Switch Mode

အခန်း (၂၆၅)

ရှစ်ရှန်း မင်းတော့ ပြဿနာမရှာတက်ပါဘူးနော်။

ဗုဒ္ဓဂိုဏ်းတော်၏ ဗုဒ္ဓခြောက်ပါးက အရှင်ဗုဒ္ဓနှင့်အတူ သေဆုံးသွားကြသည်။

သန့်စင်နှလုံးသားဘုရားကျောင်း၏ ကျောင်းထိုင်ဆရာတော်က ဗုဒ္ဓဂိုဏ်းတော်ကို လွှဲပြောင်းယူလိုက်မှာဖြစ်၏။

တစ်ချိန်တည်းမှာပင် သူက ကုန်မြေတိုက်ကြီးရှိကိုးကွယ်သူများကို ပျိုးထောင်ရန် ဗုဒ္ဓဂိုဏ်းတော်၏ နည်းလမ်းများကို ပြောင်းလဲကာ သန့်စင်လိုက်လေသည်။

တိုက်ပွဲက တရားဝင်ပြီးပြီးဆုံးသွားလေသည်။

လျှို့ဝှက်ဓားဂိုဏ်း၊ လျှို့ဝှက်တာအိုကျောင်းတော်၊ မုမိသားစု၊ လီမိးသားစုအစရှိသော ဂိုဏ်းများ အဖွဲ့အစည်းများက တိမ်ဖီးနစ်အင်ပါယာ၏ နောက်လိုက်အင်အားစုများအဖြစ်ရွေးချယ်ခံခဲ့ရသည်။

ယခုမှစ၍ တိမ်ဖီးနစ်အင်ပါယာက ကန္တာရဒေသ၏ တရားဝင်အုပ်ချုပ်သူဖြစ်လာခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ပြင်ပတွင် တိမ်ဖီးနစ်အင်ပါယာသည် အစွမ်းထက်ဆုံးအင်အားစုအဖြစ်သာ သိကြသည်။

လက်တွေ့တွင်တော့ စံအိမ်တော်ကသာ အသန်သာဆုံးဖြစ်နေသေးသည်။

အကြီးဆုံးတပည့် ယဲ့ချိုးပိုင်က တောင်ပိုင်းဒေသတွင် ချင်းယွမ်ဓားဂိုဏ်းကို တည်ဆောင်ခဲ့သည်။

ဒုတိယတပည့် ဟုန်ရင်က တိမ်ဖီးနစ်အင်ပါယာ၏ ဧကရီဖြစ်လေသည်။

တတိယတပည့် နင်းချန်ရှင်းက ရှေးရိုးစွဲ ကွန်ဖြူးရှပ်တာအိုကို ပြန်လည်စတင်ကာ စာကြည့်ဆောင်ကို တည်ဆောက်ခဲ့လေသည်။

စတုတ္တမြောက် တပည့် ရှောင်ဟေး နှင့် ပဉ္စမမြောက် တပည့် ရှစ်ရှန်းတို့က ကိုယ်ပိုင်အဖွဲ့စည်းများ မတည်ထောင်ခဲ့ကြသော်လည်း တခြားသူများထက် အားမနည်းပေ။

ပို၍ အရေးကြီးသော ပုဂ္ဂိုလ်က လုချန်ရှန်းပင်။

သူအား ကုန်းမြေတိုက်ကြီး၏ နံပါတ်တစ်ကျင့်ကြံသူဟု သိကြသည်။

သူ၏ ကိုယ်ပိုင်ခွန်အားနှင့် အခြေအနေကို ပြောင်းပြန်လှန်ပြစ်ကာ နယ်မြေစစ်ပွဲကို အနိုင်ယူခဲ့လေသည်။

စံအိမ်တော်တွင် လူခြောက်ဦးသာရှိသော်လည်း မည်သည်သူမှရန်မစရဲပေ။

အဘယ်ကြောင့်ဆိုသော် လုချန်ရှန်းက စံအိမ်တော်တွင်ရှိနေခြင်းကြောင့်ပင်။

လက်ရှိ အကြောင်းအရာကို ပြန်သွားရလျှင်

မြောက်ပိုင်းဒေသရှိ မြောက်ဘက်စွန်းပိုင်းကို သူတို့ရောက်ရှိသွားချိန်တွင် ရေခဲမြစ်များ၏ ထက်ဝက်ကျော်ခန့်က အရည်ပျော်သွားပြီဖြစ်သည်။

ထိုသို့ဖြစ်ရသော အကြောင်းအရင်မှာ လုချန်ရှန်းက ကောင်းကင်ဘုံလမ်းတွင် ချပြခဲ့သော ကြက်သွေးရောင်နေ လေသတ်ဖြတ်ခြင်း အစီအရင်ကြောင့်ဖြစ်သည်။

ထိုအခိုက်တွင် မြောက်ပိုင်းရေခဲပြင်များတွင်

မြေပြင်က မှော်သားရဲအလောင်းများက သွေးများဖြင့်ဖုံးလွှမ်းကာရှိနေလေသည်။

ထိုမှော်သားရဲများက အာကာသနတ်ဘုရားနယ်ပယ်တွင်ရှိလေသည်။

ရှောင်ဟေးသည် ထိုအလောင်းများပေါ်တွင်ရပ်နေလေသည်။

သူက သွေးများလွှမ်းနေသော ရေခဲပြင်ပေါ်တွင် ခြေချလိုက်၏။

သူခန္ဓာကိုယ်တွင် မျဉ်းသုံးကြောင်းက အလုံးစုံဖုံးလွှမ်းနေလေသည်။

ပထမမျဉ်းကြောင်းက မီးစွမ်းအားနှင့်ပြည့်နေသောပုံစံဖြစ်သည်။

ဒုတိယတစ်ခုက ရေခဲ၏စွမ်းအားများဖြင့် ပြည့်နေသည်။

တတီယတစ်ခုအနေနှင့်တော့

သွေးနီရောင်ပင်ဖြစ်တော့သည်။

ထိုသုံးခုအထဲတွင် ၎င်းက ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းဆန္ဒများနှင့်ရှိနေ၏။

ထိုအချိန်တွင် ရှောင်ဟေးက အတွင်းမိစ္ဆာခန္ဓာကိုယ်၏ တတိယအဆင့်ကို ကျွမ်းကျင်နေပြီဖြစ်သည်။

သူ၏ ကြံခိုင်မှု့ကလည်း မိုးထိုးတက်နေသွားပြန်ပြီဖြစ်သည်။

ဖြစ်နိုင်သည်ကတော့ ရှောင်ဟေး၏ ခွန်အားသည် သိုင်းဧကရာဇ်တစ်ပိုင်းအဆင့်ကို ရင်ဆိုင်နိုင်လောက်လေပြီ။

ကန္တာရဒေသတွင် တစ်စုံတစ်ယောက်သည် ပြင်ပခန္ဓာကိုယ်ကိုအားထားပြီး ထိုအဆင့်ထိရောက်အောင်ကျင့်ကြံနိုင်သည့်က မကြုံဖူးပေ။

လက်ရှိရှောင်ဟေးက ရူးသွပ်သော အခြေအနေကို အလွယ်တကူမကျရောက်တောပေ။

သူက သတ်ဖြတ်ခြင်းအလယ်တွင် နိုးကြားစွာနေနိုင်ပြီး သူ၏ ခွန်အားကို မြှင့်တင်ရန် ရူးသွပ်သောအခြေအနေကို အချိန်မရွေးအသက်သွင်းနိုင်လေသည်။

သို့သော်လည်း သူ့စိတ်အခြေအနေက ကြည်လင်စွာရှိနေနိုင်သည်။

ရှောင်ဟေးက အသက်ရှုထုတ်လိုက်ကာ သေဆုံးနေပြီဖြစ်သော မှော်သားရဲကို ပြစ်ချလိုက်သည်။

သူ့ခန္ဓာကိုယ်မှ သွေးများကို သာမန်ကာရှန်ကာ သုတ်လိုက်လေသည်။

သူက နောက်ကို လှည့်ကြည့်လိုက်သည်။

ထိုနေရာက တောင်ပိုင်းဒေသရှိ စံအိမ်တော်တည်ရှိသော နေရာကိုပင်။

ရှောင်ဟေးမျက်နှာက သွေးများဖြင့် ဖုံးလွှမ်းနေသော်လည်း သူက အရိုးရှင်းဆုံး ပြုံးလိုက်၏။ သူ လက်ထဲရှိ အသံပို့ ကျောက်စိမ်းပြားကို ဘေးဖယ်လိုက်ပြီး “မင်းအပြင်သွားနေတာကြာပြီ ပြန်လာဖို့ အချိန်ကျပြီ”

ရှောင်ျဟးက သူ၏ မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းက ပြန်နိုးထလာပြီဖြစ်သော်လည်း စံအိမ်တော်က သူ၏ အိမ်ဖြစ်နေဆဲပါဘဲ။

သူ၏ တစ်ခုတည်းသော အိမ်…

ထိုသို့ဖြင့် သူက မြေပြင်ပေါ်သို့ ပေါ့ပါးစွာ ခုန်ချလိုက်လေသည်။

ခရက်။

ရေခဲပြင်က ချက်ချင်းပင် အက်ကွဲသွားပြီး ရေခဲမြစ်များက ပြိုကျလာတော့သည်။

ရှောင်ဟေးကတော့ နေရာမှ ပျောက်ကွယ်သွားတော့လေသည်။

သူက ပြင်ပခွန်အားကို အသုံးပြု၍ လေထုထဲတွင် အသံလှိုင်းများထုတ်လွှတ်ကာ လေထဲပျံဝဲသွားတော့သည်။

သာမန်မျက်စိနှင့် မြင်ရန်ခက်ခဲသော အရှိုန်ဖြင့် သူက စံအိမ်တော်သို့ ပြန်သွား၏။

ထိုအခိုက် စံအိမ်တော်တွင် ဟုန်ရင်၊ ယဲ့ချိုးပိုင်နှင့် နင်းချန်ရှင်းက ပြန်ရောက်နေပြီဖြစ်သည်။

လုချန်ရှန်း၏ အာဏာကြောင့် သူတို့သုံးဦးက မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေကြသည်။

မုဝမ်အာက ၎င်းကို မြင်သောအခါ ရယ်မောလိုက်သည်။

“ချင်းယွမ်ဓားဂိုဏ်းရဲ့ဂိုဏ်းချုပ် အကိုယဲ့ချိုးပိုင်၊ တိမ်ဖီးနစ်အင်ပါယာရဲ့ ဧကရီ အမဟုန်ရင်၊ ကွန်ဖြူးရှပ်တာအိုရဲ့ ဦးဆောင်သူ အကိုနင်းချန်ရှန်းတို့က မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတာကို လူတွေသိသွားရင်တော့ သေလောက်လန့်ကုန်ကြမှာဘဲနော်”

“သူတို့ လန့်လဲဘာလုပ်ရမှာလဲ။ ဒီကောင်စုတ်လေးတွေက ငါ့တပည့်တွေဖြစ်နေတုန်းဘဲ” လုချန်ရှန်းက မျက်လုံးမှိတ်လျှက် ပက်လက်ကုလားထိုင်ပေါ်တွင် လက်နောက်ပြစ်၍ လဲလှောင်းကာ ပြောလိုက်သည်။

“တပည့်ဆိုတာက ခိုင်းဖို့ဘဲ”

မုဝမ်အာ:”…”

၎င်းက သူမ မငြင်းနိုင်လောက်အောင် အဓိပ္ပာယ်ရှိပုံရ၏။

ယဲ့ချိုးပိုင်တို့က အစားအသောက်များကို သယ်၍ ထွက်လာသည်။

၎င်းကိုကြားသော် သူမက အကူအညီမဲ့စွာဖြင့် ခေါင်းခါလိုက်လေသည်။

သို့သော်လည်း သူတို့က အသားကျနေပြီဖြစ်သောကြောင့် ဘာမှမလုပ်နိုင်တော့ပေ။

“ကောင်းပြီ၊ နံပါတ်လေး ရောက်လာတဲ့အခါကျရင် စားကြရအောင်”

“အကိုရှောင်ဟေးလဲ ပြန်လာမှာလား”

ယဲ့ချိုးပိုင်က ခေါင်းညိမ့်ကာ ကျောက်စားပွဲတွင် အစားအသောက်များကို ချလိုက်လေသည်။ သူက ပြုံးကာ ပြောလေသည်။ “ငါသူ့ကို ဆက်သွယ်ထားပြီးပြီ”

လုချန်ရှန်းက ၉၉၆ ကုမ္ပဏီဝန်ထမ်း သက်လတ်ပိုင်းလူတစ်ဦးလို ဖြေးညှင်းစွာလမ်းလျှောက်လာပြီး ထိုင်ချလိုက်လေသည်။

တူက ကောက်ကိုင်ကာ နှုတ်ခမ်းကို စုဝိုင်းလိုက်ပြီး ပြောလိုက်လေသည်။ “ဘာလို့ သူပြန်လာမှာလဲ။ ပန်းကန်နဲ့ တူတစ်ချောင်းထပ်တိုးအောင်လား။ ဒီကောင်က သောက်ရမ်းအစားကြီးတာဟ” သို့သော်လည်း သူပြောလိုက်သည်က ထိုအတိုင်းပင်။

လုချန်ရှန်းက လက်ထဲရှိတူကို ဆော့ကစားနေသည်။ သူက မစားသေးပေ။

ယဲ့ချိုးပိုင်တို့က ၎င်းကိုမြင်သော် ရယ်လိုက်ကြသည်။

သူတို့က ဆရာက ညည်းတွားတက်သော်လည်း သူက သူ့တပည့်များကိုတော့ ဂရုစိုက်‌တက်သေးသည်။

ရှောင်းဟေပြန်ရောက်လာတော့မှသာ အားလုံးက စားသောက်ကြတော့သည်။

“ဒါပြီးရင်ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ” ဟုန်ရင်က စားသောက်နေတုန်း မေးလိုက်သည်။

နယ်မြေစစ်ပွဲလည်း ပြီးဆုံးသွားပြီဖြစ်သည်။

ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေသည်လည်း တိမ်ဖီးနစ်အင်ပါယာ၏ တရားဝင်လက်အောက်ခံနယ်မြေဖြစ်လာခဲ့သည်။

ယခုတော့ အားလုံးက ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေသို့ သွား၍ ကျင့်ကြံနိုင်ပြီဖြစ်သည်။

ကန္တာရဒေသက အမှန်ပင် စိတ်ဝိဉာည်ချီနည်းပါးလွန်းသည်။

ယဲ့ချိုးပိုင်က ပြုံလျှက်ပြောလိုက်သည်။ “ငါက ချင်းယွမ်းဓားဂိုဏ်းရဲ့ ကိစ္စတွေဖြေရှင်းပြီးရင် အကန့်အသတ်မဲ့ကမ္ဘာလို့ ခေါ်တဲ့နေရာကို သွားမယ်”

“အကန့်အသတ်မဲ့ကမ္ဘာ”

ယဲ့ချိုးပိုင်က ခေါင်းညိမ့်ကာ ပြောသည်။ “အရင်ဆုံး ငါလေ့ကျင့်ချင်တယ်”

“ဒုတိယက ကျစ်ချင်းက အကန့်အသတ်မဲ့ကမ္ဘာမှာလို့ထင်တယ်”

လူတိုင်းက အံ့အားသင့်သွားကြသည်။

“ဒါပေမဲ့ အကန့်အသတ်မဲ့ကမ္ဘာက ဘယ်မှာရှိတာလဲဆိုတာ မသိသေးတော့ ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေရောက်မှ မေးကြည့်ရမယ်”

လုချန်ရှန်းက နှုတ်ခမ်းကို တွန့်ကာ ပြောလိုက်သည်။ “သိပ်ဝေးဝေးမသွားနဲ့”

ယဲ့ချိုးပိုင်က ချက်ချင်းဆိုသို ခံစားသွားရသည်။ သူက ပြုံးကာ ပြောလိုက်သည်။ “စိတ်မပူပါနဲ့၊ ဆရာ။ ကျွန်တော် ဒီကို ခဏ ခဏ ပြန်လာမှာပါ”

လုချန်ရှန်းက မှင်သက်သွားသည်။

“ဘာ၊ မင်းက ပြန်လာချင်သေးတာလား”

“ငါဆိုလိုတဲ့ ဝေးဝေးမသွားနဲ့ဆိုတာက မင်းပြဿနာရှာလာရင် ငါ အဝေးကြီးသွားပြီးလိုက်ဖြေရှင်းနေရမှာဆိုးလို့ဟေ့”

ယဲ့ချိုးပိုင်:”…”

သေစမ်း၊ ငါ ဘာမှမဟုတ်ဘဲ စိတ်ခံစားသွားရတာလဲ။

ဟုန်ရင်က သဘောကျသွားကြသည်။ “ချန်းရှင်း နင်ကရော”

နင်းချန်ရှင်းက တစ်ခဏမျှတွေးတောကာ ပြောလိုက်လေသည်။ “ဘယ်မှတော့ လောလောဆယ် သွားဖို့ မရှိသေးပါဘူး”

“ဒီမှာ ကွန်ဖြူရှပ်တာအိုအမွေအနှစ်ကို အခြေကျအောင်လုပ်ရဦးမယ်။ ပြီးမှ ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေကိုသွားပြီး ကျွန်တော့်အတွေးတွေကို ဖြန့်ဖြူးပေးမယ်။ ဒါက ကြာဦးမှာပါ”

ဟုန်ရင်က ခေါင်းညိမ့်လိုက်သည်။ “ဒီနေရာက အဆင်ပြေသွားမှာပါ။ ဘာလိုဖြစ်ဖြစ် နင့်က ကျော်ကြားပြီးသားလေ၊ ပြီးတော့ နင့်နောက်မှာ ဆရာလည်းရှိနေတာဘဲ”

လုချန်ရှန်းက မျက်စောင်းထိုးလိုက်သည်။

သို့သော်လည်း သူက ဘာမှတော့မပြောပေ။

ထိုတိုက်ပွဲပြီးနောက် မဟာဧကရာဇ်များထက်ပင် သန်မာကြောင်း သိကြလေသည်။

ကန္တာရဒေသနှင့် ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေတွင် သူအတွက် ပြိုင်ဘက်မရှိတော့ပေ။

ထို့အခိုက်တွင် ရှောင်ဟေးက စကားစလေသည်။ “ကျွန်တော်လည်း ဆရာတူအကိုကြီနဲ့လိုက်သွားလိုက်မယ်”

“ကျွန်တော်လည်း အပြင်လောကထွက်ပြီး မှတ်ဉာဏ်အပိုင်းအစတွေကို လိုက်ရှာမယ်”

ယဲ့ချိုးပိုင်က ခေါင်းညိမ့်သည်။

ထို့နောက် လူတိုင်းက ရှစ်ရှန်းကို ကြည့်လိုက်ကြသည်။

ရှစ်ရှန်းက ခေါင်းကုတ်လိုက်ပြီး ပြောလိုက်သည်။ “ဒီလိုဆိုရင် ကျွန်တော်လည်း ဆရာတူအကိုကြီးနဲ့အတူလိုက်သွားချင်ပါတယ်”

“ကျွန်တော်လည်း အပြင်ထွက်ပြီးလေ့ကျင့်ချင်တယ်၊ ဒါမှ ကျွန်တော့်ခွန်အားကို မြှင်တင်နိုင်မှာ”

ထို့နောက် သူက လုချန်ရှန်းက မေးလိုက်သည်။ “ဆရာ ရလားမသိဘူး”

လုချန်ရှန်းက ပြုံးကာ ပြောလိုက်လေသည်။ “ကိစ္စမရှိဘူး၊ မင်းရဲ့ ဗီဇကို ငါသိတယ်။ မင်းက တခြားကောင်စုတ်လေးတွေလို ပြဿနာမရှာတက်ဘူး..”

Comment

Leave a Reply

Options

not work with dark mode
Reset