Switch Mode

အခန်း (၂၅၈)

ငါတို့ဘာလို့အရင်မတိုက်တာလဲ။

သူတို့က လုချန်ရှန်းကို လွယ်လွယ်လေးတွေးနေကြသည်။

သို့သော်လည်း ယင်းကိုကြည့်ခြင်းအားဖြင့် သူတို့က ရန်သူကို လျှော့တွက်ခဲ့ကြသည်။

ခုန်းကျန်းဟန့်မျက်နှာက လေးနက်သွား၏။

ထိုဆက်တိုက်ချုပ်နှောင်ခြင်းအစီအရင်များက ၎င်းတို့ကို အစီအရင်များကိုချက်ချင်းချိုးဖြတ်ရန်မဖြစ်နိုင်တော့ပေ။

သူတို့ရှစ်ဦးယောက်က ကြီးမြတ်သောဧကရာဇ်များဖြစ်ကြသည်။

ထို့ပြင် သူတို့က ခန္ဓာကိုယ်အစစ်များဖြင့်ဆင်းသက်လာကြကာ လုံးဝအင်အားကို ချွေတာမထားတော့ပေ။

ထိုမြင်ကွင်းကို မြင်လိုက်ရသော မဟာမိတ်တပ်များမှ လူများက ပို၍ပင် ထိတ်လန့်သွားတော့သည်။

ထိုအစီအရင်သုံးခုက တဖက်အဖွဲ့ကို ပြဿနာအတော်လေးပေးနိုင်ပုံရလေသည်။

တစ်ယောက်တည်းဖြင့် သိုင်းဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူနှစ်ဦးကို ရင်ဆိုင်မည်လား။

ဘယ်လိုခွန်အားမျိုးလဲ။

ထိုအစီအရင်က ဘယ်လောက်တောင်အဆင့်မြင့်လိုက်လေသနည်း။

ထိုအခိုက် ကောင်းကင်အစီအရင်ဂိုဏ်းချုပ်တွင် အထင်သေးသည်အကြည့်များမရှိတော့ပေ။

ကောင်းကင်အစီအရင်ဂိုဏ်းက ကုန်မြေတိုက်ကြီးရှိ အစီအရင်ဆရာသခင်အများအတွက် အထွတ်အမြတ်နေရာတစ်ခုဖြစ်သည်။

သို့သော်လည်း ထိုစိတ်ဝိဉာည်အစီအရင်များကိုကြည့်ကာ ကောင်းကင်အစီအရင်ဂိုဏ်းချုပ်က သူမဖန်တီးနိုင်ကြောင်းဝန်ခံရပေမည်။

လုချန်ရှန်းနှင့်ယှဥ်လျှင် ကောင်းကင်အစီအရင်ဂိုဏ်းအသုံးပြုသည့် အစီအရင်များက ပို၍ကောင်းသည်ဟုဆိုနိုင်လေသည်။

၎င်းက ကလေးက အိမ်ဆောက်ကစားနေသလိုပင်။

ထိုအခိုက်တွင် မုတ်ဆိတ်အပြည့်လူနှင့် အနက်ရောင်ဇာပုဝါနှင့် အမျိုးသမီးက ဘေးပတ်ဝန်းကျင်ရှိလေဟာနယ်က ဖိသိပ်လာလေသည်။

တစ်ချိန်တည်းမှာ သူတို့ဘေးရှိ စိတ်ဝိဉာည်ချီများက ထူးထူးခြားခြားဖျက်တောက်ခံလိုက်ရသည်။

စိတ်ဝိဉာည်ချီများက လှည့်ပတ်ရန် တော်တော်ခက်ခဲလာသည်။ ထိုအခိုက် သူက တုံ့ပြန်ရန်အချိန်မရှိတော့ပေ။

သို့ရာတွင် ထိုသို့အချိန်တိုလေးက ရံဖန်ရံခါတွင်တော့ သေစေနိုင်လောက်သည့် ကယ်ပေါက်တစ်ခုဖြစ်လာလေသည်။

ကမ္ဘာသစ်ပင်နဂါးထောင်ချောက်အစီရင်က ပန်းနုရောင်အရှိုန်အဝါကြောင့် လုံးလုံးဖျက်ဆီးမခံလိုက်ရသေးပေ။

ကမ္ဘာသစ်ပင်၏ အကိုင်းအခတ်များက သူတို့နှစ်ဦးကို ပိတ်လှောင်ထားလိုက်သည်။

ထိုအချုပ်အနှောင်အစီအရင်သုံးခုက ထိုသူနှစ်ဦးကို တော်တော်ကြီးဒုက္ခပေးလိုက်နိုင်သည်။

လုချန်ရှန်းက သတ်ဖြတ်ခြင်းအစီအရင်ကို မသုံးသေးပေ။

အချိန်မကျသေး၍ဖြစ်သည်။

သူက စောင့်ဆိုင်းနေသေး၏။

သူက နောက်ထပ်လူများ ကောင်းကင်ဘုံလမ်းသို့ ထပ်ရောက်လာရန် စောင့်နေ၏။

ထိုမှသာ လူများများကို သတ်၍ရမည်ဖြစ်သည်။

ထိုအခိုက် ခုန်းကျန်းဟန့်က သိုင်းဧကရာဇ်အဆင့်ကျွမ်းကျင်သူငါးဦးကို ကြည့်လိုက်သည်။

သူက ပြော၏။ “မြန်မြန်လှုပ်ရှားကြ။ ကြာနေလို့မဖြစ်တော့ဘူး”

သူတို့ငါးဦးက ခေါင်းညိမ့်သဘောတူလိုက်သည်။

အချိန်က မရှိတော့ပေ။

သူတို့က အစီအစဥ်ကို ခပ်မြန်မြန်ပင် အဆုံးသတ်မှရမည်။

ထိုသို့ဖြင် ကောင်းကင်ဘုံစိတ်ဝိဉာည်ဂိုဏ်းချုပ် ခုန်းကျန်းဟန့်နှင့် အခြားငါးဦးက တစ်ပြိုင်တည်း ခုန်ဝင်လာကြသည်။

သူတိူ့က ကောင်းကင်ဘုံလမ်းပေါ်သို့ရောက်လာသည်။

ကောင်းကင်ဘုံလမ်းသို့ခြေချမိသည်နှင့် အစီအရင်သုံးခုက သူတို့ကို စတင်၍ တိုက်ခိုက်တော့သည်။

ခုန်းကျန်းဟန့်တို့က ထိန်းမထားတော့ပေ။

ထိုအချိန်၊ သိုင်းဧကရာဇ်အဆင့်အရှိုန်အဝါများက ပေါ်ထွက်လာတော့သည်။

အရှိုန်အဝါပေါက်ကွဲထွက်လာမှု့ကြောင့် ကောင်းကင်ဘုံလမ်းရှိ လေဟာနယ်က တစ်ဖြေးဖြေး အက်ကွဲလာသည်။

လေဟာနယ်မုန်တိုင်းများက အဆက်မပြတ်ဖြစ်ပေါ်လာလေသည်။

ကောင်းကင်ဘုံလမ်းတစ်ခုလုံး တုန်ယင်လာ၏။

ကုန်မြေကြီးရှိလူအားလုံးက ကောင်းကင်ရှိ ကြီးမားသောအရှိုန်အဝါကြီးတစ်ခုကို အာရုံခံနိုင်လေသည်။

ကောင်းကင်တစ်ခုလုံးတုန်ခါနေ၏။

ကောင်းကင်… ပြိုကျတော့မှာလား။

မဟာမိတ်တပ်မှလူများ၏ အမူအရာသည်လေးလံနေသည်။

သိုင်းဧကရာဇ်အဆင့်ကျွမ်းကျင်သူတစ်ဦးဆိုလျှင်ပင် သူတို့ရင်မဆိုင်နိုင်။

ယခု သိုင်းဧကရာဇ်အဆင့်ကျွမ်းကျင်သူ ရှစ်ဦးက တစ်ပြိုင်တည်း ပေါ်လာခဲ့လေသည်။ ၎င်းက ဘယ်လောက်တောင် ပွက်လောရိုက်ကုန်မည်နည်း။

သူတို့က ထိုသို့အဖွဲ့ကို အမှန်ကို ဆန့်ကျင်နိုင်ပါ့မလား။

သူတို့၏ စိတ်ထဲတွင် တုန်ယင်လာ၏။

ကျောင်းအုပ်ယန်နှင့်အခြားသူများက မျက်နှာတွင် မည်သည့်အမူအရာမှ မပြသသော်လည်း သူတို့မျက်လုံးထဲတွင် လေးနက်မှု့များရှိနေလေသည်။

သိုင်းဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူရှစ်ဦး။

ထိုအင်အားက ကြောက်မက်ဖွယ်ကောင်းလွန်း၏။

သူတို့ထဲတွင် သိုင်းဧကရာဇ်နယ်ပယ်ကျွမ်းကျင်တစ်ဦးမှမပါရှိပေ။

အသန်မာဆုံးက သိုင်းဧကရာဇ်တစ်ပိုင်းအဆင့်ဖြစ်သော တိမ်ဖီးနစ်အင်ပါယာ၏ ဧကရာဇ်မင်းဆရာဖြစ်လေသည်။

လုချန်ရှန်းပင် အချိန်ဆွဲထားပေးနိုင်သော်လည်း သူတို့က အသက်ရှင်နေသေးသည်။

ထိုအခိုက် သူအဆင့်ချိုးဖြတ်ပြီးသွားသော်လည်း သူက ထိုကိစ္စကိုဖြေရှင်းပေးနိုင်ခြင်းမရှိသေးပေ။

ယခုတော့ လုချန်ရှန်းသည်သာ သူတို့၏ အားကိုးရာသာဖြစ်တော့သည်။

စံအိမ်တော်ရှိ တပည့်များသည်သာ ပြာယာခတ်မနေခြင်းဖြစ်သည်။

ယဲ့ချိုးပိုင်ကပြုံးကာပြောသည်။ “ဆရာက ရှေ့ထွက်ဖို့ဆုံးဖြတ်ပြီးမှတော့ သူက ယုံကြည်ချက်ရှိလို့ဘဲမလား”

ဟုန်ရင်က ခေါင်းညိမ့်၏။ “ဘယ်လိုဖြစ်ဖြစ် ဆရာက သတိကြီးတဲ့လူလေ။ သူမပိုင်ရင် မလုပ်ဘူး”

“ဧကရာဇ်မင်းဆရာနှင့် ကျိုထျန်းမျိုးနွယ်စုက ၎င်းကိုကြားလိုက်သည်။

သူတို့က မှင်သက်သွား၏။

ကြည့်ရသည်မှာ အရှင်မ၏ ဆရာသခင်က သိုင်းဧကရာဇ်အဆင့် ကျင့်ကြံသူရှစ်ဦးကို ရင်ဆိုင်နိုင်သည်လား။

လုချန်ရှန်းအပေါ်တွင် သူတို့အကြည့်က ကျရောက်နေသည်။

လုချန်ရှန်းက ကြောက်မနေပေ။

သူက ဖိအားရှိသည့်ပုံမရပေ။

လုချန်ရှန်း၏ နံပါတ်တစ် ဖိနပ်လျှက်သူ ယွင်ကျင်းက စိတ်သက်သာရာရသည့်ပုံနှင့် သက်ပြင်းချ၏။ သူက ပြုံးလျှက်ပြော၏။ “ကြည့်ရတာ အကြီးအကဲလုက ပြင်ဆင်ပြီးပြီနဲ့တူတယ်”

လုချန်ရှန်းက မနေနိုင်ဘဲ စိတ်ထဲတွင်တော့ ကျိန်ဆဲနေလေသည်။

ငါက ပြင်ဆင်ခဲ့သင့်တာ။ ဒါပေမဲ့ ဘာမှမလုပ်ခဲ့ရဘူး ဒါကမင်းတို့ခွေးကောင်တွေကြောင့်လေ။

ထိုအစီအရင်များက ထိုလူများကိုရင်ဆိုင်နိုင်သည်ကိုတော့ သူမသိချေ။

၎င်းတို့သာ အလုပ်မလုပ်ပါက မရဏကိုးလောကအစီအရင်ကို မှီခိုရတော့မည်။

ယခုတော့ လုချန်ရှန်းသည် အပြင်ပန်းတွင် တည်ငြိမ်နေဟန်ရသည်။

လက်တွေ့တွင်တော့ သူသေလောက်ကြောက် ကြောက်လန့်နေလေသည်။

တစ်ဖက်တွင် ခုန်းကျန်းဟန့်တို့စိတ်နှလုံးများက ကသောင်းကနင်းဖြစ်နေလေသည်။

သူတို့က အင်အားပြည့်သုံးကာတိုက်ခိုက်သော်လည်း ထို အစီအရင်သုံးခုကို မချိုးဖြတ်နိုင်ပေ။

ဒါက ဘာကြီးလဲဟ။

အပြင်ဘက်တွင် ကမ္ဘာသစ်ပင်နဂါးထောင်ချောက်အစီအရင်ရှိလေသည်။

လေဟာနယ်ချုပ်နှောင်ခြင်းနှင့် စိတ်ဝိဉာည်ချီပိတ်ဆို့ခြင်းတို့က အတွင်းတွင်ရှိနေသည်။

၎င်းတို့ကြောင့် အချိန်တိုအတွင်း အစီအရင်ကို ချိုးဖော်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ခုန်းကျန်းဟန့်က လေးနက်သောအမူအရာဖြင့် ပြောလေသည်။ “အားလုံးဘဲ ငါတို့ဒီထက်ကြာနေလို့မရဘူး”

ထိုသို့ပြောပြီး ခုန်းကျန်းဟန့်က ဓားအိမ်အတွင်းမှ ဓားတစ်ချောင်းဆွဲထုတ်လိုက်လေသည်။

၎င်းဓားက စိတ်ဝိဉာည်ရတနာတစ်ခုပင်။

သူ့ခန္ဓာကိုယ်က ဓားဆန္ဒများထွက်ပေါ်လာ၏

လင်းရုဖုန်း၏ အမူအရာက လေးနက်သွား၏။

“ဒီလူက သိုင်းဧကရာဇ်အဆင့်​ကျွမ်းကျင်သူတင်မဟုတ်ဘဲ ဓားသူတော်စင်လည်းဖြစ်နေတယ်”

ဓားကျင့်ကြံသူလား။

သတ်ဖြတ်ခြင်းနည်းစနစ်များအရ ထိုသူက အားလုံးထဲတွင် အစွမ်းထက်ဆုံးဖြစ်လေသည်။

၎င်းကိုမြင်သော် ​အခြားသော ခုနှစ်ဦးက သူတို့၏ ဝှက်ဖဲများကို ထုတ်ယူလိုက်သည်။

လူရှစ်ဦးက သူတို့၏ စိတ်ဝိဉာည်ရတနာများကို ဆွဲထုတ်လိုက်၏။

ထိုအခိုက် ကောင်းကင်ဘုံလမ်းတွင် ဖိအားများက ပျံ့နှံ့သွားသည်။

အဝေးရှိ မဟာမိတ်တပ်များမှလူများပင် ထိုဖိအားကို တိုင်တောင်ကြီးသဖွယ် ခံစားနေရသည်။

ထို့နောက် ခုန်းကျန်းဟန့်က ဓားဖြင့်အရင်ခုတ်လိုက်သည်။

အခြားခုနှစ်ဦးက နောက်မှလိုက်၍ တိုက်ခိုက်လိုက်သည်။

ဓားချီများထွက်ပေါ်လာသည်။

စိတ်ဝိညာဉ်ချီများလည်း ထွက်ပေါ်လာ၏။

လေဟာနယ်က ဆက်လက်၍ အက်ကွဲလာသည်။

မှန်ကွဲတစ်ခုလို အက်ရာများ ဆက်တိုက်ထင်လာ၏။

ကန္တရဒေသရှိလေဟာနယ်က အက်ကွဲလွယ်၏။

သိုင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူများ အားလုံးပေါင်း၍ တိုက်ခိုက်မှု့ကို တောင့်ခံနိုင်ရန်မှာ မဖြစ်နိုင်ပေ။

သို့သော်လည်း ဘေးပတ်လည်ရှိ လေဟာနယ်မုန်တိုင်းများက မပျက်ဆီးသေးပေ။

ထိုအခိုက်တွင် လူရှစ်ဦးတိုက်ခိုက်မှု့က ကမ္ဘာသစ်ပင်အပေါ် ရူးသွပ်စွာကျရောက်သွားကြသည်။

ထိုအချိန်တွင်၊ ဖုန်မှုန့်များက နေရာတိုင်းတွင်ရှိနေသည်။

သို့သော်လည်း ဖုန်မှုန့်များကွယ်ပျောက်သွားသောအခါ ကမ္ဘာသစ်ပင်တွင် အဖြူအစင်းကြောင်းတစ်ခုသာကျန်ရစ်တော့သည်။

မဖြစ်နိုင်ဘူး။

ခုနကတောင် အလွယ်တကူပျက်ဆီးသွားသေးတယ်လေ။

၎င်းက လုချန်ရှန်းက စိတ်ဝိဉာည်ချီများကို အများကြီးအသုံးမပြုထားသောကြောင့်ဖြစ်လေသည်။

သူတို့ရှစ်ဦးဝိုင်းတိုက်သည်ကို မြင်သောအခါ လုချန်ရှန်းက ကြောက်လန့်သွားပြီး ကမ္ဘာသစ်ပင်နဂါးထောင်ချောက်အစီရင်၏ခွန်အားကိုထိန်းသိမ်းထားနိုင်ရန် စိတ်ဝိဉာည်ချီများကို ကမန်းကတန်းထိုးသွင်းလိုက်ရခြင်းပင်။

ထိုမြင်ကွင်းက လူတိုင်းကို အံသြသွားစေ၏။

ဘာ…. ဘာဖြစ်သွားတာလဲ။

ငါကန်းများသွားပြီလား။

အိမ်မက်မက်နေသေးတာလား။

သိုင်းဧကရာဇ်အဆင့်ကျွမ်းကျင်သူရှစ်ဦးက ချုပ်နှောင်ခြင်းအစီအရင်ကို ချိုးဖောက်လို့မရဘူးလား။

ပိတ်မိနေသော ခုန်းကျန်းဟန့်တို့သည်လည်း ထိတ်လန့်သွား၏။

မကျိုးပျက်သွားဘူးလား။

ဒီအစီအရင်ရဲ့အဆင့်က ဘယ်လောက်တောင်ရောက်နေပြီလဲ။

သူတို့ရှေ့တွင် ထိုအစီအရင်များကိုတည်ဆောက်ခဲ့သော လူတစ်ဦးရှိနေလေသည်။ ထိုလူ၏ မျက်လုံးထဲတွင်တော့ သတိထားခြင်းနှင့် ထိတ်လန့်မှု့တစွန်းတစပါနေ၏။

သူက ဘယ်သူလဲ။

အမှန်တိုင်းဆိုရလျှင် သူတို့ကိုသေအောင်ရိုက်သတ်မည်ဆိုလျှင်တောင်မှ ထိုလူက ဤကမ္ဘာမှလူဟုပြောလျှင်ယုံလိမ့်မည်မဟုတ်ပေ။

တဖက်တွင်တော့ လုချန်ရှန်းက ထိုမြင်ကွင်းကိုမြင်သော် အနည်းငယ် စိတ်သက်သာရာရသွား၏။

အချုပ်အနှောင်အစီအရင်က အသုံးဝင်နေသေးသည်ထင်ရသည်။

သို့သော်လည်း မတော်တဆဖြစ်ရပ်များမှ ကာကွယ်ရန် တစ်ဖက်အဖွဲ့တွင် ဝှက်ဖဲများရှိနိုင်ဦးမည်ပင်။

သူက အရင်တိုက်ခိုက်ရင်ကောင်းမည်။

ထိုသို့တွေးကာ သတ်ဖြတ်ခြင်းအရှိုန်အဝါလေးခုက စတင်၍ ကောင်းကင်ဘုံလမ်း၌ ဖြေးညှင်းစွာ မြှင့်တက်လာလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset