသည်။

ဟို့ထူဂိုဏ်းချုပ်က လက်နှစ်ဖက်ဖြင့် စည်းတံဆိပ်တစ်ခုကို ပုံဖော်ထား၏။

ထိုအခိုက် စွမ်းအားမြင့် မြေဆန္ဒတစ်ခုက ရူးသွပ်စွာ စုဝေးလာလေသည်။

၎င်းက ကြီးမားသောတောင်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွား၏။

ဟို့ထူဂိုဏ်းချုပ်၏ လက်များဖြေလျော့လိုက်သောအခါ ဧရာမတောင်ကြီးက ရှောင်ဟေးအပေါ်ပိကျလာတော့သည်။

ထိုတောင်တန်းကြီး ​ပြိုကျလာသောအခါ ဘေးနားရှိလေထုက ဖျစ်ညှစ်ခံလိုက်ရသလိုပင်။

လေထုထဲသို့လေများက တောင်ထိပ်တွင် လာရောက်စုစုံကြသည်။

ရှောင်ဟေးက ခေါင်းကို အနည်းငယ်မော့ကြည့်လိုက်သည်။

သူ၏ အမူအရာက မပြောင်းလဲပေ။

သူက လက်သီးကိုဆုပ်လိုက်၏။

သူ့လက်သီးက အပေါ်မှကျလာသော တောင်တန်းကြီးကိုထိုးခွဲလိုက်သည်။

သတ်ဖြတ်ခြင်းဆန္ဒက သူ့လက်သီးမှထွက်ပေါ်လာသည်။

၎င်းတို့က သွေးနီရောင် အစွယ်ရှည်ကျားနှစ်ကောင်အသွင်သို့ပြောင်းလဲသွားသည်။

ယင်းတို့က ကောင်းကင်မှာ ပြိုကျလာသော တောင်တန်းကြီးကို ဝင်ဆောင့်လိုက်သည်။

ဟို့ထူဂိုဏ်းချုပ်က ထိုမြင်ကွင်းကို စိုက်ကြည့်နေသည်။

ထိုတိုက်ခိုက်မှု့က သူ၏အစွမ်းအထက်ဆုံးတိုက်ကွက်ဖြစ်လေသည်။

သူက ရှောင်ဟေးကို ဒဏ်ရာရအောင်မလုပ်နိုင်ပါက သူက ရှောင်ဟေး၏ ပြိုင်ဘက်မဖြစ်နိုင်တော့ပေ။

လူတိုင်း၏ အကြည့်အောက်တွင် သွေးနီရောင်အစွယ်ရှည်ကျားများက တောင်ခြေကို ဝင်ဆောင်လိုက်ကြသည်။

ဝုန်း။

ကောင်းကင်နှင့်မြေကြီးပင် တုန်ခါသွား၏။

မမြင်နိုင်သောလေလှိုင်းများက နေရာအနှံကို ပျံ့သွားတော့သည်။

အားနည်းသူများက ထိုလေလှိုင်းများ၏ သက်ရောက်ခြင်းကို ခံလိုက်ရလေသည်။

သူတို့က ရပ်နေရန် အခွင့်ရေးပင်မရခဲ့။

တစ်ချိန်တည်းမှာ ဟို့ထူဂိုဏ်းချုပ်၏ သူငယ်အိမ်များက ကျုံ့သွား၏။

သူ့အင်အားအများအပြားပါဝင်နေသော ဧရာမတောင်ကြီးသည် အက်ကြောင်းများပေါ်လာသည်။

အောက်ခြေမှစ၍ အပေါ်ဘက်ကို အက်ရာများဆက်လာ၏။

ထို့နောက် လူတိုင်း၏ အကြည့်အောက်တွင် ထိုတောင်ထိပ်က ကြေမွသွားတော့သည်။

မရေတွက်နိုင်သော ကျောက်တုံး ကျောက်စိုင်များက ကောင်းကင်ပေါ်မှ ကျဆင်းလာတော့သည်။

ဟို့ထူဂိုဏ်းချုပ်က ခါးသီးစွာပြုံးလိုက်မိသည်။

သူက ရှုံးသွားမှန်း သိလိုက်ရသည်။

၎င်းက လုံးဝပင် ရှုံးနိမ့်သွားခြင်းပင်။

ရှောင်ဟေး၏ ခွန်အားက လုံးဝ ပြီးပြည့်စုံနေကာ သူ၏ တိုက်ခိုက်မှု့အားလုံးကို ချိုးဖြတ်ခဲ့သည်။

သူက သက်ပြင်းသာချပြီး အသံတိုးတိုးဖြင့်ပြောလိုက်လေသည်။ “ကျုပ်ရှုံးပြီ”

ရှောင်ဟေးက ၎င်းကိုကြားပြီးနော် ယဲ့ချိုးပိုင်ဘေးသို့ ပြန်လာလိုက်သည်။

ဟို့ထူဂိုဏ်းသားများ၏ မျက်နှာတွင် အမူအရာကိုယ်စီရှိနေကြသည်။ 

သို့သော်လည်း တူညီသောအရာက ဖုံးကွယ်မရနိုင်သော ထိတ်လန့်မှုတစ်ခုပင်။

ဂိုဏ်းချုပ်တောင်ရှုံးသွားတာလား။

ကန္တာရဒေသက ကြုံရာကျပန်းသူကတောင် ဒီလောက်သန်မာတယ်လား။

ဟို့ထူဂိုဏ်းချုပ်က ပြောလိုက်သည်။ “ကျူပ်တို့ ဟို့ထူဂိုဏ်းက တိမ်ဖီးနစ်အင်ပါယာ ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာကို ထိန်ချုပ်တဲ့နေရာမှာ အပြည့်အဝ ကူညီပေးပါမယ်”

ယဲ့ချိုးပိုင်တို့က ခေါင်းညိမ့်လိုက်ကာ ပြန်ထွက်သွားတော့သည်။

သူတို့ရင်ဆိုင်စရာရှိသေးသော အဖွဲ့အစည်းများစွာကျန်သေးသည်။

အချိန်ဆွဲ၍မရပေ။

တစ်ရက်တည်းဖြင့် ပြိုင်ဘကအဖွဲ့အစည်းများက တိတ်ဆိတ်သွားကြသည်။ 

ထိုသို့ဖြင့် တိမ်ဖီးနစ်အင်ပါယာသည်လည်း ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာတွင်တည်ထောင်နိုင်ခဲ့သည်။

သူတို့က ရက်အနည်းငယ်နေခဲ့ကြသည်။

စံအိမ်တော်နှင့် အခြားတပည့်များ၏ စွမ်းရည်များသည် အတော်ပင်တိုးတက်ခဲ့သည်။

ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာ၏ စိတ်ဝိဉာည်ချီကြွယ်ဝမှု့က သူတို့၏ နယ်ပယ်အဆင့်များစွာချိုးဖြတ်စေခဲ့သည်။

ယဲ့ချိုးပိုင်က အာကာသနတ်ဘုရားနယ်ပယ် အလယ်အလတ်အဆင့်ကို ချိုးဖြတ်နိုင်ခဲ့သည်။

ရှစ်ရှန်းက အာကာသနတ်ဘုရားနယ်ပယ်ကို ရောက်ရှိသွား၏။

ဟုန်ရင်သည်လည်း အာကာသနတ်ဘုရားနယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်သွားခဲ့သည်။

ထိုနေ့တွင်ပင် ယဲ့ချိုးပိုင်၊ ရှောင်ဟေးနှင့် ရှစ်ရှန်းတို့က ထွက်ခွာရန်ပြင်ဆင်တော့သည်။

သူတို့က ကောင်းကင်ဘုံစိတ်ဝိဉာည်ဂိုဏ်းသို့ရောက်လာကြသည်။ ထို့နောက်သူတို့က ဂိုဏ်း၏​တောင်အနောက်သို့သွားရောက်လိုက်သည်။

ထိုနေရာတွင် အစီအရင်တစ်ခုက လေဟာနယ်ဝင်ပေါက်တစ်ခုကို ဖိနှပ့်ထားသည်။

ခုန်းကျန့်ဟန်က ပြောလိုက်သည်။ “အချိန်ကျရင် ငါ မင်းတို့ကို အစီအရင်ဖယ်ပေးမယ်။ မင်းတို့က အာကာသင်္ဘောပေါ်ကိုတက်ပြီး အကန့်သတ်မဲ့ကမ္ဘာကိုသွားနိုင်တယ်”

ယဲ့ချိုးပိုင်က ခေါင်းညိမ့်၍ ဟုန်ရင်ကိုကြည့်ကာပြောလိုက်သည်။ “ဆရာတူညီမလေးရေ နှုတ်ဆက်ပါတယ်”

ဟုန်ရင်က ပြုံးကာ ခေါင်းညိမ့်ပြသည်။

“ကျွန်မဒီမှာ ကိစ္စတွေပြီးသွားရင် လာရှာမယ်”

“အဲ့အခါကျရင် ဆရာတူအကိုက အကန့်သတ်မဲ့ကမ္ဘာကို အုပ်ဆိုးနိုင်ရမယ်နော်”

“ကျွန်မရောက်တဲ့အခါမှာ နိမ့်ကျမနေစေနဲ့”

ယဲ့ချိုးပိုင်က ရယ်မောကာ “ဒါပေါ့”

ခုန်းကျန့်ဟန်က အကူညီမဲ့စွာ ဖြစ်သွား၏။

အကန့်သတ်မဲ့ကမ္ဘာက ဒီလောက်ရိုးရှင်းတယ်လို့ထင်နေတာလား။

ခုန်းကျန့်ဟန်က အစီအရင်ကို ဖယ်ပေးလိုက်သည်။

ယဲ့ချိုးပိုင်တို့က ထွက်ခွာသွားတော့သည်။ 

Comment

Leave a Reply

Options

not work with dark mode
Reset