ဤလူမဆန်သော ဟိန်းသံက ကမ္ဘာလောကကြီးကို တုန်ဟီးသွားစေ၏။
အာကာသတွင်းနက်ကြီးမှ ဟိန်းသံက အသံလှိုင်းများအသွင်းပြောင်းလဲသွားပြီး ကန္တာရဒေသတစ်ခုလုံးကို ပျံ့နှံ့သွားသည်။
လူတိုင်းက ထိတ်လန့်တကြားဖြင့် အသံလာရာသို့ကြည့်လိုက်ကြသည်။
ဘာကြီးလဲ။
ဟုန်ရင်နှင့်အခြားသူများကလည်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး သူတို့၏ခန္ဓာကိုယ်မှ စိတ်ဝိဉာည်ချီများက ထိုးထွက်လာကာ တိုက်ပွဲအတွက်အချိန်မရွေးအသင့်ပြင်ထားလေသည်။
သူတို့က အမည်မသိသတ္တဝါတစ်ကောင်နှင့် ရင်ဆိုင်နေရလေပြီ။
ဖျော့တော့နေသော အရှိုန်အဝါနှင့် ခုန်းကျန့်ဟန်ကလည်း လေးနက်သောအမူအရာဖြင့် အာကာသတွင်းနက်ကြီးကိုစူးစိုက်ကြည့်နေလေသည်။
ဖြစ်နိုင်တာက…
အဲ့ဒီ့သတ္တဝါကြီးလား။
ဒါပေမဲ့ ဒီလိုသတ္တဝါမျိုးက အဆင့်နိမ့်နယ်မြေတစ်ခုမှာ ဘယ်လိုကြောင့်ပေါ်လာတာလဲ။
လုချန်ရှန်းသည်လည်း တွင်းနက်ကြီးကို ကြည့်နေလေသည်။
သူ့အကြည့်က နက်ရှိုင်းနေသည်။
ထိုတွင်းနက်ထဲတွင် မည်သည့်အရာရှိနေကြောင်း သူသိချင်နေဟန်ရသည်။
လုချန်ရှန်း၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် တွင်းနက်အတွင်းရှိ ပြောပြမရအောင်ကြီးမားသောသားရဲကောင်တစ်ကောင်က လေဟာနယ်မုန်တိုင်းများအပေါ်တွင် ခြေဆောင့်ကာလာနေသည်ကို မြင်နိုင်၏။
ကြီးမားသော ခန္ဓာကိုယ်ကြီးသည် အလွန်လျှင်မြန်သောအရှိုန်ဖြင့် ဤနေရာသို့ ရောက်လာသည်။
သားရဲကြီး၏ခေါင်းပေါ်တွင် အနက်ရောင်ဝတ်စုံနှင့်လူတစ်ဦးက အမှန်ပင်ရပ်နေလေသည်။
ဘယ်သူလဲ။ ဒီဧရာမသားရဲကြီးကရော ဘာကြီးလဲ။
လုချန်ရှန်းက မျက်မှောင်ကြုတ်လိုက်သည်။ ဒါက တစ်ဖက်ရန်သူရဲ့ အရံအစီအစဥ်ဖြစ်နိုင်လား။
သို့သော်လည်း ခုန်းကျန့်ဟန်၏ ထိတ်လန့်နေသောအမူအရာကိုကြည့်ရင်း ၎င်းက မဖြစ်နိုင်တော့ပေ။
လုချန်ရှန်းက တခဏမျှတွေးတောပြီး သူ့ခန္ဓာကိုယ်နေရာတွင် အရိပ်တစ်ခုအစားထိုးသွားလေသည်။
သူက စံအိမ်တော်သို့ ပြန်ပြေးနေသည်။
အရေးပေါ်ကိစ္စများဖြစ်လာပါက လုချန်ရှန်းသည် ငရဲကိုးဘုံအစီအရင်ကို ဤနေရာသို့သို့ရွှေ့လာရန် စီစဥ်ထားခဲ့လေသည်။
လေဟာနယ်တွင်းနက်ရှိ အပျက်အဆီးနေရာများက ပို၍ ကြီးသထက် ကြီးလာလေသည်။
အက်ကွဲကြောင်းများက အနီးပတ်ဝန်းကျင်သို့ ပြန့်ကျဲလာ၏။
ထိုအမြန်နှုန်းဖြင့်ဆိုလျှင် ထိုလေဟာနယ်က ကန္တရဒေသ၏ ကောင်းကင်ကို လုံးဝဖျက်ဆီးပြစ်လိုက်နိုင်သည်။
လေဟာနယ်လှိုင်းများက လေဟာနယ်မုန်တိုင်းများအသွင်ပြောင်းလဲကာ ကုန်မြေကြီးတစ်ခုလုံးကို လွှမ်းခြုံသွားမည်ဖြစ်သည်။
ဖြစ်လာမည့်အကျိုးအဆက်များက မတွေးဝံ့စရာပင်။
ဧကရာဇ်မင်းဆရာကလည်း ထိုပြဿနာကို ရှာတွေ့သွားပြီး ကျိုထျန်းမျိုးနွယ်စု၏လူများနှင့်ပူးပေါင်းကာ ကိုယ်ပိုင်ခွန်အားဖြင့် လေဟာနယ်ကို တည်ငြိမ်အောင်လုပ်ဆောင်နေကြသည်။
ကံမကောင်းစွာနှင့်ပင် အောင်မြင်မှုအနည်းငယ်ရရှိခဲ့သည်။
အက်ကွဲကြောင်းများ၏ အရှိုန်က လျှော့ကျမသွားပေ။
ဧကရာဇ်မင်းဆရာသည်လည်း အလွန်အမင်း အံ့အားသင့်သွားသည်။
သိုင်းဧကရာဇ်နယ်ပင်တစ်ပိုင်းအဆင့်ပင် လေဟာနယ်ကွဲကြေမှု့ကို မတာဆီးနိုင်သည်လား။
တစ်ဖက်လူ၏တည်ရှိမှု့က သိုင်းဧကရာဇ်နယ်ပယ်ထက် ကျော်လွန်နေပုံရလေသည်။
ထိုသို့ဆိုလျှင် ယနေ့ကိစ္စက ထိန်းမနိုင်သိမ်းမရဖြစ်တော့မည်ကို စိုးရိမ်နေသည်။
ထိုအချိန်တွင် အာကာသတွင်းနက်အတွင်းမှ စူးရှသောအော်မည်သံက ကန္တရဒေသနှင့် နီးကပ်သထက် နီးကပ်လာလေသည်။
လူတိုင်းကလည်း ၎င်းကို မြင်လိုက်ရလေသည်။
တွင်းနက်ကြီးအတွင်းတွင် လေဟာနယ်တွင်ရပ်နေသော ခြေလေးချောင်းရှိ ကြီးမားသော သားရဲကောင်ကြီး၏ ပုံရိပ်ကို ဝိုးတဝါးမြင်နေရ၏။
ခုန်းကျန့်ဟန်၏ သူငယ်အိမ်က တင်းကျပ်သွားသည်။
လေဟာနယ်ထဲတွင် ရှင်သန်နိုင်သော သားရဲကောင်ကြီးကို ရှေးဟောင်စာအုပ်များထဲတွင် သူမြင်ဖူးခဲ့၏။
သို့သော်လည်း လက်တ္တီတွဒ်နိမ့်သောနယ်မြေ၏ လေဟာနယ်က ထိုသို့ကြီးမားသော သားရဲကြီးကို မွေးမထုတ်ပေးနိုင်ပေ။
“လေဟာနယ်သားရဲကြီး…”
ခုန်းကျန့်ဟန်က ကြောက်ရွံ့နေသော အမူအရာဖြင့် တုန်ယင်စွာအသံထွက်ပေါ်လာသည်။
သူစကားဆုံးသည်နှင့်။
ဝုန်း။
ကျယ်လောင်သော အသံနှင့်အတူ တွင်းနက်ကြီးအတွင်းမှ ခြေတစ်ဖက်လှမ်းထွက်လာသည်။
သူ၏ခြေထောက်များ၏ အထူက တိမ်ဖီးနစ်အင်ပါယာ၏ မြို့တော်ထက်ပင် ကြီးမားလေသည်။
ခြေထောက်တစ်ဖက်ဘဲဆိုပေမဲ့ ဘာလို့ ဒီလောက်တောင် ကြီးမားနေရတာလဲ။
ထိုပြင် ထိုခြေထောက်က ကောင်းကင်ဘုံလမ်းပေါ်ကို ခြေချလိုက်သည်နှင့် ကောင်းကင်ဘုံလမ်းက ဆက်လက်တောင့်မခံနိုင်တော့ပေ။
ထိုအခိုက်တွင် ၎င်းက ရုတ်တရက် အက်လာတော့သည်။
မူလကတည်းက တည်ရှိနေသော ချုပ်နှောင်ခြင်းအစီအရင်သည်လည်း ပျောက်ကွယ်သွားတော့သည်။
၎င်းခြေတစ်ဖက်ကို တောင့်မခံနိုင်ပေ။
ထို့နောက်တွင် ချက်ချင်းဆိုသလိုဘဲ နောက်တစ်ဖက်က ထွက်ပေါ်လာလေသည်။
လေဟာနယ်က ကွဲကြေသွားသည်။
လေလှိုင်းများက ဘေးပတ်လည်ကို ဆက်လက်တိုက်ခိုက်နေလေသည်။
လေလှိုင်းများကြောင့် တိမ်တိုက်များက ပျံ့ကျဲကုန်၏။
ထိုအခိုက် ကန္တရဒေသ၏ ကောင်းကင်တစ်ခုလုံး ကျယ်လောင်သောအသံကြီးတစ်ခုပေါ်ထွက်လာသည်။
မသိလျှင် ကောင်းကင်ကြီးပြိုကျလာတော့မည့်ဟန်ပင်။
ဒါက ဘာကြီးလဲဟ။
လူတိုင်းက ၎င်းမြင်ကွင်းကို ရှော့ရစွာကြည့်နေကြသည်။
နောက်ဆုံးတော့ တွင်းနက်တွင်းမှ ဧရာမသားရဲကြီး၏ ခေါင်းထွက်လာတော့သည်။
ခေါင်းတစ်ခုလုံးက ခရမ်းနက်ရောင်ရှိ၏။
အစွယ်နှစ်ဖက်က ကြီးမားသောပါးစပ်ဘေးနှစ်ဖက်မှ ပေါက်နေသည်။
မရေတွက်နိုင်သော အနက်ရောင်ကြေးခွံများက ၎င်း၏အရေပြားမျက်နှာပြင်တွင်ရှိနေသည်။
ထိုအကြေးခွံများက တလှုပ်လှုပ်တရွရွရှိနေကာ အသက်ဝင်နေသကဲ့သိုပင်။
တစ်ချိန်တည်းတွင် စက်ဝိုင်းသဏ္ဍန်မျက်လုံးနှစ်ခုကြား၌ ကောင်းကင်သို့ထိုးတက်နေသော ထက်မြသည့် ဦးချိုတစ်ချောင်းလည်းရှိနေသည်။
ချွန်ထက်သောချိုတွင် လေဟာနယ်မုန်တိုင်းများက ဝန်းရံနေသည်။
ထိုအရှိုန်အဝါက အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလေသည်။
သားရဲကြီးက ပါးစပ်ကို ဟလိုက်သည်။
လျှပ်စီးစွမ်းအားများပြည့်နေသော အသက်ရှုသံတစ်ခုကထွက်ပေါ်လာသည်။
ကမ္ဘာမြေတုန်ဟီးမည့်ဟိန်းသံက ကန္တရဒေသတစ်လျှောက်ပြန့်နှံ့သွား၏။
လေဟာနယ်က စတင်၍ တုန်ခါကာ ပြိုလဲစပြုလာသည်။
ခြေနှစ်ဖက်နှင့် ခေါင်းတစ်လုံးသာထွက်လာရသေးသည်။
၎င်းသတ္တဝါကြီးက ကောင်းကင်တစ်ဝက်နှင့် နေကိုပင်ဖုံးလွှမ်းသွားလေသည်။
ညဘက်ရောက်သွားသကဲ့သို့ပင်။
လူတိုင်းက ထိုမြင်ကွင်းကို အကြောက်တရားဖြင့်ကြည့်နေကြရသည်။
သူတို့ကတွေးနေမိသည်။
အကယ်၍ သားရဲကောင်ကြီးသည် သူ့တစ်ကိုယ်လုံးကို ဖော်ထုတ်လာပါက နယ်မြေတစ်ခုလုံးပင် တောင့်ခံနိုင်ပါ့မလား။
ခုန်းကျန့်ဟန်မျက်နှာက သေမတက်ဖြူဖျော့နေသည်။
ထိုသတ္တဝါကြီးသည် လေဟာနယ်သားရဲကြီး ဖြစ်ကြောင်းအတည်ပြုလိုက်လေသည်။
ထိုသို့သားရဲကြီးမျိုးက အလယ်အလတ်လက်တ္တီတွဒ်နှင့် အမြင့်ပိုင်းလက်တ္တီတွဒ်လေဟာနယ်အာကာသများတွင်သာ မွေးဖွားကြသည်။
လေဟာနယ်မုန်တိုင်းများကို ကျင့်ကြံချင်းအခြေခံအဖြစ်အသုံးချပြီး နယ်မြေနှလုံးသားကို ကျွေးရလေသည်။
နယ်မြေများပျက်ဆီးခြင်းက အခြေအားဖြင့် ထို လေဟာနယ်သားရဲကြီးကြောင့်သာဖြစ်သည်။
လေဟာနယ်သားရဲအကောင်ပေါက်တစ်ကောင်က သိုင်းဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူတစ်ဦးကို လက်ဖြင့်တစ်ချက်ရိုက်ရုံဖြင့် သတ်ဖြတ်နိုင်သည်။
ခုန်းကျန့်ဟန်ပင် အရွယ်ရောက်ပြီးသား လေဟာနယ်သားရဲတစ်ကောင်၏ခွန်အားက မည်မျှရှိမည်ကို မပြောတက်ပေ။
သူသိသည်က အလယ်အလတ်လက်တ္တီတွဒ်နယ်မြေနှင့် အမြင့်ပိုင်းလက်တ္တီတွဒ်နယ်မြေများကပင် လေဟာနယ်သားရဲကို အလွန်ကြောက်သည်ဟူ၍ပင်။
သို့သော်လည်း ထိုကြောက်မက်ဖွယ်ကောင်းသည့်တည်ရှိမှု့ကြီးတစ်ခုက အဘယ်ကြောင့် အနိမ့်ပိုင်းလက်တ္တီတွဒ်လေဟာနယ်တွင်ပေါ်လာရသနည်း။
ခုန်းကျန့်ဟန်က ခေါင်းကိုအတန်ငယ်မော့လိုက်ရာ သူ၏ သူငယ်အိမ်များပင် ကျဥ်းမြောင်းသွားရသည်။
ဧရာမသားရဲကြီး၏ခေါင်းပေါ်တွင် အမှန်ပင် လူတစ်ဦးက တိတ်တဆိတ်ရပ်နေလေသည်။
လေဟာနယ်သားရဲကို လူက လေ့ကျင့်ပေးထားတာလား။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
လုချန်ရှန်းကလည်း သားရဲပေါ်ရှိလူကိုကြည့်လိုက်သည်။
ထိုလူက သူ့ကိုအကဲခတ်နေသည်ကို သူနားလည်နေသောကြောင့်ဖြစ်သည်။
လူနှစ်ဦးက တစ်ယောက်ကိုတစ်ယောက် အကဲခတ်နေကြသည်။
သို့သော်လည်း မည်သူကမှမလှုပ်ရှားကြပေ။
ထိုအခိုက် လေဟာနယ်သားရဲက ရပ်တန့်သွား၏။
အနက်ရောင်လူရိပ်က စတင်၍ စကားစလေသည်။ “မင်း… မဆိုးဘူးဘဲ”
မဆိုးဘူး။
ဘယ်သူလဲ။
လူတိုင်းက ထိုလူ၏အကြည့်နောက်ကိုလိုက်ကြည့်ကြရာ လုချန်ရှန်းကိုမြင်လိုက်ရသည်။
သူက လုချန်ရှန်းအတွက် လာခဲ့တာလား။
“မင်းက ဒီလိုအဆင့်နိမ့်နယ်မြေမှာမနေသင့်ဘူး။ ငါတို့နဲ့ ပူးပေါင်းဖို့ဆန္ဒရှိလား”
“ပူးပေါင်းရမယ်”
လုချန်ရှန်းက တုံ့ဆိုင်းခြင်းမရှိဘဲ ငြင်းလိုက်သည်။
“မေ့လိုက်တော့၊ ကျူပ်က ဒီမြေမှာဘဲ အေးအေးဆေးဆေးနေချင်တာ”
“အဲ့တာအပြင်ကို ကျူပ်က အားနည်းလွန်းတယ်”
စံအိမ်တော်ရှိလူများ ”…”
ခုန်းကျန့်ဟန်:”…”
ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာက လူများ:”…”
မဟာမိတ်တပ်များ:”…”
ဟေ့ကောင် မင်းဘာကိုပြောနေတာလဲ။
တစ်ယောက်တည်း သိုင်းဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူရှစ်ယောက်ကို ရင်ဆိုင်နိုင်တယ်။
လေးယောက်ကိုသတ်ပြီး လေးယောက်ကို အပြင်းအထန်ဒဏ်ရာရအောင်လုပ်လိုက်တယ်။
ဒါက အားနည်းတယ်ပေါ့။ တော်တော်အရှက်မရှိတာဘဲ။
မင်းရဲ့အပြုအမူကို လေလုံးထွားတယ်လို့ကို သတ်မှတ်လို့မရတော့ဘူး။
ယဲ့ချိုးပိုင်က မျက်လုံးစွေကြည့်၍ ပြောလိုက်လေသည်။ “ဆရာကတော့ လုပ်ချလိုက်ပြန်ပြီဟေ့”
လုချန်ရှန်းက ပြုံးကာ ပြောသည်။ “ကျူပ်ကို ဖိတ်မခေါ်စမ်းပါနဲ့ဗျာ”
အနက်ရောင်လူရိပ်က အနည်းငယ် အံသြသွားပုံပေါ်သည်။
“မင်း ငါဘယ်သူလဲ၊ စွမ်းအားဘယ်လောက်ကြီးမားလဲဆိုတာကိုတောင် မသိဘဲ တန်းငြင်းတယ်ပေါ့။ မင်းနောင်တမရမှာသေချာလား”
လုချန်ရှန်းက အလျှင်အမြန်ပင်ခေါင်းခါ၏။
“ခင်ဗျားဘာကောင်ကြီးဘဲဖြစ်ဖြစ် ကျုပ်စိတ်မဝင်စားဘူး”
ဟာသဘဲ။
တဖက်လူ၏ နာမည်နှင့် စွမ်းအားကိုသိလျှင်ရော ကမ္မကြမ္မာက ငြိမ်းအေးသွားမည်လား။
ကြည့်လိုက်ရုံနဲ့ အဲ့ဒီ့လူက လူကောင်းတစ်ဦးဖြစ်ဟန်မတူ။ သူကိုတော့ ရေဝဲထဲကို ဆွဲမချလိုက်ပါနဲ့။
သူ အေးအေးဆေးဆေးမနေရတော့ဘဲ နေဦးမယ်။
ဖြစ်ပေသည်။