နယ်မြေစွမ်းအားက နယ်မြေတစ်ခုလုံး၏ စွမ်းအားကို အသုံးပြုထားခြင်းပင်။
အခြားနည်းဖြင့်ပြောရလျှင် နယ်မြေနှလုံးသားက သတ်ဖြတ်ခြင်းနည်းစနစ်များက ထုတ်လွှတ်သော စိတ်ဝိဉာည်ချီများကို ငှားယူအသုံးပြုနေခြင်းဖြစ်သည်။
သူက နယ်မြေစွမ်းအားကို အသုံးပြုလိုက်တိုင်း နယ်မြေနှလုံးသား၏ စွမ်းအားများက ကုန်ဆုံးသွားရသည်။
၎င်းက နယ်မြေနှလုံးသားကို ဖိနှိပ်ထားသောနည်းလမ်းဖြစ်လေသည်။
ယခုတော့ သူက ရွေးချယ်စရာမရှိဘဲ ဤနေရာတွင် သုံးရတော့မည်ဖြစ်သည်။
မဟုတ်လျှင် ခုန်းကျန်းဟန့်နှင့်အခြားသူများက ဤနေရာတွင် တစ်သက်လုံးရပ်နေရလိမ့်မည်ဖြစ်သည်။
သူ့အသက်သာဆုံးရှုံးသွားပါက သူ့ အနာဂတ်ကို မည်သို့စီမံရတော့မည်နည်း။
သူအောင်မြင်လျှင်ရော အဘယ်နည်း။
အခြားခုနှစ်ဦးက သဘောတူညီစွာဖြင့်ခေါင်းညိမ့်လိုက်ကြသည်။
အမှန်ပင် သူတို့က ရှိသမျှ ဝှက်ဖဲများကို အသုံးပြုခဲ့ပြီးပြီဖြစ်လေသည်။
ထိုသို့လုပ်မှသာ တဖက်လူ၏ အစီအရင်များကို ခုခံကာကွယ်နိုင်မှာဖြစ်သည်။
သတ်ဖြတ်ခြင်းအရှိုန်အဝါသုံးခုက သူတို့နောက်တွင်ရှိနေလေသည်။
ကြက်သွေးရောင်နေ၏ မီးတောက်များက ကမ္ဘာသစ်ပင်နှင့်အတူ သူတို့ရှေ့သို့ တိုးဝင်လာသည်။
ခုန်းကျန်းဟန့်နှင့်အခြားသူများက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းညိမ့်လိုက်ကြသည်။
သူတို့က တုံ့ဆိုင်းခြင်းမရှိပေ။
တစ်ပြိုင်တည်း သူတို့၏လက်များကို ဖွင့်လိုက်ကြသည်။
သူတို့၏ခန္ဓာကိုယ်မှ အလွန်များပြားများကာ ဆန်းကြယ်သော စိတ်ဝိဉာည်ချီများစတင်၍ မြင့်တက်လာသည်။
ယခင်ကထုတ်လွှတ်ခဲ့သော ချီများနှင့်မတူဘဲ ပို၍ အားကောင်းနေသည်။
ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာက နယ်မြေနှလုံးသားသည် ကန္တရဒေသရှိ နယ်မြေနှလုံးသားထက်များစွာ အဆင့်မြင့်နေလေသည်။
ဟုန်ရင်အမူအရာက လေးနက်သွားသည်။
သူမက နယ်မြေနှလုံးသားကို ဖိနှိပ်ထားလေသည်။
သူမက အလွန်အစွမ်းထက်သော တာအိုနည်းစနစ်များကို ထုတ်လွှတ်ရန် နယ်မြေနှလုံးသား၏ စွမ်းအားကိုအသုံးပြုလိုက်ကြောင်း ကောင်းစွာသိလေသည်။
ခုန်းကျန်းဟန့်နောက်ရှိ ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာမှလူများပင်လျှင် အမူအရာများအပြင်းထန်ပြောင်းလဲသွားတော့သည်။
နယ်မြေနှလုံးသားကို ထုတ်သုံးရသည့်အခြေအနေကိုရောက်သွားရပြိထင်သည်။
ထိုအထဲတွင် ကောင်းကင်ဘုံစိတ်ဝိဉာည်ဂိုဏ်း၏ အကြီးအကဲသည်လည်း လေးနက်သောအမူအရာဖြင့် ရှိနေသည်။
အခြေအနေတွေက တဖြည်းဖြည်း ပြောင်းလဲလာပုံပင်။
လုချန်ရှန်းကြောင့် အောင်ပွဲချိန်ခွင်လျှာသည် အဆက်မပြတ် တိမ်းစောင်းသွားခဲ့သည်။
ချိန်ခွင်လျှာက ကန္တာရဒေသဘက်ကိုပြောင်းလဲသွားပုံရသည်။
ထိုအခိုက် ကြက်သွေးရောင်နေမီးတောက်က မုန်တိုင်း၏အရှိုန်ကြောင့် ဖုံးလွှမ်းသွားတော့သည်။
ခုန်းကျန်းဟန့်တို့က တစ်ပြိုင်တည်း အော်ဟစ်လိုက်လေသည်။ “နယ်မြေစွမ်းအား”
ခမ်းနားသောနယ်မြေစွမ်းအားက မြင်သာသော အရှိန်ဖြင့် စတင်၍ စုစည်းလာသည်။
၎င်းက ကြီးမားသောဓားတစ်ချောင်းအဖြစ်ပြောင်းလဲသွားတော့သည်။
ခုန်းကျန်းဟန့်က ဦးဆောင်၍ ရုတ်တရက် ကြက်သွေးရောင်နေမီးတောက်ကို ခုတ်ပိုင်းချလိုက်လေသည်။
ဓားအကြီးကြီးက နယ်မြေစွမ်းအားမှဖြစ်တည်လာခြင်းဖြစ်သည်။
ဓားဖြတ်သန်းသွားရာနေရာတွင် လေဟာနယ်အက်ကြောင်းများဖြစ်ပေါ်လာ၏။
လုချန်ရှန်းက ၎င်းကိုမြင်သော် နှာခေါင်းရှုံ့လိုက်သည်။
ထင်သားတယ်။ ဒီကောင်တွေမှာ အရံအစီအရင်တွေရှိမယ်ဆိုတာ။
တဖက်လူ၏ ဝှက်ဖဲများကို တားဆီးရန် လုချန်ရှန်းက နောက်ထပ် အစီအရင်နှစ်ခုကို အသက်သွင်းလိုက်သည်။
တိမ်မြစ်ပင်လယ်မှောက်လှန်ခြင်းအစီအရင်။
လှိုင်းလုံးကြီးမြောက်များစွာက ခုန်းကျန်းဟန့်တို့ဆီ တိုးဝင်လာ၏။
တစ်ချိန်ထဲမှာဘဲ လေဟာနယ်ချုပ်နှောင်ခြင်းကြောင့် ခုန်းကျန်းဟန့်တို့အနားတွင် အလွန် မတည်ငြိမ်သောအရှိုန်အဝါအမျှင်များက တိတ်တဆိတ်အသက်ဝင်လာတော့သည်။
ဘုရားရေ။
သူက အရှက်မရှိတာဘဲ။
ခုန်းကျန့်ဟန်တို့၏ မျက်နှာများက စိုးရိမ်စဖွယ်ကောင်းအောင် ပြောင်းလဲသွား၏။
သူက မတွေးတောဘဲ နောက်ထပ်တခါ နယ်မြေစွမ်းအားကိုအသုံးပြု၍ အကာမကွယ်အလွှာတစ်ခုကို ဖန်တီးလိုက်လေသည်။
ထိုအခိုက်
နယ်မြေစွမ်းအားမှ ဖန်တီးထားသော ဓားကြီးက မီးတောက်မုန်တိုင်းနှင့် တွေ့ဆုံသွားတော့သည်။
မီးတောက်မီးဖွားများက နေရာတိုင်းသို့ ပျံ့နှံ့သွား၏။
၎င်းကြောင့် ကောင်းကင်တစ်ခုလုံးမှာပင် အနီရောင်သန်းသွားကာ လေဟာနယ်က စတင်၍ ပြိုလဲလာသည်။
မူလက ပျက်ဆီးနေသော ကောင်းကင်ဘုံလမ်းသည်ပင် တုန်ခါလာတော့သည်။
မသိလျှင် အချိန်မရွေးပြိုကျတော့မည့်ဟန်ပင်။
အောက်ဘက်ရှိ ဟုန်ရင်တို့လေးဦးက ဧကရာဇ်မင်းဆရာ ကျိုထျန်းမျိုးနွယ်စုနှင့် အခြားသော အာကသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများနှင့်ပူးပေါင်းကာ ခုခံရေး အကာအကွယ်ကို စိတ်ဝိဉာည်ချီများပို့လွှတ်ကာ အထောက်အပံ့ပေးထားလေသည်။
နောက်ဆက်တွဲဒဏ်ကို ခက်ခက်ခဲခဲပင်တောင့်ခံနေရသည်။
တစ်ဖက်တွင် လေဟာနယ်အချုပ်နှောင်၌။
ခုန်းကျန့်ဟန်တို့လူအုပ်ဆီကို ဧရာမလှိုင်းလုံးကြီးများက ရုတ်တရက်ပင် ရိုက်ခတ်လာတော့သည်။
၎င်းက ဧကရာဇ်ရှစ်ပါးကို ဖုံးလွှမ်းသွား၏။
တစ်ချိန်တည်းတွင် မတည်ငြိမ်သောအရှိုန်အဝါများက အတွင်းမှ ပေါက်ကွဲထွက်လာသည်။
အသံကျယ်ကြီးတစ်ခုက ပေါ်လာ၏။
ထိုအခိုက် ကောင်းကင်နှင့်မြေကြီးကိုပင်တုန်ခါစေသော လှိုင်းတစ်ခုဖြစ်လာလေသည်။
ကန္တရဒေသတစ်ခုလုံး ကြီးမားသော ငလျှင်တစ်ခုနှင့်ကြုံတွေ့လိုက်ရပေသည်။
တောင်ပိုင်းဒေသ ကန္တရက ပြိုလဲတော့မည်ဟန်ပင်။
မြောက်ပိုင်းရေခဲပြင်များက အလွန်လျှင်မြန်သော အရှိုန်ဖြင့် အရည်ပျော်စပြုလာသည်။
ရေခဲပြင်အတွင်းထဲမှ အရိုးများစွာလည်း စတင်ပြီးပေါ်ထွက်လာ၏။
ထို့နောက် ပြင်းစွာသောတုန်ခါမှု့ကြောင့် ထိုအရိုးများက အမှုန့်ဘဝသို့ရောက်သွားကြကုန်သည်။
အနောက်ပိုင်းဒေသရှိ ဗုဒ္ဓတောင်တန်းသည် စတင်၍ ပြိုကျလာတော့သည်။
ဗုဒ္ဓဂိုဏ်းတော်၏ ကာကွယ်ရေးအစီအရင်ကြောင့် တောင်တန်းက အလုံးစုံတော့ ပြိုမသွားခဲ့ပေ။
အရှေ့ပိုင်းဒေသ၏ မြေမျက်နှာသွင်ပြင်တွင်လည်း ကြီးမားသောပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရသည်။
ထိုအဖြစ်အပျက်များကြောင့် လူအားလုံးက ကောင်းကင်ဘုံလမ်းတည်နေရာသို့ လှမ်းကြည်လိုက်ကြသည်။
ဘယ်လို တိုက်ခိုက်မှု့ကြောင့်လဲ။
ကန္တာရဒေသတစ်ခုလုံးကို ဒီလို ကြီးမားတဲ့ သက်ရောက်မှု့ကြီးဖြစ်စေရတာလဲ။
ဟုန်ရင်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
ကြည့်ရတာ ဆရာက တစ်ယောက်တည်းဖြေရှင်းနိုင်ပုံဘဲ။
ငါတို့လုပ်စရာမရှိတော့ဘူးနဲ့တူတယ်။
ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာက လူများကလည်း ပေါက်ကွဲမှု့ကြီးကို စိုက်ကြည့်နေကြ၏။
၎င်းတို့ကို ဤပြင်းထန်သော အဖျက်စွမ်းအားဖြင့် ဖုံးလွှမ်းနေသည်။
သူတို့က ခုန်းကျန်းဟန့်တို့၏ အရှိုန်အဝါကို အာရုံမခံနိုင်တော့ပေ။
မဟုတ်မှ သူတို့က ဒီအတိုင်းဘဲ သေသွားကြပြီလား။
ဒါက ဖြစ်နိုင်တယ်။
လုချန်ရှန်းသည်လည်း ပေါက်ကွဲမှု့ကို ကြည့်နေ၏။
သူက ဒိအခွင့်ရေးကိုအရယူပြီး နောက်တစ်ချက်ထပ်ပြစ်ရန် တွေးနေခဲ့သည်။
အကယ်၍ တစ်ဖက်ရန်သူက ဒဏ်ရာမရပါက ကြိုးစားအားထုတ်မှု့များက အလကားဖြစ်သွားလိမ့်မည်။
သို့သော်လည်း လုချန်ရှန်းက ထိုအန္တာရယ်များသောအကြံကို တွေးရုံသာတွေးခြင်းပင်။
ပေါက်ကွဲမှု့၏အလယ်ဗဟိုက နောက်ဆုံးတော့ ထွက်ပေါ်လာလေသည်။
ကြက်သွေးရောင်နေမီးတောက်နှင့် နယ်မြေစွမ်းအားမှဖန်တီးထားသော ဓားရှည်တို့ တိုက်မိသွားသောအခါ အချင်းချင်းချေဖျက်သွား၏။
လေဟာနယ်ချုပ်နှောင်ပေါက်ကွဲခြင်းအစီအရင်ကြောင့် ကမ္ဘာသစ်ပင်လည်း ပျက်ဆီးသွားရသည်။
လှိုင်းလုံးများလည်း ပျောက်ကွယ်သွား၏။
သူ့ဘေးပတ်လည်တွင် လေဟာနယ်က လုံးဝ ပျက်ဆီးနေလေသည်။
တွင်းနက်ကြီးတစ်ခုသာကျန်ရစ်၏။
ရေတွက်မရသော လေဟာနယ်မုန်တိုင်းများက ထို လေဟာနယ်တွင်းနက်အတွင်းမှ ထွက်ပေါ်လာသည်။
၎င်းကြောင့် လေဟာနယ်မုန်တိုင်းတစ်ခုဖြစ်ပေါ်လာ၏။
ထို့နောက် ခုန်းကျန့်ဟန်တို့ရှစ်ယောက်၏ ပုံရိပ်က ပေါ်လာလေသည်။
ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာက လူများက ထိုမှသာ သက်ပြင်ချလိုက်ကြသည်။
အနည်းဆုံးတော့ သူတို့အသက်ရှိနေသေးတာဘဲ။
ကန္တရဒေသရှိ မဟာမိတ်တပ်များက ထိုမြင်ကွင်းကို ရင်တမမနှင့်ကြည့်နေကြသည်။
သိုင်းဧကရာဇ်အဆင့်ကျွမ်းကျင်သူရှစ်ဦး၏ အခြေအနေကို သူတို့က စောင့်ကြည့်နေသည်။
လုချန်ရှန်းလည်း ထိုမြင်ကွင်းကို ကြည့်နေသည်။
တစ်ခုခုမူမှန်သည်နှင့် သူတို့ကိုအသုံးသတ်လိုက်မည်ပင်။
ဖုန်မှုန့်များက အလုံးစုံကင်းစင်သွားလေပြီ။
ခုန်းကျန်းဟန့်တို့ပေါ်လာလေသည်။
ခုန်းကျန်းဟန့်ခန္ဓာကိုယ်က အလွန်အမင်း ပြင်းထန်သော ထိခိုက်ဒဏ်ရာများရထားကာ အရှိုန်အဝါက ပျေက်ကွယ်စပြုနေပြီ။
သူတို့ထဲတွင် လေးဦးက သေဆုံးသွားပြီဖြစ်သည်။
သိသွားစွာပင် သူလည်းဘဲ သိပ်မကြာတော့မည့်ဟန်ပင်။
ခုန်းကျန်းဟန့်နှင့်စာလျှင် အသက်ရှင်ကျန်ရစ်သည့်အခြားသုံးဦးက ပို၍ ပြင်းထန်ဒဏ်ရာများစွာရထားလေသည်။
ထင်ရှားသည်မှာ၊ သိုင်းဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူရှစ်ဦးပင်လျှင် ဤအစီအရင်ဖွဲ့စည်းပုံလေးခုကို ခံနိုင်ရည်မရှိခဲ့ပေ။
နယ်မြေနှလုံးသားကို အသုံးပြုခဲ့သည်တောင်မှ လေးဦး၏ အသက်ကိုဘဲ ကာကွယ်နိုင်ခဲ့လေသည်။
သူတို့က တန်ဖိုးတော်တော်ကြီးကြီးမားမားပေးဆပ်လိုက်ရလေသည်။
ခုန်းကျန်းဟန့်က အရုပ်ဆိုးသောအမူရာဖြင့်မေးလိုက်လေသည်။ “မင်း… မင်းက တကယ်ဘဲ ဘယ်သူလဲ”
“အရင်တုန်းက မင်းပြောဖူးတဲ့ ကမ္ဘာမြေက မြင့်မားတဲ့ လတ္တီတွဒ်နယ်မြေမလား”
လုချန်ရှန်းက ခေါင်းခါလိုက်သည်။
ငါဘယ်လိုလုပ်သိမှာလဲ။
ခုန်းကျန်းဟန့်က ခေါင်းညိမ့်၏။ သူမဖြေချင်မှန်း သ်သာနေလေသည်။
သို့သော်လည်း လုချန်ရှန်းက မြင့်မားသော လတ္တီတွဒ်နယ်မြေမှလာသူဟု သူတစ်ထစ်ချယုံကြည်နေ၏။
တစ်ချိန်တည်းမှာ ကမ္ဘာမြေကြီးက လတ္တီတွဒ်အမြင့်ပိုင်းနယ်မြေတစ်ခုဟု တွက်ဆနေခဲ့သည်။
ခုန်းကျန်းဟန့်မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။
နှစ်တစ်သောင်းအကြံအစည်က ဤထူးဆန်းသောလူ၏ ရှေ့တွင် လုံးဝကို ပျက်ဆီးသွားရလေသည်။
အမှန်က လုချန်ရှန်း ကိုယ်တိုင်ပင် ရှုပ်ထွေးနေ၏။
ဘယ်တုန်းက သိုင်းဧကရာဇ်အဆင့်တွေက ဒီလောက်အားနည်းသွားရတာလဲ။
ဒါမှမဟုတ် သူ့အင်အားက သိုင်းဧကရာဇ်နယ်ပယ်ထက် ပိုအားကောင်းနေသည်လား။
ပြောရရင် ဒီနယ်မြေမှာ သူက အစွမ်းအထက်ဆုံးလူလို့တောင်ပြောလို့ရပြီပေါ့နော်။
ဘုရား ဘုရား။
ဒါက အံ့သြဖို့ကောင်းလိုက်တာ။
ထိုအခိုက်တွင်၊
လုချန်ရှန်းက တွင်းနက်ကြီးကို ရုတ်တရက်ကြည့်လိုက်သည်။
အောက်ခြေမဲ့တွင်းနက်ကြီးက အသူတစ်ရာနက်သောချောက်ကြီးတစ်ခုသဖွယ်ပင်။
ထိုစဥ် ဟိန်းသံတစ်ခုပေါ်ထွက်လာ၏။
၎င်းက လောကကြီးကိုပင် တုန်ယင်သွားစေတော့သည်။