Switch Mode

အခန်း (၂၆၃)

အဆုံးသတ်။

လေဟာနယ်သားရဲကပျောက်ကွယ်သွားကာ လေထုက ပြန်လည်တည်ငြိမ်သွားလေသည်။

လေဟာနယ်သားရဲ။

အနက်ရောင်ဝတ်ရုံနှင့်လူ။

မဟူရာနယ်မြေ။

၎င်းက လုချန်ရှန်းကို ခေါင်းကိုက်စေသည်။

ဘာလို့သူက ပြစ်မှတ်ထားခံနေရသလဲ။

သူက အေးအေးဆေးဆေးဘဲနေချင်တာပါ။ ဘာလို့ခက်ခဲနေရတာလဲ။

သို့သော်လည်း မဟာမိတ်တပ်များက ကမ္ဘာတုန်းတီးအောင် လက်ခုပ်တီး အားပေးနေကြသည်။

သူက စိတ်ဓာတ်ကျနေသော ခုန်းကျန့််ဟန်နှင့် အခြားသုံးဦးကို ကြည့်လိုက်၏။

နယ်မြေစစ်ပွဲက ပြီးဆုံးသွားပြီဖြစ်ကြောင်း နားလည်လိုက်ကြသည်။

သူတို့က အနိုင်ရရှိခဲ့သည်။

ထိုအဓိပ္ပာယ်က သူတို့၏အနာဂတ်သည် တောက်ပကာနေလိမ့်မည်ပင်။

တစ်ချိန်တည်းတွင် သူ၏ ဆုံးဖြတ်ချက်အတွက်လဲ ဝမ်းသာမိလေသည်။

ကျောင်းအုပ်ယန်နှင့် လင်းရုဖုန်းကလည်း တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကာ ပြုံးလိုက်လေသည်။

ယခင်က သူ၏ ရှိသမျှကို ပုံအော၍ စံအိမ်တော်၏ အနာဂတ်ကို လောင်းကြေးထပ်ခဲ့လေသည်။

ဟုတ်ပေသည်။

စံအိမ်တော်ကို ပထမဆုံးထောက်ခံခဲ့ကြသည့် လျှို့ဝှက်တာအိုကျောင်းတော်နှင့် လျှို့ဝှက်ဓားဂိုဏ်းက သံသယမရှိစွာနှင့် တစ်ဟုန်ထိုးတိုးတက်သွားမည်ဖြစ်လေသည်။

သူတို့က အကျိုးအမြတ်များစွာကို ပို၍ရရှိနိုင်မည်ဖြစ်သည်။

ဧကရာဇ်မင်းဆရာက သက်ပြင်းချလိုက်လေသည်။

“အခုလေးတင်ဘဲ အရှင်မရဲ့ ဆရာသခင်က သူ့ကို အေးဆေးဘဲ အနိုင်ယူပြသွားတယ်”

ဟုန်ရင်က ပြုံးကာ ခေါင်းညိမ့်လိုက်သည်။

လုချန်ရှန်းကြောင့်သာမဟုတ်လျှင် ဟုန်ရင်က သိပ်ပြီးတက်ကြွထက်သန်နေမည်မဟုတ်ပေ။ သူမ၏ ယုံကြည်ချက်က လုချန်ရှန်းကြောင့်ဖြစ်လေသည်။

သူမ၏ မူလအခြေအနေကိုပြန်မရောက်မချင်း တိမ်ဖီးနစ်အင်ပါယာကို ဤကဲ့သို့ မောက်မာသောဟန်ဖြင့် ပြန်လည်တည်ဆောက်မည်မဟုတ်ပေ။

တစ်ဖက်တွင်တော့ ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေ၏ တပ်သားများသည် မျက်နှာ ဖြူဖျော့နေကြသည်။

ယခုတော့ သူတို့၏ အထွတ်အထိပ်ကို ရောက်နေကြသည်ဖြစ်သည်။

ကြီးမြတ်သော သိုင်းဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူရှစ်ဦးကို ကောင်းကင်ဘုံ စိတ်ဝိဉာည်ဂိုဏ်းချုပ် ခုန်းကျန့်ဟန်က ဦးဆောင်ခဲ့လေသည်။

လေးဦးက သေဆုံး၍ လေးဦးက ဒဏ်ရာအပြင်းအထန်ရရှိခဲ့လေသည်။

သူတို့က အောင်ပွဲရရန် တိုက်ခိုက်ဖို့ အကြပ်ကိုင်ရာတွင် ရှုံးနိမ့်ခဲ့လေသည်။

သူတို့က ရှုံးပြီးရင်း ရှုံးခဲ့ကြသည်။

သူတို့က ဒီလိုဖြစ်လာလိမ့်မည်လို့ ထင်မထားခဲ့ပေ။

သို့သော်လည်း သူတို့က မည်သို့တွေးထားခဲ့မည်နည်း။

တဖက်လူက သူ၏ ကိုယ်ပိုင်ခွန်အားဖြင့် အခြေအနေကို ပြောင်းပြန်လှန်ခဲ့လေသည်။

ထို့ပြင် လုချန်ရှန်းက သူတို့ကို တစ်ချိန်လုံးဖိနှိပ့်ထားခဲ့လေသည်။

သူ၏ ခွန်အားကို အပြည့်အဝမသုံးထားမှန်း ကြည့်ရုံနှင့် သိနိုင်လေသည်။

သူတို့က မည်သို့ တိုက်ခိုက်ရမည်နည်း။

တစ်ချိန်တည်းတွင် လုချန်ရှန်းက အီးမှန်ထားသလိုဖြစ်နေသည်။

သူက နယ်မြေစစ်ပွဲအနိုင်ရခြင်းကို ဂရုမစိုက်‌သော တစ်ဦးတည်းသောသူဖြစ်နိုင်လေသည်။

သူက အထင်ကြီးစရာကောင်းသော ဂိုဏ်း၏ မျက်စိကျခြင်းကို ပင်ခံလိုက်ရသည်မဟုတ်ပါလား။

နောင်တွင် ၎င်းက ပြဿနာရှိလာနိုင်သည်။

ထိုအခိုက်တွင် ဟုန်ရင်က ရှေ့ထွက်လိုက်ကာ ပြောလိုက်လေသည်။ “အားလုံးကို အဆုံးသတ်ချိန်တန်ပြီ”

လူအုပ်ကြီးက အားနည်းနေသော အရှိုန်အဝါနှင့် ခုန်းကျန့်ဟန်ကို ကြည့်လိုက်ကြသည်။

၎င်းကို မြင်သော် ခုန်းကျန့်ဟန်က ခါးသီးစွာရယ်မောလိုက်လေသည်။ သူက ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို အားတင်း၍ ထရပ်ပြီး “ကျုပ်တို့ ဒီတိုက်ပွဲကို ရှုံးသွားပြီ”

“အရှုံးသမားမှာလည်း အရှုံးသမားရဲ့ ထင်မြင်ချက်ရှိတယ်။ မင်းတို့ဘာလိုချင်လဲ။ လိုချင်တာပြောပါ”

မဟာမိတ်တပ်များက ဘာမှမပြောဘဲ ဟုန်ရင်ကိုသာ ကြည့်လိုက်ကြသည်။

ဤစစ်ဆင်ရေး၏ စစ်ဦးစီးချုပ်တစ်ဖြစ်လည်း ဟုန်ရင်က တိမ်ဖီးနစ်အင်ပါယာ၏ ဧကရီလည်းဖြစ်လေသည်။

သာမှန်အားဖြင့် သူမက ထိုအခြေအနေများကို ဆုံးဖြတ်ပေးရမည့်သူဖြစ်လေသည်။

ဟုန်ရင်က လုချန်ရှန်းကို ကြည့်ကာ မေးလိုက်သည်။ “ဆရာ၊ ဘယ်လိုစဉ်းစားထားလဲ”

သို့သော်လည်း ဟုန်ရင်စကားမဆုံးသေးခင် လုချန်ရှန်းက ကြားဖြတ်ပြောလိုက်သည်။ “ငါဒီကိစ္စကို ဝင်ပါချင်ဘူး၊ မင်းဟာမင်းဆုံးဖြတ်”

ဘယ်လောက်တောင် စိတ်ရှုပ်ဖို့ကောင်းလိုက်သလဲ။

၎င်းကိုမြင်သော် ဟုန်ရင်က အကူညီမဲ့စွာ ခေါင်းညိမ့်ပြလိုက်သည်။

သူမက ရှေ့ကိုထွက်လာပြီး ပြောလိုက်လေသည်။ “ပထမဆုံး ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေက ကန္တာရဒေသရဲ့ အာကာသလမ်းကြောင်းကို ပြန်ပြင်မယ်”

ကန္တာရဒေသရဲ့ အာကာသလမ်းကြောင်း။

၎င်းက ကောင်းကင်ဘုံလမ်းဖြစ်သည်။

ယခုတော့ ကောင်းကင်ဘုံလမ်းက ပျက်ဆီးသွားပြီဖြစ်ကာ တစ်စုံတစ်ယောက်က မသန်မာပါက အခြားနယ်ပယ်များကိုသွားရောက်ရန်မဖြစ်နိုင်ပေ။

ခုန်းကျန့်ဟန်က ခေါင်းညိမ့်လိုက်သည်။

၎င်းက သိပ်မခက်ခဲပေ။

ဟုန်ရင်က ဆက်ပြောလေသည်။ “အဲ့ဒီအာကာသလမ်းကြောင်းက ကန္တာရလမ်းဒေသနဲ့ ကောင်းကင်ဘုံ စိတ်ဝိဉာည်နယ်မြေနဲ့ ဆက်သွယ်ထားမယ်။ ပြီးရင်တော့ ငါတို့လူတွေကို ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေကို စေလွှတ်လိုက်မယ်”

ခုန်းကျန့်ဟန်က ခေါင်းညိမ့်သည်။

၎င်းက ကန္တာရဒေသရှိသူများကို စိတ်လှုပ်ရှားသွားစေသည်။

ကန္တာရဒေသရှိစိတ်ဝိဉာည်ချီများက အလွန်ပါးလွှာလေသည်။

သူတို့ ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေကိုသွားရမည်ဆိုပါက သူတို့ ကျင့်ကြံခြင်းအတွက် များစွာ အထောက်အကူပြုလေသည်။

“တတိယတစ်ခုက နယ်မြေနှလုံးသားကို ငါ့ကို ပေးရမယ်”

ထိုစကားကြားသည်နှင့် မုတ်ဆိတ်နှင့်လူက ချက်ချင်းငြင်းဆိုလိုက်သည်။

“မရဘူး”

“နယ်မြေနှလုံးသားက နယ်မြေတစ်ခုရဲ့ နှလုံးသားဘဲ။ မင်းတို့ကိုပေးလိုက်ရင် ကျုပ်တို့နယ်မြေကို အချိန်မရွေး ဖျက်ဆီးနိုင်မှာ မဟုတ်ဘူးလား”

ဟုန်ရင်က ထူးမခြားနားစွာလှမ်းကြည့်ပြီး ဘာမှ ဆက်မပြောပေ။

ခုန်းကျန့်ဟန်က မုတ်ဆိတ်နှင့်လူကို ဆက်မပြောရန် လက်ကာပြလိုက်သည်။

“ကျုပ်သဘောတူတယ်”

“ဂိုဏ်းချုပ်ခုန်း”

“ငါတို့က အရှုံးနိမ့်ပြီးသားသူတွေ၊ ငါတို့မှာ ရွှေးချယ်စရာမရှိဘူး”

မုတ်ဆိတ်နှင့်လူက တစ်ခဏလောက်မှင်သက်သွားပြီးနောက် ပါးစပ်ကို ပိတ်လိုက်လေသည်။

ယခုတော့ တစ်ဖက်လူ၏ လက်ထဲတွင် ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေ၏အသက်က ရှိနေလေသည်။

နယ်မြေနှလုံးသားက သာမန်အားဖြင့် အရေးမကြီးပေ။

“ပြောပါ၊ မင်းတို့ဆီမှာ နောက်ထပ်တောင်းဆိုချက်တွေရှိသေးလား”

ဟုန်ရင်က ခေါင်းညိမ့်ကာ လူလေးဦးကို ထူးမခြားနားစွာ ကြည့်လိုက်လေသည်။

သူမ၏ နှုတ်ခမ်းနီနီရဲရဲလေးက ပွင့်ဟလာကာ ဘာသိဘာသာပြောလိုက်လေသည်။ “ရှင်တို့ လေးယောက် သတ်သေဖို့လိုတယ်”

သတ်သေရမယ်။

တစ်နည်းဆိုရသော် သူတို့က ကိုယ်ဘဝကို ကိုယ်အဆုံးသတ်ရမည်ဖြစ်သည်။

ခုန်းကျန့်ဟန်မှလွဲ၍ ကျန်သုံးယောက်၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။

ခုန်းကျန့်ဟန်ကိုယ်တိုင်သာ အေးဆေးတည်ငြိမ်သော အမူအရာဖြင့်ရှိနေသည်။

သူက ဟုန်ရင်ကို အံ့အောခြင်းအလျှင်းမရှိဘဲ ကြည့်လိုက်သည်၊ သူက ဒါကို မျှော်မှန်းပြီးသားဖြစ်လေသည်။

ဟုန်ရင် ထိုသို့လုပ်ရသည့် အကြောင်းအရင်းလဲရှိပေသည်။

ပထမအချက်ကတော့ နှစ်ဖက်အဖွဲ့က မတူညီသည့်ဘက်တွင်ရှိနေလေသည်။ နယ်မြေစစ်ပွဲဖြစ်စတင်ဖြစ်ပွားသည့်အချိန်မှစ၍ သူတို့က တစ်ယောက်ကို တစ်ယောက် အသက်ချမ်းသာမပေးနိုင်တော့ပေ။

ဒုတိယအနေနှင့် ပိုအရေးကြီးဆုံးက သူမသည် တိမ်ဖီးနစ်အင်ပါယာ၏ ဧကရီဖြစ်လေသည်။

တိမ်ဖီးနစ်အင်ပါယာက ကန္တာရဒေသ၏ အုပ်စိုးသူဖြစ်လာမှာ အမှန်ပင်။

တစ်ချိန်တည်းတွင် ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေကို သိမ်းပိုက်လိုက်မည်လည်းဖြစ်နိုင်သည်။

ထိုအခိုက်တွင် ခုန်းကျန့်ဟန်နှင့်အခြားသူများကို ထိန်းချုပ်မှု့ဆုံးရှုံးသွားပါက ဟုန်ရင်အတွက် ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေကို သိမ်းပိုက်ရာတွင် ကြီးမားသော အဟန့်အတားတစ်ခုဖြစ်လာနိုင်သည်။

သို့သော်လည်း၊

“ရှင်တို့ ကိုယ့်ဟာကို သတ်သေစရာမလိုဘူး”

ဟုန်ရင်က ရယ်ရမ်းသွေးလိုက်ကာ “ဒါပေမဲ့လည်း ရှင်တို့က ကျွန်မရဲ့ ထိန်းချုပ်မှု့အောက်တွင် နေရမယ်”

ခုန်းကျန့်ဟန်က ခေါင်းညိမ့်လေသည်။

“ကောင်းပြီ၊ ကျုပ်တို့ လက်ခံတယ်”

မုတ်ဆိတ်နှင့်လူ၏ အမူအရာက အရုပ်ဆိုးသွားသည်။ “ဂိုဏ်းချုပ်ခုန်း၊ ဘာလို့ ဒီလိုတောင်းဆိုမှု့မျိုးကို လက်ခံလိုက်ရတာလဲ”

သို့သော်လည်း သူ့စကားမဆုံးခင် အဖြူရောင်အလင်းတန်းတစ်ခုက သူ၏ မျက်ခုံးနှစ်ဖက်ကြားထဲသို့ ဖောက်ဝင်သွားတော့သည်။

သိုင်းဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူက ထိုသို့ သေဆုံးသွားရလေသည်။

၎င်းက လုချန်ရှန်းဖြစ်သည်။

လူတိုင်းက လုချန်ရှန်းကို ကြည့်လိုက်ကြသည်။

လုချန်ရှန်းက စိတ်မရှည်စွာ ပြောလေသည်၊ “မင်းတို့အသက်ကို ငါတို့ပိုင်တယ်။ ဒီလိုတောင်းဆိုချက်သေးသေးလေးကိုတောင်မှ လက်မခံနိုင်ရင် သေလိုက်တော့”

ဟုန်ရင်က ရယ်မောလိုက်သည်။

လုချန်ရှန်းက သူမ၏ ကျော်ကြားမှု့ကို မြှင့်တင်ပေးနေသည်ကို သိနေလေသည်။

လုချန်ရှန်း၏ အစွမ်းထက်သော နည်းလမ်းကြောင့် တစ်ဖက်ရန်သူများက ပိုပို၍ အမှန်တိုင်းပြောလာသည်။

ထင်သည့်အတိုင်း ခုန်းကျန့်ဟန်၏ အမူအရာက လေးနက်နေလေသည်။ သူက လေးနက်စွာ ခေါင်းညိမ့်ကာ ပြောလိုက်၏။ “ကျုပ်တို့ သဘောတူပါတယ်”

“ကောင်းတယ်”

ဟုန်ရင်က ပြုံးလိုက်ကာ ပြောလိုက်သည်။ “ကျွန်မ ရှင်တို့ကို မျက်စိစုံမှိတ်ပြီး မယုံကြည်နိုင်ဘူး။ ရှင်တို့ရဲ့ ဝိဉာည်တွေကို ထုတ်လိုက်”

ခုန်းကျန့်ဟန်က ချက်ချင်းပြောသလိုလုပ်လိုက်သည်။

သူ့မျက်ခုံးနှစ်ဖက်ကြားမှ ဝိဉာည်ထွက်လာလေသည်။

ကြမ်းတမ်းသော ဝိဉာည်အရှိုန်အဝါက ထိုးထွက်နေသည်။

သိုင်းဧကရာဇ်ကျွမ်းကျင်သူ၏ ဝိဉာည်က အားမနည်းပေ။

ဟုန်ရင်က တုံ့ဆိုင်ခြင်းမရှိ။

သူမလက်ကို ဝှေ့ရမ်းလိုက်သည်။

ချက်ချင်းဆိုသလို ခုန်းကျန့်ဟန်၏ ဝိဉာည်အပိုင်းအစတစ်ခုက ဖျက်တောက်ခံလိုက်ရပြီး ဟုန်ရင်လက်အတွင်းသို့ ရောက်လာခဲ့သည်။

ထိုအခြေအနေတွင်…

ဟုန်ရင်က ဆန္ဒရှိသလို အချိန်မရွှေး သူမလက်ထဲရှိ ဝိဉာည်အပိုင်းအစတစ်ခုကို ဖိချေပြစ်နိုင်သည်။ ခုန်းကျန့်ဟန်၏ ပင်မဝိဉာည်က ဘာမှမဖြစ်ခဲ့သလို လေထဲတွင် ပြောက်ကွယ်သွားတော့သည်။

ခုန်းကျန့်ဟန်၏ မျက်နှာက ပို၍ပင် ဖြူဖျော့သွားလေသည်။

၎င်းကို မြင်သော် အခြားသုံးဦးကလည်း သူတို့၏ ဝိဉာည်များကို ထုတ်လွှတ်လိုက်လေသည်။

ခုန်းကျန့်ဟန်တို့၏ ဝိဉာည်အပိုင်းအစများကို ယူဆောင်ပြီးနောက် သူတို့က ဟုန်ရင်၏ အမိန့်ကို မလွန်ဆန်နိုင်တော့ပေ။

ထိုမြင်ကွင်းကို သူတို့နောက်ရှိ ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေမှ လူများကလည်း တွေ့လိုက်ရသည်။

သူတို့က ခါးသီးစွာ ခေါင်းခါရမ်းလိုက်ကြလေသည်။

ယနေ့မှစ၍ ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေသည် နာမည်သာ ကျန်ရှိတော့ပေမည်။

Comment

Leave a Reply

Options

not work with dark mode
Reset