ကောင်းကင်ဘုံလမ်းအား ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေ၏ အကူအညီဖြင့် ပြင်ဆင်နေသည်။
၎င်းက ခုနှစ်ရက်အတွင်း ပြန်ပြင်ဆင်ပြီးသွားလေပြီ။
ထိုခုနှစ်ရက်အတွင်းတွင် ယဲ့ချိုးပိုင်က ချင်းယွမ်ဓားဂိုဏ်းကို လျှန်ဖုန်းလက်ထဲတွင် အပ်ထားခဲ့သည်။
ကျန့်ချောင်းမြန်က ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာသို့ သွားရောက်ကာ ကျင့်ကြံတော့သည်။
လျှန်ဖုန်လည်း သွားရောက်ချင်နေသည်။
သို့သော်လည်း ချင်းယွမ်ဓားဂိုဏ်းတွင် သူယုံကြည်ရသူမရှိပေ။ သူက ယာယီဂိုဏ်းချုပ်အဖြစ်တာဝန်ယူနေရဦးပေမည်။
စာကြည့်ဆောင်တွင်ဖြစ်သည်။
နင်းချန်ရှင်းက သူနှင့်စိတ်ကူးတူသော ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများကို လက်ခံနေသည်။
တောင်ပိုင်းဒေသ လျှို့ဝှက်တာအိုကျောင်းတော်နှင့် ကွန်ဖြူရှပ်ကျောင်းတော်မှ ကျုံးဝူလည်းပါလေသည်။
၎င်းတို့က ကျုံးဝူကြောင့်ဖြစ်သည်။
ကွန်ဖြူးရှပ်ကျောင်းတော်၏ ကျောင်းအုပ်က လုချန်ရှန်းကို ကန့်ကွက်လေသည်။
မည်သို့ဆိုစေ ကျုံးဝူက ကွန်ဖြူးရှပ်ကျောင်းတော်၏ အနာဂတ်ဆက်ခံသူဖြစ်လေသည်။
နင်းချန်ရှင်းက ဒီလိုဘဲ သူ့ကိုခေါ်သွားရတာလား။
ကွန်ဖြူးရှပ်ကျောင်းတော်၏ ကျောင်းအုပ်အနေနှင့် သူက နင်းချန်ရှင်း၏အကြီးအကဲဟုသတ်မှတ်နိုင်သည်။
နင်းချန်ရှင်းကို တိုက်ရိုက်ကြီးပြော၍မကောင်း။
သူက လုချန်ရှန်းကိုသာ လိုက်၍ရှာလိုက်တော့သည်။
ထိုကိစ္စကြောင့် လုချန်ရှန်းက ပုန်း၍နေလေသည်။
သူခေါင်းစားရသည့်ကိစ္စများကိုမလိုချင်ပေ။
ထိုအချိန်တွင်၊ တိမ်ဖီးနစ်အင်ပါယာရှိ တိမ်ဖီးနစ်မြို့တွင်။
ထိုနေရာက စည်ကားသောနေရာတစ်ခုဖြစ်သည်။
ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာသို့သွားရောက်လိုပါက ဟုန်ရင်၏ ခွင့်ပြုချက်ကိုလိုအပ်သည်။
ကန္တရဒေသ၏ လူတိုင်းသာ ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာသို့သွားပါက ကန္တာရဒေသ၏ ကျင့်ကြံခြင်းအဆင့်အတန်းက ညိုးခြောက်သွားလိမ့်မည်ပင်။
၎င်းက ဟုန်ရင် မမြင်လိုသောအရာဖြစ်သည်။
တိမ်ဖီးနစ်အင်ပါယာ၏ အုတ်မြစ်က ကန္တာရဒေသဖြစ်လေသည်။
မရေတွက်နိုင်သော အဖွဲ့အစည်းများနှင့် တစ်ကိုယ်တော်ကျင့်ကြံသူများက တိမ်ဖီးနစ်မြို့တော်သို့ ဦးတည်လာနေကြသည်။
သူတို့က ဟုန်ရင်ကို တွေ့လိုကြသည်။
ထိုအခိုက်တွင် အင်ပါယာနန်းဆောင်တွင်။
ဟုန်ရင်က ကျောင်းအုပ်ယန်နှင့် လင်းရုဖုန်းကို ကြည့်ကာပြောလိုက်သည်။ “ဒီကိစ္စကိုဆက်မစဥ်းစားတော့ဘူးလား။ ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာကိုသွားရင်နောက်ထပ် အောင်မြင်မှုတွေ ဖန်တီးဖို့ အခွင့်အရေး ရမှာနော်”
ကျောင်းအုပ်ယန်က ပြုံးကာ လက်ကာပြပြီး “အရှင်မ၊ ကျုပ်ကို ထပ်ပြီးစည်းရုံးစရာမလိုတော့ပါဘူး။ အခု လျှို့ဝှက်တာအိုကျောင်းတော်ကို စီမံဖို့လိုနေသေးတယ်။ ဆက်ခံသူမရှိမချင်း ကျုပ်ထွက်သွားမှာမဟုတ်ဘူး”
“အဲ့အပြင်ကို ကန္တာရဒေသမှာ လုပ်စရာလေးတွေရှိသေးတယ်။ လျှို့ဝှက်တာအိုကျောင်းတော်က လေ့ကျင့်သင်ကြားပေးရမဲ့တာဝန်တွေရှိသေးတယ်”
လင်းရုဖုန်းကလည်း ခေါင်းညိမ့်၏။ “ကျုပ်အတွေးကလည်း အဖိုးကြီးယန်နဲ့အတူတူဘဲ။ သင့်တော်မဲ့ ဆက်ခံသူတွေ့တဲ့အခါ ကျုပ်ရာထူးကို စွန့်ခွာလိုက်တော့မယ်”
“အဲ့အချိန်ကျရင်တော့ ဒီနေရာက ခွာပြီး သွားကြည့်ကြည့်ရမယ်”
၎င်းကိုကြားသော် ဟန်ရင်က ခေါင်းညိမ့်၏။
ထိုအချိန်၊ အင်ပါယာနန်းဆောင်၏ အပြင်ဘက်တွင်။
အင်အားစုငါးစုက တစ်တူတကွရောက်လာကာ အင်ပါယာနန်းဆောင်၏ အစောင့်များက တားဆီးနေကြသည်။
ဂိုဏ်းချုပ်များက စိတ်မဆိုးကြပေ။ ထိုအစား သူတို့က ခခယယပြုံးပြနေသည်။
“ကျုပ်တို့ ဧကရီအရှင်မနဲ့တွေ့လို့ရမလားမသိဘူး။ သူ့ကိုအကြောင်းကြားပေးလို့ရမလား”
အင်ပါယာအစောင့်က သူတို့ကို လျှစ်လျူရှုထားပြီး အင်ပါယာနန်းဆောင်၏ မြို့တံခါးကို လှံဖြင့်ပိတ်ဆို့ထားလေသည်။
၎င်းကို မြင်သော် ဂိုဏ်းချုပ်က ရင်ထဲတွင် အောင့်သက်သက်ဖြစ်သွားသော်လည်း ဆက်လက်ပြုံးထားဆဲပင်။
သူက ရတနာတစ်ခုကို ထုတ်ယူကာ လက်ထဲထိုးပေးလိုက်သည်။
“ခြွင်းချက်ထားပေးလို့ရမလား”
အင်ပါယာအစောင့်က ပြန်မဖြေပေ။
ထိုအခိုက် ကောင်းကင်ပေါ်မှ လူတစ်ယောက် ဆင်းသက်လာသည်။
ထိုလူက စစ်သူကြီးချပ်ဝတ်ကိုဆင်မြန်းထားကာ အာကာသနတ်ဘုရားနယ်ပယ်တွင်ရှိသည်။
သူက ကျိုထျန်းမျိုးနွယ်စုက ယွင်မင်ဖြစ်သည်။
ဂိုဏ်းငါးခုက ဂိုဏ်းချုပ်များက ချက်ချင်းဘဲ လက်သီးဆုပ်အရိုအသေပေးကာ ရိုသေစွာဖြင့် ပြောလိုက်၏။ “အကြီးအကဲ”
ယွင်မင်ရောက်လာသောအခါ အစောင့်က ဖြစ်ကြောင်းကုန်စင်ကိုရှင်းပြသည်။
ယွင်မင်က ခေါင်းညိမ့်ကာ ဂိုဏ်းငါးခု၏ ဂိုဏ်းချုပ်များကို ကြည့်လိုက်သည်။ သူက နှာမှုတ်ကာ “မင်းတို့က တော်တော်အရေထူတာဘဲ”
သူတို့ငါးယောက်က ရှက်သွားပုံရသည်။
“ဧကရီအရှင်မ အင်ပါယာပြန်ထူထောင်တုန်းက မင်းတို့ ဘယ်ရောက်နေလဲ”
“နယ်မြေစစ်ပွဲစတင်ခဲ့တော့ရော မင်းတို့က လျှစ်လျှုရှုပြီး ဘာအထောက်အပံ့မှမပေးခဲ့ဘူး”
“အခု မင်းတို့က ဧကရီကို ဘာမျက်နှာလဲ လာတွေ့ရဲရတာလဲ”
ယခင် အင်ပါယာကို ပြန်လည်ထူထောင်စဥ်က အချို့လူများက ငြင်းဆိုခဲ့ကြပြီး အချို့က ကြားနေခဲ့ကြသည်။
သူတို့တိုက်ပွဲစတင်သည့်အခါတွင် ထိုအဖွဲ့စည်းများကတုတ်တုတ်မှမလှုပ်ခဲ့ပေ။
တိမ်ဖီးနစ်အင်ပါယာက သူတို့ကို အတင်းအကျပ်ပါဝင်ရမည်လို့ မတိုက်တွန်းခဲ့သော်လည်း ၎င်းက ဂိုဏ်းတစ်ခု၏ သေရေးရှင်ရေး ကိစ္စပင်ဖြစ်လေသည်။
မပါဝင်ခြင်းက သာမန်သာဖြစ်လေသည်။
သို့သော်လည်း သူတို့နယ်မြေစစ်ပွဲကိုအနိုင်ရပြီးနောက် ထိုအဖွဲ့စည်းများက ဝေစုကို ခွဲဝေလိုကြသည်။
ထိုသို့ကောင်းမွန်သည့်အပေးအယူဘယ်မှရှိသနည်း။
ထိုအဖွဲ့အစည်းများက အကြိမ်ပေါင်းများစွာလာရောက်ခဲ့ကြပြီးပြီဖြစ်သည်။
သို့သော်လည်း သူတို့အားလုံးကို ယွင်မင်က ရိုက်လွှတ်လိုက်လေသည်။
၎င်းကိုကြားသော် သူတို့ငါးယောက်က ရုပ်ဆိုးသွားလေသည်။
ဒါပေမဲ့ သူတို့က မလှုပ်ရှားရဲပေ။
ဟုန်ရင်ဆိုမထားနှင့် ယွင်မင်က သူတို့ထက် ပိုအားကောင်းသည်သာဖြစ်လေသည်။
“ကောင်းပြီ၊ ဒီမှာ ကိုယ့်အရှက်ကိုလာမခွဲနဲ့တော့။ အကုန်လစ်တော့”
ဂိုဏ်းချုပ်ငါးဦးသည် သက်ပြင်းချကာ လှည့်ထွက်သွားရန်ပြင်လိုက်သည်။
သူတို့နောက်လှည့်လိုက်ချိန်တွင် မုမိသားစု၏ ခေါင်းဆောင် မုဟေဲာကျောစ်ရောက်လာသည်ကိုမြင်လိုက်ရသည်။
ယွင်မင်က ပြုံးကာ လက်သီးဆုပ်အရိုအသေပေးလိုက်သည်။ “မျိုးနွယ်စုခေါင်းဆောင်မု”
မုဟေဲာကျောစ်းကလည်း ထပ်တူ ယဥ်ကျေးစွာ ပြန်တုံ့ပြန်သည်။
“အကြီးအကဲ ကျုပ်က အရှင်မကို တွေ့ဖို့လာတာပါ”
ယွင်မင်က သူကို့မတားဆီးဘဲ ဝင်ခွင့်ပေးလိုက်သည်။
ဂိုဏ်းချုပ်ငါးဦးသည် မနာလိုဖြစ်သွားကြသော်လည်း မတရားဟုမခံစားရပေ။
မုမိသားစုက တိမ်ဖီးနစ်အင်ပါယာပြန်လည်ထူထောင်ချိန်တွင် အကူညီပေးခဲ့လေသည်။
ထို့ပြင် နယ်မြေစစ်ပွဲတွင်လည်း ရှေ့တန်းက ပါဝင်တိုက်ခိုက်ခဲ့သေးသည်။
မုဟေဲာကျောစ်းဝင်ရောက်နိုင်သည်က လုံးဝအဓိပ္ပါယ်ရှိလေသည်။
ခုနှစ်ရက်။
ကျင့်ကြံသူများအတွက် ထမင်းစားရေသောက်လောက်သာကြာလေသည်။
တခဏအတွင်းမှာပင် ကောင်းကင်ဘုံလမ်းပြင်ဆင်ခြင်းကို ပြီးဆုံးသွားချေပြီ။
ကန္တာရဒေသရှိ တပ်ဖွဲ့များက တိမ်ဖီးနစ်အင်ပါယာဆီမှ ခွင့်ပြုချက်ရပြီးနောက် ကောင်းကင်ဘုံလမ်းသို့ဝင်ရောက်နိုင်ကာ ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာသို့ဦးတည်သွားရောက်နိုင်သည်။
ထိုအခိုက် ကောင်းကင်ဘုံလမ်းအပြင်တွင်။
လူများစွာက ရပ်နေကြသည်။
ထိုအထဲတွင် လျှို့ဝှက်တာအိုကျောင်းတော်၊ လျှို့ဝှက်ဓားဂိုဏ်း၊ မုမိသားစု၊ လီမိသားစုနှင့် အခြားသော ဂိုဏ်းများမှ ကျင့်ကြံသူများရှိနေသည်။
ဟုန်ရင်သည်လည်း ရှိနေ၏။
သူမဘေးတွင် လုချန်ရှန်းမှလွဲ၍ စံအိမ်တော်၏ အဖွဲ့သားများရှိနေသည်။
ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာသို့သွားမည့် ပထမအသုတ်သည် ထွက်ခွာတော့မည်ဖြစ်သည်။
ယဲ့ချိုးပိုင်က နင်းချန်ရှန်းကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။ “တတိယညီလေး ဂရုစိုက်ဦး၊ ဒီခရီးက ငါပြန်ရောက်နိုင်ပါ့မလားတောင်မသိဘူး။ ဆရာ့ကို မင်းလက်ထဲအပ်ထားခဲ့မယ်”
နင်းချန်ရှင်းက ပြုံးကာ ခေါင်းညိမ့်၏။
“ဆရာက သူ့ကို ဂရုစိုက်ဖို့ ကျွန်တော့်ကိုတောင် လိုမှာမဟုတ်ဘူး”
ယဲ့ချိုးပိုင်က စလိုက်သည်။ “မင်းက ဆရာ့ စားဖို့သောက်ဖို့ကို ချက်ပေးရမယ်လေ မဟုတ်ဘူးလား”
လူတိုင်းက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်မောလိုက်သည်။
ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာသို့ သွားရောက်မည့်သူများက ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ ရှောင်ဟေးနှင့် ရှစ်ရှန်းတို့ဖြစ်သည်။
နင်းချန်ရှင်းနှင့် မုဝမ်အာတို့က နေခဲ့မည့်သူများဖြစ်သည်။
မုဝမ်အာ၏ လက်ရှိခွန်အားက မလုံလောက်သေးပေ။
သို့သော်လည်း သူမ၏ မှော်ဆေးပညာက မဟာဆရာသခင်အဆင့်သို့ရောက်နေပြီဖြစ်သည်။
ရက်အနည်းငယ်တုန်းက မြေကမ္ဘာအထွတ်အထိပ်အဆင့်ဆေးလုံးကို သန့်စင်နိုင်ခဲ့သည်။
ဟုန်ရင်က ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာတွင် တိမ်ဖီးနစ်အင်ပါယာ၏ အခြေစိုက်ရာနန်းတော်ကိုတည်ဆောက်ရန် တိမ်ဖီးနစ်အင်ပါယာမှလူအချို့ကို ခေါ်ဆောင်သွား၏။
ထိုမှသာ ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာကို ထိန်းချုပ်ရန်လွယ်ကူမည်ဖြစ်သည်။
မုဝမ်အာက မျက်ရည်များဖြင့် ယဲ့ချိုးပိုင်ကို ဖက်လိုက်၏။
“အကိုကြီးချိုးပိုင် လွမ်းနေမယ်နော်”
ယဲ့ချိုးပိုင်က မုဝမ်အာခေါင်းလေးကိုပုတ်ပေးပြီး ပြုံးပြီး “ဆရာက မင်းကိုတပည့်အဖြစ်မခေါ်ခဲ့ပေမဲ့လည်း မင်းရဲ့ပါရမီစွမ်းအားက အားမနည်းဘူး။ ကြိုးစားလေ့ကျင်။ နောင်ကျရင် အကိုတို့ပြန်တွေ့ကြတာပေါ့”
ရှောင်ဟေးက ရိုးသားစွာပြုံး၍ ပြောလိုက်သည်။ “အင်း အကန့်အသတ်မဲ့ကမ္ဘာမှာစောင့်နေမယ်နော်”
မုဝမ်အာက ခေါင်းကိုလေးပင်စွာညိမ့်ပြသည်။
အချိန်ကျလေပြီ။
ကောင်းကင်ဘုံလမ်းက ဖွင့်လာသည်။
စံအိမ်တော်၏ တပည့်များဦးဆောင်၍ လူတိုင်းက အာကာသယာဥ်အတွင်းသို့ ဝင်ရောက်လိုက်ကြသည်။
သူတို့က ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာသို့ ထွက်ခွာသွားတော့သည်။
စာမျက်နှာသစ်က ယခုလိုဘဲ စတင်တော့သည်။
ထိုအခိုက်တွင် လက်တ္တီတွဒ်အမြင့်ပိုင်းဒေသတွင်။
ခန်းမအထဲ၌ အနက်ဝတ်လူက ဒူးတစ်ဖက်ထောက်ကာ ကန္တရဒေသ၏ အဖြစ်အပျက်များကို တင်ပြနေသည်။
ခုံတွင်ထိုင်နေသော အနက်ရောင်ဝတ်ရုံနှင့်လူက ခေါင်းညိမ့်ကာ “မဟူရာအဆင့်က ထူးထူးဆန်းဆန်း အမှားလုပ်မိထားတာဘဲ။ ဒါပေမဲ့ အချိန်တိုင်းအမှားလုပ်မိတဲ့သူတွေက ထပ်ပိုင်းတည်ရှိမှု့တွေဘဲ”
“ဒီလိုဆိုဘယ်လိုလဲ။ သူ့ကို သိမ်းသွင်းဖို့ ကြယ်ငါးပွင့် အရာရှိတစ်ယောက်ကိုလွှတ်လိုက်မယ်”
ကြယ်ငါးပွင့်အရာရှိ။
အနက်ဝတ်က ထိတ်လန့်သွားသည်။
သူတို့က မဟူရာအဆင့်၏ ထိပ်တန်းငါးနေရာတွင်ရှိသော တည်ရှိမှု့များကိုပင် သိမ်းသွင်းနိုင်သူများ