ကမ္မကြမ္မာဆိုသည်က အလွန်ဆန်းကြယ်သော အရာဖြစ်လေသည်။
လုချန်ရှန်းက ၎င်းကိုဆက်တိုက်ရှောင်ရှားနေသည်။
အခြားသူများနှင့်ဆက်ဆံခြင်းကို တက်နိုင်သမျှနည်းအောင်လုပ်၏။
ကမ္မကြမ္မာကတစ်ခါဖြစ်တည်သွားပြီးလျှင် နောက်ဆက်တွဲအဖြစ်အပျက်များက ခန့်မှန်း၍မရပေ။
သို့သော်လည်း ထိုကိစ္စများက သူတပည့်လက်ခံပြီးနောက်တွင် စတင်၍ ပြောင်းလဲသွားတော့သည်။
ထိုသို့တွေးမိပြီးနောက် လုချန်ရှန်းက တစ်ခုခုပြောလိုက်ချင်သည်။
ဒါတွေက ယဲ့ချိုးပိုင်အပြစ်တွေဘဲ။
အနက်ရောင်လူရိပ်က အတန်ငယ် အံ့သြသွားသည်။
“မင်းက ငါမြင်ဖူးတဲ့တစ်ခြားလူတွေနဲ့ နည်းနည်းတော့မတူဘူးဘဲ”
“ဒါပေမဲ့ ငါတို့ကို ငြင်းပယ်တဲ့အပြစ်ရဲ့ အကျိုးဆက်ကိုသိလား”
လုချန်ရှန်းက တည်ငြိမ်စွာ ရယ်မောလိုက်သည်။
အနက်ရောင်ဝတ်ရုံနှင့်လူ၏စကားကိုကြားသော် သူ့မျက်လုံးများတွင် အေးစက်စက်အလင်းတစ်ချက်ဖြတ်သန်းသွားသည်။
“ဒါက ခြိမ်းခြောက်တာလား”
အနက်ရောင်ဝတ်လူက ခေါင်းညိမ့်လိုက်သည်။
“ဒါက ကြင်ကြင်နာနာနဲ့သတိပေးလိုက်တာဘဲ”
ဟမ်။
လုချန်ရှန်း ရယ်မောလိုက်သည်။
သူက ကမ္မကြမ္မာနှင့် ပြဿနာများကိုကြောက်လန့်သော်လည်း သူကို ရမ်းကာရောလုပ်လို့မရပေ။
သာမန်ဆိုလျှင် ယဲ့ချိုးပိုင်တို့ ကောင်စုတ်လေးများက သူကိုဒေါသထွက်အောင် အမြဲပြဿနာရှာလေ့ရှိသည်။
သို့သော်လည်း တစ်ဖက်လူက လွန်လာလျှင် လုချန်ရှန်းဒေါသထွက်ရပေတော့သည်။ သူက သူ့လူများကို ကာကွယ်ရပေမည်။
“ဒါက ဖြစ်နိုင်ပါတယ်။ ခင်ဗျားရဲ့ ကြင်နာစွာသတိပေးမှု့ကို ငြင်းပယ်ပါရစေ”
အနက်ဝတ်လူက ခေါင်းညိမ့်သည်။
သူက ဘာမှမပြော လက်ဝါးကိုဝှေ့ရမ်းလိုက်သည်။
လေဟာနယ်က ချက်ချင်းဆိုသလိုဘဲ အနက်ရောင် ဓားမြှောင်အရိပ်များဖြင့်ပြည့်နက်သွားသည်။
ဓားမြှောင်အရိပ်များက အေးစက်စက် အလင်းများဖြင့်တောက်ပနေသည်။
အေးစက်စက် အလင်းက လုချန်ရှန်းအပေါ် ချိန်ရွယ်ထားသည့်ရောက်လာသည်။
ထိုအရှိုန်အဝါက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
ဟုန်ရင်က ၎င်းကိုမြင်သော် သူမအမူအရာက လေးနက်သွား၏။
သူမ၏ အထွတ်အထိပ်အခြေအနေတွင်ပင် ထိုဓားမြှောင်များကို ခုခံနိုင်မည်မဟုတ်ပေ။
အနက်ဝတ်လူက လက်ကိုအောက်စိုက်ချလိုက်ရာ ကောင်းကင်နှင့်မြေကြီးကိုဖုံးကွယ်နေသော ဓားမြှောင်အရိပ်များက လုချန်ရှန်းဆီဦးတည်လာနေတော့သည်။
ဓားမြှောင်တစ်ချောင်းဆီက လေထုကိုဖြတ်သန်း၍ လာနေဟန်ရသည်။
မျက်တစ်ခတ်တွင် ၎င်းတို့က လုချန်ရှန်းရှေ့သို့ရောက်လာကြ၏။
လုချန်ရှန်းက မျက်မှောင်ကြုတ်လိုက်သည်။
ဒီကောင်လေးက ကျင့်ဝတ်တွေဘာတွေကိုဂရုမစိုက်ဘူးဘဲ။
မပြောမဆိုနဲ့ တိုက်ခိုက်တယ်။
အင်း… သူက ငါလိုဘဲဟ။
လူတိုင်းက လုချန်ရှန်း ထိုဓားမြှောင်များကို မည်သို့ကိုင်တွယ်မလဲကိုစောင့်ကြည့်နေကြသည်။
သူက အစီအရင်ကိုများသုံးမလား။
ဒါမှမဟုတ် သူ့၏ကိုယ်ပိုင်ခွန်အားကိုဘဲ အသုံးပြုမလား။
မကြာခင်တွင် လုချန်ရှန်းက အဖြေပေးလိုက်သည်။
သူက လက်ကို သာမန်ကာရှန်ကာ မြှောက်လိုက်သည်။
မည်သည့်အသံမှမထွက်ပေ။
သို့သော်လည်း သူက သေချာစွာအာရုံခံပြီးနောက် လုချန်ရှန်းက သူ့လက်မောင်းရှိ အဖြူရောင်အလင်းများကို ခံစားလိုက်ရသည်။
အဖြူရောင်အလင်းက မတူညီသောစွမ်းအားများဖြင့်ပြည့်နက်နေသည်။
ခုန်းကျန့်ဟန်က မျက်လုံးပြူးသွား၏။
ထိုအဖြူရောင်အလင်းများတွင် တာအိုမှော်အက္ခရာများပါဝင်နေသည်။
အနက်ဝတ်လူက မျက်မှောင်အနည်းငယ်ကြုတ်သွားသည်။
တာအိုမှော်အက္ခရာတွေလား။
တာအိုမှော်အက္ခရာများက တာအိုနိယာမ၏စွမ်းအားများဖြစ်သည်။
သူ၏နားလည်မှု့အရ လူအနည်းငယ်ကသာ တာအိုနိယာမကိုသင်ယူနိုင်သည်။ ၎င်းက မဖြစ်နိုင်ပေ။
၎င်းကအံ့သြစရာမဟုတ်ပေ။ အနက်ဝတ်လူက အတန်ငယ်သာ အံ့သြခြင်းဖြစ်သည်။
သို့သော်လည်း ထိုလူမျိုးက မဟူရာအဆင့်တွင် ပါဝင်လာနိုင်သည်။
တာအိုနိယာမရှိသည်က အံ့သြစရာတော့မဟုတ်ပေ။
အနက်ဝတ်လူက တာအိုနိယာသည် ရောထွေးနေသည်ကိုသာ အံ့သြနေလေသည်။
မည်သည့်တာအိုနိယာမဆိုသည်ကို သူမခန့်မှန်းနိုင်ပေ။
သူခန့်မှန်းနိုင်ရင်သာ ထူးဆန်းနေလိမ့်မည်။
လုချန်ရှန်းတွင် တာအိုနိယာမမျိုးစုံရှိလေသည်။
သူက ဘာကိုသုံးရမလဲဆိုတာကို မသိပေ။
သို့သော်လည်း သူက အကုန်လုံးကိုသုံးရတာကြိုက်လေသည်။
ထိုအခိုက်တွင် လုချန်ရှန်းက လက်ညိုးထိုးလိုက်သည်။
လုချန်ရှန်း၏ လက်ညိုးထိပ်တွင် အဖြူရောင်စက်ကွင်းလေးတစ်ခုပေါ်လာ၏။
ချက်ချင်းဆိုသလိုဘဲ အဖြူရောင်စက်ကွင်းများက များပြားလှသော ကြယ်အသင်္ချေအဖြစ်ပြောင်းလဲသွားသည်။
၎င်းက ဓားမြှောင်အရိပ်များဆီသို့ တိုးဝင်သွား၏။
နှစ်ဖက်တိုက်ခိုက်မှု့က ကောင်းကင်တစ်ခုလုံးတွင် ပြည့်နက်နေတော့သည်။
လေဟာနယ်က တွန့်လိမ်သွားလေသည်။
မရေတွက်နိုင်သော လေဟာနယ်လှိုင်းများကစုပေါင်းသွားကာ လေဟာနယ်မုန်တိုင်းက ကမ္ဘာလောကတစ်ခုလုံးကိုပျံ့နှံ့သွားသည်။
လူတိုင်း၏အမူအရာက လေးနက်သွားကာ လေဟာနယ်မုန်တိုင်းများကိုခုခံရန် မိမိတို့၏နယ်ပယ်အဆင့်များကို ထုတ်လွှတ်ထားလိုက်တော့သည်။
အာကာသတွင်းနက်ထဲရှိ လေဟာနယ်သားရဲက သူ၏ ချောက်နက်ကြီးသဖွယ်ပါးစပ်ကို ပါးစပ်ကိုဟလိုက်သည်။
သူက လေဟာနယ်မုန်တိုင်းများကို စုပ်ယူလိုက်လေသည်။
လူတိုင်း၏ ရှော့ရနေသော အကြည့်အောက်တွင် လေဟာနယ်သားရဲက လေတပ်လိုက်သည်။
“ဂေ့…”
၎င်းက ကမ္ဘာတုန်ဟီးစေနေသေးသည်။
ထိုအခိုက်တွင် တာအိုမှော်အက္ခရာများပါသော ကြယ်အသင်္ချေအစက်များက လေထုကို ထိုးခွဲထွက်လာသော ဓားမြှောင်အရိပ်များနှင့်ထိပ်တိုက်တွေ့သွား၏။
အဖြေက အံ့သြစရာပေ။
ကြယ်အသင်္ချေအစက်များက ဓားမြှောင်အရိပ်များကြောင့် ပျံ့ကျဲသွားသည်။
ထို့နောက် သူက အနက်ဝတ်လူဆီသို့ တိုးဝင်သွားသည်။
အနက်ဝတ်လူ၏ အမူအရာက မပြောင်းလဲ။
ထိုအစား သူက ချက်ချင်းပင် နောက်ဆုတ်လိုက်ကာ သူ့လက်ကို ဖြန့်လိုက်သည်။
သူ့နောက်တွင် အနက်ရောင်အရိပ်တစ်ခုက ထွက်ပေါ်လာ၏။
၎င်းက ဤကမ္ဘာကြီးကို ဖုံးအုပ်သွားသည်။
ထို့နောက် ၎င်းက တိုက်ပွဲမြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
အပြင်ဘက်ရှိ နေရောင်ပင် ဖောက်မဝင်နိုင်ပေ။
လူအများက ကိုယ့်လက်ကိုပင်မမြင်နိုင်ကြသော အခြေအနေကိုရောက်နေကြရသည်။
အနက်ဝတ်လူက ပြောလေသည်။ “ဒီအဆင့်ပိုင်နက်က မင်းရဲ့အာရုံငါးပါးကို မပိတ်ဆို့နိုင်တာကို ငါသိတယ်”
“ဒါပေမယ့် ဒီပိုင်နက်က ငါ့ခွန်အားကိုတိုးမြှင့်ပေးနိုင်တယ်။ မင်းတောင့်ခံနိုင်မလာဆိုတာကို ကြည့်ရသေးတာပေါ့”
တိုးမြှင့်ပေးတယ်။
ပိုင်နက်။
ဒါက အလုပ်မဖြစ်ဘူး။
လုချန်ရှန်းက ခေါင်းကိုအလေးအနက်ညိမ့်ကာ ပြော၏။ “ငါဒီပိုက်နက်ကို ချိုးဖြတ်နိုင်သရွှေ့ပေါ့လေ”
ချိုးဖြတ်မယ်။
အနက်ဝတ်လူက ရယ်မောကာ “မင်းကြိုးစားကြည့်လေ”
တစ်စုံတစ်ဦး၏ခွန်အားဖြင့် သူ့ကို လုံးလုံးလျှားလျှားချေမှုန်းမနိုင်လျှင် ထိုပိုင်နက်ကို ချိူးဖြတ်ရန်မဖြစ်နိုင်ပေ။
လုချန်ရှန်းက နားထောင်လိုက်သည်။
“နားလည်ပြီယ ကျုပ်ပိုကြိုးစားပါ့မယ်”
ထိုသို့ပြောပြီး လုချန်ရှန်းအား အဖြူရောင်စက်ဝန်းက ဝန်းရံလာလေသည်။
ထို့နောက် သူက ရှေ့ကိုတစ်လှမ်းတိုးလိုက်သည်။
ဤအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်တစ်ဝိုက်ရှိ အဖြူရောင်ရောင်ဝါစက်ဝန်းသည် ပေါက်ကွဲသွားသည်။
ညအခါတွင် ပထမဆုံးအကြိမ် လင်းလက်လာသော နေရောင်လိုပင် အမှောင်ထုကို ဖြတ်သန်းသွား၏။
ထို့နောက် တစ်သောင်းသောနေအလင်းများက အနက်ရောင်ပိုင်နက်အထဲတွင် ပွင့်လန်းလာလေသည်။
လူတိုင်း၏ ထိတ်လန့်သောအကြည့်အောက်တွင် အနက်ဝတ်လူ၏ ပိုင်နက်က ပျက်ဆီးသွားတော့သည်။
ထိုအခိုက် အနက်ဝတ်လူက အရူးသဖွယ် နောက်ကိုပြန်ဆုတ်တော့သည်။
သူ၏အနက်ရောင်ဝတ်ရုံတွင် သွေးများစွန်းထင်းနေလေသည်။
ခုန်းကျန့်ဟန်က ၎င်းကိုမြင်သော် မနေနိုင်ဘဲ သက်ပြင်းချ၏။
နယ်မြေအစီအရင်ဖြစ်စေ ကျင့်ကြံခြင်းဖြစ်စေ ထိုလူ၏ခွန်အားက နားမလည်နိုင်အောင်ပင်။
အနက်ဝတ်လူက လေးနက်သောအမူအရာဖြင့် ရှိနေသည်။
ထိုအချိန်မှာ သူက ပြောလိုက်သည်။ “ပယ်ဖျက်လိုက်တော့”
သူကပြောသလိုပင် လုပ်လိုက်သည်။
အနက်ဝတ်လူက တွေးတောနေလေသည်။
ကြည့်ရတာ မဟူရာအဆင့်က မှားနေပုံဘဲ။
သူရဲ့အဆင့်က ထိပ်ဆုံးဆယ်ဦးထဲဝင်သင့်တယ်။
၎င်းတို့အားလုံးသည် မဟူရာနယ်မြေမှ ဆွဲဆောင်ခြင်းခံရထိုက်ပေသည်။
မဟူရာအဆင့်တွင် ထပ်ဆုံးဆယ်ဦးစာရင်းဝင်သွားပါက ထိုသူ၏တန်ဖိုးသည်လည်း အလျှင်အမြန်မြင့်တက်သွားလိမ့်မည်။
ထိုသို့သောလူက သူသိမ်းသွင်းနိုင်သည့် လူမျိူးမဟုတ်တော့ပေ။
ထိုသို့တွေးမိကာ အနက်ဝတ်လူက အရှိုန်အဝါများကို ပြန်ရုတ်သိမ်းကာ “ဒီမှာဘဲ အဆုံးသတ်လိုက်ရအောင်”
လုချန်ရှန်းက ပြုံးလျှက်ပြောလိုက်သည်။ “မင်းထပ်မတိုက်ချင်တော့ဘူးလား”
အနက်ဝတ်လူက ခေါင်အသာညိမ့်ကာ အလေးအနက်ထား၍ ပြောလိုက်သည်။ “ကျူပ် ခင်ဗျားကို မနိုင်ဘူး’
“ဒါပေမယ့် ခင်ဗျား မဟူရာနယ်မြေကိုပူးပေါင်းနိုင်ဖို့တော့ ကျုပ်မျှော်လင့်ပါတယ်”
“ဒါဆို ကျုပ် ထပ်ငြင်းပါရစေ။ အေးအေးဆေးဆေးဘဲ နေချင်တာပါ ကျုပ်က”
အနက်ဝတ်လူက မအံ့သြပေ။
သူက ခေါင်းဆတ်ပြပြီး “ဒါဆိုရင် ခင်ဗျားကိုဆက်သိမ်းသွင်းဖို့ နောက်ထပ် ရာထူးအမြင့်ပိုင်းတွေရောက်လာလိမ့်မယ်။ အဲ့အချိန်ကျရင်တော့ ခင်ဗျားရဲ့ မူလ ရည်ရွယ်ချက်ကို ဆက်လက် ထိန်းသိမ်းနိုင်မယ်လို့ ကျုပ်မျှော်လင့်ပါတယ်”
လုချန်ရှန်း အမူအရာက ပြောင်းလဲသွားသည်။
ကျစ်။
ဒီကောင်က ပြစ်မှတ်ထားနေတုန်းဘဲ။
အနက်ဝတ်လူက လေဟာနယ်သားရဲကြီ၏ ခေါင်းပေါ်သို့ပြန်လည်တက်သွားပြီး ဦးချိုတစ်ဖက်ကို ပုတ်ပေးလိုက်သည်။
လေဟာနယ်သားရဲက ဟိန်းဟောက်ကာ နောက်ပြန်ဆုတ်သွားလေသည်။
အနက်ဝတ်လူက လုချန်ရှန်းကိုကြည့်ကာ ပြောလိုက်လေသည်။ “မှတ်ထားပါ။ ကျုပ်တို့အဖွဲ့အစည်းနာမည်က မဟူရာပိုင်နက်လို့ခေါ်တယ်…”
ထိုသို့ဖြင့် လေဟာနယ်သားရဲက အာကာသတွင်းနက်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားတော့လေသည်။