လုချန်ရှန်းက ကောင်းကင်ဘုံလမ်း၌ ရပ်နေသည်။
အမွေးတိုင်နှစ်တိုင်စာလောက်တွေးဆပြီးနောက်တွင် သူက သတ်ဖြတ်ခြင်းအစီအရင်သုံးခုကို စဥ်းစားပြီးပြီဖြစ်သည်။
သူက ကုန်ကြမ်းများကို ထုတ်ယူပြီးနောက် ကြိမ်းမောင်းလိုက်သည်။ “ပြဿနာဘဲ။ ဒါတွေအကုန်လုံးက လုံလုံခြုံခြုံလုပ်ချင်လို့ဖြစ်သွားတာ။ ဒီဟာကိုအချိန်ကြာကြီးစဥ်းစားလိုက်တာ ငါ့ဦးနောက်ဆဲတွေဘယ်လောက်တောင်သေကုန်ပြီလဲမသိဘူး”
“ခေါင်းတွေတောင်မူးလာပြီ”
“မဟုတ်ဘူး၊ ဒီကိစ္စတွေပြီးရင် ငါအဝအိပ်လိုရပြီ။ ကောင်စုတ်လေးယဲ့ချိုးပိုင်ကိုလဲ သိုးအကောင်လိုက်ကင်ခိုင်းရမယ်”
“ဟုန်ရင်ကို ငါးစွပ်ပြုတ်လုပ်ခိုင်းရမယ်”
“ရှောင်ဟေးကိုကျ… ထားလိုက်တော့”
ထိုသို့ဖြင့် လုချန်ရှန်းက စတင်၍ အစီအစဥ်ချတော့သည်။
ထိုအစီအရင်က နေစွမ်းအားနှင့်လေစွမ်းအားတို့ကို အဓိကထားသည့် ပထမဦးဆုံးသော အစီအရင်ဖြစ်လေသည်။
၎င်းက နေ၏ မီးတောက်များကိုထုတ်လွှတ်နိုင်ကာ မုန်တိုင်းကိုသုံး၍ မီးကိုလောင်စာဖြည့်ပေးနိုင်သည်။
ထိုအစီအရင်က စွမ်းအားကို နှစ်ဆတိုးပေးနိုင်သည်။
ကမ္ဘာ့သစ်ပင်နဂါးထောင်ချောက်နှင့်တွဲသုံးကာ ရန်သူများကို ချုပ်နှောင်၍ နေမီးတောက်များကိုသုံးကာ ကမ္ဘာသစ်ပင်ကိုလောင်စာဖြည့်ပေးခြင်းဖြင့် တိုက်ခိုက်မှု့များကို ဆက်တိုက်ဖြစ်ပေါ်စေမည်။
ထိုအစီအရင်ကို ကြက်သွေးနီနေလေသတ်ဖြတ်ခြင်းအစီအရင်ဟုခေါ်သည်။
ဒုတိယအစီအရင်အတွက်ကား၊
၎င်းကို လေဟာနယ်ချုပ်နှောင်ခြင်းအစီအရင်နှင့်ပူးပေါင်းထားရမည်။
လေဟာနယ်ချုပ်နှောင်ထားချိန်တွင် ၎င်းက ပေါက်ကွဲခြင်းဖြင့်အားဖြည့်ထားမည်ဖြစ်သည်။
၎င်းက လေဟာနယ်ချုပ်နှောင်ပေါက်ကွဲခြင်းအစီအရင်ဖြစ်လေသည်။
နောက်ဆုံးအစီအရင်က စိတ်ဝိဉာည်ချုပ်နှောင်တိမ်မြစ်အစီအရင်အပေါ်တွင် မူတည်၏။
၎င်းက လူတစ်ဦး၏ကိုယ်မှ စိတ်ဝိဉာည်ချီလှည့်ပတ်ခြင်းကို တားဆီးနိုင်လေသည်။
သူက တိမ်မြစ်ကိုအသက်သွင်းလိုက်ရာ အရပ်ရှစ်မျက်နှာသတ်ဖြတ်ခြင်းအစီအရင်တစ်ခုပေါ်လာ၏။
လုချန်ရှန်းက ၎င်းကို တိမ်မြစ်ပင်လယ်မှောက်လှန်အစီအရင်ဟုခေါ်လိုက်သည်။
အင်း၊
ဒီလောက်ဆိုလုံလောက်ပြီ။
၎င်းက တစ်ဖက်ရန်သူ၏ အသက်ဓာတ်များကို ကုန်ဆုံးစေနိုင်ပြီး အချိန်တစ်ခုလောက်ထိတော့ ဆွဲထားနိုင်လိမ့်မည်။
လုချန်ရှန်း၏ ရည်ရွယ်ချက်က ထိုနည်းဖြင့် ပြီးမြောက်သွားလေသည်။
အစီအစဥ်ချပြီးနောက် လုချန်ရှန်းက ချွေးတစ်စက်မှထွက်မနေသော နဖူးကိုချွေးသုတ်လိုက်လေသည်။
သူက သက်ပြင်းချကာပြောလိုက်လေသည်။ “တကယ့်ကို မလွယ်ကူဘူး”
“ကောင်းပြီ၊ အခု ရလဒ်ကိုကြည့်ရမယ်”
လုချန်ရှန်းက ကမ္ဘာ့သစ်ပင်နဂါးထောင်ချောက်ကို အသက်သွင်းလိုက်သည်။
ကမ္ဘာ့သစ်ပင်က သစ်သားခုံတစ်လုံးအသွင်ပြောင်းသွား၏။
လုချန်ရှန်းက ခုံပေါ်တွင်ထိုင် မျက်လုံးပိတ်၍ အနားယူနေလိုက်သည်။
ဦးနောက်ကို အချိန်အတော်ကြာအလုပ်ပေးပြီးနောက် သူနားမှရပေမည်။
တစ်ဖက်တွင် ဟုန်ရင်က မဟာမိတ်တပ်များကို ဦးဆောင်ကာ ကောင်းကင်ဘုံလမ်းသို့ဦးတည်လာနေသည်။
သူတို့က အထက်ကမ္ဘာက ကျုးကျော်သူများကို တိုက်ထုတ်ရန်ဆုံးဖြတ်ထားကြသော်လည်း သူတို့၏အမူအရာများက လေးလံနေလေသည်။
၎င်းက မလွဲမသေဖြစ်လာမှာအမှန်ပေ။
တစ်ဖက်ရန်သူ၏ အင်အားက သူတို့ထက် အဆပေါင်းများစွာသန်မာသည်သာဖြစ်လေသည်။
တစ်ခုသိရမည်က ရှေးခေတ်အချိန် သိုင်းဧကရာဇ်နယ်ပယ် တိမ်ဖီးနစ်ဧကရီက ဦးဆောင်သော ကုန်းမြေတစ်လုံးအင်အားဖြင့်တိုက်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ရသည်။
ယခုတွင် သူတို့၌ သိုင်းဧကရာဇ်နယ်ပယ်ပင်မရှိချေ။
သို့ရာတွင် ထိုတပ်ဖွဲ့၌ကြောက်လန့်နေခြင်းများမရှိသည်က တော်တော်လေးကို ထူးခြားနေလေသည်။
တစ်ချိန်တည်းမှာ ထိုထူးခြားနေခြင်းက သူတို့ကို ပိုအာရုံစိုက်ထားနိုင်လေသည်။
သူတို့အနိုင်ရရှိလျှင် ကန္တရဒေသကို ကာကွယ်နိုင်မည်ဖြစ်သည်။
သူတို့က ဆက်လက် ကြီးထွားဖွံဖြိုးနိုင်မည်ဖြစ်သည်။
အကယ်၍ သူတို့ရှုံးခဲ့လျှင်ရော။
သမိုင်းအရ ဘက်ရွေးမှားခဲ့သူများမှာ သုတ်သင်ရှင်းလင်းခံခဲ့ရသည်။
ဘက်လိုက်ခဲ့သော အဖွဲ့အစည်းများကလည်း ရင်ဆိုင်ခဲ့ရလေသည်။
သို့သော်လည်း ရှေးရေးကိုကြိုမမြင်နိုင်ခဲ့ကာ ပုံမှန်တိုးတက်သွားချင်သော အဖွဲ့အစည်းအချို့က အမြဲလိုရှိနေလေသည်။
သို့သော်လည်း ၎င်းက ဖြစ်နိုင်သည်လား။
သူတို့အနိုင်ရရှိပါက နောင်အနာဂတ်တွင် အခြားသူများ၏ သတ်ဖြတ်ခြင်းကို ခံရတော့မည်မဟုတ်ပေ။
သူတို့ရှုံးနိမ့်ခဲ့ပါက နယ်မြေတစ်ခုလုံးဖျက်ဆီးခံရမည်ဖြစ်သည်။ သူတို့စောင့်ကြိုနေတဲ့အရာက သေခြင်းပင်။
သိပ်မကြာခင်တွင် မဟာမိတ်တပ်များက ကောင်းကင်ဘုံလမ်းသို့ တစ်သုတ်ပြီးတစ်သုတ်ရောက်လာကြသည်။
ကုလားထိုင်ပေါ်တွင်လှဲလောင်းနေသော လုချန်ရှန်းကို ဟုန်ရင်တို့က တွေ့လိုက်ရသည်။
သူမက ထိုအနားသို့လျှောက်သွားလိုက်သည်။
လုချန်ရှန်းက မျက်လုံးဖွင့်ကာမေးလိုက်သည်။ “အဆင်သင့်ဘဲလား”.
ဟုန်ရင်က လေးနက်သောအမူအရာဖြင့် “ကျွန်မတို့ကန္တာရဒေသက နိုင်မနိုင်ဆရာ့အပေါ်မှာမူတည်နေတယ်”
လုချန်ရှန်းက ၎င်းကိုကြားသောအခါ မျက်လုံးစွေကြည့်၍ “ငါ့ကိုထည့်မတွက်နဲ့၊ အများဆုံး ငါက ရန်သူတွေကို အချိန်ဆွဲပေးလို့ဘဲရမယ်။ ကျန်တာ နင့်အပေါ်မှာမူတည်တယ်”
ယဲ့ချိုးပိုင်တို့က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခါးသက်သက်ပြုံးလိုက်လေသည်။
ဟုန်ရင်က အကူညီမဲ့စွာ ခံစားလိုက်ရသည်။
အမှန်တိုင်းဆိုရလျှင် သူမ ယုံကြည်ချက်က လုချန်ရှန်းပေါ်တွင် လုံးဝမူတည်နေသည်။
မဟုတ်လျှင် သူမက မူလခွန်အားပြန်မရမချင်း ထိုသို့ဆုံးဖြတ်ချက်ကို မချရဲပေ။
ဧကရာဇ်မင်းဆရာက အနားသို့လျှောက်လာကာ အပြုံနှင့်ပြောလိုက်သည်။ “အကြီးအကဲရဲ့ အစီအရင်တွေက သူတို့ကို ခဏလောက်တော့ ထိန်းထားနိုင်မှာပါ”
သူခွန်အားက အရှင်မ၏ဆရာဖြစ်ထိုက်သည်ဆိုကတည်းက အခိုင်အမာယုံကြည်၍ရပေသည်။
အရှင်မဧကရီ၏ စံနှုန်းက အလွန်မြင့်မားသည်မဟုတ်ပါလော။
ဧကရာဇ်မင်းဆရာက ၎င်းကို ကောင်းကောင်းသဘောပေါက်သည်။
ထိုသို့မောက်မာသောလူက အခြားသူတစ်ဦးအား သူမ၏ဆရာသခင်အဖြစ် အသိအမှတ်ပြုကာ ထိုကဲ့သို့ လေးလေးစားစားဆက်ဆံနိုင်ခဲ့သည်။
၎င်းက အရာအနည်းငယ်ကို ရှင်းပြခဲ့ပြီးပြီဖြစ်၏။
သို့သော်လည်း ထိုအခိုက်တွင် မဟာမိတ်တပ်များရှိ အကြီးအကဲတစ်ဦးက ရုတ်တရက်ပြောလိုက်သည်။ “ကျူပ်တို့ တဖက်လူတွေနဲ့ အပေးအယူဘာလို့မလုပ်တာလဲ”
လူတိုင်းက ၎င်းကိုကြားသောအခါထိတ်လန့်သွားကြသည်။
ဧကရာဇ်မင်းဆရာ၏ အမူအရာက ချက်ချင်းဆိုသလိုဘဲ နက်မှောင်သွားလေသည်ာယ
ဟုန်ရင်လည်း အနည်းငယ် မျက်မှောင်ကြုတ်မိသည်။
မဖြစ်ဘူး။
အခုအချိန်မှာ ဒီလိုပြောတာက ငါ့စစ်သည်တွေရဲ့ အရှိုန်အဝါကို တော်တော်လေးသက်ရောက်နိုင်တယ်။
စစ်ပွဲတစ်ပွဲတွင် တိုက်ခိုက်ရန် အဓိကသော့ချက်က အလုံးစုံအင်အားဖြစ်သည်။
တစ်ချိန်တည်းမှာ စိတ်ဓာတ်က ပို၍ပင် အရေးကြီးလေသည်။
သူတို့က သေရမှာကိုကြောက်ကာ သတ္တိမရှိပါက ဘယ်လောက်ဘဲ အားကောင်းကောင်း နောက်ပြန်လှည့်ပြေးလိမ့်မည်ပင်။
မဟာမိတ်တပ်များ၏ အင်အားက တစ်ဖက်အဖွဲ့၏ အင်အားထက် များစွာနောက်ကောက်ကျကျန်နေသည်ကိုတော့ ပြောနေစရာပင်မလို။
အကြီးအကဲ၏ မျက်နှာက ကြောက်လန့်မှု့များနှင့်ပြည့်နေလေသည်။
သူက အထက်ကမ္ဘာကရန်သူများကိုကြောက်နေသည်လား ဟန်ရင်တို့ကို ကြောက်နေသည်လား မပြောတက်တော့ပေ။
“တစ်ဖက်လူက အရမ်းသန်မာတယ်။ ကျုပ်တို့က သူ့ပြိုင်ဘက်မဟုတ်ဘူး”
“သူတို့လိုချင်တာပေးလိုက်ပြီး အသက်ချမ်းသာပေးဖို့တောင်းဆိုရင်ရော”
“ဒါဆိုရင် နောက်ထပ်….”
သို့သော်လည်း သူစကားမဆုံးသေးခင် ဓားစိတ်ဆန္ဒတစ်ခုက သူ့မျက်ခုံးအလယ်သို့ ထိုးဖောက်သွား၏။
အကြီအကဲ၏မျက်လုံးက ပြူးကျယ်နေကာ သူက ကောင်းကင်ပေါ်မှ မြေပြင်သို့ပြုတ်ကျသွားတော့သည်။
၎င်းက လုချန်ရှန်းပင်။
လုချန်ရှန်းက သစ်သားခုံပေါ်မှထလာသည်။
သူ့အမူအရာက တည်ငြိမ်နေသော်လည်း မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်များနှင့်ပြည့်နေသည်။
ဤစကားမျိုးက လက်ရှိအခြေအနေတွင် စိတ်ဓာတ်အင်အားကိုများစွာသက်ရောက်စေ၏။
ဒါက တစ်ယောက်ယောက်၏ပရောဂကြောင့်မပါဟုပြောလျှင် လုချန်ရှန်းက မယုံကြည်ပေ။
ထို့နောက် သူက ဟုန်ရင်ဘက်ကို လှည့်ကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။ “မင်းပြောတော့ အကုန်အသင့်ဖြစ်နေပြီဆို”
ဟုန်ရင့်အမူအရာ အတန်ငယ်ရုပ်ဆိုးသွား၏။ “တောင်းပန်ပါတယ်။ ဒါက တပည့်အမှားပါ”
လုချန်ရှန်းက ဘာမှဆက်မပြောပေ။
သို့သော်လည်း ရင်ထဲတွင်တော့ ကျိန်ဆဲနေလေသည်။
သူဤတိုက်ပွဲကို မရှုံးချင်ပေ။
သူရှုံးသွားပါက သူ၏ ငပျင်းဘဝသည် အဆုံးသတ်သွားပေလိမ့်မည်။
“အရင်ဖြေရှင်းလိုက်ဦး”
ဟုန်ရင်က ခေါင်းညိမ့်၍ ကျိုထျန်းမျိုးနွယ်စုနှင့် ဧကရာဇ်မင်းဆရာကိုခေါ်ကာ တပ်ဖွဲများ စိတ်တည်ငြိမ်အောင်လုပ်ပေးရန် ညွန်ကြားလိုက်၏။
သို့သော် ၎င်းက သိပ်တော့မထူး။
သိသာစွာပင် အကြီးအကဲ၏ စကားက လူတိုင်း၏ စိတ်ထဲတွင် မွှေနှောက်နေတော့သည်။
ကျောင်းအုပ်ယန်တို့ကလည်း အရုပ်ဆိုးသောအမူအရာများဖြင့်ရှိနေ၏။
“ဗုဒ္ဓဂိုဏ်းတော်က လုပ်တာဘဲဖြစ်ရမယ်”
“မဟာမိတ်တပ်တွေထဲ သူလျှိုထည့်နိုင်တာ သူတို့ဘဲရှိတယ်”
“ဟူး…”
ထိုအခိုက် အရှိုန်အဝါအကြီးကြီးတစ်ခုက ကောင်းကင်ဘုံလမ်းအပြင်မှ သက်ဆင်းလာလေသည်။
လူတိုင်းက လိုက်ပြီးကြည့်လိုက်၏။
ဟုန်ရင်က လေးနက်စွာပြောလိုက်သည်။ “သူတို့ရောက်လာပြီ”
သူတို့ရောက်လာကြပြီ။
အထက်ကမ္ဘာရှိလူများက ကောင်းကင်ဘုံလမ်းအပြင်ဘက်တွင် နေရာယူထားကြသည်။
အချိန်မရွှေးသူတို့က တိုက်ခိုက်နိုင်လေသည်။
လုချန်ရှန်းကလည်း ကြည့်လိုက်၏။
သူ့မျက်လုံးများက တည်ငြိမ်နေသည်။
အမှန်က သူအလွန်ကြောက်လန့်နေသည်။
အစီအရင်များက သူတို့ကို တားဆီးနိုင်မလား သူမသိပေ။
ထိုအခိုက် ကောင်းကင်ဘုံလမ်းအပြင်တွင်၊
ခုန်းကျန်းဟန့်က ကောင်းကင်ဘုံလမ်းရှိ မဟာမိတ်တပ်များကိုကြည့်ကာ မထူးမခြားနားစွာပြောလိုက်လေသည်။
“နယ်မြေနှလုံးသားကို ပေးရင် အသက်ချမ်းသာပေးမယ်”
“မဟုတ်လို့ကတော့ ငါတို့ အင်အားသုံးပြီး ယူရလိမ့်မယ်”