လုချန်ရှန်းက ထိုအစီအရင်သုံးခုအပြင် သတ်ဖြတ်ခြင်းအစီအရင်များကိုလည်း တည်ဆောက်ထားခဲ့သည်။
အမြစ်ဖျက်သတ်ဖြတ်ခြင်းအစီအရင်၊ ကြက်သွေးနီရောင်နေလေသတ်ဖြတ်ခြင်းအစီအရင်၊ လေဟာနယ်ချုပ်နှောင်ပေါက်ကွဲခြင်းအစီအရင်နှင့် တိမိမြစ်မှောက်လှန်ခြင်းအစီအရင်တို့ဖြစ်လေသည်။
၎င်းကလည်း တစ်ဖက်အဖွဲ့၏ အသက်စွမ်းအားများကို ယုတ်လျှော့စေသည်။
သူတို့က ကန္တာရဒေသအတွင်းသို့ရောက်သောအခါ အရာရာက ကိုင်တွယ်ရလွယ်ကူမည်ဟုထင်ခဲ့ကြသည်။
သို့သော်လည်း သိုင်းဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူရှစ်ဦးက အစီအရင်ထဲတွင် ပိတ်မိနေလေသည်။
သူတို့က ယာယီသာပိတ်မိနေသည်ဟုသာထင်ခဲ့ကာ သူတို့အစီအရင်ကို ချိုးဖြတ်နိုင်မည်ဟုသာထင်ခဲ့ကြလေသည်။
ဟာသဘဲ။
တစ်ဖက်အဖွဲ့ကလည်း ဝှက်ဖဲတွေရှိမှာဘဲလေ။
အနည်းဆုံး လုချန်ရှန်းက ထိုသို့တွေးနေလေသည်။
တဖက်သူက အစီအရင်ကို အရင်ချိုးမဖျက်ခင် သူကစ၍ အလစ်တိုက်ခိုက်တာကောင်းမည်ပင်။
ထိုသို့တွေးမိကာ လုချန်ရှန်းက တုံ့ဆိုင်းမနေတော့ပေ။
သူ့ညာလက်ကို အသာလေးမြှောက်လိုက်သည်။
တစ်ချိန်တည်းမှာ သတ်ဖြတ်ခြင်းအရှိုန်အဝါများထိုးထွက်လာကာ သတ်ဖြတ်ခြင်းအစီအရင်က အသက်ဝင်လာပြီဖြစ်သည်။
လူတိုင်းက ထိုသတ်ဖြတ်ခြင်းအရှိုန်အဝါများကို ခံစားမိသောအခါ ထိတ်လန့်သွားကြသည်။
မဟာမိတ်တပ်များမှလူများဖြစ်စေ ကောင်းကင်ဘုံလမ်းအပြင်ဘက်မှ လူများဖြစ်စေ သိုင်းဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူ ရှစ်ဦးပင် လေးနက်သောအမူအရာများဖြင့်ရှိနေကြ၏။
သတ်ဖြတ်ခြင်းအရှိုန်အဝါလေးခုမှ တစ်ခုသည် သူတို့ကို ဆိုးဝါးသောခံစားချက်တစ်ခုကို ပေးစွမ်းနေသည်။
ထိုသတ်ဖြတ်ခြင်းအရှိုန်အဝါများပိုစိမ့်ထွက်လာသည်နှင့် စိတ်ထဲပိုတင်းကျပ်လာလေသည်။
မကောင်းတော့ဘူး။
သူတို့က လုချန်ရှန်းကို လျှော့တွက်ထားမိလေသည်။
ထိုအချုပ်အနှောင်အစီအရင်သုံးခုကပင် သူတို့ကို စွမ်းအားမဲ့စေခဲ့၏။
သူတို့က စိတ်ဝိဉာည်ရတနာများကိုပင်ထုတ်သုံးကာ အားကုန်သုံး၍တိုက်ခိုက်ခဲ့သော်လည်း ထိုအစီအရင်က ပျက်ဆီးမသွားပေ။
ဒါဆို ဒီလိုမကောင်းဆိုးဝါးဆန်တဲ့အရှိုန်အဝါတွေထုတ်လွှတ်နေတဲ့ သတ်ဖြတ်ခြင်းအစီအရင်တွေက ဘယ်လောက်တောင်အားပြင်းတဲ့စွမ်းအားတွေထွက်လာလိမ့်မလဲ။
ခုန်းကျန်းဟန့်နှင့် အခြားသူများက တွေးပင်မတွေးရဲတော့ပေ။
စဥ်းစားနေဖို့ အချိန်မရှိဘူး။
သူတို့၏အမူအရာကလေးနက်နေကာ သိုင်းဧကရာဇ်အဆင့်ဖိအားများက ပေါ်ထွက်လာလေသည်။
စိတ်ဝိဉာည်ချီအကာအရံတစ်ခုကို ထွတ်လွှတ်လိုက်လေသည်။
သို့သော် ထိုစိတ်ဝိဉာည်အကာအရံက အနည်းငယ်မတည်မငြိမ်ဖြစ်နေ၏။
စိတ်ဝိဉာည်အချုပ်အနှောင်တိမ်မြစ်အစီအရင်တည်ရှိမှု့ကြောင့် သူတို့ခန္ဓာကိုယ်ရှိ စိတ်ဝိဉာည်ချီများသည် သွေးကြောများအတွင်းတွင် ပိတ်ဆို့နေကာ မလှည့်ပတ်နိုင်တော့ပေ။
ဘေးပတ်ဝန်းကျင်က လေဟာနယ်ဟာကွက်ဇုံလိုဖြစ်နေသည်။ ထိုနေရာတွင် သူတို့ငှားယူသုံးနိုင်သည့် စိတ်ဝိဉာည်ချီများရှိမနေပေ။
သူက ရွေးချယ်စရာမရှိဘဲ နောပ်ထပ် ခုခံရေးစိတ်ဝိဉာည်ရတနာကို ဆွဲထုတ်လိုပ်ရလေသည်။
သတ်ဖြတ်ခြင်းဆန္ဒလေးခုနှင့်ရင်ဆိုင်ရချိန်တွင် သူတို့ကရွေးချယ်စရာမရှိဘဲ ထိုသို့လုပ်မှပင်ရတော့မည်။
သူက ရွေးချယ်စရာမရှိဘဲ သူ၏ နောက်ဆုံး ဝှက်ဖဲကိုထုတ်ယူလိုက်ရသည်။
လုချန်ရှန်းနောက်ရှိ ကျောင်းအုပ်ယန်က သက်ပြင်းချလိုက်ကာ ပြော၏။ “ကျုပ် စိတ်ဝိဉာည်ရတနာကို ရှေးဟောင်စာအုပ်တွေထဲမှာဘဲ မြင်ဖူးတာ။ တစ်ဖက်အဖွဲမှာ စိတ်ဝိဉာည်ရတနာနှစ်ခုရှိနေမယ်လို့ ထင်မထားခဲ့ဘူး။”
၎င်းက အခြေခံအုတ်မြစ်ပင်ဖြစ်သည်။
လင်းရုဖုန်းသည်ပင် ခေါင်းညိမ့်ထောက်ခံလေသည်။
လျှို့ဝှက်ဓားဂိုဏ်းတွင်လည်း စိတ်ဝိဉာည်ရတနာမရှိပေ။
မုဟေဲာကျောစ်းက သက်ပြင်းချကာ “ဘယ်လောက်တောင် ချမ်းသာလိုက်ကြတာလဲ။ သိုင်းဧကရာဇ်အဆင့်ကျွမ်းကျင်သူတစ်ယောက်စီမှာ စိတ်ဝိဉာည်ရတနာနှစ်ခုဆီကိုင်ထားကြတယ်။ အခုက သတ်ဖြတ်ဖို့နဲ့ တစ်ခုက ကာကွယ်ဖို့အတွက်နဲ့”
“ဒါပေမဲ့ နောက်ထပ် စိတ်ဝိဉာည်ရတနာတွေ ထပ်မရှိလောက်တော့ပါဘူး”
ထိုစကားကြားသော် လုချန်ရှန်းက နှာခေါင်းရှုံလိုက်သည်။
သူတို့ တစ်သက်လုံး ဒီမှာပဲ နေနိုင်တာ အံ့သြစရာ မရှိပါဘူး။
ဒီလိုစိတ်ဓာတ်မျိုးနဲ့ သူဘယ်လို သန်မာလာမလဲ။
သူတို့တွင်မရှိလျှင်လည်း ရှိလောက်မည်ဟု ယူဆသင့်လေသည်။
ထိုမှသာ သူတိူ့က ရှင်သန်ကာ ကြီးထွားနိုင်လိမ့်မည်။
တခုသိထားရမည်က။
ရန်သူကို ဘယ်သောအခါမှ လျှော့မတွက်ရန်ဖြစ်သည်။
ဥပမာ တဖက်လူက အာကာသနတ်ဘုရားနယ်ပယ်ကဆိုပါက သင်သည် သူတို့ကို သိုင်းဧကရာဇ်အဆင့်ကျွမ်းကျင်သူများကဲ့သို့သဘောထားကာ ရန်ဆိုင်ရပေမည်။
တဖက်ရန်သူက စိတ်ဝိဉာည်ရတနာနှစ်ခုရှိပါက လေးခုရှိသည်ဟု သဘောထားသင့်သည်။
ထိုမှသာ သူက ရှင်သန်နိုင်မည်ဖြစ်သည်။
လုချန်ရှန်း ဤကမ္ဘာကိုစရောက်ခြင်းတုန်းက
ထိုစိတ်ကူးက လုချန်ရှန်းဘယ်တော့မှမမေ့သော သူ၏ နိယာမဖြစ်လာသည်။
သို့သော်လည်း လုချန်ရှန်းတွေးတောနေသည်ကို သိပါက ဒေါသကြောင့်သွေးအန်ကြလိမ့်မည်။
အကိုကြီး မင်းက ငါတို့ကို မြင့်မြင့်မားမားတွေးထားတာဘဲ။
စိတ်ဝိဉာည်ရတနာတွေက စျေးထဲက ဂေါ်ဖီထုတ်လို ပေါပေါပဲပဲထင်နေလား။
စိတ်ဝိဉာည်ရတနာက ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာတွင်ပင် အကန့်အသတ်ဖြင့်ရှိနေ၏။
ထိုအခိုက်တွင် မီးတောက်များက ကမ္ဘာသစ်ပင်သို့ စတင်၍ ဆွဲကပ်လာသည်။
၎င်းက ဆက်လက်၍ ကမ္ဘာသစ်ပင်တည်ရှိနေသော နေရာထိ ကူးဆက်သွားလေသည်။
မီးက အတော်ပင် ပြင်းထန်၏။
ခုန်းကျန်းဟန့်တို့မျက်နှာက အလွန်တရာလေးနက်နေ၏။
ကြက်သွေးရောင်နေ၏မီးတောက်က ကမ္ဘာသစ်ပင်ကိုဆွဲလောင်နေရာ မီးက ပြင်းသထက်ပြင်းလာသည်။
တစ်ချိန်တည်းမှာပဲ ခုန်းကျန်းဟန့်နှင့် တခြားသူတွေ ရှိတဲ့နေရာတွင် မုန်တိုင်းကြီးတစ်ခုဖြစ်ပေါ်လာနေသည်။
သိုင်းဧကရာဇ်အဆင့် အကာအရံက စတင်၍ တုန်ခါလာ၏။
လေပြင်းများက လေထုကိုဖြတ်သန်းကာ ဓားချွန်များလို အကာအရံသို့ တစ်ခုပြီး တစ်ပြီးခု ထိုးဖောက်နေလေသည်။
တစ်ချိန်တည်းမှာ မုန်တိုင်း၏ပံ့ပိုးမှု့ဖြင့် ကြက်သွေးရောင်နေ၏ မီးတောက်က ပိုပိုသန်မာလာသည်။
လေဟာနယ်က တွန့်လိမ်လာသည်။
ထို့နောက် ကွဲအက်သွားသည်။
လေဟာနယ်အပိုင်းအစများက ကြောက်မက်ဖွယ် မီးတောက်များကြောင့် ပြာကျသွားတော့သည်။
၎င်းက ပထမ သတ်ဖြတ်ခြင်းအစီအရင်ပင်။
ဒီက ဒီလောက်အစွမ်းထက်တာလား။
ခုန်းကျန်းဟန့်တို့က ဘယ်လိုခုခံရမလဲကို မတွေးတက်တော့ပေ။
သို့သော်လည်း လုချန်ရှန်းက မရပ်တန့်အေ။
ထို့နောက်သူက လက်ကိုအတန်ငယ်ဝှေ့ယမ်းလိုက်လေသည်။
မမြင်ရသော သတ်ဖြတ်ခြင်းချီဆေဘာဓားများက မီးပင်လယ်တွင် ဖြတ်သန်းကာ ကမ္ဘာသစ်ပင်ရှိ ခုန်းကျန်းဟန့်တို့ကို အလျှင်အမြန်ပင် ခုတ်ပိုင်းသွားလေသည်။
တိုက်ခိုက်မှု့က မရပ်တန့်သေးပေ။
သူက လှုပ်ရှားရန်ဆုံးဖြတ်ပြီးချိန်၌ သူလျှပ်စီးလိုအလျှင်ဖြင့် တိုက်ခိုက်မည်ဖြစ်ကာ ညှိနှိုင်းရန်အချိန်ပေးတော့မည်မဟုတ်ပေ။
သူက သူတို့ကို မသတ်နိုင်ရင်တောင် အကျိုးအမြတ်ကြီးကြီးတစ်ခုတော့ ရအောင်ယူနိုင်ရမည်။
ပြောရလျှင် သူက အားအပြင်းဆုံးနည်းလမ်းဖြင့် သူတို့၏အင်အားကို ဖြုန်းတီးအောင်လုပ်နေခြင်းပင်။
ထိုအခိုက် ယဲချိုးပိုင်က ခါးသက်သက်ပြုံး၍ ပြောလိုက်လေသည်။ “ဆရာကို ငါတို့အထင်သေးမိလိုက်သလိုဘဲ”
ဟုန်ရင် နင်းချန်ရှင်း ရှစ်ရှန်းတို့က လေးနက်စွာ ခေါင်းညိမ့်ပြ၏။
အစက သူထင်ထားသည်က လုချန်ရှန်း၏ အင်အာသည် သိုင်းဧကရာဇ်အဆင့်ထက်သန်မာမည်ဟုသာထင်သော်လည်း သိုင်းဧကရာဇ်အဆင့်ကျွမ်းကျင်သူ ရှစ်ဦးကိုပင် တစ်ပြိုင်တည်း ရင်ဆိုင်နိုင်လေသည်။
အတန်ငယ် ပြဿနာရှိသော်လည်း လူရှစ်ဦးကို အစီအရင်သုံးခုက ပိတ်ဆို့ထားနိုင်သည်ကို ကြည်လိုက်ရုံနှင့် သိနိုင်သည်။
ပထမသတ်ဖြတ်ခြင်းအစီအရင်ကပင်လျှင် တဖက်ရန်သူကို သတိကပ်သွားစေသည်။
အဲ့အပြင်ကို နောက်ထပ်သုံးခုရှိသေးသည်လား။
ခုန်းကျန့်ဟန်ပင် စိတ်ထဲတွင် ခါးသီးသီပြုံးလိုက်လေသည်။
သူတို့မျှော်မှန်းသည်ထက် တစ်ဖက်လူက ပိုသန်မာနေလေသည်။
လူတစ်ဦးတည်ဖြင့် သိုင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူ ရှစ်ဦးကို ဆန့်ကျင်ခြင်း။
ထိုသို့စွမ်းအားကြီးကျင့်ကြံသူတစ်ဦးက ဤလိုကန္တာရနယ်မြေလို ကျင့်ကြံခြင်းမထွန်းကားသောနယ်မြေတွင် ရှိနေသည်လား။
ဘယ်သူ ဒီလိုတွေးမိမှာလဲ။
သတ်ဖြတ်ခြင်းချီဓားများက သူတို့ဆီကို လျှင်မြန်သောအရှိုန်ဖြင့် တိုးဝင်လာနေသည်။
ခုန်းကျန့်ဟန်တို့က လေးနက်သောအမူအရာများဖြင့် မပေါ့ဆရဲပေ။
သူက ချက်ချင်းဆိုသလို ခုခံရေးစိတ်ဝိဉာည်ရတနာကိုထုတ်လွှင့်လိုက်၏။
ခုခံရေးအကာအရံက တစ်ခုပြီးတစ်ခုဖြစ်ပေါ်လာလေသည်။
သတ်ဖြတ်ခြင်းချီဓားသွားမျာက တမဟုတ်ခြင်း ရောက်ရှိလာလေသည်။
ချက်ချင်းဆိုသလိုဘဲ အပြင်ဘက် ခုခံရေးအကာအရံများကို လျှပ်စီးလိုအရှိုန်ဖြင့် ထိုးဖောက်သွားပြီး လူရှစ်ဦး၏ စိတ်ဝိဉာည်ရတနာများကို ခုတ်ပိုင်းသွားလေသည်။
ခရက်
ခုန်းကျန်းဟန့်တို့နားထဲသို့ အက်ကွဲသံတစ်ခုက ဝင်ရောက်လာ၏။
၎င်းတို့ ကြောက်လန့်သွားကြသည်။
သူတို့၏ သိုင်းဧကရာဇ်နယ်ပယ်ခွန်အားနှင့် စိတ်ဝိဉာည်ရတနာများပင် ထိုတိုက်ကွက်ကို မခုခံနိုင်ဘူးလား။
နောက်ဆက်တွဲဖြစ်လာသည်ကတော့ ကြက်သွေးရောင်နေ၏မီးတောက်ပင်။
မုန်တိုင်းအောက်တွင် ကြက်သွေးရောင်နေ၏မီးတောက်များက ကန္တရဒေသရှိ ကောင်းကင်ကို နီရဲစေနေသည်။
လူများက ကောင်းကင်ကိုမော့ကြည့်လိုက်၏။
တိမ်မီးတောက်များနှင့် ကောင်းကင်တွင်ပြည့်နေသည်။
နယ်မြေတစ်ခုလုံး၏ အပူချိန်သည်ပင် ဆက်တိုက် မြှင့်တက်လာလေသည်။
မြောက်ပိုင်းဒေသရှိ ရေခဲပြင်များပင် တဖြေးဖြေးချင်း အရည်ပျော်စပြုလာသည်။
ခုန်းကျန်းဟန့်က အော်ပြောလိုက်သည်။ “ငါတို့ကြာကြာစောင့်လို့မရတော့ဘူး။ နယ်မြေစွမ်းအားကို ထုတ်သုံးမှရမယ်”
လူတိုင်းက ရှော့ရသွားသည်။
သူက နယ်မြေစွမ်းအားကို သုံးတော့မှာလား။
သူက နယ်မြေနှလုံးသားကိုဖိနှိပ်ချိန်မှာ အသုံးပြုသော အရာဖြစ်လေသည်။
ခုန်းကျန်းဟန့်က ခါးသက်သက်ပြုံး၍ “အခုတော့မလိုသေးဘူး။ ငါတို့က ဒီကနေထွက်ခွာချင်ထွက်ခွာတော့မှာ”