Switch Mode

စာစဉ် (၁၇) အပိုင်း (၂၃၃)

ချိုးနိုမ်နိုင်စွမ်း မရှိသော

မူလချီများက ဇူယွမ်၏ ခန္ဓာကိုယ်အတွင်းမှ ရုန့်ရမ်းစွာ ထွက်ပေါ်လာသည်။ သူ၏ အရှိန်အဝါမှာ ရွှေရောင် မုန်တိုင်းတစ်ခု တိုက်ခိုက်နေသည့် အလား …

သူ၏ ရှေ့တွင်ရှိသော ကျူးဖန်တို့ လူစုမှ ဇူယွမ်၏ ရုတ်တရက် ပြောင်းလဲမှုကြောင့် ကြောင်အသွား သော်လည်းပဲ ဇူယွမ်၏ စကားများ ကြားရပြီးချိန် တွင်တော့ စတင်ပြီး ဒေါသထွက်လာ ကြသည်။

“ဟား … ဟား … မင်းက တကယ်ကို မိုက်မဲတာပဲ”

ကျူးဖန်က ဒေါသသံနှင့် ရယ်မောလိုက်သည်။ သူ၏ မျက်ဝန်းတွင် လှောင်ပြောင် သရော်မှုများဖြင့် ပြည့်နှက်နေပြီး အထင်သေးစွာ ပြောလိုက်သည်။

“ငါတို့အားလုံးကို တစ်ယောက်တည်းနဲ့ ရင်ဆိုင်မယ်လို့ ပြောလိုက်တာလား။ မင်းကိုမင်း ဘာထင်နေလဲ”

“မင်း ဟန်ရှန့်ကို အနိုင်ရခဲ့တာနဲ့ပဲ ငါတို့လို တကယ့် ပထမတန်း တပည့်တွေရှေ့မှာ ဝင့်ကြွားဖို့ အရည်အချင်း ပြည့်မီနေပြီလို့ မင်းထင်နေတာလား”

ကျူးဖန်တို့ လူစုမျက်နှာတွင် ရယ်မော ချင်စိတ်များနှင့် ပြည့်နှက်နေပြီး ဇူယွမ်ကို တကယ့် ဟာသတစ်ခုလို အထင်သေးစွာ ကြည့်နေသည်။ သူတို့၏ မျက်လုံးထဲတွင် ဇူယွမ်က မူလစဦး ပထမအဆင့်သာ ရောက်သေးသော ငချွတ်လေး တစ်ကောင် ဖြစ်သည်။

ဟန်ရှန့်ကို တစ်ချက်တည်းဖြင့် အနိုင်တိုက်နိုင် ခဲ့သော်လည်း ကျူးဖန်နှင့် သူ့လူစု အတွက်တော့ ဂုဏ်ယူစရာ မဟုတ်ပေ။

ဟန်ရှန့်မှာ ဒုတိယတန်း တပည့်တစ်ဦး ဖြစ်ပြီး မူလစဦး ဒုတိယအဆင့်သာ ရောက်နေသောသူ တစ်ဦး ဖြစ်သည်။

ထိုကြောင့် ဇူယွမ်၏ ယခုလက်ရှိ အမူအရာမှာ သူတို့၏ မျက်စိထဲတွင် လူပြက် တစ်ယောက်ကို မြင်နေရသည့်အလား ရယ်စရာ ကောင်းလှပေသည်။

ကျူးဖန်က ရယ်မောလျက် အရှေ့သို့ လှမ်းလာခဲ့သည်။ ဇူယွမ်က သူ့အလိုအလျောက် သူ့ခွင်အတွင်းသို့ ဝင်ရောက်လာသည်ကို အတော်လေး ပျော်ရွှင်မိပေသည်။

အစောပိုင်းတွင် ဇူယွမ်မည်သည့် စကားမျှ မပြောခဲ့ဘူး ဆိုရင်တောင်မှ ကျူးဖန်က သည်ကိစ္စကို လွယ်လွယ်နဲ့ ထားခဲ့မည် မဟုတ်ပေ။

“မင်းငါတို့ အဖွဲ့ကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ ပြောတယ်လား မင်းက တော်တော်လေး အရှက်မရှိတာပဲ”

ကျူးဖန်က ခေါင်းခါလိုက်ပြီး ဇူယွမ်ကို အေးစက်စက် လှမ်းကြည့်ကာ ပြောသည်။

“မင်းရဲ့ စကားလုံး ချိုချိလေးတွေက ငါနဲ့ရင်ဆိုင်တဲ့ အချိန်မှာ အသုံးဝင်မှာ မဟုတ်ဘူး ဒါကြောင့်မလို့ ငါ့ရဲ့ လက်သီးကို အသုံးပြုပြီးတော့ မင်းရဲ့ အစစ်အမှန်က ဘာလဲဆိုတာ ညီမလေး ဂူဟွမ်ဂျီကို သိစေမယ်”

သူက ရပ်တန့်လိုက် ပြီးနောက် ခန္ဓာကိုယ်မှ မူလချီများက တိုးထွက်လာပြီး မူလစဦး တတိယအဆင့် တစ်ယောက်၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။

တစ်ဖက်တွင် ရှိသော ရှန့်ဝမ်ကျင်မှာ ကျူးဖန်၏ ဖိအားအောက်တွင် ကြောက်လန့်နေပြီး သူ၏ အမူအရာမှာ စိုးရိမ်မှုများနှင့် ပြည့်နှက် နေပေသည်။ ကျူးဖန်က ပထမတန်း တပည့်များကြားတွင် နာမည်ကြီးသူ တစ်ယောက် ဖြစ်သည်။

တိုက်ပွဲ ဖြစ်ပွားခါနီးတွင် ရှန့်ဝမ်ကျင်က အပြင်ဘက်တောင်များ ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

ဝှစ် …

ထိုအခိုက်တွင် လေခွင်းသံကို ရုတ်တရက် ကြားလိုက်ရပြီး အေးစက်စက် အော်သံတစ်ခု ထွက်ပေါ်လာသည်။

“ကျူးဖန် မင်းငါ့ရဲ့ ညီလေး ဇူယွမ်ကို ထိတော့မယ်ဆိုရင် ငါ့ရဲ့ သဘောထားကို မေးပြီးပြီလား”

အလင်းတန်းများ နှင့်အတူ ချောင်းရှိုး ဦးဆောင်သော လူစုလည်း ရောက်လာခဲ့သည်။

သူတို့အားလုံးမှာ ဇူယွမ် အခက်အခဲနှင့် ကြုံတွေ့နေရပြီဟု သတင်း ကြားကြားချင်း အကူအညီပေးရန် ရောက်လာကြခြင်း ဖြစ်သည်။

ချောင်းရှိုးက တည်ငြိမ်သော အမူအရာနှင့် ရှိနေပြီး စွမ်းအား ပြည့်ဝသော မူလချီများက သူထံမှ ပေါ်ထွက်လျက်ရှိသည်။ လွန်ခဲ့သော လဝက်ခဲ့တွင် သူ၏ စွမ်းအားမှာ တိုးလာခဲ့ပြီး ကြီးမြတ်သော အပြင်ဘက်တောင် တပည့် ဆယ်ယောက် စာရင်းထဲတွင် ပါဝင်လာခဲ့သည်။ သူ၏ အဆင့်မှာ ဆယ်ယောက်မြောက် ဖြစ်သော်ငြားလည်းပဲ ရှန်ဇူတိုက်ကြီးမှ မဟုတ်သော  တပည့်ဖြစ်ပြီး ထိုအဆင့်တွင်း ဝင်နိုင်သည်က သူ၏ စွမ်းရည်ကို ဖော်ပြနေပေသည်။

ချောင်းရှိုးကို မြင်သည်နှင့် ကျူးဖန်မျက်မှောင် ကြုတ်သွားပြီး သတိထားကာ ကြည့်လိုက်သည်။ ချောင်းရှိုးမှာ ကြီးမြတ်သော အပြင်ဘက်တောင် တပည့် ဆယ်ယောက်တွင် ဆယ်ယောက်မြောက် ဖြစ်သော်လည်းပဲ သည်လူက သူ့ထက် စွမ်းအား ကြီးပေသည်။

သို့သော်ငြားလည်းပဲ ကျူးဖန်၏ မျက်နှာ အမူအရာမှာ  ကြောက်ရွံ့ခြင်းမရှိပဲ ပြောသည်။

“ချောင်းရှိုး ဒီကိစ္စက မင်းနဲ့ ဘာမှမသက်ဆိုင်ဘူး။ မင်းဝင်မပါတာ ကောင်းမယ်”

ချောင်းရှိုးက

“ကျူးဖန် မင်းကိုမင်း ဘာကောင်ထင်လို့ အဲသလောက် ဝံ့ကြွားနေတာလဲ။ ညီငယ်လေး ဇူယွမ်နဲ့ မင်းနဲ့ ဘာပြသာနာ ရှိခဲ့ဖူးလို့ သူ့ကို ရန်စနေရတာလဲ”

လှောင်ပြောင်သော အပြုံးတစ်ခုက ကျူးဖန်၏ နှုတ်ခမ်း ထောင့်စွန်းတွင် ပေါ်လာခဲ့ပြီး

“ငါ့တို့ သူကို ရန်ရှာနေတာ မဟုတ်ဘူး။ သူက ငါတို့ အကုန်လုံးနဲ့ တစ်ယောက်တည်း ရင်ဆိုင်မယ်လို့ ပြောနေတာ”

အခြားသူများကလည်း ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

ချောင်းရှိုး၏ အမူအရာမှာ သုန်မှုန်သွားပြီ

“မင်း ဒီကိစ္စကို ခက်ခဲအောင် ထပ်လုပ်နေမယ်ဆိုရင် ငါ့ကို နောက်မှ အပြစ်တင် မနေနဲ့တော့”

ကျူးဖန်၏ အမူအရာမှာ ခက်ထန်သွားပြီး

“ချောင်းရှိုး ငါမင်းကို ကြောက်နေမယ်များ ထင်နေလား။ မင်းကို ငါအစောပိုင်းက မျက်နှာသာပေးပြီး သွားပြီ။ မင်းလည်း ငါ့ရဲ့ အစ်ကိုကြီးဆီမှာ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို သင်ယူခဲ့တဲ့ လူတွေထဲက တစ်ယောက်မလား”

သူ၏ နောက်ဆုံး စကားလုံးများမှာ ခြိမ်းခြောက် နေသည်မှာ ထင်ရှားပေသည်။

ကျူးဖန်က ထိုသို့ အရှက်မရှိ ခြိမ်းခြောက်လိမ့်မည်ဟု မထင်မှတ်ထားသဖြင့် ချောင်းရှိုး၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

သို့သော်လည်း သူက သတ္တိနည်းသူ တစ်ယောက် မဟုတ်ပေ။ သူ့အနေဖြင့် ကျူးဖန်ကို တိုက်ခိုက်မည်ဟု ဆုံးဖြတ်ပြီးသည်နှင့် တိုက်ခိုက်မည်သာ ဖြစ်သည်။ အနာဂတ်ကို မစဉ်းစားပေ။ ထိုနောက် သူက ကျူးဖန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

ကျူးဖန်မှာ ချောင်းရှိုး ဤမျှခေါင်းမာမည်ဟု မထင်မိသဖြင့် သူ၏ အမူအရာမှာ လွန်စွာ ဆိုးယွင်းသွားသည်။

“ဟီးဟီး ချောင်းရှိုး မင်းကြည့်ရတာ သူများတွေကိစ္စကို ဝင်ပါတာ အတော် သဘောကျတဲ့ပုံပဲ။ မင်း အားနေရင်လည်း ငါတို့နှစ်ယောက် လေ့ကျင့်ခန်းလေး လုပ်ရအောင်”

ကျူးဖန်၏ အမူအရာ ပျက်ယွင်းနေသော အချိန်တွင် အသံတစ်ခု ထွက်ပေါ်လာပြီး အလင်းတန်းနှင့်အတူ ပုံရိပ်တစ်ခု ရောက်လာခဲ့သည်။

ထိုသူမှာ ပိန်ပိန်ပါးပါးနှင့် မျောက်နှင့်တူသော လူတစ်ဦး ဖြစ်သည်။ သို့သော်လည်း ထိုသူ့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ ချောင်းရှိုးထက် အားနည်းခြင်း မရှိပေ။

ရှန့်ဝမ်ကျင်က ထိုသူကို မြင်သောအခါ အသံတိုးတိုးလေးနှင့် မေးရှာသည်။

“အဲဒါ စွန်းကျင့်လေ မလား”

ဇူယွမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ သည်နာမည်ကို တစ်ခါက ကြားဖူးသည်။ ထိုသူက ကြီးမြတ်သော အပြင်ဘက်တောင် တပည့် ဆယ်ယောက်တွင် ကိုးယောက်မြောက် ဖြစ်ပြီး ချောင်းရှိုးထက် တစ်ဆင့်မြင့်သူ ဖြစ်သည်။

ကြည့်ရသည်မှာ ကျူးဖန်အနေဖြင့် ချောင်းရှိုး ပါဝင် ပတ်သက်မည်ကို စိုးရိမ်သည့်အတွက် အကူအညီခေါ်လာခဲ့ခြင်း ဖြစ်ဟန်တူသည်။

ထိုမျောက်နှင့်တူသော သူကို ကြည့်ပြီး ချောင်းရှိုး၏ မျက်လုံးများမှာ သုန်မှုန်သွားပြီး စိတ်ထည့်မှ ကျိတ်ကာ မှတ်ချ ချလိုက်သည်။ ကျူးဖန်က အစကတည်းက စကားလုံးများနှင့် လာရောက် ဖြေရှင်းလိုသော ပုံမရပေ။

ဇူယွမ်က ချောင်းရှိုးကို လှမ်းကြည့်ကာ ပြုံးပြလိုက်ပြီး

“အစ်ကိုတော် ချောင်းရှိုး ကျွန်တော် ဒီနေရာက ကိစ္စတွေကို ကိုင်တွယ်နိုင်ပါတယ်”

ဇူယွမ်အနေဖြင့် ချောင်းရှိုး၏ အကူအညီကို ယူသည်မှာ အကြိမ်ရေများနေပြီ ဖြစ်သည်။

ချောင်းရှိုးက ခါးသက်စွာ ရယ်မောလိုက်ပြီး

“ဂရုစိုက်ပါ ညီတော် ဇူယွမ်”

သူက ဇူယွမ်၏ အနာဂတ် အလားအလာမှာ လွန်စွာ အောင်မြင်နိုင်မည်ဟု သိသော်လည်းပဲ သည်ကောင်လေးက ယခုမှ မူလစဦး ပထမအဆင့်သာ ရောက်ရှိနေသေးပြီး တစ်ဖက်တွင် ကျူးဖန်က မူလစဦး တတိယအဆင့်သို့ ရောက်ရှိနေပေသည်။ သူတို့နှစ်ယောက် ရင်ဆိုင် တိုက်ခိုက်လျှင် ဇူယွမ်၏ အခြေအနေမှာ ပို၍ ဆိုးဝါးပေသည်။

ဇူယွမ်က အရေးမစိုက်သည့် ဟန်ဖြင့် ပြုံးပြလိုက်ပြီး ကျူးဖန်ဘက်သို့ လှည့်လိုက်သည်။

“မင်းကို ငါနောက်ဆုံးအကြိမ် မေးတယ် မင်းနဲ့ မင်းတို့တစ်ဖွဲ့လုံး တစ်ခါတည်း တက်လာမှာလား မလာဘူးလား”

ကျူးဖန်၏ အမူအရာမှာ နက်မှောင်သွားပြီး နှာခေါင်းရှုံ့ကာ

“စကားကြီး စကားကျယ်တွေ ပြောမနေနဲ့ ကြည့်ရတာ ငါမင်းရဲ့ ပါးစပ်ကို သင်ခန်းစာ ပေးတော့မှနဲ့တူတယ်”

ဝုန်း …

သူက တုံ့ဆိုင်းနေခြင်း မရှိတော့ပဲ သူ၏ အမူအရာမှာ ချက်ချင်း လေးနက်သွားပြီး ခန္ဓာကိုယ်အတွင်းမှ မူလချီများက ရုန့်ရမ်းစွာ ထွက်ပေါ်လာသည်။ သူက ချက်ချက်း ရှေ့သို့ တက်လှမ်းလိုက်ပြီး အလင်းတန်းအလား ဇူယွမ်ထံသို့ တိုးဝင်လိုက်သည်။

လက်ဝါးရိုက်ချက် တစ်ခုက တစ်ဖြောင့်တည်း ထွက်ပေါ်လာပြီး လက်ဝါးရိပ်များ ဆက်လက် ဖြစ်ပေါ်လာကာ ဇူယွမ်၏ သေကွင်း သေကွက်များကို တိုက်ခိုက်လိုက်သည်။

ကျူးဖန်၏ တိုက်ခိုက်မှုမှာ အလွန်ကို ကြမ်းတမ်းလှပြီး ငဲ့ညှာမှု လုံးဝမရှိပေ။

ချောင်းရှိုးနှင့် ရှန့်ဝမ်ကျင်တို့က ပူပန်နေသည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။

ဇူယွမ်မှာ ရှောင်တိမ်းရန် ရည်ရွယ်ချက် မရှိသည့်ဟန်ဖြင့် လုံးဝကို မလှုပ်ရှားပေ။

“မင်းက ငါ့ကို ဂရုမစိုက်တဲ့ပုံစံ ပြရဲတယ်ဆိုတော့ မင်းက ငါ့ကို ဟန်ရှန့်လို့ ထင်နေတာလား”

ကျူးဖန်က ချောက်ချားဖွယ် ကောင်းသော အသံဖြင့် ရယ်မောလိုက်ပြီး ဇူယွမ်ကို သူရူး တစ်ယောက်ပမာ ကြည့်လိုက်သည်။ သို့သော်လည်း သူ၏ စွမ်းအားကို လျှော့ချခြင်း မပြုပဲ သူ၏ တိုက်ခိုက်မှုတွင် အား ထပ်ထည့်လိုက်သေးသည်။ အဆုံးတွင် လက်ဝါး ရိုက်ချက်များက ဇူယွမ်ပေါ်သို့ ကျဆင်းသွားသည်။

ထပ် … ထပ် …

ရိုက်ခတ်မိသံများ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာကာ ပတ်ဝန်းကျင် တစ်ခုလုံးပင် အားလှိုင်းများကြောင့် ဖရိုဖရဲ ဖြစ်သွားပြီး ဇူယွမ်၏ အနီးဝန်းကျင်ရှိ မြေပြင်ပင် အက်ကွဲလာခဲ့သည်။

တောင်ပေါ်ရှိ လူတိုင်းက တိုက်ပွဲကိုသာ စိုက်ကြည့်နေကြသည်။

“ဇူယွမ်က တကယ်ကို စိတ်ကြီးဝင်နေတာပဲ။ အစ်ကိုတော် ကျူးဖန်ရဲ့ တိုက်ခိုက်မှုကို ရှောင်ဖို့တောင် လုံးဝ မစဉ်းစားဘူး။ သူ့ကိုသူ တိုက်ခိုက်မှု မှန်သမျှ ခံနိုင်ရည် ရှိတဲ့သူလို့များ ထင်နေလား မသိဘူး”

ကျူးဖန်နှင့် အတူ လိုက်လာသူ တစ်ယောက်က လှောင်ရယ်ကာ ပြောသည်။

ဖုန်မှုန့်များက တဖြည်းဖြည်း လွင့်ပါးသွားသည်။

ခဏအတွင်းမှာပဲ လှောင်ရယ်နေသော အပြုံးများအားလုံး တမဟုတ်ချင်း ပျောက်ကွဲသွားသည်။

ဇူယွမ်မှာ ထိုနေရာတွင်သာ ရပ်လျက်ရှိပြီး သူ၏ ပုံရိပ်မှ တစ်လက်မမှပင် မရွေ့ပေ။ သူ၏ အမူအရာမှာလည်း ပြောင်းလဲခြင်းမရှိပဲ ခန္ဓာကိုယ်ပေါ်တွင်လည်း မည်သည့် ဒဏ်ရာမှ ရှိမနေပေ။ အစောပိုင်း တိုက်ခိုက်မှုမှာ သူ့အပေါ် သက်ရောက်မှု တစ်ခုပင် မရှိသည့် အလားပင်။

“ဒါဘယ်လို ဖြစ်နိုင်မှာလဲ”

အံ့အားသင့်စွာ အော်လိုက်သံများ ထွက်ပေါ်လာသည်။

“မဖြစ်နိုင်တာ ”

ကျူးဖန်၏ မျက်ဝန်းအိမ်မှာ ကျဉ်းမြောင်းသွားသည်။ သူအစောပိုင်းက လုံးမှာ မငဲ့ညှာခဲ့ပေ။ ထို့ပြင် ဇူယွမ်၏ ကိုယ်ပေါ်သို့ တိုက်ခိုက်မှုများ အားလုံး ကျဆင်းသွားသည်။ ဒါပေမဲ့ ဘာကြောင့်လဲ။ သူ့ရဲ့ တိုက်ခိုက်မှု အားလုံးက ပင်လယ်ကမ်းခြေက ကျောက်ဆောင်ကြီးကို လှိုင်းတွေက ဝင်ရိုက်ခတ် သလိုမျိုး ဘာကြောင့် ဖြစ်သွားရတာလဲ။

ဇူယွမ်၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိပဲ မျက်မှောင် အနည်းငယ်ကြုတ်ကာ ကျူးဖန်ကို ကြည့်လိုက်ပြီး  ငြီးငွေ့နေဟန်ဖြင့်

“မင်း ဘာမှ မစားရသေးဘူးလား”

ကျူးဖန်မှာ ရှက်ရွံ့ခြင်း ဒေါသထွက်ခြင်းတို့ဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ ကျယ်လောင်စွာ မာန်သွင်းသံနှင့် အတူ မူလချီများက သူ၏ လက်ဖဝါးဆီသို့ စီးဆင်းသွား ပြီးနောက် လက်သီးဆုပ်ကာ အရှေ့သို့ ထိုးချလိုက်သည်။ ထိုလက်သီးက မိုးခြုန်းသံကဲ့သို့ လေခွင်းသံနှင့် ဇူယွမ်၏ ကိုယ်ပေါ်သို့ ကျဆင်းသည်။

ဖန်း …

ထိုလက်သီးချက်ကား ဇူယွမ်၏ ရင်ဘတ်ကို အစိတ်စိတ်အမြွာမြွာ ကွဲကြေရန် စွမ်းအား လုံလောက်ပေသည်။

ဇူယွမ်၏ အဝတ်အစားအောက် ရင်ဘတ်နေရာသည် ဒြပ်မဲ့အခြေအနေသို့ ပြောင်းလဲသွားပြီး ခရမ်းရွှေရောင် ကြေးခွံများလည်း ပေါ်ထွက်လာသည်။

ခရမ်းရွှေရောင် ကြေးခွံများသည် သန်မာသော ခုခံနိုင်စွမ်းအားရှိပြီး ယခု သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်၏ စွမ်းအားပါ ထပ်မံပေါင်းထည့်လိုက်ရာ ကျူးဖန်၏ စွမ်းအားအပြည့်နှင့် လက်သီးက ဇူယွမ်၏ အကာအကွယ် အလွှာကို ထိုးဖောက်နိုင်ခြင်း မရှိတော့ပေ။

ထိုကြောင့် ဇူယွမ်၏ ခန္ဓာကိုယ်သည် အနောက်သို့ အနည်းငယ်မျှသာ ယိမ်းထိုးသွားသည်။

သူက ကျူးဖန်ကို စိုက်ကြည့်ကာ မှတ်ချက်ချသည်။

“ကြည့်ရတာ မင်းတကယ် ဘာမှ မစားရသေးဘူးပဲ။ မင်းရဲ့ စွမ်းအားက သိပ်ကို အားနည်းလွန်းတယ်”

အခြားသူများက ထိုမြင်ကွင်းကြောင့် အံ့အားသင့်လျက် …

“သူရဲ့ အကာအကွယ်က သန်မာလှချီလား”

ချောင်းရှိုးနှင့် စွန်းကျင့်လေ တို့၏ မျက်ဝန်းအိမ်များပင် ကျဉ်းမြောင်းသွားသည်။ သူတို့နှစ်ယောက်သာ သူနေရာမှာ သာဆိုလျှင် မည်သည့် ထိခိုက်ဒဏ်ရာမှ မရပဲ ကျူးဖန်၏ အားအပြည့်နှင့် ထိုးချက်ကို တိုက်ရိုက်ခံယူဖို့ မဖြစ်နိုင်ပေ။

ကျူးဖန် ချောက်ချားကာ တုန်လှုပ်နေပေသည်။ သူက ဇူယွမ်၏ ရင်ဘတ်နေရာကို မျက်တောင် မခတ်တမ်း စိုက်ကြည့်ရင်း ရင်ဘတ် တစ်နေရာရှိ ဒြပ်မဲ့နေသော အနေအထားသို့ ပြောင်းလဲနေသည်ကို မြင်တွေ့သွား ပြီးနောက် ချက်ချင်း နားလည်သွားခဲ့သည်။ အထိတ်တလန့်ဖြစ်ခြင်း အံ့အားသင့်ခြင်းများ ပါဝင်နေသည့် စူးရှရှ အော်သံတစ်ခု ထွက်ပေါ်လာသည်။

“မင်း … မင်း သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ပထမအဆင့်ကို အောင်မြင်သွားပြီလား”

Comment

Leave a Reply

Options

not work with dark mode
Reset